CC.BY 4.0 Spring Sprouts.
ကရင်
KNU ၏ အုပ်ချုပ်ရေး ယန္တရားအောက်တွင် ခရိုင် (၇) ခရိုင်ရှိသည်။ ၎င်းတို့မှာ သထုံခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ မြိတ်/ထားဝယ်ခရိုင်၊ မူတြော်ခရိုင်၊ ဒူးပလာယာခရိုင် နှင့် ဘားအံခရိုင်တို့ ဖြစ်သည်။ KNU တွင် နိုင်ငံခြားရေးဌာန၊ ကာကွယ်ရေးဌာန အပါအဝင် ဌာန ၁၄ ခုရှိသည်။KNU တွင် လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် KNLA နှင့် KNDO တို့ ရှိသည်။
၁၇ ကြိမ်မြောက် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ကွန်ဂရက်မှ ရွေးကောက်တင်မြှောက်ထားသည့် ခေါင်းဆောင်များသည် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့တွင် ပထမရက် ၁၀၀ ပြည့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။