ပြည်သူ့ဒီမိုကရက်တစ်တပ်တော်
ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (People’s Democratic Army-PDA)သည် ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ (People’s Democratic Organization-PDO)၏ နိုင်ငံရေးဦးဆောင်မှုကို ခံယူထားသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA)သည် ယခင် ဗမာ့ဇာမဏီအဖွဲ့/ဗမာ့ဇာမဏီတပ်ဦး (BPO/BPF)မှ (၂၀၂၂)ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့တွင် ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ ဗမာ့ဇာမဏီအဖွဲ့သည် ဧပြီလ (၁)ရက်နေ့တွင် ကျောင်းသားလူငယ်အချို့က ကရင်ပြည်နယ်တနေရာတွင် စတင်တည်ထောင်ခဲ့ကြပြီး (၁) မြန်မာနိုင်ငံတွင် အာဏာရှင်စနစ် အမြစ်ပြတ်သုဉ်းရေး (၂) စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး (၃) မိမိကံကြမ္မာ မိမိဖန်တီးနိုင်ရေး စသည်တို့ဖြင့် ဖွဲ့စည်းခဲ့ကြသည်။ ဦးဆောင်ဖွဲ့စည်းသည့် လူငယ်များမှာ မန္တလေးမြို့တွင် မြန်မာစစ်တပ်၏ ဖြိုခွင်းမှုကြောင့် ကျဆုံးသွားခဲ့သော မကြယ်စင်(ခ)ကျားရှီနှင့် အတူသပိတ်တိုက်ပွဲဝင်ခဲ့သော လူငယ်များဖြစ်သည်။ မကြယ်စင်၏ ပြင်းပြသော တော်လှန်ရေးစိတ်အတွက် Burma Phoenix Organizationအား ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု မကြယ်စင်(ခ)ကျားရှီကျဆုံးခြင်း (၁)နှစ်ပြည့်တွင် ပေးပို့သော စာတွင် ထည့်သွင်းဖော်ပြထားသည်။

ဗမာ့ဇာမဏီအဖွဲ့သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့နှင့် နီးစပ်သော ဆက်ဆံရေးရှိခဲ့ပြီး ထိုနယ်မြေများတွင် စစ်ပညာသင်ကြားခြင်း အခြေစိုက်နေထိုင်သည့် ပုံများကို (၂၀၂၁)ခုနှစ် မေလ နောက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ ထို့နောက် သြဂုတ်လ(၁၇)ရက်နေ့တွင် မြို့ပြစစ်ဆင်ရေး ကော်မတီအားဖွဲ့စည်းခဲ့ပြီး ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ပျောက်ကျားတိုက်ခိုက်ခြင်း လုပ်ငန်းများလုပ်ဆောင်ခဲ့သည်။ ထိုနောက် မြို့ပြပျောက်ကျားလုပ်ငန်းများအတွက် Urban Burma Phoenix Organoization-UPBOအား တိုးချဲ့ဖွဲ့စည်းခဲ့သည်။ Urban Burma Phoenix Organization - UPBO အနေဖြင့် ရန်ကုန်မြို့အတွင်း ဖောက်ခွဲမှုများ (၈)ကြိမ်ထက် ပြုလုပ်ခဲ့ပြီး မန္တလေးမြို့တွင်လည်း နေရာ(၅)နေခန့်တွင် တပြိုင်နက် ဖောက်ခွဲတိုက်ခိုက်မှုများအပါအဝင် ပျောက်ကျားတိုက်ခိုက်မှုအချို့အား လုပ်ဆောင်နိုင်ခဲ့သည်။ UPBO ခေါင်းဆောင်အချို့အား (၂၀၂၁)ခုနှစ် အောက်တိုဘာလတွင် မြန်မာစစ်တပ်က ဖမ်းဆီးရမိခဲ့သည်။ ထို့နောက် (၂၀၂၁)ခုနှစ် နိုဝင်ဘာလတွင် Burma Phoenix Special Task Force (BPSTF) အား ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး မြို့ပြပျောက်ကျားလုပ်ငန်းများအတွက် ဆက်လက်လုပ်ဆောင်ခဲ့ပြီး Burma Phoenix Organization - BPO အနေဖြင့်သာ သတင်းထုတ်ပြန်ခဲ့သည်။
ဗမာ့ဇာမဏီအဖွဲ့သည် (၂၀၂၁)ခုနှစ်ကုန်ပိုင်းမှစတင်ကာ စစ်ကိုင်းဒေသအတွင်း စတင်အခြေချ ဝင်ရောက်ခဲ့ပြီး မြင်းမူနှင့် အရာတော်ဒေသတွင် မြန်မာစစ်တပ်နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ အရာတော်ဒေသတွင် အခြေစိုက်ကာ Local PDF အဖြစ်ရပ်တည်ခဲ့သည်။ တဖက်တွင်လည်း ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွင်း မြို့ပြလှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ထို့နောက် ကရင်ပြည်အတွင်းရှိ အခြေစိုက်စခန်းအား (၂၀၂၂)ခုနှစ်အတွင်း စွန့်ခွာကာ အညာဒေသသို့ ပြောင်းရွေ့အခြေစိုက်ခဲ့သည်။ လက်နက်ကိုင်တပ်ရင်းအဖြစ် ဗမာ့ဇာမဏီတပ်ဦး Burma Phoenix Fornt-BPF အား တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ထို့နောက်စစ်ဒေသ အမှတ်(၂)ခုခွဲကာ စစ်ကိုင်းဒေသတွင်သာ မက မကွေးဒေသရှိ ဂန့်ဂေါနယ်ဘက်အား ဖြန့်ခွဲ အခြေစိုက်ခဲ့သည်။ စစ်ကိုင်း၊မကွေး၊ချင်းဒေသနှင့် ကချင်ဒေသများထိ ဖြန့်ခွဲလှုပ်ရှားခဲ့သည်ဟု BPO ခေါင်းဆောင် ကိုလပြည့်၏ အင်တာဗျူးတွင် ဖော်ပြထားသည်။
ထို့နောက် (၂၀၂၂)ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့တွင် ဗမာ့ဇာမဏီအဖွဲ့/မဗာ့ဇာမဏီတပ်ဦး(BPO/BPF)အား ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရင်တစ်တပ်တော်(PDO/PDA)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး မူဝါဒ (၅)ချက်ဖြင့် ဖွဲ့စည်းခဲ့သည်။ မူဝါဒ (၅)ချက်မှာ (၁) စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး (၂) စစ်မှန်သော ဒီမိုကရေစီရရှိရေး (၃) မိမိကံကြမ္မာမိမိဖန်တီးနိုင်ရေး (၄) တန်းတူညီမျှသော လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းရေး (၅) စစ်မှန်သောငြိမ်းချမ်းရေးရရှိရေး စသည့်တို့ဖြစ်သည်။ စစ်သုံးစစ်တိုက်ဖျက်ရေးကို လမ်းစဉ်တစ်ခုအဖြစ်သတ်မှတ်ထားပြီး စစ်သုံးစစ်တိုက်ဖျက်ရေးလမ်းစဉ်ကို တရားဝင်ကြေညာကာ တိုက်ပွဲဝင်နေသော အင်အားစုများနှင့် နီးကပ်စွာ ပူးပေါင်းလှုပ်ရှားခဲ့သည်။ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)တို့နှင့် နီးကပ်သော ဆက်ဆံရေးအား တည်ဆောက်ခဲ့သည်။ လက်ရှိအချိန်တွင် ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)နှင့် အမှတ်(၈)စစ်ကြောင်းဟု အမည်ရသည့် တပ်ပေါင်းစုတစ်ခုအား တည်ဆောက်ထားကာ တိုက်ပွဲဝင်လျက်ရှိသည်။
အမှတ်(၈)စစ်ကြောင်းကို (၂၀၂၄)ခုနှစ် ဇန်နဝါရီလ (၂၄)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ အမှတ်(၈)စစ်ကြောင်း မဖွဲ့စည်းမီ ပြည့်သူ့တော်လှန်ရေးတပ်ဦး(PRF)နှင့် ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့(PDO)တို့ (၂၀၂၃)ခုနှစ်က စတင်ကာ (၆)လခန့် အချိန်ယူကာ ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
(၁) စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အမြစ်ပြတ်တိုက်ဖျက်ရေး၊
(၂) တော်လှန်ရေးအင်အားစုများ ညီညွတ်ပေါင်းစည်းလာရေး၊
(၃) လှုပ်ရှားစစ် အကောင်အထည်ဖော်ရေး၊
(၄) အဖိနှိပ်ခံ ပြည်သူလူထု လွတ်မြောက်ရေး စသည့် အချက်(၄)ချက်အပေါ်တွင် အခြေခံကာ စုပေါင်းထားခြင်းဖြစ်သည်။ စစ်ကော်မရှင်တစ်ခုအား ဖွဲ့စည်းထားကာ အခြေစိုက်စခန်းထားရှိခြင်းမရှိဘဲ လှုပ်ရှားစစ်ကြောင်းအဖြစ်ရပ်တည်နေကြောင်းဖော်ပြထားသည်။ (၂၀၂၄)ခုနှစ် ဒီဇင်ဘာလတွင် စတင်ကာ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) အား အမှတ်(၈)စစ်ကြောင်းဖွဲ့စည်းမှုတွင် ထည့်သွင်းပါဝင်ကြောင်း ကြေညာထားသည်။ အမှတ်(၈)စစ်ကြောင်းအနေဖြင့် ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ပြည်သူ့လွတ်မြောက်ရေးတော်မတော်(PLA)တို့နှင့်အတူ ပခုက္ကူမြို့နယ်ရှိ ရေလာလေးတိုက်ပွဲအပါအဝင် အခြားတိုက်ပွဲများတွင် ပူးပေါင်းတိုက်ခိုက်လျက်ရှိသည်။