သုတေသန
နွေဦးတော်လှန်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သုတေသန စာတမ်းများနှင့် ဖြစ်စဉ်များ
သဲပေါ်၌ ဆောက်သော အိမ် - စစ်အုပ်စု၏ ရွေးကောက်ပွဲအစီအစဉ်
မဲဆန္ဒနယ်မြေပုံကို လိုသလို ရေးဆွဲမှုများမှာ ပါတီတခုအတွက် လိုအပ်သော အနိုင်အရှုံးကို လိုသလို ပုံဖော်နိုင်စေရန်အတွက် ထောက်ခံမှုသေချာသည့် ဒေသများကို စုစည်းခြင်း၊ ခွဲဝေဖြန့်ကျက်ခြင်း ဖြစ်သည်။ စစ်အုပ်စုအတွက်မူ အဓိကအင်အားကြီးပါတီများဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ကဲ့သို့သော ပါတီများကို ဖျက်သိမ်းထားပြီး နိုင်ငံရေးအရ ကျယ်ကျယ်ပြန့်ပြန့် သပိတ်မှောက်ခံထားရသည့် အခြေအနေတွင် ၎င်းကျောထောက်နောက်ခံပေးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ၎င်းကို ထောက်ခံသည့်ပါတီအချို့ကသာ ဝင်ရောက်ယှဉ်ပြိုင်၊ အနိုင်ရနိုင်သည့် အခြေအနေကို ဖန်တီးထားပြီးသား ဖြစ်သည်။ ထိုအခြေအနေတွင် ရွေးကောက်ပွဲကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်သည့် အသွင်သဏ္ဍာန်ကို ဖန်တီးနိုင်ရန် လိုအပ်သည့်အတွက် ဖြစ်သည်။
မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ
“မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ” (မူကြမ်း) အား အခန်း(၁၂) ခန်းဖြင့် ရေးဆွဲပြီး ဖြစ်ကာ မကြာမီ အတည်ပြုတော့မည် ဖြစ်သည်။ ရေးဆွဲပြီး မူကြမ်းကို မန္တလေးဒေသ တော်လှန်ရေးအင်အားစုနှင့် ပြည်သူများ အပါအဝင် နိုင်ငံတဝန်းရှိ တော်လှန်သော နိုင်ငံရေးအင်အားစုများ သိရှိစေရန်နှင့် အကြံပြုချက်များ ပေးပို့နိုင်ရန်အတွက် တရားဝင်ထုတ် ပြန်ထားပြီဖြစ်ကာ ရရှိပြီးဖြစ်သော အကြံပြုချက်များကို အခြေခံ၍ မူကြမ်းအား ထပ်မံပြင်ဆင် ရေးဆွဲလျက်ရှိသည်။ရေးဆွဲပြီး အစီအမံမူကြမ်း အခန်း (၁) မှ (၃) အထိသည် ရည်ရွယ်ချက်၊ စံတန်ဖိုး၊ အခြေခံမူများ ဖြစ်ကာ အခန်း(၄) သည် အခြေခံအခွင့်အရေး၊ ရပိုင်ခွင့်နှင့် တာဝန်များ ဖြစ်သည်။အခန်း (၅) မှ (၁၀) အထိသည် မန္တလေးဒေသ စုဖွဲ့မှု၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများ ဖြစ်ကာ အခန်း (၁၁) အစီအမံအား ပြင်ဆင်ခြင်းနှင့် အခန်း(၁၂) အထွေထွေပြဋ္ဌာန်းချက်များတို့ ဖြစ်သည်။
အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံ (Arrangement for Transitional Constitution – AFTA) မိတ်ဆက်
နွေဦးတော်လှန်ရေးတွင် “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး” ကို ကြွေးကြော်လာခဲ့သည်နှင့်အမျှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးမှုများမှာလည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းကပင် ရှိခဲ့ကြသည်။ စစ်အာဏာရှင်လက်ထက် အငြင်းပွားဖွယ် အတည်ပြု ပြဌာန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တော်လှန်ရေးအင်အားစုများက လက်မခံပဲ ဆန့်ကျင်ခဲ့ကြသလို၊ တော်လှန်ရေးအဖွဲ့အစည်းများကလည်း အဆိုပါ အခြေခံဥပဒေသည် ပျက်ပြယ်ပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြပြီး ဖြစ်သည်။ တော်လှန်ရေးကာလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်တရပ်အဖြစ် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အစိတ်အပိုင်း (၁) နှင့် (၂) ကို ထုတ်ပြန် ကျင့်သုံးခဲ့ကြသည်။ အဆိုပါ ပဋိညာဉ်တွင်လည်း လမ်းပြမြေပုံများ ချမှတ်ခဲ့ရာတွင် တော်လှန်ရေးအလွန် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကို တော်လှန်ရေးကာလအတွင်းထဲမှာပင် ရေးဆွဲရန်လည်း လမ်းပြမြေပုံအဆင့်တခုအဖြစ် အပါအဝင် ဖြစ်ခဲ့သည်။
၂၀၂၄ လည်ပြန်
၂၀၂၄ ခုနှစ်သည် စစ်ရေးအောင်မြင်မှုများဖြင့် ပြဋ္ဌာန်းသောနှစ်တနှစ်ဖြစ်ခဲ့သည်။ စစ်အုပ်စုအနေဖြင့် တိုင်းစစ်ဌာနချုပ် ၁၄ ခုအနက်တိုင်းစစ်ဌာနချုပ်နှစ်ခုကို လက်လွှတ်ဆုံးရှုံးခဲ့ရသလို နယ်စပ်ဒေသ တလျောက်နယ်မြေဆုံးရှုံးမှု အများအပြားနှင့် အလယ်ပိုင်းရှိ အညာဒေသတွင်လည်း စစ်ရေးအရခြိမ်းခြောက်မှုများကိကို သိသိသာသာ ရင်ဆိုင်ခဲ့ရသည်။ တော်လှန်ရေးအင်အားစုများ၏စစ်ရေး အောင်မြင်မှုများအတွက် လူထုကို ပြစ်ဒဏ်ပေးသည့်သဖွယ် စစ်အုပ်စုအနေဖြင့်၎င်းတို့ အစဉ်အဆက် ကျင့်သုံးခဲ့၊ ကျင့်သုံးမြဲ နည်းဗျူဟာတရပ်အနေဖြင့် အရပ်သားနှင့်လက်နက်ကိုင် ပစ်မှတ်မခွဲခြားပဲ အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကိုလည်း ဆက်လက်တွေ့မြင် ခဲ့ကြရသည်။
၂၀၂၄ လည်ပြန် - ပိုမိုကြီးထွားလာသည့် လူထုအကြပ်အတည်း
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက် မတရားအာဏာသိမ်းခဲ့သည့် အကြမ်းဖက်စစ်တပ်သည် ၂၀၂၄ ခုနှစ်တွင်မူအဘက်ဘက်မှ ဆုံးရှုံးမှုများစွာ ကြုံတွေ့လာရသည်။ နိုင်ငံရေး၊ နိုင်ငံတကာသံတမန်ရေးများ၌ အရေးမလှသည့်အပြင် စစ်ရေးကြောင့် ကျဆုံးမှုများစွာ ကြုံတွေ့လာသည်။စစ်ရေးကျဆုံးမှုသည် အကြမ်းဖက်စစ်အုပ်စုအတွက် အဆိုးဝါးဆုံး ထိုးနှက်ချက်ဖြစ်လာကာရှမ်းပြည်နယ် လားရှိုးနှင့် ရခိုင်ပြည်နယ် အမ်းမြို့အခြေစိုက် စစ်တိုင်းဌာနချုပ်နှစ်ခု ကျဆုံးခြင်း၊ မြို့ပေါင်း ၉၀ ကျော် တော်လှန်ရေး အင်အားစုများသိမ်းယူထားနိုင်ခြင်းများကြောင့် စစ်အုပ်စုထောက်ခံသူများကြား၌ပင်သဘောထားကွဲလွဲမှုများစွာ ရှိလာခဲ့သည်။ ထို့အတူ လူထုအပေါ် ဖိနှိပ်မှုများလည်း ပိုမိုများပြားလာခဲ့သလို၊ လူမှုစီးပွားသက်ရောက်မှုများလည်း ပိုမိုကြီးမားလာနေခဲ့သည်။
၂၀၂၄ လည်ပြန် - စစ်ရေးအောင်မြင်မှုများနောက် သတိပြုဆင်ခြင်စရာများ
စစ်ရေးအောင်မြင်မှုများ၏ နောက်ကွယ်တွင် အုပ်ချုပ်ရေးတည်ဆောက်မှုများလည်း ဆက်လက် မြင်တွေ့ခဲ့ရသော နှစ်တနှစ်ဖြစ်ခဲ့သည်။ အထူးသဖြင့်အလယ်ပိုင်းမဟုတ်သော ဒေသများတွင် အုပ်ချုပ်ရေးတည်ဆောက်မှုများပိုမိုခိုင်မာအားကောင်းလာခဲ့သည်။ ကရင်နီပြည်၏ ကြားကာလ အုပ်ချုပ်ရေးကောင်စီ သည်နမူနာပြစရာ တခုဖြစ်ခဲ့သလို၊ တအာင်းဒေသ၏ အုပ်ချုပ်ရေး တည်ဆောက်မှုများ လည်းစတင်မြင်တွေ့စပြုလာရသည်။ နဂိုရှိရင်းစွဲ အုပ်ချုပ်ရေးလည်ပတ်မှု များရှိနေသည့်ကချင်နှင့် ကော်သူးလေတွင်လည်း အပြောင်းအလဲ အချို့စတင်ရှိလာခဲ့သည်။ကော်သူးလေအုပ်ချုပ်ရေးကို ပြည်သူပါဝင်မှုဖြင့် ဖော်ဆောင်သည့်သာဓကများ၊ လူထုဆွေးနွေးမှုပုံစံများကို တွေ့မြင်ရသည်။
၂၀၂၄ လည်ပြန် - ပိုမိုမြင်သာလာခဲ့သည့် အိမ်နီးချင်းနိုင်ငံများ၏ ကြားဝင်ဆောင်ရွက်မှုများ
၂၀၂၄ ခုနှစ်အတွင်းတွင်အိမ်နီးချင်းနိုင်ငံများ၏ ကြားဝင်ဆောင်ရွက်မှုများကို ပိုမိုမြင်သာလာခဲ့သည်။အထူးသဖြင့် တရုတ်၏ ကြားဝင်ဆောင်ရွက်မှုများမှာ ၂၀၂၄ တလျောက် ပိုမိုထင်သာမြင်သာရှိလာခဲ့သည်။ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင်မူ ထိုင်းနှင့် အိန္ဒိယတို့၏လှုပ်ရှားမှုများကိုလည်း မြင်တွေ့ခဲ့ကြရသည်။
၂၀၂၄ လည်ပြန် - တော်လှန်စစ်၏ အောင်မြင်မှုများ
၁၀၂၇ စစ်ဆင်ရေးနှင့်အတူ တကျော့ပြန်တိုက်ပွဲများဖော်ဆောင်လာသည့် အာရက္ခတပ်တော် (AA) သည် စခန်းသိမ်းတိုက်ပွဲများအပြင်မြို့သိမ်းတိုက်ပွဲများကိုပါ ဆက်တိုက်ပြုလုပ်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၄ရက်တွင် ဘူးသီးတောင်အား စတင်တိုက်ခိုက်ကာ မေ ၁၈ ရက်တွင်အပြီးတိုင်သိမ်းပိုက်ခဲ့သည်။
စစ်အုပ်စုရဲ့ “နိုင်ငံရေး” အတု
အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရ ဖြေရှင်းရန် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ (EROs) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) ကို ကမ်းလှမ်းသော ကြေညာချက်တစ်စောင်အား စက်တင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်သည်။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက် အကြမ်းဖက်စစ်အာဏာသိမ်းပြီးနောက်ပိုင်းဒုတိယအကြိမ်မြောက်ကမ်းလှမ်းမှုဖြစ်ကာ ၂၀၂၂ခုနှစ် ဧပြီလတွင် ပထမအကြိမ်အဖြစ်အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်ကိုယ်တိုင်ရုပ်မြင်သံကြားမှတစ်ဆင့်ကမ်းလှမ်းခဲ့ဖူးသည်။မတူညီသည့်အချက်မှာ ယခုတစ်ကြိမ်ကမ်းလှမ်းချိန်၌ EROs၊PDFs များ၏စစ်ဆင်ရေးများကြောင့်အကြမ်းဖက်စစ်အုပ်စုဘက်မှစစ်စခန်းများ၊ စစ်ဌာနချုပ်များအပြင်မြို့များကိုပါ လက်လွှတ်နေရချိန်ဖြစ်သည်။
စစ်အုပ်စု မျက်နှာဖုံး ခွာချနေသည့် တိုင်ဖွန်းရာဂီ
တောင်တရုတ်ပင်လယ် အခြေပြု တိုက်ခတ်ခဲ့သည့် ရာဂီ တိုင်ဖွန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံ၌ လျှပ်တပြတ် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့မှုသည် နိုင်ငံအတွင်း လူထုအပေါ် သက်ရောက်မှု ကြီးမားခဲ့သည်။ ယင်း ရေကြီးရေလျှံမှုသည် အကြမ်းဖက်စစ်အုပ်စုဘက်က ၎င်းတို့ ထိန်းချုပ်မှုအောက်ရှိ ဆည်များအား လူထုအား အသိမပေးဘဲ ဖောက်ချခြင်း၊ မိုးလေဝသဆိုင်ရာသတင်း ထုတ်ပြန်မှုအားနည်းခြင်းများကြောင့် ဝေဖန်မှုများ ရှိခဲ့သည်။
ဘူးသီးတောင်မှာ ဘာတွေဖြစ်ခဲ့လဲ
ပိုမိုကျယ်ပြန့်လာသောAA ၏ နယ်မြေစိုးမိုးမှု ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှစ၍ ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) နှင့် အကြမ်းဖက်စစ်အုပ်စုအကြား တကျော့ပြန်တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာသည်။ တိုက်ပွဲများအတွင်း ဘူးသီးတောင်၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲ အပါအဝင် ချင်းပြည်နယ်၊ ပလက်ဝအထိ မြို့နယ် ဆယ်ခု အထိ AA က သိမ်းပိုက်ထားနိုင်ကာ ကျန်ပြည်နယ်တွင်း မြို့နယ်များ၌လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက် ရှိသည်။
ချင်းပြည်ကောင်စီ ဖွဲ့စည်းမှု နောက်ခံအခြေအနေ
နွေဦးတော်လှန်ရေးကာလအတွင်း ချင်းပြည်နှင့် ချင်းလူမျိုးကိုယ်စား နိုင်ငံရေးဆိုင်ရာ လုပ်ငန်းများ ဦးစီး ဆောင်ရွက်ရေးအတွက် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (Interim Chin National Consultative Council – ICNCC) ကို ချင်းအမျိုးသားတပ်ဦး (CNF)၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရကာ စစ်အုပ်စုအား ဆန့်ကျင်နေသည့် နိုင်ငံရေးပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ CDM ဝန်ထမ်း၊ သပိတ်အင်အားစု၊ အရပ်ဘက် အဖွဲ့အစည်း၊ လူငယ် အမျိုးသမီးများဖြင့် ၂၀၂၁ ခုနှစ် ဧပြီ ၁၃ ရက်တွင် စတင်ဖွဲ့စည်းသည်။စတင်ဖွဲ့စည်းခင်ကတည်းကပင် ချင်းပြည်နယ်အစိုးရ ဖွဲ့စည်းရန်နှင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စများကို ကိုင်တွယ်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တွင် လည်း အဖွဲ့ဝင်အဖွဲ့အစည်းအဖြစ်လည်း ပါဝင်လျက်ရှိသည်။
KTLA၊ ကော်သူးလေအစိုးရကြေညာမှုနှင့် ကော်သူးလေအုပ်ချုပ်ရေး
နွေဦးတော်လှန်ရေးကာလတွင် ကရင်လက်နက်ကိုင် အဖွဲ့အစည်းအသစ်တစ်ရပ်အဖြစ် ပေါ်ထွက် လာခဲ့သော ကော်သူးလေတပ်မတော် (KTLA) ကို ဖွဲ့စည်းခဲ့သည့် ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြက သမ္မတအဖြစ် ဦးဆောင်ပါဝင်သော ကော်သူးလေ အစိုးရဖွဲ့စည်းမှုကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
ဖက်ဒရယ်ယူနစ်ကြားကာလ ဖွဲ့စည်းပုံ/အစီအမံ ကြိုတင်ပြင်ဆင်မှုဥပဒေများနှင့် တုံ့ပြန်မှုများ
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်အစည်းအဝေးအသီးသီးခေါ်ယူပြီး ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေ/အစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေတွေကို အတည်ပြုပြဌာန်းခဲ့ကြပါတယ်။