သုတေသန · စာတမ်းများ

၂၀၂၄ လည်ပြန် - တော်လှန်စစ်၏ အောင်မြင်မှုများ

ABSDFBPLACNFKIOKNPPKNUKSCCMNTJPNMSP - ADPSLFULA/AA

မြောက်ပိုင်းဇုန် (ကချင်နှင့်ရှမ်းမြောက်)

လိုင်ဇာမြို့အနီးမုန်လိုင်ခတ် စစ်ရှောင်စခန်းအား အကြမ်းဖက်စစ်အုပ်စုက လက် နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကလေးသူငယ် ၁၃ ဦးအပါအဝင် အရပ်သားစစ်ရှောင် ၃၀ ကျော် သေဆုံးခဲ့သည့်ဖြစ်စဉ်ဖြင့် ၂၀၂၃ ကို ပိတ်သိမ်းခဲ့ရသည့် ကချင်ပြည်တွင် ၂၀၂၄ ခုနှစ်၊ မတ် (၇) ရက်နေ့တွင်နှစ်ပေါင်း ၃၀ ကျော်အတွင်း အကြီးမားဆုံး စစ်ဆင်ရေး[1]ကိုကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဦးဆောင်၍ စတင်ဆင်နွှဲခဲ့သည်။ထိုးစစ်စတင်ပြီး သုံးလခန့်အကြာ မေလတွင်လည်း တပ်မဟာ သစ်[2]တစ်ခုအားထပ်မံတိုးချဲ့ ဖွဲ့ စည်းခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အပါအဝင် မဟာမိတ် အင်အားစုများပါ ပူးပေါင်းပါဝင်ခဲ့သည့်ယင်းစစ်ဆင်ရေးအတွင်း ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ မြို့ပေါင်း ၁၄ မြို့အထိသိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါ ဆွမ်ပရာဘွမ်၊ ဆော့လော်၊ ချီဖွေ၊ ဖိမော်၊အင်ဂျန်းယန်၊ ဆဒုံး၊ ဆင်ဘို၊ ဒေါ့ဖုန်းယန်၊ မြို့လှ၊ မိုးမောက်၊ မံစီအပါအဝင်နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ပန်ဝါ၊ ကန်ပိုက်တီ၊ လွယ်ဂျယ် မြို့များပါပါရှိသည်။

ကန်ပိုက်တီမြို့အား နိုဝင်ဘာ ၂၀ရက်တွင် သိမ်းယူပြီးနောက် စစ်အာဏာရှင်အဆက်ဆက် အာဏာ တည်မြဲရေးအတွက် ဦးဇခုန်တိန်ယိန်းဦးဆောင်ကာ ကချင်အထူးဒေသ (၁) ဟူ၍ ခွဲခြားအုပ်ချုပ် ထားမှုအား နိုဝင်ဘာ ၂၈ ရက်မှစ၍ ဖျက်သိမ်း[3]ခဲ့သည်။

၂၀၂၄ ခုနှစ်အတွင်း တောက်လျောက် ရှိနေခဲ့သည့်အိမ်နီးချင်း တရုတ်နိုင်ငံ၏ ဖိအားပေးမှုများ အကြားမှာပင် ကချင်ပြည်နယ်၏ဒုတိယမြို့တော်ဖြစ်သည့် ဗန်းမော်နှင့် မံစီမြို့များအား ဒီဇင်ဘာလ ဆန်းပိုင်းတွင် KIA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဗန်းမော်မြို့တွင်းသို့ပင် ခြေချထားနိုင်ပြီဖြစ်သည်။

မြောက်ပိုင်းဇုန် အပြောင်းအလဲများ၌အရေးအပါဆုံးဖြစ်စဉ်မှာ Operation 1027 ရေးပင် ဖြစ်သည်။ယင်းစစ်ဆင်ရေးမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ တွင် စတင်ခြင်းဖြစ်ကာမြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့ဟု အသိများသည့် အာရက္ခတပ်တော် (AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့၏ပူးပေါင်းစစ်ဆင်ရေးကြီး ဖြစ်သည်။ မဟာမိတ်အဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) ၊ ဗမာ့ပြည်သူ့လွတ် မြောက်ရေးတပ်တော် (BPLA) ၊ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLA) နှင့် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်မှတပ်ရင်းတချို့ပါ ပါဝင်ခဲ့သည်။ ယင်းစစ်ဆင်ရေးအတွင်း သိန္နီအခြေစိုက် အမှတ် (၁၆)ခြေလျင် တပ်မဟာ၊ လောက်ကိုင် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်၊ တပ်ရင်းအဆင့်တပ်စခန်းပေါင်းများစွာအပြင် မြို့ပေါင်း ၁၈ မြို့အထိ သိမ်းယူနိုင်ခဲ့သည်။

တရုတ်၏ ကြားဝင်ညှိနှိုင်းမှုဖြင့်ဇန်နဝါရီလ ၁၁ ရက်နေ့မှ ဇွန်လ ၂၅ ရက်နေ့အထိ အပစ်အခတ် ရပ်စဲခဲ့ကြသည်။စစ်အုပ်စုအနေဖြင့် သဘောတူညီချက် ဖောက်ဖျက်မှုများကျူးလွန်သည်ဟု TNLA က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်၊ မဟာမိတ်တပ်များနှင့် ပူးပေါင်းကာရှမ်းမြောက်ဒေသရှိ ကျောက်မဲ၊ နောင်ချို၊ မန္တလေးတိုင်း မိုးကုတ်မြို့နယ်များအားဝင်ရောက်တိုက်ခိုက်ကာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စတင်ခဲ့သည်။ ဒုတိယလှိုင်း၌ရှမ်းပြည်မြောက်ပိုင်း မဟာမိတ်တပ်ရင်း (NDDAA) ၊အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိမိုးကုတ်ဗျူဟာတပ်ရင်း၊ ဒေသကာကွယ်ရေး တပ်များ ဖြစ်သည့် မတ္တရာမျိုးမှန်တပ်ဖွဲ့ ၊စဉ့်ကူး (ပကဖ) များလည်း ပါဝင်လာခဲ့သည်။ ဒုတိယလှိုင်း စစ်ဆင်ရေး အစိတ်အပိုင်းအဖြစ်ရှမ်း-မန်းစစ်ဆင်ရေး[4]ကိုလည်းမန္တလေးတိုင်း မိုးကုတ်မြို့နယ်အပြင် မတ္တရာ၊ စဉ့်ကူးမြို့နယ်အထိ တိုးချဲ့ခဲ့သည်။

ဇူလိုင် ၃ ရက်နေ့တွင် MNDAA အပါအဝင် ပူးပေါင်းတပ်များက လားရှိုးမြို့အား စတင်တိုက်ခိုက်ခဲ့ရာ ဇူလိုင်၂၁ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုဘက်မှ ဒုတိယဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်မှူးနှစ်ဦး၊ဗိုလ်ကြီးငါးဦး အပါအဝင် စစ်သည် ၃၁၇ ဦး MNDAA ထံ လက်နက်ချအလင်းဝင်ကာ မဟာမိတ်များ၏ တိုက်ခိုက်မှု၌ ပူးပေါင်းပါဝင်လို[5]ကြောင်းထုတ်ဖော်ပြောဆိုခဲ့သည်။ ဇူလိုင် ၂၅ ရက်တွင် လားရှိုးအထိုင်အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အား သိမ်းပိုက်နိုင်ပြီ ဖြစ်ကြောင်း၊လားရှိုးမြို့ အုပ်ချုပ်ရေးယန္တရားအား MNDAA စစ်ရေးကော်မတီဆက်ခံလိုက်ပြီဖြစ်ကြောင်း[6]ကြေညာခဲ့သည်။

အနောက်ပိုင်းဇုန် (ရခိုင်နှင့်ချင်းပြည်နယ်)

၁၀၂၇ စစ်ဆင်ရေးနှင့်အတူ တကျော့ပြန်တိုက်ပွဲများဖော်ဆောင်လာသည့် အာရက္ခတပ်တော် (AA) သည် စခန်းသိမ်းတိုက်ပွဲများအပြင်မြို့သိမ်းတိုက်ပွဲများကိုပါ ဆက်တိုက်ပြုလုပ်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၄ရက်တွင် ဘူးသီးတောင်အား စတင်တိုက်ခိုက်ကာ မေ ၁၈ ရက်တွင်အပြီးတိုင်သိမ်းပိုက်ခဲ့သည်။

AA က ဒေသတွင်း ထိန်းချုပ်နိုင်ရေး စစ်ပွဲများဆက်လက် ဖော်ဆောင်ပြီး ဘူးသီးတောင်၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲ အပါအဝင် ချင်းပြည်နယ်၊ပလက်ဝမြို့များကိုပါ သိမ်းယူခဲ့သည်။ ဇူလိုင် ၅ ရက်တွင် ကမ္ဘာကျော် ငပလီကမ်းခြေသို့သွားရောက်သည့် ငပလီ (မဇင်) လေဆိပ်အား အပြီးတိုင် သိမ်းယူ[7]ခဲ့ပြီးတော်လှန်ရေးအင်အားစုများဘက်မှ ပထမဦးဆုံး သိမ်းပိုက်ထိန်း ချုပ်နိုင်သည့်လေဆိပ်လည်း ဖြစ်သည်။

AA သည် စက်တင်ဘာ ၅ ရက် ညပိုင်းတွင် အကြမ်းဖက်စစ်အုပ်စု၏ တပ်အင်အား ၁,၂၀၀ကျော်ဖြင့် ခုခံနေသည့် သံတွဲမြို့နယ် မောင်ရွှေလေးရေတပ်စခန်း[8]အားအပြီးသတ် သိမ်းယူနိုင်ခဲ့သည်။

အာရက္ခတပ်တော် (AA) သည်ထိုးစစ်ဆင်မှုများအား ဆက်တိုက်လုပ်ဆောင်ခဲ့ရာ နိုဝင်ဘာ ၂၄ ရက်တွင်တောင်ကုတ်မြို့အား အလုံးစုံသိမ်းပိုက်[9]ကာဒေသတွင်း အုပ်ချုပ်ရေးယန္တရားများ စတင်ခဲ့သည်။ ဒီမောင်တော၌ တစ်ခုတည်း ကျန်ရှိသည့်အမှတ် (၅) နယ်ခြားစောင့်တပ်ရဲ တပ်ဖွဲ့ခွဲ (နခခ – ၅)[10] အားထိုးစစ် ၅၅ ရက်မြောက်ဖြစ်သည့် ဒီဇင်ဘာ ၈ ရက်တွင် ထပ်မံသိမ်းယူခဲ့သည်။ ဒီဇင်ဘာ ၂၀ရက်တွင် အကြမ်းဖက်စစ် အုပ်စု၏ တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည့်အနောက်ပိုင်းတိုင်စစ်ဌာနချုပ် (နပခ) –အမ်း[11]အား အပြီးတိုင် သိမ်း ပိုက်ထိန်းချုပ်ခဲ့ပြီး၊ AA အလုံးစုံ ထိန်းချုပ်ထားနိုင်သည့် မြို့ပေါင်း ၁၄ မြို့အထိရှိလာခဲ့သည်။ AA သည်လက်ရှိတွင် အမ်းမြို့အပါအဝင် ပေါက်တောမြို၊ မင်းပြားမြို၊ မြောက်ဦးမြို၊ကျောက်တော်မြို၊ မြေပုံမြို၊ ပုဏ္ဏားကျွန်းမြို၊ ရမ်းဗြဲမြို၊ ရသေ့တောင်မြို၊ဘူးသီးတောင်မြို၊ သံတွဲမြို၊ တောင်ကုတ်မြို နှင့် မောင်တောမြို့တို ကိုသိမ်းပိုက်ထားနိုင်ဖြစ်ကာ ဂွ၊ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့သာကျန်ရှိတော့သည်။ လက်ရှိတွင် လည်း ဂွမြို့၏ သုံးပုံ နှစ်ပုံခန့်အား သိမ်းပိုက်ထားနိုင်နေပြီဖြစ်သည်။

AAသိမ်းပိုက်ထားသည့် ချင်းပြည်နယ်၊ ပလက်ဝဒေသနှင့် ပတ်သက်၍ ချင်းတိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် ညှိနှိုင်းဆောင်ရွက်ရမှု၊ အငြင်းပွားမှုများလည်းရှိသည်။

ချင်းတော်လှန်ရေးအဖွဲ့များစုဖွဲ့ထားသည့် AA ၏ မဟာမိတ်ဖြစ်သော Chin BrotherhoodAlliance အနေဖြင့် ဧပြီ ၂၃ ရက်တွင် ချင်းညီနောင်စစ်ဆင်ရေး အဖြစ်ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့အား AA ကူညီမှုဖြင့်တိုက်ခိုက်နေကြောင်း ထုတ်ပြန်ခဲ့သည်။ ချင်းပြည်နယ်၊ မတူပီမြို့အား ချင်းညီနောင် (CB) နှင့်မဟာမိတ်များက ဇွန် ၉ ရက်တွင် ထိုးစစ်ဆင်ပြီး နောက် ဇွန် ၂၉ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သော်လည်း ယင်းတိုက်ပွဲကာလအတွင်း CNF/CNA တပ်နှင့် CBအဖွဲ့တို့ ထိတွေ့မှုများ ရှိခဲ့သည်။[12]

နိုဝင်ဘာလတွင် ဖလမ်း၊မင်းတပ်မြို့သိမ်းတိုက်ပွဲများအား ပြုလုပ်ခဲ့ပြီး မင်းတပ်ခရိုင်/မြို့နယ်တို့အားသိမ်းယူနိုင်ခဲ့ကာ[13]ဖလမ်း မြို့ပေါ် နေရာအများစုအား ထိန်းချုပ်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ ထို့နောက်ဒီဇင်ဘာ ၂၂ ရက်တွင် ကန်ပက်လက်မြို့ကိုပါ ထိုးစစ်ဆင်[14]နေပြီဖြစ်ကြောင်း CB အဖွဲ့ကထုတ်ပြန်ခဲ့ပြီး ယင်းရက်တွင်ပင် သေနတ် မဖောက်ရဘဲ သိမ်းယူနိုင်[15]ခဲ့သည်။

တောင်ပိုင်းဇုန် (ကရင်နီ၊ ကရင်၊မွန်)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF) သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်တွင် ၁၁၁၁ စစ်ဆင်ရေးစတင်ခဲ့ပြီးနောက် တစ်နှစ်ပြည့်သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်[16]တွင်မယ်စဲ့၊ ရှားတောနှင့် ကရင်နီပြည် သံလွင်အရှေ့ခြမ်းဒေသမှာ စစ်အုပ်စု ကင်းစင်နယ်မြေများဖြစ်လာခဲ့ကာ မယ်စဲ့၊ ရှားတော၊ မော်ချီး၊ ဒီးမော့ဆို၊ နန့်မယ်ခုံ၊ ရွာသစ်၊ မိုးဗြဲစသည်တို့အား ထိန်းချုပ်ထားနိုင်ခဲ့သည်။

၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင်ကရင်နီဒေသခံ တော်လှန်ရေးအင်အားစုများနှင့် အကြမ်းဖက်စစ်အုပ်စု အကြားတိုက်ပွဲပြင်းထန်မှု နည်းပါးခဲ့သော်လည်း ဇွန်လမှစ၍ စစ်အုပ်စုဘက်မှ လွိုင်ကော်မြို့ပြည်သူပိုင်နေအိမ်များအား မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ရေးပဋိပက္ခများ ပြန်လည် ပြင်းထန်လာခဲ့သည်။ဇူလိုင်လတွင် လွိုင်ကော်၊ ဖားဆောင်းနှင့် ဒီးမော့ဆို၊ ကရင်နီ-ရှမ်းတောင်နယ်စပ်ဖယ်ခုံ၊ ပင်လောင်း၊ ညောင်ရွှေမြို့နယ်များတွင် ထိတွေ့မှုများ[17]ရှိလာခဲ့သည်။ ယင်းကာလများအတွင်း ကရင်နီဒေသအတွင်းရှိ လက်နက်ကိုင်အင်အားစုများစုပေါင်း၍ ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးကော်မတီကို ဖွဲ့စည်းလုပ်ကိုင်ခဲ့သည်။ယင်းကော်မတီတွင် ကရင်နီပြည်တပ်မတော် (KA) ၊ ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLD/KPLA) ၊ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့  (KNSO/KNSA)၊ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DMO-LocalPDF) ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တို့ ပါဝင်သည်။

ကရင်နီပြည်ကြားကာလလွှတ်တော်သည် “ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ”[18] အား နိုဝင်ဘာ ၁၈ ရက်တွင် အတည်ပြုပေးခဲ့သည်။ နိုဝင်ဘာလတွင်ပင် အကြမ်းဖက်စစ်အုပ်စုနှင့် ကရင်နီတပ်ပေါင်းစုများအကြား လွိုင်ကော်မြို့အနီးထိတွေ့တိုက်ပွဲများ ရှိခဲ့ကာ စစ်သုံ့ပန်းများကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း KNDFက ထုတ်ပြန်[19]ခဲ့သည်။ 

ကော်သူလေးအုပ်ချုပ်နယ်မြေ၊ တောဦး(တောင်ငူခရိုင်)၊ တပ်မဟာ (၂)၊ ထောတထူ (ထန်းတပင်) မြို့နယ်၊မိုနေပွာကျေးရွာအုပ်စုအတွင်း နှစ်ပေါင်း ၁၀ နှင့်ချီ “မြေလှန်စနစ်”[20] ဖြင့် လူမျိုးသုဉ်းရှင်းလင်းရေး စစ်ဆင်ရေးဖြင့် ဝင်ရောက်ကျူးကျော်ထားသည့်စစ်ကောင်စီ တပ်မ (၆၆) လက်အောက်ခံ တပ်စခန်းများအား KNU လက်အောက်ခံကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) က ဇန်နဝါရီ ၂ရက်နေ့တွင် တိုက်ခိုက်ရှင်းလင်းခဲ့သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းတွင် KNU တပ်မဟာများ ထိန်းချုပ်ရာ ဒေသများတွင် တိုက်ပွဲများ ဆက်တိုက်ရှိနေခဲ့သော်လည်းအခြားသောမြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲကြီးများအထိ ဖြစ်မလာခဲ့သေးပေ။ သို့သော်မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး၌ စစ်ရေးတင်းမာမှုကြောင့် ထို့ကော်ကိုးလမ်းပိုင်းအားပြောင်းလဲသုံးစွဲရမှုများ ရှိလာခဲ့သည်။ ဇန်နဝါရီလကုန်ပိုင်းတွင် တပ်မဟာ (၆) နယ်မြေအတွင်း မြဝတီမြို့၊သင်္ကန်းညီနောင် အခြေစိုက်စခန်းမှ Eurocopter 365 တစ်စီးအားတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ပစ်ချဖျက် ဆီး[21]နိုင်ခဲ့သည်။

မတ် ၇ ရက်တွင် KNLA နှင့် ပူးပေါင်းတပ်များသည် မြဝတီမြို့နှင့် ၁၀ မိုင်ကျော်သာ ကွာဝေးသည့်သင်္ကန်းညီနောင် ဗျူဟာ စခန်းအား ထိုးစစ်ဆင် တိုက်ခိုက်ကာ ဧပြီ ၅ ရက်တွင်သိမ်းယူခဲ့သည်။ မတ် ၂၅ ရက်တွင် နယ်စပ်မြို့ဖြစ်သည့် မြဝတီကုန်သွယ်ရေးဇုန်အားတော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်[22]မြို့အနီးရှိ မဲကနယ်၊ ဖားခြောင်း၊ တုံးတံတား၊ သင်္ကန်းညီနောင်၊ ရွာသစ်၊ ဝေ့ရွှမ်း၊မဲပလေ့ စသည့် ဒေသများ၌လည်း တိုက်ပွဲများ ရှိလာခဲ့သည်။ ထို့နောက် ဧပြီ ၅ ရက်တွင်မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုဒေသ၌ တိုက်ပွဲများ ရှိလာကာ ဖာပွန်မြို့၌လည်း[23]ရှိလာခဲ့သည်။ ဧပြီ ၉ ရက်တွင် KNLA နှင့် PDF ပူးပေါင်းတပ်များသည် မြဝတီမြို့ အခြေစိုက် အကြမ်းဖက်စစ်အုပ်စုစခန်းများအားဆက်လက်တိုက်ခိုက်ခဲ့ရာ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားလည်း ပိတ်သွား[24]ခဲ့သည်။

မြဝတီမြို့သိမ်း တိုက်ပွဲအား KNU နှင့် PDF ပူးပေါင်း တိုက်ခိုက်နေစဉ်အတွင်းပိတ်ဆို့ခံထားရသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များအား ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်သည့် ကရင်နယ်ခြားစောင့်တပ် (BGF) အမည်ပြောင်းထားသည့်ကရင်အမျိုးသားတပ်မတော် (Karen National Army – KNA) ကကူညီပေးခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ KNA အပါအဝင် KNUခွဲထွက် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) ၊တိုးတက်သော ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တိုသည် တိုက်ပွဲဖြစ်စဉ်အတွင်း မြဝတီမြို့အား လုံခြုံရေးယူထားကာနှစ်ဖက်တိုက်ခိုက်မှုအတွင်း မည်သည့်ဘက်မှ ပါဝင်တိုက်ခိုက်ပေးမှု မလုပ်ခဲ့ပေ။နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအနီး အကြမ်းဖက်စစ်အုပ်စုဘက်မှ နေရာယူခုခံမှုကြောင့်ထိုင်းဘက်ကလည်း လုံခြုံရေးတိုးမြှင့်မှုများ ပြုလုပ်လာခဲ့ရသည်။[25]အကြမ်းဖက်စစ်အုပ်စုက ချစ်ကြည်ရေးတံတားအနီးရှိ ၎င်း၏ တပ်ဖွဲ့ဝင်များအား ကာကွယ်ရန်နှစ်နိုင်ငံနယ်စပ်အနီး လေကြောင်းမှပါ ပြင်းထန်စွာ တိုက်ခိုက်လာမှုကြောင့်တိုက်ပွဲကာလအတွင်း ထိုင်းနိုင်ငံခြားရေး ဒုဝန်ကြီးနှင့် အခြားဝန်ကြီးများပါမဲ့ဆောက်မြို့သို့ ရောက်ရှိလာခဲ့ကြသည်။ ဧပြီ ၂၀ ရက်တွင် ပြင်းထန်စွာတိုက်ပွဲဖြစ်ပြီးနောက်[26] ၂၁ရက် နံနက်ပိုင်းမှစကာ တိုက်ပွဲများ လုံးဝရပ်တန့်သွားခဲ့သည်။ KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များသည် မြဝတီမြို့အနောက်ဘက်ရှိ သိမ်းယူထားပြီး ခြေလျင်တပ်ရင်း (၂၇၅) ကပါ ဆုတ်ပေးခဲ့သည့်အတွက်အကြမ်းဖက်စစ်အုပ်စုဘက်က ပြန်လည်ဝင်ရောက် နေရာယူခဲ့သည်။

မြဝတီမြို့အားပြန်လည်သိမ်းပိုက်ရန်အတွက် ကြည်း၊ ရေ၊ လေ နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ဆင်ရေးအား အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဦးဆောင်ခြင်း ဖြစ်သည်။ ယင်းစစ်ဆင်ရေးအား ကွပ်ကဲရန်အတွက် မွန်ပြည်နယ်၊မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာန ချုပ်မှ ကွပ်ကဲနေစဉ် ဧပြီ ၉ ရက်ကရှားထူးဝေါ တော်လှန်ရေးနည်းတပ်ဖွဲ့မှ Alpha Bats ဒရုန်းတပ်ဖွဲ့တိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ် ရာရရှိခဲ့သည်ဟု သတင်းများထွက်ခဲ့ကာ ဧပြီ ၂၂ရက်တွင် ပြုလုပ်သည့် စစ်ကောင်စီအစိုးရအဖွဲ့ အစည်းအဝေး သို့ပင် တက်ရောက်ခဲ့ခြင်း[27]မရှိပေ။ ယင်း အောင်ဇေယျ ထိုးစစ် စစ်ကူ စစ်ကြောင်းသည် ဧပြီ ၁၃ ရက်တွင်ကော့ကရိတ်မြို့အရှေ့ဘက် ဒေါနတောင်သို့ တက်ရန် ကြိုးပမ်းခဲ့ရာ KNLA တပ်မဟာ (၆) နှင့် ပူးပေါင်းတပ်များကြောင့် သီတင်းတစ်ပတ်ကြာ ရှေ့မတိုးနိုင်[28]ရပ်တန့်ခဲ့ရသည်။

ဧပြီ ၂၄ ရက်တွင် KNU တပ်မဟာ (၄)၊ (၆) နှင့် မဟာမိတ်များက ဘိတ်-ထားဝယ်ခရိုင်၊ ထီးပိုပွာရှိးမောထစစ်စခန်းကိုပါ တိုက်ခိုက်သိမ်းယူ[29]ခဲ့ကာယင်းစခန်းသည် ၁၉၉၇ ခုနှစ်ကတည်းက တပ်စွဲထားခြင်း ဖြစ်သည်။

အာရှလမ်းမကြီးအတွင်းဆက်လက်ဖြစ်ပွားနေသည့် နှစ်ဖက်တိုက်ပွဲများနှင့် ပတ်သက်၍ ဇွန် ၁ ရက်တွင်အောင်ဇေယျထိုးစစ်အား စစ်အုပ်စု ဒုတိယခေါင်းဆောင်ကိုယ်တိုင် ကွပ်ကဲနေကာရန်သူ့ထိုးစစ်အား ရိုက် ချိုးရန် လိုအပ်ကြောင်း KNLA စစ်ဦးစီးပထမတန်းဗိုလ်မှူးချုပ် တာမလာဘောက သတိပေးနှိုးဆော်[30]ခဲ့သည်။  ဇွန် ၂၀ ရက်တွင် ကော့ကရိတ်မြို့အရှေ့ဘက်စုကလိမြို့တပ်စခန်းအား ရှေ့တိုးသိမ်းယူ[31]ခဲ့သည်။ဇူလိုင် ၁ ရက်တွင် KNU ကော်သူးလေ အုပ်ချုပ်မှုနယ်မြေ၊ခလွယ်ထွီထူခရိုင်အတွင်း ဇန်နဝါရီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ တိုက်ပွဲပေါင်း ၉၆ ကြိမ်ဖြစ်ပွားခဲ့ကာ စစ်အုပ်စုဘက်မှ ၂၇၃ ဦး သေဆုံးကာ KNU ဘက်မှလေးဦး ကျဆုံးခဲ့သည်ဟု ထုတ်ပြန်[32]ခဲ့သည်။

အောင်ဇေယျစစ်ဆင်ရေးဖြင့်စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်အုပ်စုဘက်က အောက်တိုဘာ ၂၂ ရက်တွင် KNU လက်နက်ကိုင်တပ်များဖြစ်သည့် KNLA နှင့် KNDO ဌာနချုပ်များရှိရာ ဘားအံခရိုင် တပ်မဟာ (၇) အား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုမှာ အာဏာသိမ်းထားသည့် လေးနှစ်တာနီးပါးကာလအတွင်း ပထမဦးဆုံးအကြိမ်[33]ဖြစ်ကာKNU ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်သည့် ပုံမှန်အစည်းအဝေး ကျင်းပနေချိန်လည်း ဖြစ်သည်။ တပ်မဟာ (၇) သည် တိုက်ပွဲဖြစ်ပွားမှုအနည်းဆုံး နယ်မြေ ဖြစ်ကာ ဒရုန်းဗုံးလေးလုံးဖြင့် တိုက်ခိုက်ခဲ့သော်လည်းထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ဟု KNU က ထုတ်ပြန်ခဲ့သည်။ယင်းဖြစ်စဉ်နောက်ပိုင်း သြဂုတ်လ နောက်ဆုံးပတ်တွင် KNLA နှင့်ပူးပေါင်းတပ်များသည် မြဝတီမြို့ တောင်ဘက် လေးကေကော်မြို့အနီး စစ်ကောင်စီစွယ်တော်ကုန်းစခန်း[34]အားသိမ်းယူရန် ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ကာ ထိုင်း-မြန်မာ ကုန်သွယ်ရေးမြို့နှစ်ခုဖြစ်သည့် မြဝတီနှင့် ဘုရားသုံးဆူမြို့ကြား ရှိသည်။ ထို့ပြင် ဖာပွန်မြို့ခေါပုတ်ရွာစစ်စခန်းအား KNU တပ်မဟာ (၅) နှင့်ပူးပေါင်းတပ်များက အောက်တိုဘာ ၃၁ ရက်တွင် သိမ်းပိုက်ခဲ့ကာဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA) လည်း ပါဝင်အားဖြည့်[35]ခဲ့သည်။မြဝတီမြို့ ထိန်းချုပ်ရေးအတွက် နိုင်ငံတော်အဆင့် စစ်ဆင်ရေးအဖြစ် ထိုးစစ်ဆင်လာသည့်အောင်ဇေယျစစ် ကြောင်းမှာလည်း ဒေါနတောင်တန်းတွင် ကော်ဘရာ၊ ကျားသစ်နက်၊ ရောင်နီ(တောင်ပိုင်းဒရုန်းအထူးတပ်ဖွဲ့)၊ Golden Eagles ဒရုန်းတပ်ဖွဲ့၊Federal Wings, Justice Wings, Fixed Wing နှင့် KNU-KNLAတပ်များ၏ ဟန့်တားတိုက်ခိုက်မှုကြောင့် ရပ်တန့်နေခဲ့ရသည်။

မဟာမိတ်စုဖွဲ့မှု အားကောင်းသည့် KNU သည် ဒီဇင်ဘာ ၄ ရက်တွင် KNLA တပ်မဟာ (၅)၊ PDF,BPLA, Force For Federal Democracy (FFD) ဒရုန်းတပ်ဖွဲ့နှင့်ပူးပေါင်းကာ ဖားပွန်နှင့် ကမမောင်းမြို့ရှိ တောင်သုံးလုံးစခန်းအားထိုးစစ်ဆင်ခဲ့သည်။ ထို့ပြင် ခေါပုတ်၊ ကူးဆိပ်မထောရွာစခန်းတို့ကိုပါတိုက်ခိုက်သိမ်း ယူခဲ့သည်။ ထို့နောက် KNU က နှစ်ပေါင်း ၃၀နီးပါး လက်လွှတ်ခဲ့ရသည့် ယခင်ဌာနချုပ်ဟောင်းဖြစ်သည့် မာနယ်ပလောဌာနချုပ်[36]အားဒီဇင်ဘာ ၁၆ ရက် ညပိုင်းတွင် ပြန်လည်သိမ်းယူနိုင်ခဲ့သည်။ မာနယ်ပလောအားပြန်လည်ရရှိသည့်အတွက် KNU သည် ရှမ်းရွာသစ်မြို့ မြောက်ဘက်မှသံလွင်နှင့် သောင်းရင်းမြစ်ဆုံး နေရာ အပါအဝင် ကရင်နီပြည်နယ်စပ် တောင်လှအထိသံလွင်မြစ်ကြောင်းရှိ ဒေသများအား ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်သည်။

၂၀၂၄ ခုနှစ်အတွင်းမွန်ပြည်နယ်အတွင်း ဒေသဆိုင်ရာ သက်တမ်းရင့် တော်လှန်ရေး အဖွဲ့အစည်း ဖြစ်သည့်မွန်ပြည်သစ်ပါတီ (NMSP) ၏ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကပြုလုပ်သည့် (၁၁) ကြိမ်မြောက် ညီလာခံအပြီး ဖြစ်ပေါ်လာခဲ့သည်။ ၁၁ ကြိမ်မြောက်ညီလာခံအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင် ဌာနချုပ်ရှိရာ ရေးချောင်းဖျားဒေသ၌ပြုလုပ်ခဲ့ပြီး ဗဟိုကော်မတီဝင် ခြောက်ဦးအထိ တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့သည်။ထို့ပြင် စစ်ကောင်စီနှင့် နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးချင်း ဆက်မလုပ်ဘဲ နှစ်ဖက်သဘောတူညီမှုပေါ်အခြေခံသည့်ဆက်ဆံရေး (bilateral relations) အနေဖြင့်သာ ဆက်ဆံရန်ဆုံးဖြတ်ခဲ့သည်။ ထိုသို့ ဆုံး ဖြတ်သည့်အတွက် ဒုစစ်ဦးစီးချုပ် စလွန်းထော၊အထွေထွေအတွင်းရေးမှူး နိုင်ဇေယျနှင့် ပါတီထိပ်ပိုင်းခေါင်း ဆောင်အချို့ ပါတီနှင့်လမ်းခွဲကာ နွေဦးတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ အာဏာသိမ်းစစ်တပ်အားတိုက်ခိုက်သွားရန်မည် ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင်မွန်ပြည်သစ်ပါတီ (စစ်အာ ဏာရှင်တိုက်ဖျက်ရေး) (NMSP-AD)[37] အမည်ဖြင့် စုဖွဲ့ ကြေညာခဲ့သည်။

ယင်းဖြစ်စဉ်မတိုင်ခင် မွန်ပြည်နယ်၌လက်နက်ကိုင်တပ်ဖွဲ့ပေါင်း ၁၆ ခုထက်မနည်း ရှိနေပြီ ဖြစ်သည်။၎င်းတပ်ဖွဲ့များမှာမွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ (MSDF)၊မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ရေးဘီလူး၊ YJK တိုက်ခိုက်/ထောက်ပို့၊ရေးပြောက်ကျားတပ်ဖွဲ့၊ စွန်ရဲ မြို့ပြပြောက်ကျားတပ်ဖွဲ့၊ Ye Air Foce – Stealth Fighter၊မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း (MSRO)၊မွန်ပြည်တော်လှန်ရေးတပ်၊ ချောင်းဆုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ ဘီလူးကျွန်းပြည်သူ့ကာ ကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့၊ ရာမည ပြောက်ကျားတပ်ဖွဲ့၊ရေးမြို့ကာကွယ်ရေးတပ်ဖွဲ့၊ ရာမည ကာကွယ်ရေးတပ်ဖွဲ့၊ မော်လမြိုင်မြို့ ကာကွယ်ရေးတပ်ဖွဲ့များ ဖြစ်သည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းကျောင်းသားတပ်မတော် (ABSDF)အပါအဝင် မဟာမိတ်များနှင့် ပူးပေါင်းကာ စခန်းသိမ်းပွဲများအားမွန်လက်နက်ကိုင်အင်အားစုများက ဇန်နဝါရီလ၌ ဖော်ဆောင်ခဲ့သည်။

အကြမ်းဖက်စစ်အုပ်စုက မတ် ၂၇ရက်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာအားလေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ ရေကြောင်းနှင့် ကုန်းကြောင်းမှ လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ ကျေးရွာရှိ နေအိမ်ပေါင်း ၃၀၀ ဝန်းကျင်အား မီးရှို့ဖျက်ဆီးခဲ့ရာ မွန်တို့၏ရပိုင်ခွင့်အတွက် တားဆီးပိတ်ပင်နေသည့် စစ်ကောင်စီနှင့် အပေါင်းအပါများအားမွန်မြေပေါ်မှ အမြန်ဆုံး ပျောက်ကွယ်သွားရန် ပြည်သူများအနေဖြင့်တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းတော်လှန်ရန် NRFF က တိုက်တွန်း[38]ခဲ့သည်။ဓမ္မသကျေးရွာ ဖြစ်စဉ်သည် အယူအဆ ကွဲပြားနေသည့် မွန်အင်အားစုများအကြား ပြန်လည်ပေါင်းစည်းရေးအတွက် အရေးပါသည့် ဖြစ်စဉ်လည်းဖြစ်ခဲ့သည်။ NRFF သည်မွန်နှင့် တနင်္သာရီဒေသရှိ တော်လှန်သော လူငယ်အင်အားစုများအကြား ချိတ်ဆက်ထားသည့်အဖွဲ့အစည်းဖြစ်သည်။ မတ်လအတွင်း၌ပင် MSRFသည် မဟာမိတ်များနှင့် ပူးပေါင်းကာ ရေး-ထားဝယ် အမှတ် (၈) လမ်းမကြီးအားထိန်းချုပ်စိုးမိုး[39]ထားခဲ့သည်။

ယင်းဖြစ်စဉ်အပြီး NMSP – AD က ဧပြီ ၁ရက်တွင် ၂၀၀၈ အခြေခံဥပဒေနှင့် NCAအား ငြင်းပယ်သည့် နိုင်ငံရေးရပ်တည်ချက်[40]အားထုတ်ပြန်ခဲ့ကာ NRFF ကလည်းထောက်ခံ[41]ခဲ့သည်။ဧပြီ ၇ ရက်တွင် တပ် စုဖွဲ့မှုအဖြစ် MSFC၏ မွန်ပြည်တော်လှန်ရေးတပ် (MSRF)နှင့် မွန်ပြည်ကာကွယ်ရေးတပ် (MSDF)အကြား မဟာမိတ်အဖြစ် ပူးပေါင်းတိုက်ပွဲဝင်မည်[42]ဖြစ်ကြောင်းသဘောတူညီခဲ့ကြသည်။ ထို့နောက် ဧပြီ ၁၂ ရက်တွင် အခြားမဟာမိတ်များနှင့် ပူးပေါင်းကာရေးမြို့ ကိုးမိုကျေးရွာနှင့် မွန်-တနင်္သာရီ နယ်ခြားမျဉ်းရှိမလွှဲတောင်ဂိတ်စခန်းတို့အား တိုက်ခိုက်ခဲ့သည်။ မေ ၅ ရက်တွင် KNU နှင့်ပူးပေါင်း၍ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် အမှတ် (၈)ပြည်ထောင်စုလမ်းမရှိ ပဲဒက်နှင့် ကျောက်ဆည်ကျေးရွာ စစ်တပ်နှင့် ပျူစခန်းများ[43]အားတိုက်ခိုက်ခဲ့သည်။

NMSP-ADသည် PNLO, PNFC စသည့်ပအိုဝ်းအင်အားစုများနှင့် နိုင်ငံရေးအရ မဟာမိတ်အဖြစ် စုဖွဲ့ကာ မွန်ပြည်အခြေ ပြုလက်နက်ကိုင်မဟာမိတ်များနှင့် ရေးမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများဆက်တိုက်လုပ်ဆောင်ခဲ့သည်။  

မွန်အခြေပြုလက်နက်ကိုင်အင်အားစုများသည် ၎င်းတို့ တပ်စွဲထားရာ ဒေသများအလိုက် အထိုင်စခန်းများ၊အမြောက်စခန်းနှင့် ဂိတ်များအား တိုက်ခိုက်မှုများ ရှိခဲ့သော်လည်းမြို့သိမ်းတိုက်ပွဲများအထိ ဆင်နွှဲနိုင်ခြင်း မရှိသေးပေ။ 

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင်မွန်လက်နက်ကိုင် လေးဖွဲ့ဖြစ်သည့် မွန်ပြည် လွတ်မြောက်ရေးတပ်တော် (MLA)၊မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်အမျိုးသား လွတ်မြောက် ရေးတပ်တော် (MNLA-AD) တို့အကြား မွန်တော်လှန်ရေးတပ်များအားလုံး ပါဝင်သည့်မွန်တပ်တော်[44]ပေါ်ထွန်းရေး အကောင်အထည် ဖော်ရန် သဘောတူညီခဲ့ကာ ပထမအဆင့်အနေဖြင့်ပူးတွဲစစ်ရေးလှုပ်ရှားမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။   

အလယ်ပိုင်းဇုန် (စစ်ကိုင်း၊ မကွေး၊မန္တလေး) 

အလယ်ပိုင်းဇုန်သည်အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်မှုမရှိသည့်အတွက် အခြားသော ဇုန်များရှိ EROs များ၊ တော်လှန်ရေးအင်အားစုများလောက် ပြင်ပဖိအားသက်ရောက်မှု နည်းပါးသည်။ သွယ်ဝိုက်သည့်သက်ရောက်မှုအ ချို့သာ ရှိသည်။ သို့သော် နိုင်ငံရေးနှင့် စစ်ရေးကဏ္ဍတွင်မူမတူကွဲပြားသည့် ဖြစ်တည်မှု၊ ဖွဲ့စည်းမှုများကြောင့် ရှုပ်ထွေးသည့်သဏ္ဍာန် ရှိသည်။တော်လှန်ရေးအစိုးရဟု သတ်မှတ်ကြသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)များ ရှိသလို ၎င်းနှင့် မဟာမိတ်ဖွဲ့ထားသည့် အင်အားစုများလည်း ရှိသည်။ ထို့ပြင်NUG ဝန်ကြီးဌာနများအောက်ရှိလက်နက်ကိုင်အင်အားစုများ ဖြစ်သည့် ပြည်သူ့အုပ်ချုပ်ရေး - ပအဖ၊ ပြည်သူ့လုံခြုံရေး -ပလဖ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ အပြင် ဒေသ အလိုက် စုဖွဲ့ကာ NUG နှင့်မပူးပေါင်းဘဲ အခြားသော EROများနှင့် မိတ်ဖက်လုပ်ထားသည့် ဒေသအခြေပြု Local PDF များ၊ ပြောက်ကြားတပ်ဖွဲ့များလည်းရှိသည်။  

ထို့ပြင် နိုင်ငံရေးစုဖွဲ့မှုများစွာ ရှိကာ စစ်ကိုင်းတိုင်း၌ စစ်ကိုင်းဖိုရမ်၊ မန္တလေးတိုင်း၌မန္တလေးဒေသအင်အားစု၊ မကွေးတိုင်း၌လည်း ယောကဲ့သို့ အင်အားစုများ၏ စုဖွဲ့မှုများ၊ NUG နှင့်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPHနှင့် ဆက်စပ်သည့် စုဖွဲ့မှုပုံစံများစွာ ဖြင့် ရှုပ်ထွေးသည်။ 

စစ်ရေးလှုပ်ရှားမှုအဖြစ်စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းတို့သည် NUG ၏ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်၌ တည်ရှိကာကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် ပူးတွဲစစ်လှုပ်ရှားသည်။ မြောက် ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ၂၀၂၃ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် ၁၀:၂၇ စစ်ဆင်ရေးအား စတင်ခဲ့ရာယင်းနေ့နံနက်ပိုင်းတွင်ပင် လားရှိုး၊ သိန္နီ၊ ကျောက်မဲ၊ နောင်ချို၊ ကွမ်းလုံ၊ကွတ်ခိုင်၊ လောက်ကိုင်၊ ချင်းရွှေဟော် စသည့် မြို့များ၌ တိုက်ပွဲများဖော်ဆောင်ခဲ့သည်။ မဟာမိတ်များဘက်ကလည်း လားရှိုး-ချင်းရွှေဟော်နှင့် လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းပိုင်းအား အရေးပေါ် ပိတ်ဆို့ပေးခဲ့သည်။ ယင်းစစ်ဆင်ရေးအတွင်းမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့သည် မြို့အများ အပြားအား သိမ်းယူခဲ့ပြီးနောက် တရုတ်၏ကြားဝင်စေ့စပ်မှုကြောင့် ဟိုင်ဂင်စာချုပ် ချုပ်ဆိုကာ တိုက်ပွဲများ ရပ်နားခဲ့သည်။ယင်းကာလများအတွင်း အလယ်ပိုင်းဒေသတွင်လည်း ဟန် ချက်ညီစစ်ဆင်ရေးအဖြစ် NUG စစ်ဒေသ (၁)ကွပ်ကဲမှုဖြင့် မဟာမိတ်တပ်ဖွဲ့များ၊ PDFများ၊ ပကဖ များ၊ LocalPDF များ စုပေါင်းကာ ကောလင်းနှင့် ခမ်းပတ်မြို့တို့အား ထိန်းချုပ်နိုင်ခဲ့သည်။ 

စစ်ဒေသ (၁) တွင် သိမ်းယူထားသည့်စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် ပြည်သူ့အုပ်ချုပ်ရေး စတင်[45]နေပြီဖြစ်ကြောင်းNUG က ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၄ ရက်တွင် ကြေညာခဲ့သည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာတွင်စစ်ကိုင်းတိုင်းအတွင်းရှိ ခမ်းပတ်၊ ရွှေပြည်အေးနှင့် မော်လူးမြို့တို့ကိုလည်းသိမ်းယူထားပြီး ဖြစ်သည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလဆန်းမှ စကာ အကြမ်းဖက်စစ်အုပ်စုကကောလင်းနှင့် ကပ်လျက် ကိုးထောင်ဘို့တိုက်နယ်အား လေကြောင်း၊ ဝန်းသိုးမြို့မှခြေမြန်တပ်ရင်းများအား အားဖြည့်ကာ အင်အား ၁,၀၀၀နီးပါးဖြင့်   မြို့တစ်ဝက်ကျော် ပျက်စီး[46]ခဲ့ရကာတော်လှန်ရေးတပ်ဖွဲ့များဘက်မှ နောက်ဆုတ် လက်လွှတ်ပေးခဲ့ရသည်။ 

တရုတ်စေ့စပ်မှုဖြင့်မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့နှင့် အကြမ်းဖက်စစ်အုပ်စုအကြား အပစ်ရပ်ရေး ထိုးထားသည့် ဟိုင်ဂင်စာချုပ်အား စစ်အုပ်စုဘက်မှ ချိုးဖောက်ကာ ၎င်းတို့လက်လွှတ်သိမ်းပိုက်ခံထားရသည့် မြို့ များအား တိုက်ခိုက်လာမှုမျာကြောင့်ငါးလကျော်အကြာ ဇွန် ၂၅ ရက်တွင် ၁၀:၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ပြန်လည်စတင်လာခဲ့သည်။ ဒုတိယလှိုင်း၌ ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း (NSSAA)[47]တို့ပါ ပါဝင်လာခဲ့ပြီး NUGလက်အောက်ခံ MDY-PDFအပါအဝင် စစ်ကိုင်းအခြေပြုတပ်ရင်းများကပါ ရှမ်း-မန်း စစ်ဆင်ရေး[48]အဖြစ်အမည်တပ်ကာ ရှမ်းမြောက်ဒေသသာမက မန္တလေးတိုင်းအတွင်းရှိ မြို့များကိုပါ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ MDY-PDFနှင့် TNLA ၏ထိုးစစ်အတွင်း မန္တလေးအတိုင်းအတွင်းရှိ စဉ့်ကူးမြို့[49]အားဇူလိုင် ၁၇ ရက်၊ ဇူလိုင် ၂၄ ရက်တွင် မိုးကုတ်မြို့[50]၊ဇူလိုင် ၂၅ ရက်တွင် MNDAAက လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)[51] အားသိမ်းပိုက်နိုင်ခဲ့ကာ လားရှိုးစစ်ဆင်ရေးအတွင်း ဗမာ့ပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA)၊ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)တို့လည်း မဟာမိတ်[52]အဖြစ်ပါဝင်တိုက်ခိုက်ခဲ့သည်။ TNLAသည် ဒုတိယလှိုင်းအတွင်း နောင်ချိုနှင့် ဇူလိုင် ၃၁ ရက်တွင် မိုးမိတ်မြို့[53]တို့အားထပ်မံသိမ်းပိုက်ခဲ့သည်။ 

MDY-PDFဦးဆောင်နေသည့် မန္တလေးထိုးစစ်အတွင်း မတ္တရာမြို့နယ်လည်း ပါဝင်ကာ ၁၀၁၄ လေကြောင်းရန် ကာကွယ်ရေး အင်ကြင်းမြိုင်စခန်း၊ ဆည်တော်စခန်း၊ ပန်းသလဲတောင်စခန်း၊ရေစိုတောင်တပ်စခန်း၊ နေကျော်တောင်တပ်စခန်း၊ ရွှေပုထိုးတပ်စခန်း၊ကျောက်ခလုတ်တပ်စခန်း ၊ စိုးမိုးကုန်း မြေနီတောင်စခန်း[54]များကိုပါသိမ်းယူထားခဲ့သည်။ ထိုသို့ စစ်ဆင်ရေး လုပ်ဆောင်နေစဉ်  အတွင်း မြို့၊ရွာများ သိမ်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ[55]အား MDY-PDF စစ်ဦးစီးအဖွဲ့ကကြိုတင်ထုတ်ပြန်ထားခဲ့သည်။ သြဂုတ် ၄ ရက်တွင် MDY-PDF ထိန်းချုပ်နယ်မြေအတွင်း ပိတ်မိနေသည့် တရုတ်နိုင်ငံသား ၁၅ဦးအား ၎င်းတို့၏ သဘောဆန္ဒအရ နေရပ်ပြန်နိုင်ရန် ကူညီ[56]ပေးခဲ့သည်။သြဂုတ် ၁၂ ရက်တွင် ၁၀:၂၇ နှင့် ရှမ်း-မန်းစစ်ဆင်ရေး၏ ရည်မှန်းထားသော်စစ်ရေးပစ်မှတ်များအား ၈၀ ရာခိုင်နှုန်း[57]အထိအောင်မြင်စွာ ဖော်ဆောင်ထားပြီးဖြစ်ကာ အတူလက်တွဲတိုက်နေသည့် NUG လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့များအား ကျေးဇူးတင်ဂုဏ်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။ 

ရှမ်းမြောက်နှင့် မန္တလေးဒေသတွင် ERO နှင့်တော်လှန်ရေးအင်အားစုများက မြို့သိမ်း၊ စခန်းသိမ်းများ အားစစ်ဆင်ရေးဖော်ဆောင်နေသည့်နည်းတူ စစ်ကိုင်းနှင့် မကွေးတို့၌လည်း ဒေသအခြေပြုအင်အားစုများက လည်း တပြိုင်နက်တည်း ဖော်ဆောင်မှုများ၊ မဟာမိတ်စုဖွဲ့မှုများရှိလာခဲ့သည်။

ဗမာအမျိုးသားတော်လှန်ရေး တပ်မတော်(BNRA) သည်ကျောင်းသားတော်လှန်ရေးတပ် (SRF)၊ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစု၊ BDF၊ မဲမှောင်လက်နက်ကြီးပစ်ကူအဖွဲ့များနှင့် မဟာမိတ်ပြုလုပ်[58]ထားကာစစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ရှိ စစ်ကောင်စီအထိုင်ထွေ/အုပ်ရုံးများ[59]၊မင်းကင်းမြို့နယ် ပျူရွာများ၊ အား တိုက်ခိုက်ခဲ့သည်။

PRA(Magway) သည် စေတုတ္ထရာနှင့် ငဖဲမြို့နယ်အနောက်ဘက် ရိုးမတောတန်း၌အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF)နှင့် မဟာမိတ်ပြုလုပ်ထားကာ တိုက်ပွဲဆင်မှုများ လည်း ရှိသည်။ MDY-PDF ကမူမန္တလေးတိုင်း၌ ဆက်လက်စစ်ရေးဖော်ဆောင်ကာ သပိတ်ကျင်း မြို့နယ်၊ တကောင်းမြို့အားသြဂုတ် ၁၂ ရက်တွင် ထပ်မံသိမ်းယူ[60]ခဲ့သည်။

စစ်ကိုင်းတိုင်းအတွင်း၌စစ်ရေးဖော်ဆောင်ရန်အတွက် ဝက်လက်နယ်အခြေပြု ဂျန်ဇီလူငယ် မျိုးတပ်တော် (Generation Z Army – GZA) နှင့်ဗိုလ်နဂါးဦးဆောင်သည့် BNRAတို့အကြား အညာဒေသ မဟာမိတ်ညီနောင်[61]အဖြစ်ပူးပေါင်းခဲ့သည်။ GZA သည်ရခိုင်ဒေသ တိုက်ပွဲများအတွင်း အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းစစ်ရေးလှုပ်ရှားမှုများ ရှိသည်။

တရုတ်ဖိအားကြောင့် ရှမ်းမြောက်ဒေသ ERO များအကြားစစ်ရေးအရှိန် လျှော့လာခြင်းကြောင့် သော်လည်းကောင်း တည်ဆောက်ထားပြီးမဟာမိတ်ဆက်ဆံရေးများ ဆက်လက်ခိုင်မာစေရေး အတွက်သော်လည်းကောင်း ၎င်းတို့စိုးမိုးနယ်မြေများအတွင်း တပ်စွဲထားသည့် ဗမာတော်လှန်ရေး အင်အားစုများအနေဖြင့်နေရာရွေ့ပြောင်း အခြေစိုက်ခြင်းများ ပြုလုပ်လာခဲ့ရသည်။ ၁၀၂၇ စစ်ဆင်ရေးလှိုင်းနှစ်လှိုင်းစလုံး၌ ပါဝင်ခဲ့သည့် မောင်ဆောင်းခ ဦးဆောင်သည့် BPLA တပ်သည်မကြာမီကာလအတွင်း အညာဒေသသို့ အခြေချကာ စစ်ဆင်ရေးဖော်ဆောင်တော့မည်ဖြစ်ကြောင်း  အောက်တိုဘာ ၂၇ ရက်တွင် လူမှုကွန်ရက်မှတဆင့်ထုတ်ဖော်ရေးသား[62]ခဲ့သည်။ထို့နောက် အညာဒေသစစ် ဆင်ရေးအတွက် တပ်သားသစ် ခေါ်ယူမှုများ ရှိလာခဲ့သည်။

စစ်ရေးအားကောင်းနေသည့်အလယ်ပိုင်းဇုန်တွင် MDY-PDFအား အားလျော့စေရေးအတွက် အကြမ်းဖက်စစ်အုပ်စုဘက်က မတ္တရာမြို့နယ်အားပြန်လည်ထိုးစစ်ဆင်မှု ပြုလုပ်လာသည့်အတွက် ဒီဇင်ဘာ ၁၉ ရက်အထိ တိုက်ပွဲများ ဆက်ရှိ[63]နေခဲ့သည်။

မဟာမိတ် စုဖွဲ့ထားသည့် BNRAနှင့် GZA တို့ကလည်းချင်းပြည်နယ်အတွင်း အာရက္ခတပ်တော် (AA)နှင့် ချင်းညီနောင်အဖွဲ့ (CB)တို့ ပြုလုပ်နေသည့် OperationCB အစိတ်အပိုင်းဖြစ်သော မင်းတပ်နှင့် ဖလမ်းမြို့ သိမ်းတိုက်ပွဲများ၌ မဟာမိတ်အဖြစ်ပါဝင်တိုက်ခိုက်[64]ပေးခဲ့ရာဒီဇင်ဘာ ၂၁ ရက်တွင် မင်းတပ်မြို့အား သိမ်း ပိုက်နိုင်[65]ခဲ့ပြီဖြစ်သည်။ BNRA သည်နိုဝင်ဘာ ၁၁ ရက်ကလည်း ပုလဲမြို့သိမ်း စစ်ဆင်ရေးအား Operation CB နှင့် ချိတ်ဆက်ကာ Coordinated Movement အဖြစ် GZA, Southern Yesagyo (SYSO) နှင့်ပူးပေါင်းကာ ဖော်ဆောင်ခဲ့သည်။[66]စစ်ဆင်ရေး စတင်ပြီး နှစ်ရက်အကြာတွင် မြို့၏ ၉၀ ရာခိုင်နှုန်းခန့်အား ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း အကြမ်းဖက်စစ်တပ်ဘက်မှ မြို့လက်မလွှတ်ရရေးအတွက်လေကြောင်းပစ်ကူများစွာ သုံးခြင်း၊ တပ်အင်အား ဖြည့်တင်းခြင်းများဆက်တိုက်လုပ်လာခြင်းများကြောင့် ထိုးစစ်စတင်ပြီး လေးရက် အကြာတွင်ပြန်လည်ဆုတ်ခွာခဲ့ရသည်။

ဒီဇင်ဘာ ၁၂ ရက်တွင်ရန်ကုန်-မန္တလေး အမြန်ကားလမ်း မိုင်တိုင် ၃၁၉ ရှိ ရဲကင်းစခန်းအား NUG စစ်ဒေသ (၁)လက်အောက်ရှိ မြင်းခြံ ခရိုင် အမှတ် (၄) နှင့် (၁၀) တပ်ရင်း (နွားထိုးကြီး PDF) များကတိုက်ခိုက်ခဲ့သည်။ ဒီဇင်ဘာ ၂၃ ရက်တွင် အမြန်လမ်းမကြီးပေါ်အထိတိုးချဲ့နေရာယူလာခဲ့ကြသည်။

References:

[1]https://www.facebook.com/The74Media/posts/pfbid0nb27MMuUmEbGeQhTkz2SkjstxfcXEB5MJy6VHhwvG1sCrL1GA3MSDsxSaoa4FtVTl

[2]https://www.bbc.com/burmese/articles/cxrrq16npelo

[3]https://www.facebook.com/photo?fbid=2171104083290811&set=a.143736392694267

[4]https://myanmar-now.org/mm/news/54991/

[5]https://www.youtube.com/watch?v=6a9kvM595EU

[6]https://www.facebook.com/story.php?story_fbid=817022123866496&id=100066761468953&mibextid=WC7FNe&rdid=LCS5abPdERBNZD6H#

[7]https://t.me/aainfodesk/998

[8]https://t.me/aainfodesk/1063

[9]https://t.me/aainfodesk/1150

[10]https://t.me/aainfodesk/1191

[11]https://t.me/aainfodesk/1198

[12]https://burmese.narinjara.com/local-news/detail/667aa5003fd27b8caefc67fa

[13]https://www.facebook.com/photo/?fbid=122164877318275325&set=pcb.122164877762275325

[14]https://www.facebook.com/permalink.php?story_fbid=pfbid0iujX3FpwBAsnBYdnE9TokFFhPDvG12fMcWBxNqK8vuES8rhk4MbDsQAxNDa3o3wHl&id=61558259765374&__cft__[0]=AZVp0Wz0tFVYoDALFlp_ZrR6-bg9wgk8ZYhYDyevkw-kqwaFZ2YGKioMHScan0LdreLIU7zl2mUMBRRCYacbyOaknrxtWjUCNGBLUPmxx2DfjbD2RoIBVBJWdeUWDcHYC39wwKzP7LHaQbIBvIIGAKp6PnJuKoOBuvWXGhmey2QCfO_y3TliDLb_xO2uW5xdozEVAEHj53jljX0vmL1ZVCiU&__tn__=%2CO%2CP-R

[15]https://www.facebook.com/KhonumthungBurmese/posts/pfbid032GegTsDw9qKeX2iDh2y9q9M2ensm5Hyur1gUJGhCdH9wPbkUmJw5y3PWnxqNJdA4l?__cft__[0]=AZVM-VbKLdT25Bg87uvp571FO9u9CToq1R7ea54YKAWqjYR8qBZzx3ZovMxWkNBnTkiUze6TjS3L_CSpAGeo8d5IJ04uvCg8MT51bJmkBj5S9O2q6wFvBHyYSTWF5-nxwhSLIqRnIQuhr1qERvh15zk8ZeJazqk0FTQqo0kRCmmNem2Ku016vPXT1QCtyUsF1vXIVPmENaE_9kuLEiqrOFDk96Muv2Nm6Bizbbhqhtel_g&__tn__=%2CO%2CP-R

[16]https://www.facebook.com/VOABurmese/posts/pfbid09hNrcsLVLuU9ouGGVggpCbrPP1EAcyuTDYBXRWFh4Wr9L1QTV9gvi6VCWMUp1rwDl?__tn__=%2CO*F

[17]https://www.facebook.com/permalink.php?story_fbid=pfbid02XEJXU7wrubTdaLGVni3hMv9miB9tsUvuh53xuXRjpyXpdbJD1WMmYJnhPdhZmYU1l&id=61562036049131&__cft__[0]=AZVgntNyhAN2DIGqFJcZkwaqHsFvGoRsWMj83_-PXOA2OgZATqwkt2TidAtVWmTgJUDYpJ0E04QBudBeQ6P8DVUYodal8owiZERWogZUHG8-9sPKEat5nWJu_ZI9U4JyLVdIof_weT4Oid-ypgUBCMw8jj64gUacOdoRl1LDW112UudMp9SQ2uXidCv4kbtDGcU1vYotu5vFNv0Ca0cxbxc8&__tn__=%2CO%2CP-R

[18]https://www.facebook.com/photo?fbid=868260652145995&set=pcb.868260685479325

[19]https://www.facebook.com/61562036049131/videos/1232942417766544/?__cft__[0]=AZV-dOD1GoTvq3nWAmKU-QBuGOzZ6yryfrkoT3iHKvWs7P8fBCJO9ZIzarWkV_4pikPJ1OIEhYsOUKmQlFb2bn7aMPxNGOZ3uRYhZp5wRKMJLepsBI4epmnYFxV51WmWXj4GDCztNdsRkObrl5yHMAeTjBto9HxjNyNjS0h5uBFkaa17PFpY0AkgIoxYHmUD-Gj8U0rbFiI-o0EBrzGW4Z5o&__tn__=%2CO%2CP-R

[20]https://www.facebook.com/KNUHQKTL/posts/pfbid02ksK4ZH8avjT7ryL5WFpe3g5ERuh5ubKAbRYxeP3kLToxy5q1qvkRAfUNqe91A7Qql?__cft__[0]=AZXt-dv1-eK0FTkll5jiJ6hVTQrPnc9E94A_9IUM3L5WcdvnRdRIkC85rjNBAh_1HHX3QRQAZR425TSF3OnwSKIZ9r3HeGv4cIV-w-YVpxnyIk83IzliJU_yWMn6BWnBNHyQhZsm69JsIWOzweDA0iEUWjsmQFyzMQwLi4XAsz4w2KVZcVwMUvrd_H9F6XFJu8U&__tn__=%2CO%2CP-R

[21]https://www.facebook.com/KNUHQKTL/posts/pfbid02kGFngDrvvTMbYzm5166Zwa3RMYBpgM2RzpBzqEDsbe5XLq1BVFk1cBLQcFNmacT2l?__cft__[0]=AZVP2eIgdXXyd1Z2ddS5vJeuwZfnf__y5jCPSDka7WF4lWR-aqWq72n-Qy7RNwqRAQJvMhJYVQiIg74Hwhx0EO386-yf5w2AS1dHRwHVNrRu7pJJ_vrNVaC4UJfQQxbVBrqaGxPls-wk8SyscAQ7BdhtTkpLhWjUPkJgLZERVg7VAc865-RQVNLpP9FOdggd3tA&__tn__=%2CO%2CP-R

[22]https://news-eleven.com/article/246890

[23]https://burma.irrawaddy.com/news/2024/04/06/381961.html

[24]https://www.facebook.com/watch/?v=651213700471283

[25]https://www.facebook.com/KNUHQKTL/posts/pfbid02mgi6hEgmqexAG2qCDgNp2nPQR54XL94iWcmxiRX72XACau57AqD3PTATYciK7sbpl?__cft__[0]=AZWh5TkQ3p06ys7adOo_2W8hEeZtzEaYPswPmW95yqniTmY6Dq_A4EMAS1Gl2U1OzBBYtAbF0-gLrOkPqHkz8lfxCJRaR3tMeILj_azG9wkIdcZpdAgY77iKh9k7ZRN6NW_EYF222BqbbKax8JwAoItTAg1npgDRKErYE4Po_67OSbKrfa75ta1snbj_1gNyQfY&__tn__=%2CO%2CP-R

[26]https://www.facebook.com/KNUHQKTL/posts/pfbid09hGXEfaiR6vuLtTmNso9QZXSU3e3LLvQ5Nq3Nnqw87XBe9J4N2UJceoF63PqVvdil?__cft__[0]=AZWldFIKveqlt2gi1fmq86VousbCQJwtASUegKvseMsCrwz8OTpCEO8zCovtqyeNgU6A2uU9GaTGZcevaLxDuy0kit2XUtMeL6GViCoOq9CygqUfx_IjqXioIz2RS7SuywDw_7Qu77ptXIPOMjDIKgjEwXhJuP0pFIvvnf9QJJxDuENnpllcnyfnzEaPYp4TdHs&__tn__=%2CO%2CP-R

[27]https://burma.irrawaddy.com/news/2024/04/23/382663.html

[28]https://myanmar-now.org/mm/news/51356/

[29]https://www.facebook.com/KNUHQKTL/posts/pfbid02AT4SqUh5RRH3F7hspqg1bpqJuKsRYGFwMWRNCc7CKTwGhx678mfSFhV2mXkanNX1l?__cft__[0]=AZUN7Vk9vDSPWnRLQr7_HtYtIgmpVpuSb7Px6QY6vPuNAcajpwrlchUXshyYEMcQ9iBoKOImXW8dTwSKeQyGOlxmFeZHMGL8AKkqfJfqBFXslyfzfUlGwJYm407HbHu8ydjgzVcRsA8Vi-Fv3o1BGbTVpZHA7W8F7OjHPghG_7EpoKkKXOYA4dWI3N5C-21m0jE&__tn__=%2CO%2CP-R

[30]https://www.facebook.com/KNUHQKTL/posts/pfbid0FZgBSP6E9PogPK8mfA57EVWLeNcCZrTfsGpySBAts6wYddJpTukbWsHLr3bdTK5ul?__cft__[0]=AZWDvo5w_rZ1iyrlflotCQIgR4K-CCqn6WmNrvLkewXZh3Ps9yglPT2GRsFJjcZA5cipdWMns2Fyaxxpt5N0q_R-LcCbeL2RhU83s4S3NeuSE9Ns4zUz1rWpJrH_eyCgz-zlqzCMrwM941VmxEn0l_70h0ivViyvS93u0jsEW9eo627dph_UzwgDi8GDeWSxgIc&__tn__=%2CO%2CP-R

[31]https://www.facebook.com/KNUHQKTL/posts/pfbid02iCzqDg3wJX2FECyabWyP4gt1BDVA5Dz3hqSoQ3qwMQe2QPyXxPRcsdu6qkEEKZPjl?__cft__[0]=AZXVvv_08thcP3jC-y4qF0PbVcagETLzYSjuflNZiTihv5pOBV-7NreV3H2Qak_c-OoCVqN5A-cRRiPBnB-KR-8KwCaH8zGQ24QS49Mq4py-0-c2rJYh5HV8etEG2hcqBC-RP114Me4w_1LizyB_9LW9IJUgBMJphLHV2G8-gsSqT-qdNq2w1kCYVnVcBH1SLQM&__tn__=%2CO%2CP-R

[32]https://www.facebook.com/KNUHQKTL/posts/pfbid02Vi4WAN7xnZFkshFiaM1LSGgLkyg6EFL68TfisRMx2ffNMeT38g3tS6XWjERYMNbkl?__cft__[0]=AZXSBM5DvX9eXpP2Q7koKKf7-xU8xhOd7e0xIw9pShv9vON8o8ajT0AjMDrfgZam2m2-mw-_3gY8Lwev2Wbb8lCMpUduMa41e5bjDmQg-Mqge5vS0zKKPmELmNbRNwjiEtsmjVsn_Ht9MJyAu90s-TSnUOkSZ7fjClGTiDpu5un4iCSdnWAEYCDNjvsC6um100E&__tn__=%2CO%2CP-R

[33]https://myanmar-now.org/mm/news/58595/

[34]https://myanmar-now.org/mm/news/57560/

[35]https://myanmar-now.org/mm/news/58889/

[36]https://myanmar-now.org/mm/news/59856/

[37]https://www.facebook.com/NMSPADINFO/posts/pfbid02hfDcFw4cz9dp5qGb1cf1SaGZ946KQxR8Y3x3hK3avESpf18GejcVeKa38qX2nq4Tl?__cft__[0]=AZXB-fafzTpucM-oIpVuV3x1tWNvx9fSAFvNTIiDQP2pJbAUlQnkQvKa05g7_ik2aZm56C1864wvEDasaLMnoxuJVMmGm1k1DeSw8B7LirvOVSpOeauGgzVozRTgDvYCu2HuJ2bu7KHvfrsHSH2UT9t6dAHAb8DnJUTetWBbMRmb8J3LWtShE_kdbfxNYRghXdjSXwrIqv-O8gCe7JfMLXZf&__tn__=%2CO%2CP-R

[38]https://www.facebook.com/photo/?fbid=122134431086157848&set=pb.61554735463059.-2207520000

[39]https://www.facebook.com/MonStateRevolutionary/posts/pfbid029JfHXVTCp4mzfSVAYRbdeiETgW5C7WPGjAUrLTfzb83Q9VM3jfg7Q7ueEwis26cMl?__cft__[0]=AZWdcvQnXD9rmI-N9frRvdQYl4vsPREBXMlbEzW9Lrdco5HY-Nrr2HoCrgPpz71bvqLIErTLysr7Io3ZnYTUif1if4XqUBAEnqaJJ6aY1rlA7RcBiBNPkj7Pjc5G-Cc9TX_QM-2HXFxKjcJX0IgPG21yPNmLCo6veqJJrFGp2-jRP1uT600cUuItnIIsp056HDk&__tn__=%2CO%2CP-R

[40]https://www.facebook.com/NMSPADINFO/posts/pfbid02bfLsgmc7AnEJTv1pT3Hdueg8XZc7XVKUCzVFSwTx6qEKJMSpqgm7A5heirL4gyEZl

[41]https://www.facebook.com/photo.php?fbid=122136586826157848&set=pb.61554735463059.-2207520000&type=3

[42]https://www.facebook.com/MonStateRevolutionary/posts/pfbid0k42ShysSDSFvhsshCJeAp2apTab1WXdkhbxNJYijZZ8qQAcAHKxfL9D74TLGDDAzl?__cft__[0]=AZUp0FnN0dfVVz7KikUdOi1aEREUWRYl1g9o-g7n_40YXedKDgoFHuue8w0Wis4OZFuB8wPFenX7rcEgA_HbAAfsLuz-wmbzW7kjDTSZbdVKUy5w3HY2btIjq-uSyZ_qsYFXXH2ibVNmkkkhNwGn8jZjTIVhN4SK4tGlE4fvWEUJZVqqEn5Cegv5CqnC1Kl7DX4&__tn__=%2CO%2CP-R

[43]https://www.facebook.com/MonStateRevolutionary/posts/pfbid0gFXipo4TqXtaiuTgGQyRurWRjhCmtHHT4RvPmaL3Kx9t4g3FCVqC4rJgQ5fqEntLl?__cft__[0]=AZU110m6iGavjahCFSzwcKvFQZcM4RJ23Q95RTfoJlKziZmG3QmOb214PL5KZz36Vzu4NwzYstXryJ3oaF7oFUg8W-Jl73En1SgNBj3zaI9qip_OFeS5bbC_jDleSMihhWRrOfDuAY-8w6MSROLMihxSALeaNoLMjsVZlYtOaW0jkIC5yUDdgIEj8mzwtOWIGXQ&__tn__=%2CO%2CP-R

[44]https://www.facebook.com/photo?fbid=605026008873358&set=a.257980603577902

[45]https://www.facebook.com/NUGmyanmar/posts/pfbid0AM4FR5Zcar4ZB71wsMBxo3kYP8gJcoGpuQynSmjuScStRphpr8v3t4MgLm28r4rpl

[46]https://www.bbc.com/burmese/articles/c51e0kwnqn8o

[47]https://www.facebook.com/photo/?fbid=807334024832913&set=a.444523181114001

[48]https://www.facebook.com/kachinwavesnews/posts/pfbid0M57haRL7Ts1LY1ofRVgH6CtpMEWNsCR5z89hHaa51YbPjkM5RhANxA7hRH8keNhCl?__cft__[0]=AZVg-6RIq60AM3EM8R5iF4kb2pt2iwnR1TSmgrPUQ8tSfUVRaJpfUAsWyrWQw9I9fepW5kUUCXX7pos8pspEsCPLryNQTf6HQ8fvgyVfXUloZT0RdRaMIxepIePnHBAHz4zUMXXyQwZFHqjXninjWwj_tIztW71THfA2sylTbngrjQ&__tn__=%2CO%2CP-R

[49]https://www.facebook.com/permalink.php?story_fbid=pfbid032jKV3z9KHfWjk186CdUbmSLnW7Rpr9foEGu9uwMywukEEJySo1hLdr6bfVh7EQXdl&id=61559171995407

[50]https://t.me/mandalaypeopledefenceforce/518

[51]https://burma.irrawaddy.com/news/2024/07/25/387684.html

[52]https://www.facebook.com/BamarPeoplesLiberation/posts/pfbid0ucV8eAJKPTVCjjCGzHdNoCtzAip9dgoRAACGRgE5UbpmiV7U2npoQ72aVr9vSfpil?__cft__[0]=AZUDfvASQljnHxbUwHxWyWAJatLLU3Z_Lbjq6nqNz_YmJ8_DYhsM70Kr8M-cReRC1zSJHeYs00EikL3V2uAF0hNv97XJrNCDjWTb52KJ1LD1JYriSHJ_KFt86PFyaBXxzYUVxA4F1a298HuY2GN01LD4XHdGEwzqWNt8VqVSbe_M5SlGDyYiszzg0X1a-ft8IV4&__tn__=%2CO%2CP-R

[53]https://t.me/taangtv2023/3104

[54]https://www.facebook.com/permalink.php?story_fbid=pfbid02KYex336W42py2bN11AXSUKRdFHhaMw1Mb2upAFzoVQmWcDWxKswdyt5coZDdMER9l&id=61559171995407&__cft__[0]=AZVJEXxRAg3hj_RESJpO79zkbsMw6Z-g7rw0n3hW1HB9zk2flLVmsuwiL3U7hmhbwy6Cg1a5CFTTtG5M5lXgc7gRje41CYAvyWgI5jOZtxrucLt0L_2tkPJX9GvEpzpIkOhRYlYyjFb6lpY6SFBw0gdT64Rq7wv6zklbbGiqTp8F4zZxPfFkRMPpjcYnuljBrh_YHfCuMnf86y7WJgZYLjtr&__tn__=%2CO%2CP-R

[55]https://www.facebook.com/permalink.php?story_fbid=pfbid02guCxRVYYh2opkbGCWS8ypsgvbFnWpT6tGssoeQsjZRCKcHBdJBENb2uDAXXhVYyfl&id=61559171995407&__cft__[0]=AZUQ141pfH9hgOiI1PBQMmTFDxgR9ZvN260kpD1OA-A0EdJ23MY1wvFYerXpelVCUWGlUKyhLjCmiHfdK0VGvnaQ2vxbGMrDaKcLQERE4-a2AI_8yAsz4tmZJE_axNsPxTZx4sH2kHx3kyqWbVkuUz-vx7vFSbp_EmVK37YOQhjGumyjaqutHmv_DDVW4B4-aB6cGATVH1eTEkH4Rcrgs3H_&__tn__=%2CO%2CP-R

[56]https://www.facebook.com/permalink.php?story_fbid=pfbid0mwfy3TdAJ8teDnidEHwFPgZbJvtuccjQn6XuFZ4DZ5DXkKdcxYL8uGS3Vk3L6TTVl&id=61559171995407&__cft__[0]=AZXLIf0Bkc9W_a3cAxIN7oBF6l1NLbosm4nO4RdlNw5jenwg4cuONvb1Op-Qp-6_vBJYmf2YhGf7hZ2989P2P8iDO2k8wh9Ahuh25_IGPz_q0I_mx-GEWsG2XZiGdSGOBwoPYTax_P4grrR6sWPSrKdgKnYYQ2U9LbRmp3xstzapREzcwecdKlKWAKY1je0xOetRwl4ApgkMa7WTMl7q-NjG&__tn__=%2CO%2CP-R

[57]https://www.facebook.com/permalink.php?story_fbid=pfbid02rxiWkM6NyKTgnBan3jrh4CSt9mNFf6pQhFzh8xQ3bUJRifQkxvt4NfEMjEcM23Hal&id=61559171995407&__cft__[0]=AZXhSozO1038O9JDF6Z_FJf1fk19YyM_hIHMzyKOsXill8tkzN1gFjbnVmNVZBQwSgECDiWGBNHZWNKUZG81otRf3Ie91je628jBH2vfmMMHWasSbC93eOeRLwRkAfVZiRKksBz2KRWkaM91yOQL8X4UYPm1oDhIWJxhLHSkMKNjvpGCfqcoeitG6hruTxjC_-Li6ezFzIHbsEHmBSSgP9kp&__tn__=%2CO%2CP-R

[58]https://www.facebook.com/burmanationalrevolutionaryarmy/videos/3670491303224279/?__cft__[0]=AZUkf_3P4zckXZoh6rlyFm4lbQd2Lo0vt0QQ0IhF9DlKuimwp_b17GB7MXfJqs-7m-vzA17WNla1-dOw8U_vx0IQF9D3nW_U5-xWLKV9iovYIPaFiffMVVr-2us5R7P4BvnrNecMYxw3NLaIr154QMz6IXcqeLt2xF-cQ1fy9Sqy34joSE3066G68Xba_1i_mNvX3psQuvZOGnBtYtDPCxHw&__tn__=%2CO%2CP-R

[59]https://www.facebook.com/burmanationalrevolutionaryarmy/posts/pfbid0369Wqxs9CBU9CYgcD2SR7wtnBhXi7DatruRNzKfsw52nnN7qvmFJCvr2h6yqW1Km2l?__cft__[0]=AZVfS8tZcZralpgPO_XVng4VqR15PhJmicH20tq0DmroSDaKJCz_pYIwbiLkG5j61zriFeB9b5MBwk4FYza6R2fBoA3b1FEtqtHhWzNTs8MmXcmA-Oq55iblOqpuECQGoNEC21JD5BGltXtBGXB4fk_FgWYSmDFFQ6Y68bBAryukeURpazJb6o-1Z766Vy0WWtLV5c3NOzxd1LdHQoVbeqCq&__tn__=%2CO%2CP-R

[60]https://www.facebook.com/modNUG/posts/pfbid0s98RZVCvkvZdyRZYY7LjH78x666w6z1LrcwN57BK7XqzGr1iPV1vWhwZdmKFHQEwl

[61]https://www.facebook.com/mandalayfreepress/posts/pfbid02LCSaVAEXGdANiQ1LHZZtyJj1MRTxbb29Y1d5CMK9PRycUXF9twPg31ikpgvDaUw7l?__cft__[0]=AZW1p2pJWtzxecaW1Hf66r-HJGk8sAVfoLnE7wllWRDYhdUWd5EO2lwAF9mBmW0jsF6oSrumfetEe4fnvXbl1Iw3QK7GCRd4T870VkxT46KUAKGOmWwLLBmXTjvTZa5yqPqTABxwa1PR9HHlgycoU54tmjvZshI58-ZZlWXmyJlrhA&__tn__=%2CO%2CP-R

[62]https://www.facebook.com/bvjmedia/posts/pfbid0EGyd2zVUykRZjMYybTwsDry6g5JMWeVyrYTnSpUJWU4XVRG27KxXt2Vf6Dbyx4g2l?__cft__[0]=AZWt4Pl4Z-fVdwH9pprxJ9ymtgFMV2D9TGLselMQcrqR9kqHxwokQI9ySzSaEJ1_hXrJeHa55RlQjGaGNG5x_WILaG0bipkK2d9hN8-cHJWHgdHAAMNHF4ZQ490IHbD_qHkCYLjn5TFXrxAJCeoIdhg2HrcfJaX9Al2BttsG-gm-7RHrHnUWfvhHDUSgE4ybM5aLxMZ-rIYMmI1Mlg12NlykK3VMsOIm48W6vZoqE5a6CA&__tn__=%2CO%2CP-y-R

[63]https://www.facebook.com/permalink.php?story_fbid=pfbid02X1xp5gwXgVfsw6oYFwreq2xZE8tMkzSMDSV8VzsUoNn1a3hvQ4YrbQKYofVBhGjGl&id=61559171995407&__cft__[0]=AZV5hRSRFtss51Gmic84pC_5QZR25TFGS3VjQ-G8Rq_oD5-iQ4UYFE0UOLm_Sgvvw0RsIkWpdx-yTzmTb52ZhUeCaUhnKCt9hksSeAdLvGjrmb5o9trga4BdFwqJxIEdyq28-PaydxTh0f5I5uT-rWU5YoixFfWRKVktJXTAzND60aZ44OwwepAcbUh-34lwEwo8jKPYKe9jQT9MmyAxSqlU&__tn__=%2CO%2CP-R

[64]https://www.facebook.com/permalink.php?story_fbid=pfbid03souof6DbRd6EgLsfcJwRU83UyRU7BYdXZtFm92DXQqVfy8owSV3ybuE6X5kE9Kyl&id=61556633261986&__cft__[0]=AZVgUNQZLTLbQAeZE03DbDXmmV9C1N1PTLQzRrmfxNijXXEQgFm0YQGjM8-72WSUi6Ez77pUI-npkV_z5cmLrhPGbxRtTnJpH9W2ORVLi8OGSHwbXHQ98vBACshAXP4GJFEFmw04QCzEnYkTUSNZniOXccbyuSLTvsQJurnVOEcfMg&__tn__=%2CO%2CP-R

[65]https://www.facebook.com/photo?fbid=595193192895287&set=pcb.595193462895260

[66]https://www.facebook.com/burmanationalrevolutionaryarmy/posts/pfbid02JvHfZYmYuU5CzPgiY6GqcVUj7sLBTJK4oeFHuMrbL1RugLLQHFtvAhTNjnJija2Hl?__cft__[0]=AZXw7XktdtSXu1B7I6Jh-a163vY2dATfy_0XYmm8aXjM5vGmZYkXYfq6KxbTkPa3uK-rBfQjmkYSohYFAwwln6FObvQQKokyy0iRRUyQueEkov5VQ_UT34R8Bm9tvfZvgeg6A4bx_4PQ-8J_mdKu6G_MxL5gCPKetpAAR-ZfrNfBVEBYR99jh_h7M2JHjjVk6mgGF6MAU3cWD-Zt9ujwmV51&__tn__=%2CO%2CP-R

Photo by Min Thuta on Unsplash