သုတေသန
နွေဦးတော်လှန်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သုတေသန စာတမ်းများနှင့် ဖြစ်စဉ်များ
- အားလုံး
- ဂျဲန်ဒါတန်းတူညီမျှမှု
- စစ်ဘေးရှောင် ပြည်သူများ
- နိုင်ငံတကာ ဆက်ဆံရေး
- လက်နက်ကိုင်တော်လှန်ရေး
- ပြည်နယ်အဆင့် အုပ်ချုပ်ရေးများ
- ဖွဲ့စည်းပုံအခြေခံဥပဒေ
- လူ့အခွင့်အရေးချိုးဖောက်မှုများ
- အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု
- အရပ်သားများကို ကာကွယ်ပေးခြင်း
လက်နက်ကိုင်တော်လှန်ရေး
နွေဦးတော်လှန်ရေးသည် စစ်အုပ်စုအာဏာသိမ်းမှုအား ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား အကြမ်းဖက် ဖြိုခွဲပြီးနောက် လက်နက်ကိုင်တော်လှန်ရေးဘက်သို့ ရွေ့လာခဲ့သည်။ ဆန္ဒပြသူများအကြား မိမိအခွင့်အရေး မိမိရပိုင်ခွင့်၊ မိမိကိုယ်ကို ခုခံကာ ကွယ်ပိုင်ခွင့်၊ မိမိဒေသ မိမိ ကာကွယ်ရေးတို့အတွက် လက်နက်စွဲကိုင် တော်လှန်မှု အား ၂၀၂၁ ခုနှစ် မတ်ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီအခြေပြု IDLA တပ်တော် ဖွဲ့စည်း
စစ်သုံးစစ် တိုက်ဖျက်ရေး အပါအဝင် ရည်ရွယ်ချက် လေးရပ်ဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ် လွတ်မြောက်ရေးတပ်တော် (Irrawaddy Delta Liberation Army – IDLA) အား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင်စတင်ဖွဲ့စည်းထားပြီ ဖြစ်ကြောင်း ဧရာဝတီမြစ်ဝကျွန်းပေါ် အမျိုးသားများပြည်နယ်ကောင်စီ ဥက္ကဋ္ဌ မန်းဖန်းရှောင်းက ကြေညာချက် အမှတ် (၂) ဖြင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။
YPDF နှင့် တပ်တစ်ခုတည်း စုဖွဲ့ကြောင်း ယောတပ်တော် (YA) ထုတ်ပြန်
အပြီးတိုင် ဖျက်သိမ်းလိုက်ပြီဖြစ်သည့် ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နှင့် တပ်တစ်ခုတည်းအဖြစ် အတူတည်ဆောက်ကာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ယောတပ်တော် (Yaw Army – YA) က မတ် ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အား အပြီးတိုင် ဖျက်သိမ်း
ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) အား ပိုမိုကောင်းမွန်သော အရွေ့သို့ တက်လှမ်းဆောင်ရွက်ရန်အတွက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ဒုတိယအပတ်အတွင်း ပြုလုပ်သည့် တပ်ဖွဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး (၂/၂၀၂၅) အရ အပြီးတိုင် ဖျက်သိမ်းပြီဖြစ်ကြောင်း မတ် ၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
မူသုံးချက်ပါ နိုင်ငံရေးကြေညာစာတမ်းအား ပြည်သူ့တော်လှန်ရေးတပ်ဦး ထုတ်ပြန်
ဆိုရှယ်ဒီမိုကရေစီကို ယုံကြည်လက်ခံကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ထုတ်ရေး၊ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေး မူသုံးချက်အား ကိုင်စွဲထားမည်ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး (People’s Revolution Front – PRF) က ဖေဖော်ဝါရီ ၂၇ ရက်တွင် တပ်ဦးနိုင်ငံရေးကြေညာစာတမ်းနှင့်အတူ ကြေညာထုတ်ပြန်လိုက်သည်။
တစ်ခုတည်းသော ချင်းအမျိုးသားကောင်စီ ဖွဲ့စည်းရန် CC နှင့် ICNCC အကြား သဘောတူ
ချင်းပြည်နယ်၌ ကောင်စီနှစ်ရပ် ရှိနေခြင်း မဖြစ်သင့်ကြောင်း လက်ခံယုံကြည်သည့်အတွက် "ချင်းအမျိုးသားကောင်စီ" အမည်ဖြင့် ပေါင်းစည်းရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း ချင်းပြည်ကောင်စီ (Chinlnad Council – CC) နှင့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (Interim Chin National Consultative Council – ICNCC) တို့က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပူးတွဲထုတ်ပြန်လိုက်သည်။
NUG မှ နုတ်ထွက်၍ ယောတပ်တော်နှင့် ပူးပေါင်းမည်ဟု PDF ဂန့်ဂေါ ထုတ်ပြန်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD) လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ဂန့်ဂေါ (ယောဒေသ) (PDF - Gangaw Battalion – YAW REGION) အမှတ် (၁၂) တပ်ရင်းရှိ တပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင်များအနေဖြင့် MoD လက်အောက်မှ နုတ်ထွက်ကာ ယောတပ်တော် (YA) နှင့် ပူးပေါင်း၍ ယောဒေသနှင့် မြန်မာတစ်နိုင်ငံလုံး လွတ်မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်က ထုတ်ပြန်ချက်အမှတ် ၁/၂၀၂၅ ဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
မွန်ပြည်လွတ်မြောက်ရေးတပ်တော်နှင့် အလုံးစုံပူးပေါင်းကြောင်း ဂဠုန်စစ်ကြောင်း ထုတ်ပြန်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD) ၊ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) မှ နုတ်ထွက်ထားသည့် ဂဠုန်စစ်ကြောင်းအနေဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် စစ်ရေးဖော်ဆောင်မှုများ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ၏Chain of Command (COC) အောက်သို့ အလုံးစုံ ပူးပေါင်းကြောင်း ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
NUG ကာကွယ်ရေးအတွင်းဝန် ရာထူးက အနားယူ
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD) အမြဲတမ်းအတွင်းဝန်ဖြစ်သူ ဦးနိုင်ထူးအောင်မှာ ဝန်ကြီးဌာနနှင့် စပ်လျဉ်းသည့်တာဝန်များအားလုံးမှ အနားယူလိုက်ပြီးဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှတဆင့် ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်ရေးသားလိုက်သည်။
နိုင်ငံပြဿနာဖြေရှင်းရေးအတွက် ထိန်းသိမ်းခံများ လွတ်မြောက်မှု အရေးကြီးဟု C2N3 ထုတ်ပြန်
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးသည် လက်ရှိ နိုင်ငံပြဿနာများဖြေရှင်းနိုင်ရေးအတွက် အလွန်အရေးကြီးကြောင်း C2N3 က ဇန်နဝါရီ ၃ ရက်တွင် ပူးတွဲထုတ်ပြန် ကြေညာလိုက်သည်။
NUG နှင့် PIO/PIA စစ်ရေး၊ အုပ်ချုပ်ရေး ပူးပေါင်းမည်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ၌ ပူးပေါင်းကူညီ ဆောင်ရွက်ရန် သဘောတူညီထားပြီ ဖြစ်ကြောင်း ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော် (People Independent Organization/People Independent Army - PIO/PIA) က ဇန်နဝါရီ ၂၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
မွန်လေးဖွဲ့ “ရာမညပူးတွဲစစ်ကြောင်း” ဖွဲ့စည်း
ဒေသတွင်း ပူးတွဲစစ်ဆင်ရေး လုပ်ငန်းများအတွက် “ရာမည ပူးတွဲစစ်ကြောင်း” အား ဇန်နဝါရီ ၁၇ ရက်တွင် ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း မွန်လက်နက်ကိုင်လေးဖွဲ့က ဇန်နဝါရီ ၁၉ ရက်တွင် ကြေညာလိုက်သည်။
ချင်းပြည်ကောင်စီတပ်များအား စစ်ရေးလှုပ်ရှားမှု ရပ်တန့်ရန် ၂၀၂၀ တီးတိန်မြိုနယ်ရွေးကောက်ခံများ သတိပေး
တီးတိန်မြို့နယ်တွင် ကြားကာလ ချင်းအတိုင်ပင်ခံကောင်စီ (ICNCC) နှင့် ချင်းညီနောင် (CB) ဦးဆောင်မှုဖြင့် မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးလုပ်ဆောင်ရန် အပြင်းအထန် လုပ်ဆောင်နေချိန်ဖြစ်၍ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် အခြားသော ချင်းပြည်ကောင်စီ (Chinland Council) အဖွဲ့ဝင်များက စစ်ရေးလှုပ်ရှားမှုများအား အမြန်ဆုံး ပြန်လည်ရုပ်သိမ်းရန် တီးတိန်မြို့နယ် ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များက ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
သေဒဏ် မပါတော့သည့် ဒေသန္တရတားမြစ်ချက် ကျောတိုက်နယ်-ပအဖ ထပ်မံထုတ်ပြန်
တားမြစ်ချက်များအား ကျူးလွန်သည်ဟု ထင်ရှားပါက သေဒဏ်အထိ ချမှတ်နိုင်သည့် တရားစီရင်ခြင်းဖြင့် ဒေသန္တရနည်းဥပဒေအတိုင်း ဆောင်ရွက်မည်ဟု စာအမှတ် ၀၀၃/၀၁၀/ဂဂ(ကတန)/ဦး-၁ ဖြင့် ထုတ်ပြန်ခဲ့ရာ ဝေဖန်မှုများ ပြင်းထန်ခဲ့ပြီးနောက် ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စာအမှတ် ၀၀၃/၀၁၀/ဂဂ(ကတန)/ဦး-၁ ဖြင့် ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဗဟိုဦးဆောင်ကော်မတီက ဒီဇင်ဘာ ၁၆ ရက်တွင် ပြန်လည်ထုတ်ပြန်ထားသည်။
တီးတိန်မြို့သိမ်းရေးကိစ္စ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား သဘောထား ကွဲ
ဇိုမီးလူမျိုးများ၏ မြို့တော်ဖြစ်သည် တီးတိန်မြို့အား ချင်းပြည် ကြားကာလအတိုင်ပင်ခံကောင်စီ (ICNCC) ကာကွယ်ရေးတပ်ဖြစ်သည့် ချင်းညီနောင် (Chin Brotherhood – CB) က လွတ်မြောက်နယ်မြေအဖြစ် ဖော်ဆောင်ရန် လုပ်ငန်းစဉ်များချမှတ်ထားပြီးဖြစ်ကာ စစ်ကောင်စီ၊ ချင်းအမျိုးသားတပ်ဦး (CNF/CNA) နှင့် PDA စသည့် မည်သည့်အဖွဲ့အစည်းကိုမှ မြို့ပေးအပ်မည် မဟုတ်ကြောင်း Zomi Federal Union/PDF Zoland က ဇန်နဝါရီ ၁၅ ရက်တွင် ထုတ်ပြန်လိုက်သည်။
ကိုယ်မြို့ ကိုယ်သိမ်းမည်ဟု တီးတိန်မြို့နယ်ကောင်စီ ထုတ်ပြန်
တီးတိန်မြို့သိမ်းတိုက်ပွဲအား မဟာမိတ်တပ်များနှင့်အတူ ကောင်စီလက်အောက်ခံ PDA-Tedim က ဖော်ဆောင်မည်ဖြစ်ကာ မည်သည့်အဖွဲ့အစည်းကမှ ကန့်ကွက်ခွင့်မရှိကြောင်းနှင့် အမှန်တကယ် အကြမ်းဖက်စစ်အုပ်စု ကင်းစင်စေလိုသော မည်သည့်တော်လှန်ရေးအဖွဲ့အစည်းမဆို လာရောက်ပူးပေါင်းရေး အကူအညီတောင်းဆိုကြောင်း တီးတိန်မြို့နယ်ကောင်စီ (Tedim Township Council) က ဇန်နဝါရီ ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
၂၀၂၄ စစ်ရေးတိုးတက်မှု အစီရင်ခံစာ NUG-MoD ထုတ်ပြန်
“လမ်းအားလုံး နေပြည်တော်သို့" မဟာဗျူဟာစီမံချက်အား စစ်ဆင်ရေးများဖြင့် အကောင်အထည်ဖော်နေကာ နွေဦးတော်လှန်ရေး ဖြစ်စဉ်အတွင်း တိုးတက်မှု သုံးခုအား ဖော်ပြထားသည့် "၂၀၂၄ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေ အစီရင်ခံစာ" အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD) က ဇန်နဝါရီ ၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
စစ်ကိုင်းတပ်မဟာသစ်အား MDY-PDF ဖွဲ့စည်း
၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်း၌ စစ်ဆင်ရေးအရှိန် တိုးမြှင့်ဖော်ဆောင်ရန်အတွက် တပ်မဟာသစ်အား ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (MDY-PDF) က ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
ဗမာလူမျိုးကိုယ်စားပြု ဗမာ့တပ်တော် (သို့) ဗမာလူမျိုးစုတပ်တော် ဖွဲ့စည်း
ပင်လုံစိတ်ဓာတ်အား နိုင်ငံရေးမူအဖြစ် ဆွဲကိုင်ကာ ဗမာပြည်နယ် ပေါ်ထွန်းရေးအတွက် ဗမာလူမျိုးစုကို ကိုယ်စားပြုသည့် "ဗမာ့တပ်တော် (သို့မဟုတ်) ဗမာလူမျိုးစုတပ်မတော်- Bamar Army ကို ၂၀၂၅ ခုနှစ် ဇန်ဝဝါရီ ၁ ရက်တွင် စတင်ဖွဲ့စည်းကြောင်း ဗမာ့တပ်တော် ဗဟိုကော်မတီက ကြေညာလိုက်သည်။
နပတစစ်ဌာနချုပ် (အမ်း)၊ မင်းတပ်နှင့် ကန်ပက်လက်မြို့တို့အား အပြီးတိုင် သိမ်းပိုက်
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ အကြမ်းဖက်စစ်အုပ်စု၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်-နပတ၊ ချင်းပြည်နယ် မင်းတပ်နှင့် ကန်ပက်လက်မြို့များအား အာရက္ခတပ်တော် (AA) နှင့် ချင်းညီနောင်အဖွဲ့ (Chin Brotherhood - CB) တို့က ဒီဇင်ဘာ တတိယပတ်အတွင်း အပြီးတိုင် သိမ်းယူထားနိုင်လိုက်ပြီ ဖြစ်သည်။
တစ်ခုတည်းသော တပ်တော် ဖွဲ့စည်းရေး မွန်လက်နက်ကိုင်လေးဖွဲ့ သဘောတူ
မွန်ပြည်နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုအား လက်နက်ကိုင် တော်လှန်နေကြသည့် ဒေသအခြေပြု တပ်ဖွဲ့လေးခုက အားလုံးပါဝင်သည့် တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်းရေး အကောင်အထည်ဖော်ရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်လိုက်သည်။
ဆေးသင်တန်းသား ၁၈ ဦး သေဆုံးမှုအတွက် တာဝန်ရှိသူ သုံးဦးအား KNDF အရေးယူ
Frontline Combat Medic သင်တန်း တက်ရောက်နေသည့် ဆေးတပ်သား ရဲဘော်၊ ရဲမေ ၁၈ ဦး သေဆုံးမှုအတွက် တာဝန်ရှိသည့် ကျောင်းအုပ်တစ်ဦး၊ ကာယလေ့ကျင့်ရေးဆရာတစ်ဦး၊ သင်တန်းအကူတစ်ဦးတို့အား ဗဟိုအဆင့် စစ်တရားခုံရုံးက ပြစ်မှု ထင်ရှားသည့်အတွက် ထောင်ဒဏ်ချမှတ်လိုက်ပြီ ဖြစ်ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
တိုင်းစစ်ဌာန – ဧရာဝတီ ဖွဲ့စည်းပြီးဖြစ်ကြောင်း NUGကြေညာ
တိုင်းစစ်ဌာနအား စစ်ကြောင်း၊ တပ်ရင်း၊ ဗျူဟာများ အဆင့်ဆင့်ဖြင့် ဖွဲ့စည်းပြီးဖြစ်ကြောင်းနှင့် ကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်များအား တရားဝင် ထုတ်ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တိုင်းစစ်ဌာန (ဧရာဝတီ) က ဒီဇင်ဘာ ၁၂ ရက်တွင် ကြေညာချက်အမှတ် (၁/၂၀၂၄) ဖြင့် ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်အုပ်စု အဆိပ်ငွေ့သုံး တိုက်ခိုက်မှုအား သက်သေနှင့်တကွ KNDF ထုတ်ပြန်
ကရင်နီနှင့် ရှမ်းပြည်နယ်စပ် မိုးဗြဲမြို့အနီး ဒီဇင်ဘာ ၇ နှင့် ၈ ရက် တိုက်ပွဲဖြစ်စဉ်များအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်က ဒရုန်းသုံး ဗုံးကြဲရာ၌ S-HPOS (အက်စ်ဖော့စ်) တံဆိပ်ပါ အဆိပ်ငွေ့ပြားများ ထည့်သွင်းအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီဇင်ဘာ ၁၃ ရက်တွင် သက်သေများနှင့်တကွ ထုတ်ပြန်လိုက်သည်။
သေဒဏ်ပေးမှုနှင့် မသက်ဆိုင်ကြောင်း စလင်း ပအဖ ထုတ်ပြန်
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဂုံညှင်းနွယ်ကျေးရွာတွင် ဖြစ်ပွားသည့် အဓမ္မပြုကျင့်၊ လူသတ်မှု ကျူးလွန်သူ ဦးစဆိုသူအား သေဒဏ်ပေးသည့်ကိစ္စမှာ စလင်းမြို့နယ် လူသားစာနာတာဝန်ခံ Heineken ၏ တစ်ဦးတည်းသဘောဆန္ဒဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပကဖ) နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ဒီဇင်ဘာ ၁ ရက်က မြို့နယ်ပအဖ တာဝန်ခံ နှင်းဆီအမည်ဖြင့် လူထုထံ အသိပေး ထုတ်ပြန်ထားသည်။