ပြည်သူ့တော်လှန်ရေးတပ်ဦး
ပြည်သူ့တော်လှန်ရေးတပ်ဦး(People’sRevolution Front – PRF) အား ၂၀၂၁ ခုနှစ် ဇူလိုင် ၆ ရက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သည့် နိုင်ငံအနှံ့ရှိကျောင်းသားများသမဂ္ဂ၊ လူငယ်၊ ဆရာများသမဂ္ဂ၊ CDM ပညာရေးဝန်ထမ်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ စုစည်း၍လွတ်မြောက်နယ်မြေတစ်ခု၌ ပထမအကြိမ် ကွန်ဂရက်ကျင်းပကာ စတင်ဖွဲ့စည်းထူထောင်သည်။
ပြည်သူ့တော်လှန်ရေးတပ်ဦး(People’sRevolution Front – PRF) အား ၂၀၂၁ ခုနှစ် ဇူလိုင် ၆ ရက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သည့် နိုင်ငံအနှံ့ရှိကျောင်းသားများသမဂ္ဂ၊ လူငယ်၊ ဆရာများသမဂ္ဂ၊ CDM ပညာရေးဝန်ထမ်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ စုစည်း၍လွတ်မြောက်နယ်မြေတစ်ခု၌ ပထမအကြိမ် ကွန်ဂရက်ကျင်းပကာ စတင်ဖွဲ့စည်းထူထောင်သည်။
အခြေခံမူဝါဒအဖြစ်စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးတို့ ဖြစ်ကာအဖိနှိပ်ခံ လူထု၏ အကျိုးစီးပွားအတွက် ရပ်တည်တိုက်ပွဲဝင်မည်ဟု ကြေညာချက်အမှတ်(၁/၂၀၂၁)[1]ဖြင့် ထုတ်ပြန်သည်။
၂၀၂၁ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် တပ်ဦး၏ "နိုင်ငံရေးကြေညာစာတမ်း"[2]အား တရားဝင် ထုတ်ပြန်သည်။ ကြေညာစာတမ်းအရ တပ်ဦးအား နိုင်ငံရေးနှင့် စစ်ရေးနှစ်ဖက်မျှ၍ တည်ဆောက်ထားကာ စစ်ရေး၌ မြို့ပြပြောက်ကျားနှင့် ကျေးလက်ပြောက်ကျားနည်းနာနှစ်ရပ်ကို ကျင့်သုံးသည်။ တပ်ဦးအား လူပုဂ္ဂိုလ်ကို အခြေမခံဘဲအဖွဲ့ဝင်အရေအတွက်ကို အဓိကထား ဖွဲ့စည်းထားကာ နိုင်ငံရေးဦးဆောင်အဖွဲ့(ပေါ်လစ်ဗြူရို) ဗဟိုစစ်ကော်မရှင်၊ ဗဟိုစည်းရုံးရေးကော်မတီတို့က ဦးဆောင်ကာလူမျိုးစုပေါင်းစုံ၊ လူတန်းစားအသီးသီး၏ အကျိုး ဆောင်နိုင်မည့် ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်နိုင်သည်အထိ ရည်မှန်းသည်။ နိုင်ငံရေးဦးဆောင်အဖွဲ့ အတွင်းရေးမှူးမှာရဲဘော်အောင်နိုင်ကျော် ဖြစ်သည်။
လိုအပ်သည့်စစ်ပညာနှင့် အခြားသော ပံ့ပိုးမှုများအား မြောက်ပိုင်းညီနောင် မဟာ မိတ်သုံးဖွဲ့ထံမှရရှိသည်။[3]မကွေးနှင့် စစ်ကိုင်းတိုင်းအတွင်း စစ်ရေးလှုပ်ရှားကာ စစ်ဒေသ လေးခုအထိ ရှိသည်။ ဌာနများအဖြစ် စစ်ဘက်ဆိုင်ရာ၊ ဗဟိုသတင်းနှင့်ပြန်ကြားရေး၊ ဗဟိုသတင်းအချက်အလက်/သုတေသန/ မှတ်တမ်း၊ ဘဏ္ဍာရေး၊ပြည်သူ့ဆက်ဆံရေးဌာနများ ရှိသည်။ PRF ထုတ်ပြန်မှုများအရ ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင်စစ်သင်တန်းပေးခြင်းနှင့် ဖောက်ခွဲရေးသင်တန်း ပေးခြင်းများ စတင်လုပ်ဆောင်ခဲ့သည်။ထို့ပြင် တပ်တွင်း နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ခြင်းများကိုလည်း တပြိုင်တည်းလုပ်ဆောင်ခဲ့သည်။
စတင်ဖွဲ့စည်းသည့်၂၀၂၁ ခုနှစ် ဒီဇင်ဘာအထိ စစ်ဒေသ သုံးခုသာ ရှိခဲ့သေးကာ ပြည်သူ့တော်လှန်ရေးတပ်ဦး(ပခုက္ကူဒေသ)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (ရန်ကုန်ဒေသ) နှင့်ပြည်သူ့တော်လှန်ရေးတပ်ဦး (မင်းဘူးဒေသ) တို့သည် PRF ဗဟိုစစ်ကော်မရှင်၏ လက်အောက်တွင် လှုပ်ရှားနေသည့် ဒေသဆိုင်ရာပြောက်ကျားတပ်ဖွဲ့များ[4]ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။
ပြောက်ကျားစစ်ဆင်ရေးအဖြစ်၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်တွင် အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ညီမဖြစ်သူ နေအိမ်[5]အား၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၈ ရက်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း PRF (ရန်ကုန်အထူးလှုပ်ရှားစစ်ဒေသ) က ပထမဦးဆုံး ထုတ်ပြန်သည်။
တပ်ဦး၏စစ်ရေးဆိုင်ရာ သတင်းများကို ၂၀၂၂ ခုနှစ် ဧပြီလတွင် စတင်ထုတ်ပြန်ခြင်းများပြုလုပ်လာခဲ့ကာ ပေါက်မြို့နယ်၊ စသိန်းရွာတိုက်ပွဲတွင် Pakoku Generation Z ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပေါက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြိုင်မြို့နယ်၊ ပေါက် မဟာမိတ်တပ်ပေါင်းစုတို့နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
PRF သည် မကွေးတိုင်း ပေါက်၊ ပခုက္ကူ စသည့် နယ်မြေများ၊ စစ်ကိုင်းတိုင်းရွှေဘိုမြို့များ၌ မဟာမိတ် လက် နက်ကိုင်တပ်ဖွဲ့များနှင့်အတူ စစ်ရေးလှုပ်ရှားသည်။၂၀၂၃ ခုနှစ် ဧပြီ ၂ ရက်က စစ်ကိုင်းတိုင်း၊ ရွှေဘိုတက္ကသိုလ် ဂိတ်ပေါက်ရှိအကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ စစ်သားများအား မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍တိုက်ခိုက်စဉ် ရဲဘော် ဝဿန် ကျဆုံးခဲ့သည်။ ၎င်းသည် PRF တပ်ဖွဲ့မှ ပထမဦးဆုံး ကျဆုံးသည့် ရဲဘော်ဖြစ်ကာ ပခုက္ကူမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) ဒုဥက္ကဌလည်း ဖြစ်သည်။
ပြည်သူ့တော်လှန်ရေးတပ်ဦးသည်လက်ရှိတွင်အခြေခံစစ်သင်တန်း အပတ်စဉ် (၇) အထိ ပြုလုပ်ထားပြီး ဖြစ် ကာ ညပိုင်း၌နိုင်ငံရေးသင်တန်းပေးလေ့ရှိကာ အင်အားမည်မျှ ရှိသည်ကိုမူ တရားဝင် မထုတ်ပြန်ထားပေ။အကြမ်းဖက်စစ်အုပ်စုက အဓမ္မ စစ်မှုထမ်းဥပဒေ ပြဌာန်း၍ စစ်သားစုဆောင်းမှုများ ပြုလုပ်လာချိန်တွင်PRFထံ ဆက်သွယ်လာသူ ၂၀၀ ကျော် ရှိကာ ၂၀၂၄ ခုနှစ် ဧပြီမှစ၍စစ်သင်တန်းအပတ်စဉ် (၈) ပြုလုပ်မည်ဟု သတင်းမီဒီယာများသို့ တရားဝင်ထုတ်ဖော်ပြောဆိုထားသည်။[6]
တပ်အတွင်းစစ်ရေးသာမက နိုင်ငံရေးဆိုင်ရာ အမြင်သဘောထားများအား လေ့လာနိုင်ရေးအတွက်"တပ်ဦးစာ စဉ်"ကို ၁၅ ရက် တစ်ကြိမ် ထုတ်ဝေရာ အမှတ်စဉ် (၃) အထိရှိပြီဖြစ်ကာ တပ်လှုပ်ရှားခွင်အတွင်း၌လည်း ပြည်သူများ ဖတ်ရှုလေ့လာနိုင်ရန် ဖြန့်ဝေလျက်ရှိသည်။ တပ်ဦးစာစဉ်အတွင် PRF တပ်ဖွဲ့ဝင်များ လိုက်နာရမည့် စည်းကမ်းကြီးခြောက်ချက်၊ ပြည် သူလူထုနှင့် ထိတွေ့ဆက်ဆံရာ၌ သတိပြုရန် ၁၀ ချက်အား အပတ်စဉ်တိုင်းထည့်သွင်းထုတ်ပြန်သည်။[7]
တပ်ဦးစာစောင်ရဲ့အဓိကမူဝါဒမှာ "တပ်ဦးစည်းရုံးရေး၊ လူထုစည်းရုံးရေး" ဖြစ်ကာတပ်စည်းရုံးရေးလုပ်ငန်းဆိုသည်မှာ တပ်ဦးရဲ့ရှေ့လျှောက်ဆက်လုပ်မယ့်လုပ်ငန်းစဉ်တွေကိုတပ်ဦးရဲဘော်တယောက်ချင်းစီတိုင်းက ပြည့်ပြည့်၀၀ နားလည်ရေးနှင့်ယင်းလုပ်ငန်းစဉ်များ၌ ပါ၀င်ကြမယ့် ရဲဘော်များအနေဖြင့် နားလည်မှုအသိအရ အတက်ကြွဆုံးပါ၀င်ရေး ဖြစ်သည်။[8]
စစ်ရေး၊နိုင်ငံရေး နည်းလမ်းနှစ်သွယ် သုံးသည့် PRF သည် နိုင်ငံရေးနှင့် ပတ်သက်၍လည်း “စစ်အုပ်စုလက်ကိုင်တုတ်နစက၏ တရားမဝင်သော ယောင်ပြရွေးကောက်ပွဲကို ကန့်ကွက်သပိတ်မှောက်ခြင်း" အမည်ဖြင့် သဘောထားစစ်တမ်းအား စစ်ဘက်ဆိုင်ရာနိုင်ငံရေးဌာန နာမည်ခံ၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်ထားသည်။
ပြည်သူ့တော်လှန်ရေးတပ်ဦးသည်လှုပ်ရှားဒေသများအတွင်း ဒေသခံပြည်သူများက ပြုလုပ်သည့် အကြမ်းဖက် စစ်အုပ်စုအာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲများအား လုံခြုံရေး ယူပေးခြင်း၊နိုင်ငံရေးဆိုင်ရာ ဟောပြောမှုများ စစ်ဘေးရှောင်ကူညီ ကယ်ဆယ်ရေး၊ ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်းနှင့် ကုသပေးခြင်းစသည့် လူထုဝန်ဆောင်နှုနှင့် ပတ်သက်သည့်လုပ်ငန်းစဉ်များကိုလည်း လုပ်ကိုင်သည်။ ထို့ပြင် စစ်ဘေးဒဏ်သင့် ပြည်သူများသက်သာချောင်ချိရေး အစီအစဉ်များကိုလည်း လုပ်ဆောင်လေ့ ရှိသည်။ [9]
၂၀၂၃ခုနှစ်၊ မတ် ၂ ရက်တွင် နွေဦးဆရာအတတ်ပညာသင်တက္ကသိုလ် (SNU) နှင့် ပြည်သူ့တော်လှန်ရေးတပ်ဦး - ပညာရေးကဏ္ဍ (PRF – Education Sector)တို့ ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။ ကြေညာချက်၌ပညာရေးဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ရန် သဘောတူဆုံးဖြတ်ထားကာပညာရေးလုပ်ငန်းစဉ်လေးရပ်ကို အခြေခံ၍ ကြားကာလပြည်သူ့ပညာရေးကဏ္ဍတွင် အခြေခံပညာနှင့်အဆင့်မြင့်ပညာ ပူးပေါင်းဆောင်ရွက်မည်ဟု ဖော်ပြထားသည်။[10]ထို့ပြင် မေ ၉ ရက်တွင် မြန်မာ့နွေဦးတက္ကသိုလ် (Myanmar Nway-OoUniversity) နှင့် ပညာရေးဆိုင်ရာကိစ္စရပ်များပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်ခဲ့သည်။[11]
စစ်ရေးအရလည်းPRFသည် လက်ရှိတွင် ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) ၊ ပခုက္ကူခရိုင်တပ်ရင်း (၁၃)၊ အနောက်လွင်ပြင် (LPDF) ၊ ဧရာအနောက် (ကမ္မမြို့ ပကဖ)၊ PDF ကမ္မ (ကမ္မ ကပဖ)၊ BLY ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၊ နယ်စီးမခြား ဖရီးဒမ်း ဖက်ဒရယ်စစ်ကြောင်း (၁)တို့နှင့်အတူ စစ်ရေးဖော်ဆောင်မှုများအား ဆက်တိုက်လုပ်ဆောင်လျက် ရှိသည်။ တပ်ဖွဲ့ဖွဲ့စည်းသည့်အချိန်မှ သုံးနှစ်ကျော်ကာလအတွင်း စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်းရှိမဟာမိတ်များနှင့် ပူးပေါင်းကာ တိုက်ပွဲပေါင်း ၆၀ ကျော် ပြုလုပ်ထားသည်။
လိုဂို
https://www.facebook.com/photo?fbid=103984062089131&set=a.103983412089196
အလံ
https://www.facebook.com/photo/?fbid=103984298755774&set=a.103984352089102
ပြည်သူ့တော်လှန်ရေးတပ်ဦး(ပခုက္ကူဒေသ) ၏ ပြန်ကြားရေးစာမျက်နှာ -
https://www.facebook.com/Pakokku-Revolution-Front-108257884658094/
ပြည်သူ့တော်လှန်ရေးတပ်ဦး(ရန်ကုန်ဒေသ)၏ ပြန်ကြားရေးစာမျက်နှာ -
https://m.facebook.com/100505882458122
ပြည်သူ့တော်လှန်ရေးတပ်ဦး(မင်းဘူးဒေသ)၏ ပြန်ကြားရေးစာမျက်နှာ - https://www.facebook.com/Minbu-Revolution-Force-104478388647237/
ဆက်သွယ်ရန်
+95 9 985 496793
prf.burma.pb@gmail.com
[1]https://www.facebook.com/prf.politburo/posts/pfbid02d9s1YA6YyHevMUGeLBv8zX5UpsdSuyVRDWKKAE2gyu9GGEAggMo6Q96tY8SfkEaSl
[2]https://drive.google.com/file/d/1nhbQg5RWQB0inlV2p9C5jzmIUseoZsoj/view?fbclid=IwZXh0bgNhZW0CMTAAAR3s7Crq9sukficn5nc9DjT7iACSxWCEWTMZNz8aKBnm41uRMcAVe4dlkFY_aem_AccRG9oJrYp73FmiE5nuythQD2xAPe-s56ZLRBorUZLkH2Fu92g45CdFiJmc9RhGfigQPWLek3uo3ssQaY3LSefN
[3]https://www.facebook.com/prf.politburo/posts/pfbid0ucaW3sFQNUDqCgpsWu44heoocXsnUhw9vbR4hbSF4Ashyo8yyZ64eZTANJx5MBJPl
[4]https://www.facebook.com/prf.politburo/posts/pfbid02o9zCzjFNUK1d7Fcg7eNepYaz5d6QXguKeaj1QTdGe3NXVyoVtyhTVkUexATQw2Fzl
[5]https://www.facebook.com/photo/?fbid=140912288467460&set=a.113321547893201
[6]https://www.facebook.com/prf.politburo/posts/pfbid02BvtJMgwrDH5RVs6VJ6c7ZK1vRAAjU7kR8icBnuNRTvN2AejZxNNGfZo9JYVyH8i1l
[7]https://www.facebook.com/photo/?fbid=284818174076870&set=a.113321547893201
[8]https://www.facebook.com/prf.politburo/posts/pfbid02DDUaFM528HAZSDmonL7j1ubAgq2rrVGJuD7XbdZtrxU4WUxH4P43gMfNqhWHjMd6l
[9]https://www.facebook.com/prf.politburo/posts/pfbid02wup9bu8HYquyGNKE3E4xvhzCQbt1FMmqAhcU5V2owkQ195GB4B2brSATdZdyeXDzl
[10]https://www.facebook.com/photo/?fbid=222469953645026&set=a.113321547893201
[11]https://www.facebook.com/prf.politburo/posts/pfbid02c5HXC2dh1sHqX6Lk7TYHmTdyrSCNQCLReTPNva1TjAgS9DBjLJ2ZV3CZGgkhjQQAl