သုတေသန
နွေဦးတော်လှန်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သုတေသန စာတမ်းများနှင့် ဖြစ်စဉ်များ
- အားလုံး
- ဂျဲန်ဒါတန်းတူညီမျှမှု
- စစ်ဘေးရှောင် ပြည်သူများ
- နိုင်ငံတကာ ဆက်ဆံရေး
- လက်နက်ကိုင်တော်လှန်ရေး
- ပြည်နယ်အဆင့် အုပ်ချုပ်ရေးများ
- ဖွဲ့စည်းပုံအခြေခံဥပဒေ
- လူ့အခွင့်အရေးချိုးဖောက်မှုများ
- အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု
- အရပ်သားများကို ကာကွယ်ပေးခြင်း
လူ့အခွင့်အရေးချိုးဖောက်မှုများ
အကြမ်းဖက်စစ်အုပ်စု၏ ချိုးဖောက်မှုများသည် ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်သည့် စစ်ရာဇတ်မှု (War Crime) ၊ အစုအပြုံလိုက် သတ်ဖြတ်မှု (Massacre) ၊ လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide) ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု (Crime Against Humanity) အဆင့်အထိသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများအား ကျယ်ကျယ်ပြန့်ပြန့်၊ စနစ်တကျ၊ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လျက်ရှိသည်။
အာဆီယံ၊ ကုလနှင့် အောက်တိုဘာတွင် မြန်မာ့အရေး နိုင်ငံတကာ ခြေဆန့်ခဲ့သမျှ
အောက်တိုဘာလသည် အာဆီယံထိပ်သီးအစည်းအဝေး၊ ကုလသမဂ္ဂ အထွေထွေညီလာခံတို့နှင့် မြန်မာ့အရေးကိစ္စ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် တဖန် ပြန်လည်ဆွေးနွေးလာကြသည့် ကာလတစ်ခု ဖြစ်ခဲ့သည်။ အောက်တိုဘာလအတွင်း မြန်မာ့အရေး နိုင်ငံတကာခရီးဆန့်ခဲ့မှုကို အောက်တွင် ပြန်လည် အနှစ်ချုပ် အစီရင်ခံအပ်ပါသည်။
Spirited Resistance အမည်ဖြင့် ၂၀၂၄ နှစ်ပတ်လည်အစီရင်ခံစာအား KnHRG ထုတ်ပြန်
လူ့အခွင့်အရေးအခြေအနေများနှင့် ပတ်သက်၍ ကရင်နီပြည်နယ် အခြေပြု လုပ်ကိုင်နေသည့် ကရင်နီလူ့အခွင့်အရေးအဖွဲ့ (Karenni Human Rights Group – KnHRG) က ၂၀၂၄ ခုနှစ်အတွက် နှစ်ပတ်လည်အစီရင်ခံစာအား "Spirited Resistance” အမည်ဖြင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
ဖာသာရ်မာတင်ဒေါနယ် သတ်ခံရမှု သံသယတရားခံ (၁၀) ဦးအား စစ်ခုံရုံး တင်မည်ဟု NUG ပြည်ထဲရေး ထုတ်ပြန်
ရွှေဘိုခရိုင်၊ ကံကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မ ဘုရားကျောင်း၌ ဖေဖော်ဝါရီ ၁၄ ရက်က သတ်ဖြတ်ခံခဲ့ရသည့် မန္တလေးဂိုဏ်းချုပ်သာသနာမှ ဘုန်းတော်ကြီး မာသာရ်မာတင်ဒေါနယ် သတ်ဖြတ်ခံရမှု၌ သံသယရှိသူ (၁၀) ဦးအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၌ စစ်ခုံရုံးတင် စစ်ဆေးကာ ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
လူမျိုးသုဉ်း သတ်ဖြတ်မှုဖြင့် စစ်ခေါင်းဆောင်နှင့် ၂၂ ဦးအား အာဂျင်တီနား ဖမ်းဝရမ်းထုတ်
ရိုဟင်ဂျာလူမျိုးသုဉ်း သတ်ဖြတ်မှုဖြင့် အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အပါအဝင် ထိပ်တန်း စစ်ခေါင်းဆောင် ၂၃ ဦးအား အာဂျင်တီးနား Buenos Aires တရားရုံးက ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖမ်းဝရမ်းထုတ်လိုက်ပြီဖြစ်ကြောင်းUK အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK) က ဖေဖော်ဝါရီ ၁၄ ရက်တွင် အသိပေးထုတ်ပြန်လိုက်သည်။
အောင်ဆန်းတက္ကသိုလ် လေကြောင်းတိုက်ခံရ၍ ကျောင်းသူတစ်ဦး သေဆုံး
မကွေးတိုင်းအတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တည်ထောင်ထားသည့် အောင်ဆန်းဘာသာရပ်စုံတက္ကသိုလ်အား အကြမ်းဖက်စစ်အုပ်စုက ဇန်နဝါရီ ၃၀ ရက်တွင် လေကြောင်းမှ ရှစ်ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ အသက်၂၀ နှစ်အရွယ် ကျောင်းသူတစ်ဦး သေဆုံးခဲ့သည်။
သုံးဦးသေသည့် ကျောက်မဲဆေးရုံ လေကြောင်းတိုက်ခိုက်ခံရမှု MFM နှင့် TNLA ရှုံ့ချ
အကြမ်းဖက်စစ်အုပ်စုက ခုတင် ၁၅၀ ဆံ့ ကျောက်မဲဆေးရုံအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် CDM ကျန်းမာရေးဝန်ထမ်းနှင့် ရုံးဝန်ထမ်း၊ လူနာတစ်ဦး၊ စုစုပေါင်း သုံးဦးသေဆုံးကာ ၂၀ ဦးကျော် ဒဏ်ရာရရှိခဲ့ရာ ယင်းဖြစ်စဉ်သည် လူမဆန်သည့်အကြမ်းဖက်လုပ်ရပ်သာ ဖြစ်ကြောင်း ကျန်းမာရေးမိသားစု - မန္တလေး (MFM) က ဇန်နဝါရီ ၂၅ ရက်တွင် ထုတ်ပြန်လိုက်သည်။
မြန်မာ့ဆိုက်ဘာရာဇဝတ်အရေး ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများ သဘောထား ထုတ်ပြန်
မြန်မာနိုင်ငံအား ဒေသတွင်း ပြည်တွင်းစစ်ရေးပဋိပက္ခများ ပိုမိုဆိုးရွားနိုင်စေသည်သာမက ဒေသတွင်းနှင့် ကမ္ဘာတစ်ဝန်းရှိ ပြည်သူများကိုပါ ထိခိုက်စေမည့် ဆိုက်ဘာနှင့် အခြားရာဇဝတ်မှုများ၏ဗဟိုချက်မ မဖြစ်လာစေရေးအတွက် ကာကွယ်တားဆီးရန် ခိုင်မာစွာ သိန္နိဋ္ဌာန်ချထားကြောင်း မြန်မာ့ ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများက ဇန်နဝါရီ ၂၀ ရက်တွင် သဘောထား ထုတ်ပြန်လိုက်သည်။
မန္တလေးတွင် ၁၅ ရက်အတွင်း လူငယ် ၁၂၂ ဦးထက်မနည်း စစ်မှုထမ်းရန် ဖမ်းဆီးခံရ
မန္တလေးတိုင်းအတွင်းရှိ မြို့နယ် ခုနစ်ခုတွင် အကြမ်းဖက်စစ်အုပ်စုက မတရားဥပဒေမျိုးစုံသုံး၍ ဖမ်းဆီးကာ အတင်းအဓမ္မစစ်မှုထမ်းရန် ခေါ်ဆောင်ခံရသူပေါင်း ၁၂၂ ဦးထက်မနည်း ရှိသည်ဟု မန္တလေး သပိတ်အင်အားစုက ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
သေဒဏ် မပါတော့သည့် ဒေသန္တရတားမြစ်ချက် ကျောတိုက်နယ်-ပအဖ ထပ်မံထုတ်ပြန်
တားမြစ်ချက်များအား ကျူးလွန်သည်ဟု ထင်ရှားပါက သေဒဏ်အထိ ချမှတ်နိုင်သည့် တရားစီရင်ခြင်းဖြင့် ဒေသန္တရနည်းဥပဒေအတိုင်း ဆောင်ရွက်မည်ဟု စာအမှတ် ၀၀၃/၀၁၀/ဂဂ(ကတန)/ဦး-၁ ဖြင့် ထုတ်ပြန်ခဲ့ရာ ဝေဖန်မှုများ ပြင်းထန်ခဲ့ပြီးနောက် ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စာအမှတ် ၀၀၃/၀၁၀/ဂဂ(ကတန)/ဦး-၁ ဖြင့် ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဗဟိုဦးဆောင်ကော်မတီက ဒီဇင်ဘာ ၁၆ ရက်တွင် ပြန်လည်ထုတ်ပြန်ထားသည်။
၂၀၂၄ ခုနှစ် လူ့အခွင့်အရေးအခြေအနေစစ်တမ်း NUG-MOHR ထုတ်ပြန်
၂၀၂၄ ခုနှစ်အတွင်း နိုင်ငံအတွင်း အကြမ်းဖက်စစ်အုပ်စုနှင့် လက်အောက်ခံ အဖွဲ့အစည်းများက ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်များအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန (MOHR) က မဟာဗျူဟာ လေးရပ်နှင့်အညီ တရားမျှတမှု ဖော်ဆောင်နိုင်ရေး၊ ငြိမ်းချမ်းရေးနှင့် တန်းတူညီမျှမှု ရှိစေရေး ဆောင်ရွက်ခဲ့မှုများအား "၂၀၂၄ခုနှစ် လူ့အခွင့်အရေးအခြေအနေစစ်တမ်း" အမည်ဖြင့် ရုပ်သံဖိုင်အား ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
အချက် ၁၀ ချက်ပါ သဘောထားအား ဒုတိယအကြိမ် CDM ညီလာခံ ထုတ်ပြန်
ဒုတိယအကြိမ်မြောက် CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံအား ဒီဇင်ဘာ ၇ ရက်မှ ၁၀ ရက်အထိ လေးရက်တာ ကျင်းပပြီးနောက် အချက် ၁၀ ချက်ပါ သဘောထားအား ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။
အုန်းဖျန်ပေါက်ကွဲမှု အမှုမှန်ပေါ်ရေး ထိုင်းနှင့် ပူးပေါင်းမည်ဟု KNU ထုတ်ပြန်
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖန်၌ ဒီဇင်ဘာ ၁၃ ရက်က နှစ်စဉ် ပြုလုပ်နေကြဖြစ်သည့် Doi Loi Fa ပွဲ၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမှုမှန် ဖော်ထုတ်ရေးလုပ်ငန်းများ၌ ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအမြဲတမ်းကော်မတီက ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
အကြမ်းဖက်စစ်အုပ်စု အဆိပ်ငွေ့သုံး တိုက်ခိုက်မှုအား သက်သေနှင့်တကွ KNDF ထုတ်ပြန်
ကရင်နီနှင့် ရှမ်းပြည်နယ်စပ် မိုးဗြဲမြို့အနီး ဒီဇင်ဘာ ၇ နှင့် ၈ ရက် တိုက်ပွဲဖြစ်စဉ်များအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်က ဒရုန်းသုံး ဗုံးကြဲရာ၌ S-HPOS (အက်စ်ဖော့စ်) တံဆိပ်ပါ အဆိပ်ငွေ့ပြားများ ထည့်သွင်းအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီဇင်ဘာ ၁၃ ရက်တွင် သက်သေများနှင့်တကွ ထုတ်ပြန်လိုက်သည်။
မောင်တောဒေသအား အလုံးစုံထိန်းချုပ်နိုင်ပြီဟု ULA/AA ထုတ်ပြန်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) အား ထိုးစစ်ရက်ပေါင်း ၅၅ ရက်ခန့် ကြာမြင့်သည့် ဒီဇင်ဘာ ၈ ရက်တွင် အပြီးသတ် တိုက်ခိုက်ပြီးနောက် အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ရခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
ပျူစောထီးမင်းမင်းကို ရှင်းလင်းသူ PDFလေးဦးအား IHL/IHR အရ အရေးယူ
နေပြည်တော်-ကံပြားလမ်းပိုင်း၌ မဘသ မျိုးချစ်ခေါင်းဆောင် ပျူစောထီးအဖွဲ့ဝင် မင်းမင်းအား နိုဝင်ဘာ ၂၉ ရက်က ရှင်းလင်းရာ၌ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေ (International Humanitarian Law and International Human Rights Law) နှင့် ငြိစွန်းခဲ့သည့်အတွက် ပါဝင်သူတပ်ဖွဲ့ဝင် လေးဦးအား ထောင်အချုပ် တစ်နှစ် ချမှတ်ကြောင်း ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီဇင်ဘာ ၅ ရက်တွင် ထုတ်ပြန်လိုက်သည်။
မြန်မာလုပ်သားများအတွက် အချက်သုံးချက်ပါ ပန်ကြားချက် ထိုင်းအစိုးရထံ NUG ပေးပို့
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ နေထိုင်ခွင့်အပေါ် ဖြေလျော့မှုများ ရှိသော်လည်း အခက်အခဲ ဖြစ်စေမည့် အချက်သုံးချက် ပါဝင်နေသည့်အပေါ် ပြန်လည်ပြင်ဆင် ဆောင်ရွက်ပေးစေလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထိုင်းအစိုးရထံ ဒီဇင်ဘာ ၄ ရက်က ပန်ကြားချက် ပေးပို့ထားသည်။
သေဒဏ်ပေးမှုနှင့် မသက်ဆိုင်ကြောင်း စလင်း ပအဖ ထုတ်ပြန်
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဂုံညှင်းနွယ်ကျေးရွာတွင် ဖြစ်ပွားသည့် အဓမ္မပြုကျင့်၊ လူသတ်မှု ကျူးလွန်သူ ဦးစဆိုသူအား သေဒဏ်ပေးသည့်ကိစ္စမှာ စလင်းမြို့နယ် လူသားစာနာတာဝန်ခံ Heineken ၏ တစ်ဦးတည်းသဘောဆန္ဒဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပကဖ) နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ဒီဇင်ဘာ ၁ ရက်က မြို့နယ်ပအဖ တာဝန်ခံ နှင်းဆီအမည်ဖြင့် လူထုထံ အသိပေး ထုတ်ပြန်ထားသည်။
စစ်အုပ်စုခေါင်းဆောင်အား ICC ဖမ်းဝရမ်းလျှောက်ထားမှု၌ ပူးပေါင်းမည်ဟု NUG-K2C ထုတ်ပြန်
ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) တွင် ဖမ်းဝရမ်းထုတ်ရေး လျှောက်ထားမှု၌ ပူးပေါင်းသည့်အနေဖြင့် အစွမ်းကုန် အရှိန်မြှင့်ကြိုးပမ်း အားထုတ်မည်ဟု NUG-K2C က နိုဝင်ဘာ ၃၀ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။
ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပေးရန် လျှောက်ထား
၂၀၁၆ - ၁၇ ခုနှစ်များအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ရိုဟင်ဂျာများနှင့် ပတ်သက်သည့် လူမျိုးသုဉ်း သတ်ဖြတ်မှုအတွက် အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင်အား ဖမ်းဝရမ်းထုတ်နိုင်ရေးအတွက် လျှောက်ထားလိုက်ပြီ ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး(International Criminal Court– ICC) က နိုဝင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
စစ်ရေးတင်းမာမှုအတွက် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း PSLF/TNLA ထုတ်ပြန်
စစ်ဘေးဒဏ်သင့် ပြည်သူများအကျိုး ငဲ့ညှာထောက်ထားခြင်း၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေး ကြားဝင်ဆောင်ရွက်နေသည့် တရုတ်အစိုးရ၏ ကြိုးပမ်းမှုအား အသိအမှတ်ပြုသည့်အနေဖြင့် နှစ်ဖက်စစ်ရေးပဋိပက္ခများ အဆုံးသတ်နိုင်ရေး တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) က နိုဝင်ဘာ ၂၅ ရက်တွင် သဘောထားထုတ်ပြန်လိုက်သည်။
ထိန်းချုပ်မှုအား စွက်ဖက်နှောင့်ယှက်ပါက ပြင်းထန်စွာ အရေးယူမည်ဟု ပေါက်ပကဖ ထုတ်ပြန်
မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထိန်းချုပ်ထားသည့် ကျေးရွာများအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မဟုတ်သည့် သီးခြားလက်နက်ကိုင်အဖွဲ့အစည်းများ ဝင်ရောက်နေထိုင်ကာ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးကဏ္ဍများတွင် ဝင်ရောက်စွက်ဖက် နှောင့်ယှက်ပါက ပြင်းထန်စွာ အရေးယူခြင်း၊ မြို့နယ်တွင်း နေထိုင်မှုအား ဖယ်ရှားသွားမည်ဟု ပေါက်မြို့နယ်- ပကဖ တာဝန်ခံအမည်ဖြင့် နိုဝင်ဘာ ၁၃ ရက်က ထုတ်ပြန်ထားသည်။
တစ်လအတွင်း PDF နှင့် ပကဖ ခြောက်ဦးအား NUG အရေးယူ
ပြည်သူကို အလုပ်အကျွေးပြုသည့် တပ်မတော်ဖြစ်ရန် ရည်ရွယ်ချက်ဖြင့် လက်အောက်ခံ တပ်ဖွဲ့များအား လိုအပ်သည့် ထိန်းကြောင်းမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ် အောက်တိုဘာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင် တစ်ဦးနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် ခြောက်ဦးအား အရေးယူ အပြစ်ပေးထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။
စစ်အုပ်စုအား ILO – Article 33 အရ အလုံးစုံပိတ်ဆို့ အရေးယူရေး မူကြမ်း ရေးမည်
ကမ္ဘာ့အလုပ်သမားရေးရာ အဖွဲ့ချုပ်(ILO) သတ်မှတ်ချက် ၈၇ နှင့် ၂၉ အရ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်၊ အဓမ္မလုပ်အားခိုင်းစေမှုများနှင့် ပတ်သက်၍ မလိုက်နာမှုအပေါ် ILO အခြေခံဥပဒေအပိုဒ် - ၃၃ (Article 33) အရ ဆောင်ရွက်နိုင်ရေး မူကြမ်းရေးရန် ILO ညွှန်ကြားရေးမှူးချုပ်အား အုပ်ချုပ်မှုကော်မတီက တာဝန်ပေးလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် (CTUM) က ထုတ်ပြန်ထားသည်။
NUG-K2C ပူးတွဲသတင်းစာရှင်းလင်းပွဲ အဓိကအချက်များ
မြန်မာနိုင်ငံက stakeholders များကိုယ်တိုင် ပိုင်ဆိုင်ပြီး ဦးဆောင်တဲ့ လုပ်ငန်းစဉ် ဖြစ်ဖို့၊ စစ်အာဏာရှင်စနစ်နှင့် ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်ကို နောက်ကြောင်းမပြန်စေမယ့်၊ ပြည်သူလူထုရဲ့ လိုလားမှုနဲ့လည်း ကိုက်ညီတဲ့၊ ဘုံနိုင်ငံရေးရည်မှန်းချက်ရရှိဖို့ တော်လှန်ရေးအဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဥ်ကို အာဆီယံ တစ်နိုင်ငံချင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း ကူညီထောက်ခံ အကျိုးဆောင်ပံ့ပိုးမှုများ ပေးအပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ စကစက အဆိုပြုထားတဲ့ ရွေးကောက်ပွဲက ပဋိပက္ခတွေကို ပိုမို ပြင်းထန်စေမှာ ဖြစ်ပြီး တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးကို ယူဆောင်ပေးမှာမဟုတ်ဘူး။