သုတေသန · ဖြစ်စဉ်များ

ပျူစောထီးမင်းမင်းကို ရှင်းလင်းသူ PDFလေးဦးအား IHL/IHR အရ အရေးယူ

နေပြည်တော်-ကံပြားလမ်းပိုင်း၌ မဘသ မျိုးချစ်ခေါင်းဆောင် ပျူစောထီးအဖွဲ့ဝင် မင်းမင်းအား နိုဝင်ဘာ ၂၉ ရက်က ရှင်းလင်းရာ၌ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေ (International Humanitarian Law and International Human Rights Law) နှင့် ငြိစွန်းခဲ့သည့်အတွက် ပါဝင်သူတပ်ဖွဲ့ဝင် လေးဦးအား ထောင်အချုပ် တစ်နှစ် ချမှတ်ကြောင်း ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီဇင်ဘာ ၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါ ရှင်းလင်းမှုဖြစ်စဉ်၌ ပါဝင်ခဲ့သူများ ဖြစ်သည့် ရဲဘော် မောင်ဇင်နိုင်ဖြိုး၊ မောင်မင်းသူ၊ မောင်ကျော်ခိုင်၊ မောင်ဝေဇင်တို့အား ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် ခုံရုံးစစ်ဆေးရေးအဖွဲ့က စစ်ဆေးပြီးနောက် IHL-IHR နှင့် ငြိစွန်းသည်ဟု ဆုံးဖြတ်သည့်အတွက် ထိုသို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ် အမည်ဖြင့် ထုတ်ပြန်ထားသည်။