သုတေသန
နွေဦးတော်လှန်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သုတေသန စာတမ်းများနှင့် ဖြစ်စဉ်များ
- အားလုံး
- ဂျဲန်ဒါတန်းတူညီမျှမှု
- စစ်ဘေးရှောင် ပြည်သူများ
- နိုင်ငံတကာ ဆက်ဆံရေး
- လက်နက်ကိုင်တော်လှန်ရေး
- ပြည်နယ်အဆင့် အုပ်ချုပ်ရေးများ
- ဖွဲ့စည်းပုံအခြေခံဥပဒေ
- လူ့အခွင့်အရေးချိုးဖောက်မှုများ
- အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု
- အရပ်သားများကို ကာကွယ်ပေးခြင်း
ပြည်နယ်အဆင့် အုပ်ချုပ်ရေးများ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးနှင့်အတူ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးသည် ရှေ့တန်းသို့ ရောက်လာခဲ့ပြီး ဖက်ဒရယ်အဆင့်တွင် ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းခဲ့သည်။ ထို့အတူ ပြည်နယ်အဆင့်နှင့် ဒေသအဆင့်များတွင် အုပ်ချုပ်ရေးဆိုင်ရာ စုဖွဲ့မှုများလည်း စတင်ပေါ်ပေါက်လာခဲ့သည်။
NUG လူ့အခွင့်အရေး ဒုဝန်ကြီးအား တာဝန်မှ အနားယူခွင့်ပြု
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီးတစ်ဦးဖြစ်သူ ခွန်းဗဟန်းထန်အား တာဝန်မှ အနားယူခွင့် ပြုလိုက်ပြီဖြစ်ကြောင်း NUG က မတ် ၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
ကူမင်းတွေ့ဆုံမှု၌ အချက်သုံးချက်သာ ဆွေးနွေးသော်လည်း အဆင်မပြေခဲ့ဟု PSLF ထုတ်ပြန်
နှစ်ဘက်တပ်များ ရောက်ရှိရာနေရာ၌ ရပ်တန့်ကာ အပစ်ရပ်ရေး အပါအဝင် အချက်သုံးချက်အား တွေ့ဆုံညှိနှိုင်းမှုအတွင်း တောင်းဆိုဆွေးနွေးခဲ့သော်လည်း ဆွေးနွေးမှုခက်ခဲသည့်အတွက် တရုတ်အစိုးရ အထူးကိုယ်စားလှယ်မစ္စတာ တိန့်ရှီကျွင်းဦးဆောင်မှုဖြင့် ထပ်မံတွေ့ဆုံရန်ဖြင့်သာ အဆုံးသတ်ခဲ့ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ဖေဖော်ဝါရီ ၁၉ ရက်တွင် ထုတ်ပြန်လိုက်သည်။
ဒေသန္တရ အစိုးရ အားကောင်းရေး မူကို အဓိက ကျင့်သုံးမည်ဟု ချင်းပြည်ကောင်စီ ထုတ်ပြန်
ဒေသန္တရအစိုးရများ အားကောင်းရေးမှသည် ချင်းပြည် (Chinland) အစိုးရ အားကောင်းရေး၊ ချင်းပြည် (Chinland) အစိုးရ အားကောင်းရေးမှသည် ပြည်ထောင်စုအစိုးရ အားကောင်းရေးမူနှင့်အညီ ဖက်ဒရယ်ပြည်ထောင်စုကို ပူးပေါင်းတည်ဆောက်မည်ဟု ချင်းပြည် (Chinland) ကောင်စီက ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
ဂန့်ဂေါ “ပ" သုံးလုံးအား လူထုရွေးချယ်မှုဖြင့် ပြန်လည်ဖွဲ့စည်းရန် YDP နှိုးဆော်
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ "ပ" သုံးလုံးအဖွဲ့များအား ပြန်လည်စိစစ်ကာ လူထုရွေးချယ်မှုဖြင့် ပြင်ဆင်ဖွဲ့စည်းရန် အချိန်ကျပြီဟု ယောကာကွယ်ရေးတပ် (YDF) ဗဟိုစစ်ရုံးချုပ်က ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။
ကိုးကန့် (MNDAA) တပ် နှင့် စစ်အုပ်စုအကြား အပစ်ရပ်ပြီဟု တရုတ် ထုတ်ပြန်
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (ကိုးကန့်) (MNDAA) နှင့် မြန်မာစစ်တပ်အကြား ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်အား တရုတ်နိုင်ငံ၏ ကြားဝင်ပေးမှုဖြင့် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Mao Ning က တနင်္လာနေ့တွင် ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောဆိုလိုက်သည်။
သေဒဏ် မပါတော့သည့် ဒေသန္တရတားမြစ်ချက် ကျောတိုက်နယ်-ပအဖ ထပ်မံထုတ်ပြန်
တားမြစ်ချက်များအား ကျူးလွန်သည်ဟု ထင်ရှားပါက သေဒဏ်အထိ ချမှတ်နိုင်သည့် တရားစီရင်ခြင်းဖြင့် ဒေသန္တရနည်းဥပဒေအတိုင်း ဆောင်ရွက်မည်ဟု စာအမှတ် ၀၀၃/၀၁၀/ဂဂ(ကတန)/ဦး-၁ ဖြင့် ထုတ်ပြန်ခဲ့ရာ ဝေဖန်မှုများ ပြင်းထန်ခဲ့ပြီးနောက် ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စာအမှတ် ၀၀၃/၀၁၀/ဂဂ(ကတန)/ဦး-၁ ဖြင့် ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဗဟိုဦးဆောင်ကော်မတီက ဒီဇင်ဘာ ၁၆ ရက်တွင် ပြန်လည်ထုတ်ပြန်ထားသည်။
မန္တလေး ကြားကာလအစီအမံမူကြမ်း အခန်း (၄) ခန်း ရေးဆွဲပြီး ဖြစ်
မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ (မူကြမ်း) အား ပြည်သူများ၏ အကြံပြုချက်များအား ထည့်သွင်းစဉ်းစား၍ အခန်း(၁) မှ (၄) အထိ စုစုပေါင်း လေးခန်းအား အကြမ်းရေးဆွဲပြီးဖြစ်ကြောင်း မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီက ဇန်နဝါရီ ၁၅ ရက်တွင် ထုတ်ပြန်လိုက်သည်။
ပြည်သူပါဝင်သည့် လူထုအစိုးရ PSLF/TNLA ဖွဲ့စည်းမည်
၁၀:၂၇ စစ်ဆင်ရေး၌ သိမ်းပိုက်ထားသည့် မြို့ပေါင်း ၁၂ မြို့အပါအဝင် တအာင်းတပ်မတော် အခြေစိုက်သည့် နယ်မြေဒေသများ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများအား တာဝန်ခံမှုရှိစွာ ဦးဆောင်စီမံအုပ်ချုပ်ရေးအတွက် ဒေသခံပြည်သူများ ပါဝင်နိုင်မည့် လူထုအစိုးရ အမြန်ဆုံး ပေါ်ပေါက်အောင်ဆောင်ရွက်မည်ဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
ပြည်နယ်တောင်ပိုင်း ဂွမြို့အား အာရက္ခတပ်တော် သိမ်းပိုက်
အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ် တောင်ပိုင်းစွန်းမြို့ ဖြစ်သည့် "ဂွ" မြို့ အခြေစိုက် ခြေမြန်တပ်ရင်း (၅၆၂) နှင့် (၅၆၃) တို့အား ထိုးစစ်ဆင်ပြီးနောက် ဒီဇင်ဘာ၂၉ ရက်တွင် အပြီးတိုင်သိမ်းယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ကြေညာလိုက်သည်။
နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး အသင့်ရှိဟု ULA/AA ထုတ်ပြန်
ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက်များအား စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် အမြဲတမ်းအသင့်ရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်လိုက်သည်။
ဆေးသင်တန်းသား ၁၈ ဦး သေဆုံးမှုအတွက် တာဝန်ရှိသူ သုံးဦးအား KNDF အရေးယူ
Frontline Combat Medic သင်တန်း တက်ရောက်နေသည့် ဆေးတပ်သား ရဲဘော်၊ ရဲမေ ၁၈ ဦး သေဆုံးမှုအတွက် တာဝန်ရှိသည့် ကျောင်းအုပ်တစ်ဦး၊ ကာယလေ့ကျင့်ရေးဆရာတစ်ဦး၊ သင်တန်းအကူတစ်ဦးတို့အား ဗဟိုအဆင့် စစ်တရားခုံရုံးက ပြစ်မှု ထင်ရှားသည့်အတွက် ထောင်ဒဏ်ချမှတ်လိုက်ပြီ ဖြစ်ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
မောင်တောဒေသအား အလုံးစုံထိန်းချုပ်နိုင်ပြီဟု ULA/AA ထုတ်ပြန်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) အား ထိုးစစ်ရက်ပေါင်း ၅၅ ရက်ခန့် ကြာမြင့်သည့် ဒီဇင်ဘာ ၈ ရက်တွင် အပြီးသတ် တိုက်ခိုက်ပြီးနောက် အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ရခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး အချက်ခြောက်ချက် MNDAA ထုတ်ပြန်
စစ်ဘေးဒုက္ခဒဏ် ခံစားနေရသည့် ပြည်သူများအား ငဲ့ညှာခြင်း၊ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေးနှင့် ပြည်တွင်းစစ်ရေးပဋိပက္ခများအား နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရေးနှင့် ဒေသတွင်းငြိမ်းချမ်းရေးအား လက်တွေ့ကျကျ ဖော်ဆောင်ရန်အတွက် အချက်ခြောက်ချက်ပါ ရပ်တည်ချက်နှင့် သဘောထားအား မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) (ကိုးကန့်) စစ်ရေးကော်မတီက ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
သေဒဏ်ပေးမှုနှင့် မသက်ဆိုင်ကြောင်း စလင်း ပအဖ ထုတ်ပြန်
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဂုံညှင်းနွယ်ကျေးရွာတွင် ဖြစ်ပွားသည့် အဓမ္မပြုကျင့်၊ လူသတ်မှု ကျူးလွန်သူ ဦးစဆိုသူအား သေဒဏ်ပေးသည့်ကိစ္စမှာ စလင်းမြို့နယ် လူသားစာနာတာဝန်ခံ Heineken ၏ တစ်ဦးတည်းသဘောဆန္ဒဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပကဖ) နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ဒီဇင်ဘာ ၁ ရက်က မြို့နယ်ပအဖ တာဝန်ခံ နှင်းဆီအမည်ဖြင့် လူထုထံ အသိပေး ထုတ်ပြန်ထားသည်။
ကချင်အထူးဒေသ (၁) အား ဖျက်သိမ်းကြောင်း KIO ထုတ်ပြန်
စစ်အာဏာရှင်အစိုးရအဆက်ဆက် အာဏာတည်မြဲရေးအတွက် ကချင်အထူးဒေသ (၁) ဟူ၍ ခွဲခြားအုပ်ချုပ်ထားမှုအား နိုဝင်ဘာ ၂၈ ရက်မှစ၍ ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ဗဟိုကော်မတီက ထုတ်ပြန်လိုက်သည်။
တောင်ကုတ်မြို့အား အလုံးစုံသိမ်းပိုက်နိုင်ပြီဟု ULA/AA ထုတ်ပြန်
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့သိမ်းတိုက်ပွဲအား ၁၇ ရက်ကြာ ထိုးစစ်ဆင်ပြီးနောက် မြို့တစ်ခုလုံးအား နိုဝင်ဘာ ၂၄ ရက်တွင် အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အာရက္ခတပ်တော် (ULA/AA) က နိုဝင်ဘာ ၂၈ ရက်တွင် အတည်ပြု ထုတ်ပြန်လိုက်သည်။
စစ်ရေးတင်းမာမှုအတွက် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း PSLF/TNLA ထုတ်ပြန်
စစ်ဘေးဒဏ်သင့် ပြည်သူများအကျိုး ငဲ့ညှာထောက်ထားခြင်း၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေး ကြားဝင်ဆောင်ရွက်နေသည့် တရုတ်အစိုးရ၏ ကြိုးပမ်းမှုအား အသိအမှတ်ပြုသည့်အနေဖြင့် နှစ်ဖက်စစ်ရေးပဋိပက္ခများ အဆုံးသတ်နိုင်ရေး တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) က နိုဝင်ဘာ ၂၅ ရက်တွင် သဘောထားထုတ်ပြန်လိုက်သည်။
ကရင်နီပြည် ကြားကာလ ကျန်းမာရေးမူဝါဒအား အတည်ပြု
ကရင်နီပြည်နယ်၌ ကျင့်သုံးမည့် ကြားကာလ ကျန်းမာရေးမူဝါဒအား ပြင်ဆင်ဖြည့်စွက်ချက်များနှင့်အတူ ကောင်စီ၏ (၄၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ ဆုံးဖြတ်ချက်အမှတ် (၁/၄၁) ဖြင့် အတည်ပြု ပြဌာန်းလိုက်ပြီဖြစ်ကြောင်း ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) က နိုဝင်ဘာ ၁၉ ရက်တွင် ကောင်စီဥက္ကဋ္ဌလက်မှတ်ဖြင့် ထုတ်ပြန်လိုက်သည်။
ထိန်းချုပ်မှုအား စွက်ဖက်နှောင့်ယှက်ပါက ပြင်းထန်စွာ အရေးယူမည်ဟု ပေါက်ပကဖ ထုတ်ပြန်
မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထိန်းချုပ်ထားသည့် ကျေးရွာများအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မဟုတ်သည့် သီးခြားလက်နက်ကိုင်အဖွဲ့အစည်းများ ဝင်ရောက်နေထိုင်ကာ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးကဏ္ဍများတွင် ဝင်ရောက်စွက်ဖက် နှောင့်ယှက်ပါက ပြင်းထန်စွာ အရေးယူခြင်း၊ မြို့နယ်တွင်း နေထိုင်မှုအား ဖယ်ရှားသွားမည်ဟု ပေါက်မြို့နယ်- ပကဖ တာဝန်ခံအမည်ဖြင့် နိုဝင်ဘာ ၁၃ ရက်က ထုတ်ပြန်ထားသည်။
ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ ဖွဲ့စည်းခြင်းဥပဒေ အတည်ပြု
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ပေးပို့တင်သွင်းလာသည့် "ကရင်နီ တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ(မူကြမ်း)” အစီရင်ခံစာအား လွှတ်တော်အဆုံးအဖြတ်ဖြင့် ဥပဒေအဖြစ် အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း ကရင်နီပြည် ကြားကာလလွှတ်တော် (Karenni State Interim Parliament) က နိုဝင်ဘာ ၁၈ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။
တစ်လအတွင်း PDF နှင့် ပကဖ ခြောက်ဦးအား NUG အရေးယူ
ပြည်သူကို အလုပ်အကျွေးပြုသည့် တပ်မတော်ဖြစ်ရန် ရည်ရွယ်ချက်ဖြင့် လက်အောက်ခံ တပ်ဖွဲ့များအား လိုအပ်သည့် ထိန်းကြောင်းမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ် အောက်တိုဘာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင် တစ်ဦးနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် ခြောက်ဦးအား အရေးယူ အပြစ်ပေးထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။
ကြားကာလပညာရေးမူဝါဒ KSCC ထုတ်ပြန်
ကရင်နီပြည် ကြားကာလ ပညာရေးမူဝါဒအား မျှော်မှန်းချက် (၃) ရပ်၊ အခြေခံမူ (၁၁) ချက်ဖြင့် ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (Karenni State Consultative Council - KSCC) ၏ (၃၉) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆုံးဖြတ်ချက် (၂/၃၉) အရ နိုဝင်ဘာ ၂ ရက်တွင် စတင်အတည်ပြုလိုက်ပြီကြောင်း ဥက္ကဌ ဦးအောင်ဆန်းမြင့်အမည်ဖြင့် ထုတ်ပြန်လိုက်သည်။
ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့အား စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းဟု အမည်ပြောင်း
စစ်ကိုင်းဖိုရမ်အင်အားစုများ အားလုံးတက်ရောက်သည့် စတုတ္ထအကြိမ်မြောက် ညီလာခံ၌ ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့အား စစ်ကိုင်းဖိုရမ် ဖက်ဒရေးရှင်း (Federationof Sagaing Forum) ဟု ပြောင်းလဲသတ်မှတ်ကြောင်း နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်အသိပေးလိုက်သည်။
NUG-K2C ပူးတွဲသတင်းစာရှင်းလင်းပွဲ အဓိကအချက်များ
မြန်မာနိုင်ငံက stakeholders များကိုယ်တိုင် ပိုင်ဆိုင်ပြီး ဦးဆောင်တဲ့ လုပ်ငန်းစဉ် ဖြစ်ဖို့၊ စစ်အာဏာရှင်စနစ်နှင့် ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်ကို နောက်ကြောင်းမပြန်စေမယ့်၊ ပြည်သူလူထုရဲ့ လိုလားမှုနဲ့လည်း ကိုက်ညီတဲ့၊ ဘုံနိုင်ငံရေးရည်မှန်းချက်ရရှိဖို့ တော်လှန်ရေးအဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဥ်ကို အာဆီယံ တစ်နိုင်ငံချင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း ကူညီထောက်ခံ အကျိုးဆောင်ပံ့ပိုးမှုများ ပေးအပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ စကစက အဆိုပြုထားတဲ့ ရွေးကောက်ပွဲက ပဋိပက္ခတွေကို ပိုမို ပြင်းထန်စေမှာ ဖြစ်ပြီး တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးကို ယူဆောင်ပေးမှာမဟုတ်ဘူး။