သုတေသန · ဖြစ်စဉ်များ

မောင်တောဒေသအား အလုံးစုံထိန်းချုပ်နိုင်ပြီဟု ULA/AA ထုတ်ပြန်

ULA/AA

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) အား ထိုးစစ်ရက်ပေါင်း ၅၅ ရက်ခန့် ကြာမြင့်သည့် ဒီဇင်ဘာ ၈ ရက်တွင် အပြီးသတ် တိုက်ခိုက်ပြီးနောက် အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ရခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည်။

နခခ-၅ ထိုးစစ်အတွင်း အကြမ်းဖက်စစ်အုပ်စုဘက်မှ ၄၅၀ ဦးနှင့်အထက် သေဆုံးခဲ့ကာ ဘူးသီးတောင်မြို့ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) မှ ဗိုလ်မှူးချုပ်သူရိန်ထွန်း၊ ၎င်း၏ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဝေလင်းအောင်တို့ အပါအဝင် RSO ၊ ARSA နှင့် အကြမ်းဖက်စစ်အုပ်စုက စစ်သင်တန်းပေးထားသူများကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။