စစ်အာဏာရှင်ဆန့်ကျင်ရေးပြည်သူ့အင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ-မန္တလေး
အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး) (Anti-Junta Forces Coordination Committee - Mandalay) တွင် ပူးပေါင်းပါဝင်ကြသော အဖွဲ့အစည်း/သပိတ်/အရပ်ဖက်အင်အားစု ၆၂ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကို တရားဝင် ကိုယ်စားပြုခွင့် (Credentials of Represntatives) အတွက် “ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ-NUG” ကို အပြည့်အဝ ထောက်ခံကြောင်း ကြေငြာခဲ့သည်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် တော်လှန်ရေးအင်အားစုများသည် ယခုပြည်သူ့တော်လှန်ရေးတွင် ဆက်လက်ပါဝင် တိုက်ပွဲဝင်သွားကြမည်ဖြစ်ပြီး ပြည်သူတစ်ရပ် လုံးသည်လည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးရေး ဖြစ်သည့် ပြည်သူ့တော်လှန်ရေးအား ကျရာနိုင်ရာ ကဏ္ဍအသီးသီးမှ ပူးပေါင်း ပါဝင်ကြပါရန် အလေးအနက် တိုက်တွန်းကြောင်း ပြည်သူ့တော်လှန်ရေးနှင့်စပ်လျဉ်းသည့် အရေးပေါ်ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ထုတ်ပြန်ကြေညာချက် ကို ထုတ်ပြန်ကြေငြာခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်နေ့တွင် ဒီဇင်ဘာလ(၁၀)ရက်နေ့မှာ ကျရောက်တဲ့ “လူ့အခွင့်အရေးနေ့”မှာ နိုင်ငံအဝှမ်း Silent Strike (ငြိမ်သက်ခြင်းသပိတ်)ကို ဖော်ဆောင်ကြရန်ရှိသဖြင့် မန္တလေးမြို့ရှိ ပြည်သူများလည်း ပါဝင်ကြရန် တိုက်တွန်းခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် တော်လှန်ရေးအင်အားစုများ၏သဘောထားထုတ်ပြန်ချက် ဖြင့် ၂၀၂၁ ခုနှစ်၊ မြန်မာ့နွေဦးတော်လှန်ရေး၏ အခြေအနေ နှင့် သဘောထားများကို အဖွဲ့အစည်း ၂၇၃ ဖွဲ့ဖြင့် သဘောထား ထုတ်ပြန်ခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ❝ပြည်တော်ဝင်ဖို့ ရုန်းကြစို့❞ ဟူသည့် ဆောင်ပုဒ်ဖြင့် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike)နှင့် လက်ခုပ်တီးသပိတ် (အသံထွက်သပိတ်)တွင် ပါဝင်ရေး တိုက်တွန်းခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကုန်လွန်ခဲ့သည် တစ်နှစ်တာ တော်လှန်ရေးကာလသည် ဖက်ဆစ်စစ်အုပ်စုအနေဖြင့် မည်သို့ပင် ဖိနှိပ်အားထုတ်၊ အကြမ်းဖက်သော်လည်း ဤတိုင်းပြည်ကို "လုံးဝအုပ်ချုပ်ခွင့်မရ" နိုင်သည်ကို အကောင်းဆုံး သက်သေတည်ခဲ့ကြောင်း အစရှိသည့် အကြောင်းအရာများ ပါရှိသည့် နွေဦးတော်လှန်ရေးတစ်နှစ်ပြည့် ထုတ်ပြန်ကြေညာချက် ကို ထုတ်ပြန်ပေးခဲ့သည် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် "တော်လှန်သင်္ကြန်" အစစ်အမှန်ဖြစ်ဖို့အရေးအတွက် တော်လှန်ရေးကာလနဲ့ လိုက်ဖက်ပြီး တော်လှန်ရေးကို တိုက်ရိုက်အထောက်အပံ့ဖြစ်စေမယ့်၊ သင်္ကြန်ရိုးရာဓလေ့နဲ့လည်း လိုက်ဖက်တဲ့ ဖော်ပြပါ "လူထုလှုပ်ရှားမှုကြီး" မှာ ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။ ၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ၁၃၂နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ ထုတ်ပြန်ကြေညာချက် ကို ထုတ်ပြန်ခဲ့သည်။ ၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စု၏ အတုအယောင် ဟန်ပြငြိမ်းချမ်းရေး ဖိတ်ခေါ်မှုနှင့်စပ်လျဉ်း၍ သဘောထား ထုတ်ပြန်ချက် ကို ထုတ်ပြန်ခဲ့သည်။ ၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စု၏ လက်ထဲသို့သာ ထိုးထည့်လိုက်မည့် အာဆီယံ၊ The AHA Center နှင့် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများကို အပြင်းအထန် ကန့်ကွက်ရှုတ်ချခြင်း ကြေငြာချက်ကို ထုတ်ပြန်ခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြည်သူလူထုတစ်ရပ်လုံး မိမိတို့ ယုံကြည်ရာတရားအလိုက် တိုင်တည်သစ္စာ အဓိဋ္ဌာန်ပြုကြမည့် “လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ” များကို နိုင်ငံအနှံ့ ပြုလုပ်သွားကြမည်ဖြစ်ကြောင်းကို ဖော်ပြပေးခဲ့သည်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂ရက်နေ့တွင် ❝Accept NUG and Our Ambassador, Reject Dictator❞ “ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကို လက်ခံပါ၊ အာဏာရှင်ကို ငြင်းဆန်ပါ” ဟူသည့် ဆောင်ပုဒ်ဖြင့် လှုပ်ရှားမှုများကို စတင်လုပ်ဆောင်ခဲ့သည်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းအား အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအပေါ် ထုတ်ပြန်ကြေညာချက် ကို ထုတ်ပြန်ခဲ့သည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊အနန့်ပါ (A Nang Pa)ကို စစ်ကောင်စီလေတပ်မှု ဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ ထုတ်ပြန်ကြေငြာချက်ကို ထုတ်ပြန်ခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဒဂုံတက္ကသိုလ်ကျောင်းသား (၇) ဦီးအပါအဝင် ကျောင်းသားလူငယ် (၁၁) ဦီးအား အကြမ်းဖက်စစ်ကောင်စီမှ မတရားသေဒဏ်ချမှတ်မှုအပေါ် ထုတ်ပြန်ချက် ကို ထုတ်ပြန်ခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သောလူ့အခွင့်အရေးနေ့တွင် မန္တလေးမြို့လူငယ်များ၏အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးနေ့ လှုပ်ရှားမှု ကို ပြုလုပ်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုက ကျင်းပရန် ကြိုးစားနေသည့် တရားမဝင်ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက် ကို ထုတ်ပြန်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီမှ ပြုလုပ်မည်ဖြစ်သော လူထုဆန္ဒမပါဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲကို မိမိတို့ တက်နိုင်သမျှ နည်းနာပေါင်းစုံဖြင့် ဆန့်ကျင်သပိတ်မှောက်တိုက်ဖျက်ကြပါရန် တိုက်တွန်းခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် နွေဦးတော်လှန်ရေးကာလ ၂ နှစ်ပြည့် (၁. ၂ ..၂၀၂၃) ရက်နေ့တွင် ပြုလုပ်မည့် “အပြင်မထွက် တိတ်ဆိတ်သပိတ် Silent Strike” အား ပူးပေါင်းပါဝင်ပေးကြပါရန် တိုက်တွန်းပေးခဲ့သည်။ ၂၀၂၃ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို)တွင် ဖြစ်ပွားခဲ့သည့် အမျိုးသမီးနိုင်ငံရေးအကျဉ်းသူများအပေါ် အကျဉ်းဦးစီးဌာနမှ အင်အားအလွန်အကျွံသုံး အကြမ်းဖက်မှုအပေါ်ထုတ်ပြန်ချက် ကို ထုတ်ပြန်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်မှ ၁၉ ရက်နေ့အထိ တတိယအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု တွင်လည်း ပါဝင်ရန် တိုက်တွန်းခဲ့သည်။ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင်လည်း ❝ ဖက်ဆစ်ရွေးကောက်ပွဲကို တိုက်ဖျက်၊ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ကိုင်စွဲချီတက် ❞ ဆိုသည့် ဆောင်ပုဒ်ဖြင့်လည်း တိုက်တွန်းမှုများ လုပ်ဆောင်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (FDC) သည်သာ ကျနော်တို့ လမ်းစဉ်၊ ကျနော်တို့ ပန်းတိုင်ဆိုတာ ထုတ်ဖော်ပြသဖို့၊ ဆိုသည့် ဆောင်ပုဒ်ဖြင့် Facebook တွင် Profile frame ပြောင်းရန် လှုပ်ရှားမှုကို လည်း လုပ်ဆောင်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့တွင်လည်း “စစ်တပ်စီးပွါး ဒို့ငြင်းဆန် တော်လှန်သင်္ကြန် ပြည်သူ့အသံ” ဆိုသည့် ဆောင်ပုဒ်ဖြင့် စစ်တပ်ပိုင်ထုတ်ကုန်များနှင့် စစ်ကောင်စီအလိုကျ ပြုလုပ်နေတဲ့ သင်္ကြန်မဏ္ဏပ်များသို့သွားရောက်မပျော်ပါးကြပဲ တော်လှန်သင်္ကြန်အဖြစ််ဆင်နွဲကြရန် တိုက်တွန်းခဲ့သည်။ ၂၀၂၃ ခုနှစ် ဧပြီလ (၁၁) ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မလယ်တိုက်နယ်၊ ပဇီကြီးကျေးရွာကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ Jet Fighter (၁) စီး၊ Mi 35 အကြီးစား တိုက်ခိုက်ရေး ရဟတ်ယာဉ် (၁) စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်၊ ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူများ ရာနှင့်ချီထိခိုက်သေဆုံး ဒဏ်ရာရခဲ့ခြင်းနှင့် ပတ်သက်၍လည်း ထုတ်ပြန်ကြေငြာချက် ထုတ်ပြန်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်းတရက်နေ့တွင်ပြုလုပ်သောမည်သည့်ကုသိုလ်ကောင်းမှုမဆို ပဇီကြီးကျေးရွာတွင်အသက်ဆုံးရှုံးခဲ့သောပြည်သူများအားရည်စူးကြောင်း ရှင်သန်တိုက်ပွဲဝင်လျှက်ရှိတဲ့ ပြည်သူတရပ်လုံးကသတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ရေးသားခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ ပန်းသပိတ်တွင်လည်း ပါဝင်လှုပ်ရှားခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့က မန္တလေး အိုးဘိုထောင်တွင်း အကျဉ်းကျခံရဲဘော်များ၏ အာဇာနည်နေ့အောက်မေ့ဖွယ် စာစုများကို ထုတ်ပြန်ပေးခဲ့သည်။ ထိုနေ့တွင်ပင် မန္တလေး သပိတ်အင်အားစုမှ တပ်ရင်း (၃) နှင့် တပ်ရင်း (၁) တို့ ပူးပေါင်းပြီး အာဇာနည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုအလေးပြုခြင်း နှင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ၊ ၂၂ ရက် - သူရဲကောင်းတို့ မျှော်ရည်ချက်၊ ပြည်သူ့အားနဲ့ ဆက်ချီတက် ဟူသည့် ခေတ်ဆိုးစနစ်ဆိုးတွေကို ခုခံတွန်းလှန်ရင်း ကျဆုံးခဲ့ရတဲ့ အာဇာနည် ပုဂ္ဂိုလ်တွေ၊ တော်လှန်ရေး အဆက်ဆက်၏ မော်ကွန်းဝင် သူရဲကောင်းများနှင့် ပတ်သက်သည့် ဆောင်းပါး တစ်ပုဒ်ကို ရေးသား ထုတ်ပြန်ခဲ့သည်။
AFCC သည် တော်လှန်ရေးတွင်ပါဝင်သော အစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိသလို၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (National Unity Consultative Council) တွင် အဖွဲ့ဝင်အဖွဲ့အစည်းအဖြစ် ပါဝင်သည်။
Reference
1. https://www.facebook.com/AFCCMandalay