သုတေသန
နွေဦးတော်လှန်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သုတေသန စာတမ်းများနှင့် ဖြစ်စဉ်များ
- အားလုံး
- ဂျဲန်ဒါတန်းတူညီမျှမှု
- စစ်ဘေးရှောင် ပြည်သူများ
- နိုင်ငံတကာ ဆက်ဆံရေး
- လက်နက်ကိုင်တော်လှန်ရေး
- ပြည်နယ်အဆင့် အုပ်ချုပ်ရေးများ
- ဖွဲ့စည်းပုံအခြေခံဥပဒေ
- လူ့အခွင့်အရေးချိုးဖောက်မှုများ
- အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု
- အရပ်သားများကို ကာကွယ်ပေးခြင်း
နိုင်ငံတကာ ဆက်ဆံရေး
ကမ္ဘာ့နိုင်ငံကြီး ရှစ်ခုတွင် NUG အစိုးရ၏ ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်လာနိုင်ခဲ့သည်။ ၎င်းနိုင်ငံရှစ်ခု မှာ သြစတြေးလျ၊ ချက်ရီပက်ဗလစ်၊ ပြင်သစ်၊ ဂျပန်၊ ဗြိတိန် ၊ နော်ဝေ၊ တောင်ကိုရီးယား နှင့် ဝါရှင်တန်ဒီစီ တို့၌ ဖြစ်သည်။ ထို့ပြင် နိုင်ငံတကာရှိ လွှတ်တော်များနှင့် ထိတွေ့မှုများ ပိုမိုလုပ်ဆောင်လာနိုင်ခဲ့ကာ မြန်မာ့ဒီမိုကရေစီရေးနှင့် အာဏာသိမ်းစစ်တပ်က ကျူးလွန်နေသည့် ရာဇဝတ်မှုကိစ္စရပ်များအား တင်ပြ နိုင်ခဲ့ကြသည်။ အာဏာသိမ်းစစ်တပ်မှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး - ICC ၊ ကုလသမဂ္ဂ နိုင်ငံတကာတရားရုံး - ICJ အပြင် အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့ တရားရုံး၊ ဂျာမနီနိုင်ငံ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့၌ စစ်ရာဇဝတ်မှု၊ လူမျိုးသုဉ်း သတ်ဖြတ်မှုများဖြင့် တရားစွဲဆိုထားသည်။
အာဆီယံ၊ ကုလနှင့် အောက်တိုဘာတွင် မြန်မာ့အရေး နိုင်ငံတကာ ခြေဆန့်ခဲ့သမျှ
အောက်တိုဘာလသည် အာဆီယံထိပ်သီးအစည်းအဝေး၊ ကုလသမဂ္ဂ အထွေထွေညီလာခံတို့နှင့် မြန်မာ့အရေးကိစ္စ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် တဖန် ပြန်လည်ဆွေးနွေးလာကြသည့် ကာလတစ်ခု ဖြစ်ခဲ့သည်။ အောက်တိုဘာလအတွင်း မြန်မာ့အရေး နိုင်ငံတကာခရီးဆန့်ခဲ့မှုကို အောက်တွင် ပြန်လည် အနှစ်ချုပ် အစီရင်ခံအပ်ပါသည်။
မူးယစ်ဆေးကိစ္စမှာ နိုင်ငံရေးတိုက်ခိုက်မှုသာ ဖြစ်ဟု AA တုံ့ပြန်
ကျပ် ၉၆ ဘီလျံ တန်ဖိုးရှိ မူးယစ်ဆေးဝါးဖမ်းဆီးရမှုတွင် အာရက္ခတပ်တော် (AA) ၏ စီးပွားရေးတာဝန်ခံ ရဲဝင်း (ခ) ကျော်စိုးလင်းနှင့် ဇနီးဖြစ်သူ မသီတာမြင့်တို့ ပါဝင်သည်ဟု မတ် ၁၈ နှင့် ၁၉ ရက်ထုတ် စစ်တပ်အာဘော် သတင်းစာများ၌ ထည့်သွင်းဖော်ပြမှုသည် မိမိတို့ အဖွဲ့အစည်းနှင့် မည်သို့မျှ မဆက်စပ်ကြောင်းနှင့် အငြိုးအတေးကြီးစွာ နိုင်ငံရေးအရ ထိုးနှက်ခြင်းသာ ဖြစ်ကြောင်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/ AA) က မတ် ၁၉ ရက်တွင် ထုတ်ပြန် တုံ့ပြန်လိုက်သည်။
ပြည်သူဘက် ရပ်တည်ရန် EU နှင့် ILO သို့ ရန်ကုန်သပိတ်အင်အားစု အိတ်ဖွင်ပေးစာ ပို့
လုပ်သားပြည်သူများ၏တရားမျှတမှုနှင့် အခွင့်အရေးများအား ကာကွယ်ရန်အတွက် မြန်မာပြည်သူများဘက်မှ ရပ်တည်ပေးရန် ဥရောပသမဂ္ဂ (EU) အစိုးရအဖွဲ့ဝင်များ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အဖွဲ့ဝင်နိုင်ငံများသို့ ရန်ကုန်အခြေစိုက် သပိတ်အင်အားစု ၁၁ ဖွဲ့ စုပေါင်းကာ မတ် ၁၂ ရက်က အိတ်ဖွင့်ပေးစာပို့ ပန်ကြားထားသည်။
စစ်အုပ်စု လူ့အခွင့်အရေးကော်မရှင်အား အသိအမှတ်မပြု ဖျက်သိမ်းကြောင်း NUG ကြေညာ
အကြမ်းဖက်စစ်အုပ်စု ပြင်ဆင်ဖွဲ့စည်းသည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် လွတ်လပ်၍ အမှီအခိုကင်းကာ ဂုဏ်သိက္ခာရှိသည့် အဖွဲ့အစည်းမဟုတ်ဘဲ ပဲရစ်အခြေခံမူများအား ဆန့်ကျင်ပြီး စစ်အုပ်စု အလိုကျ ရပ်တည်ဆောင်ရွက်ပေးနေသည့်အတွက် ယင်းအဖွဲ့အစည်းအား အသိအမှတ်မပြုကြောင်းနှင့် ဖျက်သိမ်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖေဖော်ဝါရီ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
Interra Resources အား အရေးယူပေးရန် စင်ကာပူကို မကွေးအင်အားစုများ အိတ်ဖွင့်ပေးစာ ပို့
အကြမ်းဖက် မြန်မာစစ်အုပ်စုက ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများ၌ အသုံးပြုရန် လောင်စာဆီ ရောင်းချပေးနေသည့် Interrra Resources အား မြန်မာစစ်အုပ်စုထံ ရေနံစိမ်းထောက်ပံ့မှု ချက်ချင်းရပ်တန့်စေရန်နှင့် စင်ကာပူစတော့အိတ်ချိန်းမှ စာရင်းပယ်ဖျက်ပေးရန် အပါအဝင် တောင်းဆိုချက်လေးချက်ပါ အိတ်ဖွင့်ပေးစာအား စင်ကာပူအစိုးရနှင့် စင်ကာပူအိတ်ချိန်းအုပ်စုအား မကွေးအခြေစိုက် အရပ်ဘက်အဖွဲ့အစည်း၊ လူထုတိုက်ပွဲကော်မတီနှင့် သမဂ္ဂ စုစုပေါင်း (၂၀) လက်မှတ်ရေးထိုးကာ ဖေဖော်ဝါရီ ၁၃ ရက်တွင် ပေးပို့လိုက်သည်။
ပြည်တွင်းစစ်မီး ပိုမိုရှည်ကြာအောင် စစ်အုပ်စု လုပ်ဆောင်နေဟု CRPH ထုတ်ပြန်
အကြမ်းဖက်စစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲဖြင့် တိုင်းပြည်အာဏာကို ဆက်လက်ထိန်းချုပ်ရန် ကြိုးပမ်းနေကာ ပြည်တွင်းစစ်မီး ပိုမိုရှည်ကြာစေမည်ဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် ပိုအလှမ်းဝေးစေရန် ဦးတည်နေကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီ ၆ ရက်တွင် ထုတ်ပြန်လိုက်သည်။
ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ အား အကောင်အထည်ဖော်ရန် နိုင်ငံ ၁၀ ခု တောင်းဆို
မြန်မာနိုင်င့အတွင်း အကြမ်းဖက်မှုအားလုံး ချက်ချင်း အဆုံးသတ်ရန်နှင့် ပဋိပက္ခများ ရပ်တန့်ရန်၊ တင်းမာမှုများ ဖြေလျှော့ရန်နှင့် မတရားဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးအား ပြန်လွှတ်ပေးရန် တိုက်တွန်းထားသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ (၂၀၂၂) အား အကောင်အထည်ဖော်ရန် နိုင်ငံပေါင်း ၁၀ ခုက ထပ်မံတိုက်တွန်းထားသည်။
နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး အသင့်ရှိဟု ULA/AA ထုတ်ပြန်
ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက်များအား စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် အမြဲတမ်းအသင့်ရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်လိုက်သည်။
“မြန်မာပိုင်၊ မြန်မာဦးဆောင် ဖြေရှင်းမှု" ရပ်တည်ချက် အရပ်ဘက်အဖွဲ့ ၂၆၀ ထုတ်ပြန်
မြန်မာ့အရေးနှင့် ပတ်သက်၍ ချမှတ်ထားသည့် အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ထက် ကျော်လွန်၍ လုပ်ဆောင်ရန် အပါအဝင် အချက်ခြောက်ချက်ပါသည့် "မြန်မာပိုင်၊ မြန်မာဦးဆောင် ဖြေရှင်းမှု" ရည်ရွယ်ချက်အား သုံးသပ်ဖြေရှင်းရေး ရပ်တည်ချက်စာတမ်းအား မြန်မာ့အရပ်ဘက်အဖွဲ့အစည်း ၂၆၀ က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်။
အချက် ၁၀ ချက်ပါ သဘောထားအား ဒုတိယအကြိမ် CDM ညီလာခံ ထုတ်ပြန်
ဒုတိယအကြိမ်မြောက် CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံအား ဒီဇင်ဘာ ၇ ရက်မှ ၁၀ ရက်အထိ လေးရက်တာ ကျင်းပပြီးနောက် အချက် ၁၀ ချက်ပါ သဘောထားအား ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။
ရွေးကောက်ပွဲအကြောင်းပြ လက်နက်ကိုင်ပို့နေသည့် ရုရှားအား NUCC ရှုတ်ချ
ရုရှားအစိုးရက အကြမ်းဖက်စစ်အုပ်စု ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအား ဝန်ဆောင်မှုပေးရန် ရုရှားနိုင်ငံသားနှင့် ၎င်းတို့အား စောင့်ရှောက်ရန် အကြောင်းပြချက်ဖြင့် လက်နက်ကိုင်များကိုပါ မြန်မာပြည်တွင်း စေလွှတ်နေမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
အုန်းဖျန်ပေါက်ကွဲမှု အမှုမှန်ပေါ်ရေး ထိုင်းနှင့် ပူးပေါင်းမည်ဟု KNU ထုတ်ပြန်
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖန်၌ ဒီဇင်ဘာ ၁၃ ရက်က နှစ်စဉ် ပြုလုပ်နေကြဖြစ်သည့် Doi Loi Fa ပွဲ၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမှုမှန် ဖော်ထုတ်ရေးလုပ်ငန်းများ၌ ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအမြဲတမ်းကော်မတီက ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
မြန်မာလုပ်သားများအတွက် အချက်သုံးချက်ပါ ပန်ကြားချက် ထိုင်းအစိုးရထံ NUG ပေးပို့
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ နေထိုင်ခွင့်အပေါ် ဖြေလျော့မှုများ ရှိသော်လည်း အခက်အခဲ ဖြစ်စေမည့် အချက်သုံးချက် ပါဝင်နေသည့်အပေါ် ပြန်လည်ပြင်ဆင် ဆောင်ရွက်ပေးစေလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထိုင်းအစိုးရထံ ဒီဇင်ဘာ ၄ ရက်က ပန်ကြားချက် ပေးပို့ထားသည်။
နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး အချက်ခြောက်ချက် MNDAA ထုတ်ပြန်
စစ်ဘေးဒုက္ခဒဏ် ခံစားနေရသည့် ပြည်သူများအား ငဲ့ညှာခြင်း၊ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေးနှင့် ပြည်တွင်းစစ်ရေးပဋိပက္ခများအား နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရေးနှင့် ဒေသတွင်းငြိမ်းချမ်းရေးအား လက်တွေ့ကျကျ ဖော်ဆောင်ရန်အတွက် အချက်ခြောက်ချက်ပါ ရပ်တည်ချက်နှင့် သဘောထားအား မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) (ကိုးကန့်) စစ်ရေးကော်မတီက ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
စစ်အုပ်စုခေါင်းဆောင်အား ICC ဖမ်းဝရမ်းလျှောက်ထားမှု၌ ပူးပေါင်းမည်ဟု NUG-K2C ထုတ်ပြန်
ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) တွင် ဖမ်းဝရမ်းထုတ်ရေး လျှောက်ထားမှု၌ ပူးပေါင်းသည့်အနေဖြင့် အစွမ်းကုန် အရှိန်မြှင့်ကြိုးပမ်း အားထုတ်မည်ဟု NUG-K2C က နိုဝင်ဘာ ၃၀ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။
ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပေးရန် လျှောက်ထား
၂၀၁၆ - ၁၇ ခုနှစ်များအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ရိုဟင်ဂျာများနှင့် ပတ်သက်သည့် လူမျိုးသုဉ်း သတ်ဖြတ်မှုအတွက် အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင်အား ဖမ်းဝရမ်းထုတ်နိုင်ရေးအတွက် လျှောက်ထားလိုက်ပြီ ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး(International Criminal Court– ICC) က နိုဝင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
စစ်အုပ်စုအား ILO – Article 33 အရ အလုံးစုံပိတ်ဆို့ အရေးယူရေး မူကြမ်း ရေးမည်
ကမ္ဘာ့အလုပ်သမားရေးရာ အဖွဲ့ချုပ်(ILO) သတ်မှတ်ချက် ၈၇ နှင့် ၂၉ အရ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်၊ အဓမ္မလုပ်အားခိုင်းစေမှုများနှင့် ပတ်သက်၍ မလိုက်နာမှုအပေါ် ILO အခြေခံဥပဒေအပိုဒ် - ၃၃ (Article 33) အရ ဆောင်ရွက်နိုင်ရေး မူကြမ်းရေးရန် ILO ညွှန်ကြားရေးမှူးချုပ်အား အုပ်ချုပ်မှုကော်မတီက တာဝန်ပေးလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် (CTUM) က ထုတ်ပြန်ထားသည်။
NUG-K2C ပူးတွဲသတင်းစာရှင်းလင်းပွဲ အဓိကအချက်များ
မြန်မာနိုင်ငံက stakeholders များကိုယ်တိုင် ပိုင်ဆိုင်ပြီး ဦးဆောင်တဲ့ လုပ်ငန်းစဉ် ဖြစ်ဖို့၊ စစ်အာဏာရှင်စနစ်နှင့် ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်ကို နောက်ကြောင်းမပြန်စေမယ့်၊ ပြည်သူလူထုရဲ့ လိုလားမှုနဲ့လည်း ကိုက်ညီတဲ့၊ ဘုံနိုင်ငံရေးရည်မှန်းချက်ရရှိဖို့ တော်လှန်ရေးအဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဥ်ကို အာဆီယံ တစ်နိုင်ငံချင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း ကူညီထောက်ခံ အကျိုးဆောင်ပံ့ပိုးမှုများ ပေးအပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ စကစက အဆိုပြုထားတဲ့ ရွေးကောက်ပွဲက ပဋိပက္ခတွေကို ပိုမို ပြင်းထန်စေမှာ ဖြစ်ပြီး တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးကို ယူဆောင်ပေးမှာမဟုတ်ဘူး။
နိုင်ငံရေးရပ်တည်ချက် သဘောထားအား SNLD ထုတ်ပြန်
တိုက်ခိုက်ရေးအောင်ပွဲများမှသည် ပြည်သူ့နိုင်ငံရေးအောင်ပွဲများအထိ ဆက်လက် သယ်ဆောင် အနားသတ်ပေးနိုင်မှသာ တည်ငြိမ်အေးချမ်းမှု အစစ်အမှန်ကို ခံစားရမည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (Shan Nationalities League for Democracy - SNLD) က အောက်တိုဘာ ၂၆ ရက်တွင် ၎င်းတို့၏နိုင်ငံရေး ရပ်တည်ချက်သဘောထားအား ထုတ်ပြန်ထားသည်။
တတိယအကြိမ် ပြည်သူ့ညီလာခံမှာ ဘာတွေမျှော်လင့်လို့ ရနိုင်မလဲ
ပြည်သူ့ညီလာခံဟူသည်မှာ တော်လှန်ရေးကာလ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စာရွက်စာတမ်းတစ်စောင်ဖြစ်သော ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်အရ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (National Unity Consultative Council - NUCC) က ဦးဆောင်ကျင်းပသည့် ညီလာခံတစ်ရပ် ဖြစ်သည်။ တော်လှန်ရေးကာလတလျောက် ပြည်သူ့ညီလာခံကို နှစ်ကြိမ်ကျင်းပခဲ့ပြီးဖြစ်ကာ ပထမအကြိမ် ပြည်သူ့ညီလာခံကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့ပြီး၊ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၄ ရက်မှ ၉ ရက်အထိ ၅ ရက်တာ ကျင်းပခဲ့သည်။ ပဋိညာဉ်အရ ညီလာခံကို (၆) လ တစ်ကြိမ်ကျင်းပရန် ပြဌာန်းထားသော်လည်း (၂) နှစ်ကျော် ကြာပြီးမှသာ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယအကြိမ် ပြည်သူ့ညီလာခံတွင် ညီလာခံကို (၆) လ တစ်ကြိမ်ကျင်းပရန် ထပ်လောင်းအတည်ပြုထားသဖြင့် တတိယအကြိမ် ပြည်သူ့ညီလာခံကို မကြာမီ ကျင်းပလာနိုင်ဖွယ် ရှိသည်။
ပြည်ပမှ မြန်မာ့အရေး စွက်ဖက်လာနိုင်ခြေကြောင့် ကန့်သတ်ချက်လေးရပ် MNDAA ထုတ်ပြန်
ပြည်ပနိုင်ငံအချို့က မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် စီစဉ်နေသဖြင့် အစိုးရဝန်ထမ်းများနှင့် တပ်ဖွဲ့ဝင်များအား ခရီးသွားခွင့်၊ မြန်မာ့အရေးဆိုင်ရာ နိုင်ငံတကာအခင်းအကျင်းများ၌ ပါဝင်ခြင်းနှင့် သတင်းမီဒီယာများသို့ ဖြေကြားခွင့်ကို ကန့်သတ်သည့် အချက်လေးချက်အား အောက်တိုဘာ ၉ ရက် ရက်စွဲဖြင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က တရုတ်ဘာသာဖြင့် ထုတ်ပြန်ထားသည်။
ဟန်ပြဆွေးနွေးရေးအား ပြတ်သားစွာ ပယ်ချဟု NUCC၊ NUG ပူးတွဲထုတ်ပြန်
အကြမ်းဖက်စစ်အုပ်စု၏ "နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ခြင်း"မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) များ သပ်လျှိုဖြိုခွဲရန်နှင့် နိုင်ငံတကာ အမြင်ကောင်းစေရန်အတွက် အားထုတ်မှုသာ ဖြစ်ပြီး ဟန်ပြသပ်သပ်သာ ဖြစ်သည့်အတွက် ပြတ်ပြတ်သားသား ပယ်ချကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က အောက်တိုဘာ ၁ ရက်တွင် ပူးတွဲထုတ်ပြန်လိုက်သည်။.
MNDAA ၏ နိုင်ငံတော်ဆိုင်ရာ ရပ်တည်ချက် ထုတ်ပြန်
စစ်မှန်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးဟူသည့် နိုင်ငံရေးရပ်တည်ချက်ကို လုံးဝပြောင်းလဲမည် မဟုတ်ဘဲ နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ နိုင်ငံတော်အာဏာ လုယူခြင်း၊ လွတ်လပ်ရေး ရယူပြီး နိုင်ငံတော်သစ် ထူထောင်ခြင်းများကို လုံးဝပြုလုပ်မည် မဟုတ်ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)(ကိုးကန့်) စစ်ရေးကော်မတီက"လတ်တလော နိုင်ငံတော်အခြေအနေနှင့် ပတ်သက်၍ ရပ်တည်ချက်ထုတ်ပြန်ခြင်း" အမည်ဖြင့် စက်တင်ဘာ၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
လူသားဒိုင်းလုပ်မှုအား ဆန့်ကျင်ကြရန် NUG တိုက်တွန်း
အကြမ်းဖက်စစ်အုပ်စုက စစ်မှု မထမ်းမနေရ ဥပဒေပြဌာန်းခြင်း၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ ဖွဲ့စည်းကာ အသက် ၆၅ နှစ်အထိ သက်ကြီးပိုင်းများကိုပါ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းမှာ တိုင်းပြည်နှင့် ပြည်သူတစ်ရပ်လုံးအား လူသားဒိုင်းသဖွယ် အသုံးပြုရန်ကြိုးပမ်းခြင်းသာ ဖြစ်ပြီး နည်းလမ်းပေါင်းစုံဖြင့် ပြတ်သားစွာ ခုခံတော်လှန်၊ ဆန့်ကျင်ရန် တိုက်တွန်းနှိုးဆော်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။