နိုင်ငံတကာ ဆက်ဆံရေး

ကမ္ဘာ့နိုင်ငံကြီး ရှစ်ခုတွင် NUG အစိုးရ၏ ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်လာနိုင်ခဲ့သည်။ ၎င်းနိုင်ငံရှစ်ခု မှာ သြစတြေးလျ၊ ချက်ရီပက်ဗလစ်၊ ပြင်သစ်၊ ဂျပန်၊ ဗြိတိန် ၊ နော်ဝေ၊ တောင်ကိုရီးယား နှင့် ဝါရှင်တန်ဒီစီ တို့၌ ဖြစ်သည်။ ထို့ပြင် နိုင်ငံတကာရှိ လွှတ်တော်များနှင့် ထိတွေ့မှုများ ပိုမိုလုပ်ဆောင်လာနိုင်ခဲ့ကာ မြန်မာ့ဒီမိုကရေစီရေးနှင့် အာဏာသိမ်းစစ်တပ်က ကျူးလွန်နေသည့် ရာဇဝတ်မှုကိစ္စရပ်များအား တင်ပြ နိုင်ခဲ့ကြသည်။ အာဏာသိမ်းစစ်တပ်မှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး - ICC ၊ ကုလသမဂ္ဂ နိုင်ငံတကာတရားရုံး - ICJ အပြင် အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့ တရားရုံး၊ ဂျာမနီနိုင်ငံ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့၌ စစ်ရာဇဝတ်မှု၊ လူမျိုးသုဉ်း သတ်ဖြတ်မှုများဖြင့် တရားစွဲဆိုထားသည်။

  • နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောထားအား စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ ထုတ်ပြန်

    စစ်ကိုင်းတိုင်း(ဖက်ဒရယ်ယူနစ်) အတွင်း နိုင်ငံ့အခြေအနေများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တည်ငြိမ်စွာ ရပ်တည်၊ လည်ပတ်နိုင်ရေး၌ စိန်ခေါ်မှုများရှိနေသော်လည်း ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ထားသည့် အကြမ်းဖက်စစ်အုပ်စုနှင့် အကျိုးတူပူးပေါင်းနေခြင်းအား ရပ်တန့်ကာ စစ်ကိုင်းပြည်သူ့ဆန္ဒနှင့် အကျိုးစီးပွားကိုသာ အလေးထား၊ လက်တွဲလုပ်ကိုင်စေလိုကြောင်း စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့က သြဂုတ် ၃၁ ရက်တွင် သဘောထား ထုတ်ပြန်လိုက်သည်။

    Sagaing Forum
  • TNLA အား တရုတ်ခြိမ်းခြောက်စာပို့မှုအား လက်မခံဟု NUCC ထုတ်ပြန်

    တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တိုက်ပွဲများ ဖော်ဆောင်မှုအား ရပ်ဆိုင်းရန် တရုတ်နိုင်ငံ ရွှေလီမြို့ အမျိုးသားလုံခြုံရေးကော်မတီက ခြိမ်းခြောက်စာပေးပို့ခဲ့မှုမှာ TNLA နှင့် မြန်မာပြည်သူများ၏ တော်လှန်ရေးအပေါ် ရိုင်းပြစွာ ခြိမ်းခြောက်စော်ကားမှုဖြစ်၍ ပြင်းထန်စွာ ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က သြဂုတ် ၃၁ ရက်တွင် ထုတ်ပြန်လိုက်သည်။

    PSLFNUCC
  • ရှမ်းမြောက်တိုက်ပွဲရပ်ရန် PSLF/TNLA ကို တရုတ် ဖိအားပေး

    ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး / တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) အနေဖြင့် တိုက်ပွဲများအား ချက်ချင်းရပ်တန့်ရန်နှင့် မရပ်တန့်ပါက ရပ်တန့်ရေးအတွက် နည်းလမ်းများ ပိုမို လုပ်ဆောင်မည်ဖြစ်ကာ ဖြစ်ပေါ်သည့် အကျိုးဆက်များအားလုံးကိုလည်း ကိုယ်တိုင် တာဝန်ယူရမည်ဟု သြဂုတ် ၂၉ ရက်တွင် ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကော်မတီက "စစ်ရေးလေ့ကျင့်မှုအကြောင်းကြားကြော်ငြာချက်" ၌ ဖော်ပြထားသည်။

    PSLF
  • မြန်မာအင်အားစုများကြား စည်းလုံးရေး တည်ဆောက်ရန် အမေရိကန် တိုက်တွန်း

    မြန်မာပြည်သူများ ဆန္ဒကို လေးစားသည့် အရပ်ဘက် အုပ်ချုပ်ရေးစနစ် အသွင်ကူးပြောင်းရေးကို အားပေးကာ ဒီမိုကရေစီလိုလားသူများအကြား စည်းလုံးညီညွတ်မှု တည်ဆောက်ရန် လိုလားကြောင်း မြန်မာ့နိုင်ငံရေး အင်အားစုနှင့် တိုင်းရင်းသားအင်အားစု ခေါင်းဆောင်များအား တွေ့ဆုံစဉ် အမေရိကန်အစိုးရဘက်က တိုက်တွန်းလိုက်သည်။

    KNPPKNU
  • လက်ရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေ သုံးသပ်ချက် NUCC ထုတ်ပြန်

    နိုင်ငံအတွင်း ဖြစ်တည်နေသည့် လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေများအပေါ် သုံးသပ်မှုနှင့်အတူ ဒုတိယမြောက် ပြည်သူ့ညီလာခံက ဆုံးဖြတ်ထားသည့် ဆုံးဖြတ်ချက် (၃) ရပ်၊ အကြံပြု တိုက်တွန်းချက် (၂၁) ရပ်နှင့် ပတ်သက်သည့် နောက်ဆက်တွဲဆောင်ရွက်နေမှုများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်အား အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်လိုက်သည်။

    NUCC
  • အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကျဆုံးခြင်း နေ့စွဲမှတ်တမ်း

    အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အား နိုင်ငံအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီ၏ လှုပ်ရှားမှုများအား ပိုမိုထိရောက်စွာ ကိုင်တွယ်နိုင်ရေးအတွက် ၁၉၆၁ ခုနှစ်က တောင်ကြီးမြို့တွင် ဖွဲ့စည်းသည့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ ၁၉၇၂ ခုနှစ် ဇူလိုင် ၂၇ ရက်တွင် ခွဲထုတ်ကာ လားရှိုးမြို့အခြေပြု ဖွဲ့စည်းထားသည်။ ၁၉၄၉ ခုနှစ်က မေမြို့ (ဝါ) ပြင်ဦးလွင်အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO) က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း “ရမခ တိုင်းစစ်ဌာနချုပ်” သည် ၇၅ နှစ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်မှ ပထမဦးဆုံး ကျဆုံး လက်လွှတ်လိုက်သည့် တိုင်းစစ် ဌာနချုပ်အဖြစ် မှတ်တမ်းဝင်ထားသည်။

    KNPPKNU
  • စစ်အုပ်စု၏ စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်း ဟန့်တားပေးရေး မြောက်ပိုင်းသုံးဖွဲ့ တောင်းဆို

    အကြမ်းဖက်စစ်အုပ်စုက စစ်ရေးနှင့် တိုက်ပွဲဇုန် မဟုတ်သည့် ဒေသများတွင် လေယာဉ်သုံး ဗုံးကြဲတိုက်ခိုက်ကာ အရပ်သားများအား ပစ်မှတ်ထားသည့် ကြီးလေးသော ရာဇဝတ်မှုများအား ပြောင်ပြောင်တင်းတင်းကျူးလွန်လျက်ရှိရာ အိမ်နီးချင်း တရုတ်နိုင်ငံအား အဓိကထားပြီး နိုင်ငံတကာ မိသားစုများအားလုံးက ဝိုင်းဝန်းတားဆီး ဟန်တားပေးရန် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က သြဂုတ် ၆ ရက်တွင် ထုတ်ပြန်လိုက်သည်။

    PSLFMNTJP
  • ကယန်းအမျိုးသားတက္ကသိုလ်အား ဘာသာရပ်ခြောက်ခုဖြင့် စတင် ဖွင့်လှစ်

    အခြေခံမှ အဆင်မြှင့်ပညာရေးနှင့် နိုင်ငံတကာ ပညာရေးအား လက်လှမ်းမီစေရေးအတွက် ဘာသာရပ် ခြောက်ခုဖြင့် ကယန်းအမျိုးသားတက္ကသိုလ်(Kayan National University - KyNU) အား သြဂုတ် ၆ ရက်တွင် စတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း ကယန်းအမျိုးသား ပညာရေးကော်မတီ (KNEC) ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်လိုက်သည်။

  • နိုင်ငံခွဲထွက်ခြင်း သတင်းတုနှင့် ပတ်သက်၍ ညီနောင်သုံးဖွဲ့ ထုတ်ပြန်

    တရုတ်ဘာသာဖြင့် ရေးသားထားသည့် “တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများသည် နိုင်ငံတော်မှ ခွဲထွက်ပြီး နိုင်ငံအသစ် ထူထောင်တော့မည်" ခေါင်းစဉ်အပြင် အခြားသော ခေါင်းစဉ်များဖြင့် မိမိတို့ အဖွဲ့အစည်းတံဆိပ်များသုံးကာ ၁၀ စောင်ထက်မနည်းသော သတင်းတုများအား လူမှုကွန်ရက်များပေါ်၌ ထုတ်ပြန်ခြင်းမှာ မဟုတ်မှန်ကြောင်းနှင့် အဖွဲ့အစည်းအပေါ် တိုက်ခိုက်သူများအား ရှာဖွေဖော်ထုတ်၍ ပြင်းထန်စွာ အရေးယူမည် ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ဇူလိုင် ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။

    PSLFMNTJP
  • အပစ်ရပ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် မြန်မာအား တွန်းအားပေးမည်ဟု တရုတ် ပြောဆို

    စစ်ရေးပဋိပက္ခ ပြင်းထန်နေသည့် မြန်မာပြည်မြောက်ပိုင်း တိုက်ပွဲများနှင့် ပတ်သက်၍ အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအား အရှိန်အဟုန်ဖြင့် ထိန်းသိမ်းထားရန် တွန်းအားပေးသွားမည်ဟုတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး MaoNing က ဇူလိုင်၂၅ ရက်တွင် ပြုလုပ်သည့် နိုင်ငံခြားရေးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြောဆိုသွားသည်။

  • မန္တလေးစစ်ကြောရေးညှင်းပန်းမှု သက်သေခံရုပ်သံများ ရရှိထားဟု Fortify Rights ထုတ်ပြန်

    မန္တလေးတိုင်းအတွင်းရှိ စစ်ကြောရေးစခန်းတစ်ခုအတွင်း ၂၀၂၁ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုက ထိန်းသိမ်းထားသူများအား အသက်သေဆုံးသည်အထိ ညှင်းပန်းနှိပ်စက်ခဲ့သည့်သက်သေခံ ရုပ်သံဖိုင်များအား လက်ခံရရှိထားကာ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုများအတွက် တာဝန်ခံလာစေမည့် သက်သေအထောက်အထားများဖြစ်ကြောင်း Fortify Rights အဖွဲ့က ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။

  • မြန်မာအပေါ် ICJ တရားစွဲဆိုမှု၌ နိုင်ငံရှစ်ခုအား ပါဝင်ဆောင်ရွက်ခွင့် ပြု

    လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားမှုသည့်အမှုနှင့် ပတ်သက်၍ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်၊ မြောက်အိုင်ယာလန်နှင့် မော်လ်ဒိုက်နိုင်ငံတို့အားပါဝင်ဆောင်ရွက်ခွင့်ပြုကြောင်းInternationalCourt of Justice (ICJ) က ဇူလိုင် ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။

    NUG
  • မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ၌ ထည့်သွင်းဆွေးနွေးမည်

    ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ဇွန် ၂၂ ရက်တွင် အကြမ်းဖက်စစ်အုပ်စုက လုယက်မီးရှို့ဖျက်ဆီးခဲ့သည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဂိုဒေါင်ဖြစ်စဉ် အပါအဝင် မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများအား ဇူလိုင် ၃ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ "Any Other Business” ခေါင်းစဉ်အောက်မှ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

    ULA/AA
  • မဏိပူရ်ရောက် စစ်ရှောင်များအား ခိုလှုံခွင့်ပေးရန်နှင့် ဖမ်းဆီးခြင်းမပြုရန် အိန္ဒိယထံ မေတ္တာရပ်ခံ

    နိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် စစ်ကိုင်းတိုင်အပါအဝင် မြန်မာနိုင်ငံ အခြားဒေသများမှ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်အတွင်း ဝင်ရောက်ခိုလှုံနေကြရသည့် မြန်မာစစ်ရှောင်များအား လူသားချင်း စာနာထောက်ထားကာ ခေတ္တခိုလှုံခွင့်များ စီစဉ်ပေးရန်နှင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား (၉၇) ဦးကိုလည်း အမြန်ဆုံး လွှတ်ပေးရန် စစ်ကိုင်းဖက်ဒရယ်ကောင်စီ (ရှေ့ပြေး) က ဇွန် ၂၀ရက်တွင် အိန္ဒိယနိုင်ငံအစိုးရထံ အိတ်ဖွင့်ပေးစာ ပေးပို့၍ မေတ္တာရပ်ခံ ပန်ကြားထားသည်။

  • မြန်မာအလုပ်သမားကိုယ်စားလှယ်အား ILO အုပ်ချုပ်မှုအဖွဲ့၌ ထပ်မံရွေးချယ်

    မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (CTUM) ဗဟိုအလုပ်အမှုဆောင်နှင့် မြန်မာအလုပ်သမား တပ်ပေါင်းစု (MLA) ကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုးအား အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ၏ အုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဝင်အဖြစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (ILC) ၌ ထပ်မံ ရွေးချယ်လိုက်သည်။

    MLANUG
  • ဘူးသီးတောင်ဖြစ်စဉ်နှင့် ပတ်သက်သည့် ULA/AA ၏ ထုတ်ပြန်ချက်

    ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် စစ်အုပ်စုက လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်ဖြစ်ပွားစေရန် အရှိန်အဟုန်မြှင့်၍ နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်နေသည့်အတွက် ၎င်းတို့အား ဆန့်ကျင်ရှုံချကာ နိုင်ငံတကာနှင့်အတူ လက်တွဲကာ လက်တွဲလုပ်ဆောင်ရသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း မတ် ၂၀ရက်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ကမ်းလှမ်း ထုတ်ပြန်လိုက်သည်။

    ULA/AA
  • EAOs ကိုယ်စားလှယ်အဖွဲ့နှင့် ဂျပန်လွှတ်တော် နိုင်ငံခြားရေးဆိုင်ရာ ဒုဝန်ကြီး မြန်မာအရေး ဆွေးနွေး

    ဂျပန်အစိုးရအနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်ကာ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် လက်ရှိ အကျပ်အတည်းမှ လွတ်မြောက်ရေးနည်းလမ်း ရှာဖွေ ကြိုးပမ်းရန် ဆောင်ရွက်မှုအဖြစ် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင် (EAOs) ကိုယ်စားလှယ်အဖွဲ့နှင့် ဂျပန်လွှတ်တော် နိုင်ငံခြားရေးဆိုင်ရာ ဒုတိယဝန်ကြီး မစ္စတာ ကူမာရာမာဆာဟီရို (Mr. KUMURA Masahiro) တို့ မတ် ၁၄ ရက်က တွေ့ဆုံခဲ့ကြောင်း ဂျပန် နိုင်ငံရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

    KNPPKNU
  • NUG သုံးနှစ်ပြည့်အဖြစ် ကဏ္ဍခြောက်ရပ် အခြေအနေအား ထုတ်ပြန်

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စတင်ဖွဲ့စည်းခြင်း သုံးနှစ်ပြည့်အဖြစ် နိုင်ငံရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေးနှင့် လူထုဆက်ဆံရေးဆိုင်ရာ ကဏ္ဍခြောက်ရပ်နှင့် ပတ်သက်သည့်လုပ်ဆောင်နေမှု အခြေအနေများအား ဧပြီ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

    CRPHNUCC
  • စစ်အုပ်စု တရားဝင်မှုရစေမည့် ထိုင်းအစိုးရ ထုတ်ပြန်ချက်အား အဖွဲ့ ၃၀၀ ကျော်က ငြင်းပယ်

    ထိုင်းအစိုးရက ဧပြီ ၁၇ ရက်တွင် ထုတ်ပြန်သည့် မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်၌ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့၏ အမည်ရှေ့၌ "ယခင်"ဟု ထည့်သွင်းသုံးနှုန်းထားခြင်းသည် အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုအား တရားဝင်မှုပေးသည့် အဓိပ္ပာယ်သက်ရောက်သည့်အတွက် ထိုင်း၊ မြန်မာနှင့် နိုင်ငံတကာမှ အရပ်ဘက် အဖွဲ့အစည်းပေါင်း ၃၁၂ ဖွဲ့က ထိုင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးParnpree Bahiddha-Nukara အား လိပ်မူ၍ ဧပြီ ၂၁ ရက်က အိပ်ဖွင့်ပေးစာပို့ ကန့်ကွက်ထားသည်။

    GSCB
  • မြန်မာစစ်ရှောင်များအား ကူညီပေးရန် ထိုင်းအစိုးရအား NUG မေတ္တာရပ်ခံ

    ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်သည့် မြဝတီမြို့နှင့် အနီးတဝိုက်၌ တော်လှန်ရေးအင်အားစုများနှင့် အကြမ်းဖက်စစ်အုပ်စု အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ စစ်အုပ်စုဘက်မှ အရပ်သားများကိုပါပစ်မှတ်ထား တိုက်ခိုက်သည့်အတွက် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာကြရသော မြန်မာစစ်ရှောင်များ ပိုများလာမည် ဖြစ်သည့်အတွက် ကူညီထောက်ပံ့ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီ ၂၁ ရက်တွင် ထိုင်းအစိုးရထံ မေတ္တာရပ်ခံစာပေးပို့ထားသည်။

    KNUNUG
  • ရိုဟင်ဂျာ နိုင်ငံရေးအတိုင်ပင်ခံအင်အားစု ပေါ်ပေါက်ရေး ဦးဆောင်အဖွဲ့ (ယာယီ) ဖွဲ့စည်း

    ညီညွတ်၍ အကျိုးသက်ရောက်မှုရှိသည့် ရိုဟင်ဂျာ နိုင်ငံရေးအင်အားစုတစ်ရပ် ပေါ်ပေါက်လာရေးအတွက် ဦးဆောင်လှုပ်ရှားမှု (ယာယီ) အား တက်ကြွလှုပ်ရှားသူများ၊ အဖွဲ့အစည်းများ၊ လူငယ်မျိုးဆက်သစ်နှင့်အမျိုးသမီးခေါင်းဆောင်များ၊ ရပ်ရွာအခြေပြု ခေါင်းဆောင်များဖြင် စုပေါင်းဖွဲ့စည်းလိုက်ကြောင်း ယာယီဦးဆောင်အဖွဲ့က မတ် ၂၆ ရက်တွင် ထုတ်ပြန်လိုက်သည်။

  • စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်ကြောင်း ထုတ်ပြန်ကြေငြာချက်အပေါ် တုံ့ပြန်ချက်များ

    နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေ အမှတ်၂၇/၂၀၁၀ဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ဖြင့် ပြဌာန်းထုတ်ပြန်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်အား ဥပဒေ အာဏာတည်သည့်နေ့ရက်အဖြစ် သတ်မှတ်ကြောင်း အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၄ ဖြင့် စစ်ကောင်စီဥက္ကဌ လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့သည်။။

    KNPPKNU
  • အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအား ၂၀၂၄ ခုနှစ်အတွင်း အပြီးရေးဆွဲမည်ဟု NUCC ထုတ်ပြန်

    ၂၀၂၄ခုနှစ်အတွင်း အသွင်ကူးပြောင်းရေးကာလဆိုင်ရာ အစီအမံများနှင့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတို့အား အမြန်ဆုံး ပြီးမြောက်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်သည့် "နွေဦးတော်လှန်ရေး သုံးနှစ်ပြည့် နိုင်ငံရေးသဘောထား ကြေညာချက်" ၌ ထည့်သွင်း ဖော်ပြထားသည်။

    NUCC
  • မြန်မာ့အာဏာသိမ်းမှု သုံးနှစ်ပြည့် ကိုးနိုင်ငံ ပူးတွဲကြေညာချက် ထုတ်ပြန်

    အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင်နှင့် စစ်တပ်အနေဖြင့် ပြုပြင်ပြောင်းလဲရန်၊ အရပ်သားများအပေါ် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများ အားလုံးအား လွှတ်ပေးရန်နှင့် လူသားချင်းစာနာထောက်ထားမှု အပြည့်အဝရရှိခွင့်နှင့် သက်ဆိုင်သူများအားလုံး ပါဝင်ဆွေးနွေးနိုင်မည့် အခင်းအကျင်း ဖန်တီးရန် တိုက်တွန်းကြောင်း စစ်တပ်အာဏာသိမ်းမှု သုံးနှစ်ပြည့်အဖြစ် နိုင်ငံကိုးနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာနများက စုပေါင်း၍ ပူးတွဲကြေညာချက်တစ်ရပ်အား ဇန်နဝါရီ ၃၁ ရက်က ထုတ်ပြန်လိုက်သည်။