အရပ်သားများကို ကာကွယ်ပေးခြင်း

နိုင်ငံအနှံ့ စစ်ရေး အရှိန်မြင့်တက်လာသည်နှင့်အမျှ ပြည်သူများအား အကာအကွယ်ပေးရေးမှာ အရေးကြီးလာလျက် ရှိသည်။ အကြမ်းဖက်စစ်အုပ်စုအား လက်နက်ကိုင်တော်လှန်နေသည့် တော်လှန်ရေး အင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၌လည်း ပြည်သူလူထုအပေါ် ဆက်ဆံရမည့် ကျင့်ဝတ် များအား စစ်သည်တော်ကျင့်ဝတ် (Military Code of Conduct) အဖြစ် ရေးဆွဲ ကျင့်သုံးလျက် ရှိသည်။

  • အာဆီယံ၊ ကုလနှင့် အောက်တိုဘာတွင် မြန်မာ့အရေး နိုင်ငံတကာ ခြေဆန့်ခဲ့သမျှ

    အောက်တိုဘာလသည် အာဆီယံထိပ်သီးအစည်းအဝေး၊ ကုလသမဂ္ဂ အထွေထွေညီလာခံတို့နှင့် မြန်မာ့အရေးကိစ္စ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် တဖန် ပြန်လည်ဆွေးနွေးလာကြသည့် ကာလတစ်ခု ဖြစ်ခဲ့သည်။ အောက်တိုဘာလအတွင်း မြန်မာ့အရေး နိုင်ငံတကာခရီးဆန့်ခဲ့မှုကို အောက်တွင် ပြန်လည် အနှစ်ချုပ် အစီရင်ခံအပ်ပါသည်။

    NUG
  • ဖာသာရ်မာတင်ဒေါနယ် သတ်ခံရမှု သံသယတရားခံ (၁၀) ဦးအား စစ်ခုံရုံး တင်မည်ဟု NUG ပြည်ထဲရေး ထုတ်ပြန်

    ရွှေဘိုခရိုင်၊ ကံကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မ ဘုရားကျောင်း၌ ဖေဖော်ဝါရီ ၁၄ ရက်က သတ်ဖြတ်ခံခဲ့ရသည့် မန္တလေးဂိုဏ်းချုပ်သာသနာမှ ဘုန်းတော်ကြီး မာသာရ်မာတင်ဒေါနယ် သတ်ဖြတ်ခံရမှု၌ သံသယရှိသူ (၁၀) ဦးအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၌ စစ်ခုံရုံးတင် စစ်ဆေးကာ ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

    NUG
  • မြို့တွင်းနေထိုင်ခွင့် စည်းကမ်းချက်များအား CDF (မင်းတပ်) ထုတ်ပြန်

    ချင်းပြည်နယ်၊ မင်းတပ်မြို့အတွင်း ပြန်လည်ဝင်ရောက် နေထိုင်ကြမည့် ပြည်သူများအတွက် စည်းကမ်း (၁၂) ချက်နှင့် မြို့ဖြတ်သန်းမည့် ကုန်တင်ယာဉ်များအတွက် စည်းကမ်းချက် (၉) ချက်အား ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ် (Chin Defense Force –Mindat) က ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်လိုက်သည်။

    ICNCC
  • သုံးဦးသေသည့် ကျောက်မဲဆေးရုံ လေကြောင်းတိုက်ခိုက်ခံရမှု MFM နှင့် TNLA ရှုံ့ချ

    အကြမ်းဖက်စစ်အုပ်စုက ခုတင် ၁၅၀ ဆံ့ ကျောက်မဲဆေးရုံအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် CDM ကျန်းမာရေးဝန်ထမ်းနှင့် ရုံးဝန်ထမ်း၊ လူနာတစ်ဦး၊ စုစုပေါင်း သုံးဦးသေဆုံးကာ ၂၀ ဦးကျော် ဒဏ်ရာရရှိခဲ့ရာ ယင်းဖြစ်စဉ်သည် လူမဆန်သည့်အကြမ်းဖက်လုပ်ရပ်သာ ဖြစ်ကြောင်း ကျန်းမာရေးမိသားစု - မန္တလေး (MFM) က ဇန်နဝါရီ ၂၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

    MFMPSLF
  • မြောက်ဦး AA စစ်သုံ့ပန်းစခန်း တိုက်ခိုက်ခံရမှုကြောင့် ၂၈ ဦး သေဆုံး

    ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးရှိ အာရက္ခတပ်တော် (AA) ၏ စစ်သုံ့ပန်းများ ထားရှိရာနေရာအား အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ သုံးကြိမ်တိုင် တိုက်ခိုက်ခဲ့ရာ ကလေးငယ်နှင့် အမျိုးသမီး ၂၈ ဦး သေဆုံးကာ ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း AA က ဇန်နဝါရီ ၁၉ ရက်တွင် ထုတ်ပြန်လိုက်သည်။

    ULA/AA
  • သေဒဏ် မပါတော့သည့် ဒေသန္တရတားမြစ်ချက် ကျောတိုက်နယ်-ပအဖ ထပ်မံထုတ်ပြန်

    တားမြစ်ချက်များအား ကျူးလွန်သည်ဟု ထင်ရှားပါက သေဒဏ်အထိ ချမှတ်နိုင်သည့် တရားစီရင်ခြင်းဖြင့် ဒေသန္တရနည်းဥပဒေအတိုင်း ဆောင်ရွက်မည်ဟု စာအမှတ် ၀၀၃/၀၁၀/ဂဂ(ကတန)/ဦး-၁ ဖြင့် ထုတ်ပြန်ခဲ့ရာ ဝေဖန်မှုများ ပြင်းထန်ခဲ့ပြီးနောက် ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စာအမှတ် ၀၀၃/၀၁၀/ဂဂ(ကတန)/ဦး-၁ ဖြင့် ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဗဟိုဦးဆောင်ကော်မတီက ဒီဇင်ဘာ ၁၆ ရက်တွင် ပြန်လည်ထုတ်ပြန်ထားသည်။

    NUG
  • အချက် ၁၀ ချက်ပါ သဘောထားအား ဒုတိယအကြိမ် CDM ညီလာခံ ထုတ်ပြန်

    ဒုတိယအကြိမ်မြောက် CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံအား ဒီဇင်ဘာ ၇ ရက်မှ ၁၀ ရက်အထိ လေးရက်တာ ကျင်းပပြီးနောက် အချက် ၁၀ ချက်ပါ သဘောထားအား ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

    MFMGSCBHE
  • အုန်းဖျန်ပေါက်ကွဲမှု အမှုမှန်ပေါ်ရေး ထိုင်းနှင့် ပူးပေါင်းမည်ဟု KNU ထုတ်ပြန်

    ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖန်၌ ဒီဇင်ဘာ ၁၃ ရက်က နှစ်စဉ် ပြုလုပ်နေကြဖြစ်သည့် Doi Loi Fa ပွဲ၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမှုမှန် ဖော်ထုတ်ရေးလုပ်ငန်းများ၌ ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအမြဲတမ်းကော်မတီက ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည်။

    KNU
  • အကြမ်းဖက်စစ်အုပ်စု အဆိပ်ငွေ့သုံး တိုက်ခိုက်မှုအား သက်သေနှင့်တကွ KNDF ထုတ်ပြန်

    ကရင်နီနှင့် ရှမ်းပြည်နယ်စပ် မိုးဗြဲမြို့အနီး ဒီဇင်ဘာ ၇ နှင့် ၈ ရက် တိုက်ပွဲဖြစ်စဉ်များအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်က ဒရုန်းသုံး ဗုံးကြဲရာ၌ S-HPOS (အက်စ်ဖော့စ်) တံဆိပ်ပါ အဆိပ်ငွေ့ပြားများ ထည့်သွင်းအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီဇင်ဘာ ၁၃ ရက်တွင် သက်သေများနှင့်တကွ ထုတ်ပြန်လိုက်သည်။

    KSCC
  • မြန်မာလုပ်သားများအတွက် အချက်သုံးချက်ပါ ပန်ကြားချက် ထိုင်းအစိုးရထံ NUG ပေးပို့

    ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ နေထိုင်ခွင့်အပေါ် ဖြေလျော့မှုများ ရှိသော်လည်း အခက်အခဲ ဖြစ်စေမည့် အချက်သုံးချက် ပါဝင်နေသည့်အပေါ် ပြန်လည်ပြင်ဆင် ဆောင်ရွက်ပေးစေလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထိုင်းအစိုးရထံ ဒီဇင်ဘာ ၄ ရက်က ပန်ကြားချက် ပေးပို့ထားသည်။

    NUG
  • နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး အချက်ခြောက်ချက် MNDAA ထုတ်ပြန်

    စစ်ဘေးဒုက္ခဒဏ် ခံစားနေရသည့် ပြည်သူများအား ငဲ့ညှာခြင်း၊ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေးနှင့် ပြည်တွင်းစစ်ရေးပဋိပက္ခများအား နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရေးနှင့် ဒေသတွင်းငြိမ်းချမ်းရေးအား လက်တွေ့ကျကျ ဖော်ဆောင်ရန်အတွက် အချက်ခြောက်ချက်ပါ ရပ်တည်ချက်နှင့် သဘောထားအား မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) (ကိုးကန့်) စစ်ရေးကော်မတီက ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။

    MNTJP
  • သေဒဏ်ပေးမှုနှင့် မသက်ဆိုင်ကြောင်း စလင်း ပအဖ ထုတ်ပြန်

    မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဂုံညှင်းနွယ်ကျေးရွာတွင် ဖြစ်ပွားသည့် အဓမ္မပြုကျင့်၊ လူသတ်မှု ကျူးလွန်သူ ဦးစဆိုသူအား သေဒဏ်ပေးသည့်ကိစ္စမှာ စလင်းမြို့နယ် လူသားစာနာတာဝန်ခံ Heineken ၏ တစ်ဦးတည်းသဘောဆန္ဒဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပကဖ) နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ဒီဇင်ဘာ ၁ ရက်က မြို့နယ်ပအဖ တာဝန်ခံ နှင်းဆီအမည်ဖြင့် လူထုထံ အသိပေး ထုတ်ပြန်ထားသည်။

    NUG
  • စစ်အုပ်စုခေါင်းဆောင်အား ICC ဖမ်းဝရမ်းလျှောက်ထားမှု၌ ပူးပေါင်းမည်ဟု NUG-K2C ထုတ်ပြန်

    ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) တွင် ဖမ်းဝရမ်းထုတ်ရေး လျှောက်ထားမှု၌ ပူးပေါင်းသည့်အနေဖြင့် အစွမ်းကုန် အရှိန်မြှင့်ကြိုးပမ်း အားထုတ်မည်ဟု NUG-K2C က နိုဝင်ဘာ ၃၀ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။

    KNPPKNU
  • ကချင်အထူးဒေသ (၁) အား ဖျက်သိမ်းကြောင်း KIO ထုတ်ပြန်

    စစ်အာဏာရှင်အစိုးရအဆက်ဆက် အာဏာတည်မြဲရေးအတွက် ကချင်အထူးဒေသ (၁) ဟူ၍ ခွဲခြားအုပ်ချုပ်ထားမှုအား နိုဝင်ဘာ ၂၈ ရက်မှစ၍ ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ဗဟိုကော်မတီက ထုတ်ပြန်လိုက်သည်။

    KIO
  • တောင်ကုတ်မြို့အား အလုံးစုံသိမ်းပိုက်နိုင်ပြီဟု ULA/AA ထုတ်ပြန်

    ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့သိမ်းတိုက်ပွဲအား ၁၇ ရက်ကြာ ထိုးစစ်ဆင်ပြီးနောက် မြို့တစ်ခုလုံးအား နိုဝင်ဘာ ၂၄ ရက်တွင် အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အာရက္ခတပ်တော် (ULA/AA) က နိုဝင်ဘာ ၂၈ ရက်တွင် အတည်ပြု ထုတ်ပြန်လိုက်သည်။

    ULA/AA
  • စစ်ရေးတင်းမာမှုအတွက် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း PSLF/TNLA ထုတ်ပြန်

    စစ်ဘေးဒဏ်သင့် ပြည်သူများအကျိုး ငဲ့ညှာထောက်ထားခြင်း၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေး ကြားဝင်ဆောင်ရွက်နေသည့် တရုတ်အစိုးရ၏ ကြိုးပမ်းမှုအား အသိအမှတ်ပြုသည့်အနေဖြင့် နှစ်ဖက်စစ်ရေးပဋိပက္ခများ အဆုံးသတ်နိုင်ရေး တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) က နိုဝင်ဘာ ၂၅ ရက်တွင် သဘောထားထုတ်ပြန်လိုက်သည်။

    PSLF
  • ကရင်နီပြည် ကြားကာလ ကျန်းမာရေးမူဝါဒအား အတည်ပြု

    ကရင်နီပြည်နယ်၌ ကျင့်သုံးမည့် ကြားကာလ ကျန်းမာရေးမူဝါဒအား ပြင်ဆင်ဖြည့်စွက်ချက်များနှင့်အတူ ကောင်စီ၏ (၄၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ ဆုံးဖြတ်ချက်အမှတ် (၁/၄၁) ဖြင့် အတည်ပြု ပြဌာန်းလိုက်ပြီဖြစ်ကြောင်း ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) က နိုဝင်ဘာ ၁၉ ရက်တွင် ကောင်စီဥက္ကဋ္ဌလက်မှတ်ဖြင့် ထုတ်ပြန်လိုက်သည်။

    Karenni IECKSCC
  • ထိန်းချုပ်မှုအား စွက်ဖက်နှောင့်ယှက်ပါက ပြင်းထန်စွာ အရေးယူမည်ဟု ပေါက်ပကဖ ထုတ်ပြန်

    မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထိန်းချုပ်ထားသည့် ကျေးရွာများအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မဟုတ်သည့် သီးခြားလက်နက်ကိုင်အဖွဲ့အစည်းများ ဝင်ရောက်နေထိုင်ကာ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးကဏ္ဍများတွင် ဝင်ရောက်စွက်ဖက် နှောင့်ယှက်ပါက ပြင်းထန်စွာ အရေးယူခြင်း၊ မြို့နယ်တွင်း နေထိုင်မှုအား ဖယ်ရှားသွားမည်ဟု ပေါက်မြို့နယ်- ပကဖ တာဝန်ခံအမည်ဖြင့် နိုဝင်ဘာ ၁၃ ရက်က ထုတ်ပြန်ထားသည်။

    NUG
  • တစ်လအတွင်း PDF နှင့် ပကဖ ခြောက်ဦးအား NUG အရေးယူ

    ပြည်သူကို အလုပ်အကျွေးပြုသည့် တပ်မတော်ဖြစ်ရန် ရည်ရွယ်ချက်ဖြင့် လက်အောက်ခံ တပ်ဖွဲ့များအား လိုအပ်သည့် ထိန်းကြောင်းမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ် အောက်တိုဘာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင် တစ်ဦးနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် ခြောက်ဦးအား အရေးယူ အပြစ်ပေးထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

    NUG
  • ကြားကာလပညာရေးမူဝါဒ KSCC ထုတ်ပြန်

    ကရင်နီပြည် ကြားကာလ ပညာရေးမူဝါဒအား မျှော်မှန်းချက် (၃) ရပ်၊ အခြေခံမူ (၁၁) ချက်ဖြင့် ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (Karenni State Consultative Council - KSCC) ၏ (၃၉) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆုံးဖြတ်ချက် (၂/၃၉) အရ နိုဝင်ဘာ ၂ ရက်တွင် စတင်အတည်ပြုလိုက်ပြီကြောင်း ဥက္ကဌ ဦးအောင်ဆန်းမြင့်အမည်ဖြင့် ထုတ်ပြန်လိုက်သည်။

    KSCC
  • NUG-K2C ပူးတွဲသတင်းစာရှင်းလင်းပွဲ အဓိကအချက်များ

    မြန်မာနိုင်ငံက stakeholders များကိုယ်တိုင် ပိုင်ဆိုင်ပြီး ဦးဆောင်တဲ့ လုပ်ငန်းစဉ် ဖြစ်ဖို့၊ စစ်အာဏာရှင်စနစ်နှင့် ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်ကို နောက်ကြောင်းမပြန်စေမယ့်၊ ပြည်သူလူထုရဲ့ လိုလားမှုနဲ့လည်း ကိုက်ညီတဲ့၊ ဘုံနိုင်ငံရေးရည်မှန်းချက်ရရှိဖို့ တော်လှန်ရေးအဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဥ်ကို အာဆီယံ တစ်နိုင်ငံချင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း ကူညီထောက်ခံ အကျိုးဆောင်ပံ့ပိုးမှုများ ပေးအပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ စကစက အဆိုပြုထားတဲ့ ရွေးကောက်ပွဲက ပဋိပက္ခတွေကို ပိုမို ပြင်းထန်စေမှာ ဖြစ်ပြီး တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးကို ယူဆောင်ပေးမှာမဟုတ်ဘူး။

    KNPPKNU
  • ပြည်နယ်တွင်းသွင်းကုန်အပေါ် PSLF/TNLA အခွန်ကင်းလွတ်ခွင့် ပြု

    ဒေသခံ လူထုအခက်အခဲ ဖြေရှင်းနိုင်ရေးအတွက် မြန်မာပြည် (မန္တလေး) မှ ပြည်နယ်အတွင်း တင်သွင်းလာသည့် သွင်းကုန်များအပေါ် အောက်တိုဘာ ၂၅ ရက်မှ စတင်၍ အခွန်ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ကြေညာထားသည်။

    PSLF
  • နိုင်ငံရေးရပ်တည်ချက် သဘောထားအား SNLD ထုတ်ပြန်

    တိုက်ခိုက်ရေးအောင်ပွဲများမှသည် ပြည်သူ့နိုင်ငံရေးအောင်ပွဲများအထိ ဆက်လက် သယ်ဆောင် အနားသတ်ပေးနိုင်မှသာ တည်ငြိမ်အေးချမ်းမှု အစစ်အမှန်ကို ခံစားရမည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (Shan Nationalities League for Democracy - SNLD) က အောက်တိုဘာ ၂၆ ရက်တွင် ၎င်းတို့၏နိုင်ငံရေး ရပ်တည်ချက်သဘောထားအား ထုတ်ပြန်ထားသည်။

    SNLD
  • တတိယ သုံးလပတ် ဘဏ္ဍာရေးရှင်းတမ်း IEC ထုတ်ပြန်

    ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Interim Executive Council OfKarenni State – IEC) က ၂၀၂၄ ခုနှစ် ဇူလိုင်မှ စက်တင်ဘာအထိ အခွန်ကောက်ယူမှုနှင့် ကဏ္ဍအလိုက် ဘတ်ဂျက်အသုံးစရိတ်ခွဲဝေမှုရှင်းတမ်းအား အောက်တိုဘာ ၃၁ ရက်က ထုတ်ပြန်လိုက်သည်။

    Karenni IEC