အဖွဲ့အစည်းများ

လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) - Network for Human Rights Documentation – Burma

ND - Burmaအရပ်ဘက်လူထုအဖွဲ့အစည်း

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ) (Networkfor Human Rights Documentation – Burma) အား မြန်မာနိုင်ငံအတွင်းရှိလူ့အခွင့်အရေးအဖွဲ့များ မှတ်တမ်းပြုခြင်းလုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်ရေးအတွက်နည်းလမ်းတစ်ရပ်အဖြစ် ၂၀၀၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ) (Networkfor Human Rights Documentation – Burma) အား မြန်မာနိုင်ငံအတွင်းရှိလူ့အခွင့်အရေးအဖွဲ့များ မှတ်တမ်းပြုခြင်းလုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်ရေးအတွက်နည်းလမ်းတစ်ရပ်အဖြစ် ၂၀၀၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းလူ့အခွင့်အရေး ချိုးဖောက်မှုများအား အသိအမှတ်ပြုကာ နစ်နာခဲ့သူများ၏ ဂုဏ်သိက္ခာအားပြန်လည်မြှင့်တင်ထိန်းသိမ်းရေး အရေးယူဆောင်ရွက်မှုများ  ပြုလုပ်ကာ ဆိုးဝါးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ထပ်မံမဖြစ်ပွားစေရေးအတွက် မျှော်မှန်းချက်ထားသည်။

ရည်ရွယ်ချက်အဖြစ်ချိုးဖောက်ခံခဲ့ရသူများအတွက် အမှန်တရား၊ တရားမျှတမှု၊ပြန်လည်ကုစားမှုလုပ်ငန်းများနှင့် ထပ်မံမဖြစ်စေရေးအတွက် နိုင်ငံတော်ကတာဝန်ယူလာစေရး စည်းရုံးလှုံ့ဆော်ရန်၊ ရည်မှန်းချက် အဖြစ် အဖွဲ့ဝင်နှင့်မိတ်ဖက်များအကြား အရည်အသွေးမြင့်၍ အရည်အတွက်များသော လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အချက်အလက်များအား အကျိုးရှိစွာ အသုံးချနိုင်ရေးစုဆောင်းထုတ်ပြန်သွားရန် ချမှတ်ထားသည်။

ND-Burma ဟုလူသိများသည့် ကွန်ရက်၌ အဖွဲ့ဝင် ကိုးဖွဲ့၊ ဆက်စပ်အဖွဲ့ဝင် လေးဖွဲ့၊မိတ်ဖက်အဖွဲ့ဝင် ခြောက်ဖွဲ့ ပါဝင်ကာ အဖွဲ့ဝင်စံညွှန်းအဖြစ် အချက်သုံးချက်သတ်မှတ်ထားသည်။ အဖွဲ့ဝင်များသည် ၎င်းတို့သတ်မှတ်ထားသည့် တာတန်နှင့်အထူးသက်ဆိုင်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား အာရုံစိုက်မှတ်တမ်းတင်ကြသည်။ ကွန်ရက်သည် အဖွဲ့ဝင်များအကြား ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်စည်းမျဉ်းကန့်သတ်ချက် ဘောင်တစ်ခု ပေါ်ပေါက်ရေးအတွက် ဦးစားပေလုပ်ငန်းတစ်ရပ်အဖြစ်လူ့အခွင့်အရေးချိုး ဖောက်မှုများကို "သတ်မှတ်ထားသော ဝေါဟာရ" များဖြင့်စာရင်းပြုစုထားကာ ယင်းစာရင်းအခြေခံဃ၍ ချိုးဖောက်မှုပုံစံ ၁၃ ခုအား အထူးပြုသည့်လက်စွဲစာစောင်၊ အထွေထွေမှတ်တမ်းပြုခြင်း လက်စွဲစာစောင် များကိုလည်းထုတ်ဝေထားသည့်အပြင် သင်တန်းပို့ချမှုများကိုလည်း လုပ်ဆောင်သည်။

အဖွဲ့ဝင်များစုဆောင်းကောက်ယူထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများအား မားတပ်စ် (Martus) ဆော့ဝဲလ်အသုံးပြု၍သိမ်းဆည်းထားသည့်အပြင် စိစစ်သုံးသပ်မှုများပြုလုပ်၍ အစီရင်ခံစာထုတ်ဝေခြင်းများကိုလည်း ဆက်တိုက်လုပ်ဆောင်လျက် ရှိသည်။

ကွန်ရက်သည်အတိတ်က ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ သက်ဆိုင်ရာကဏ္ဍအလိုက်ခွဲခြား၍ အစီရင်ခံစာများ ထုတ်ဝေသည့်အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပွားသည့်လူ့အခွင့်အရေးချိုးဖောက်မှုများကိုပါ မှတ်တမ်းတင်ကာ ရက်သတ္တ ပတ်အလိုက်အစီရင်ခံစာမှတ်တမ်းများအား ထုတ်ဝေဖြန့်ဖြူးလျက် ရှိသည်။ အစီရင်ခံစာထုတ်ဝေမှုကိုလည်း ကွန်ရက်က အထူးပြုအခြေခံသည့် လူ့အခွင့်အရေးချိုးဖောက်မှုပုံစံ(၁၃) ခုနှင့် ကိုက်ညီသည့် ဖြစ်စဉ် များ စုပေါင်း၍လည်း ကဏ္ဍတစ်ခုချင်းစီအလိုက်ထုတ်ပြန်သည့်အပြင် အဖွဲ့ဝင်များက သီးခြားလုပ်ဆောင်သည့် လုပ်ငန်းစဉ်များအတွက်လည်းအချက်အလက်များ စိစစ်ထုတ်ပေးလျက် ရှိသည်။

ND-Burma ၏ဝက်ဘ်ဆိုက်၌လည်း မြန်မာပြည်တွင်း ဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သက်၍ နိုင်ငံတကာနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများက ပြောဆို ထုတ်ပြန်ချက်များအားသတင်းအဖြစ် ပြန်လည်ဖော်ပြခြင်း၊ အဖွဲ့ဝင်များ၏ ထုတ်ပြန်ချက်နှင့်အစီရင်ခံစာများအား တနေရာတည်း၍ စုစည်းပေး ထားခြင်းများကိုလည်း လွှင့်တင်ထားသည်။

ကွန်ရက်တွင် အဖွဲ့ဝင်များအဖြစ် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) (AAPP-B) ၊ မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) ၊ ကချင်အမျိုးသမီးအစည်းအရုံး –ထိုင်းနိုင်ငံ (KWAT) ၊ ပလောင်အမျိုးသမီးအစည်းအရုံး (PWO) ၊ တအာင်းကျောင်းသားနှင့်လူငယ်များ အစည်းအရုံး (TSYO)၊ ထားဝယ်အမျိုးသမီးသမဂ္ဂ၊ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC)၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP)၊ အနာဂါတ်အလင်းတန်းဆုံမှတ်အဖွဲ့ (FLC) တို့ ပါဝင်သည်။ဆက်စပ်အဖွဲ့ဝင်အဖြစ် ပအိုဝ့်လူငယ်အစည်းအရုံး (PYO)၊ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)၊ပဲခူးအရှေ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကွန်ရက်၊ ရှေ့ပြေးအသံအဖွဲ့တို့ ပါဝင်ကာ မိတ်ဖက်အဖွဲ့အစည်းများအဖြစ် InternationalCenter for Transitional Justice (ICTJ) ၊ Benetech ၊ Human Rights Defendersand Promoters ၊ FormerPolitical Prisoners (FPPs) ၊ AsiaJustice and Rights (AJAR) နှင့် REDRESSတို့ ပါဝင်သည်။

ကိုးကား

https://ndburma.org/mm/