တအာင်းအမျိုးသမီးအဖွဲ့အစည်း
တအောင်းအမျိုးသမီးအဖွဲ့(Ta’angWomen’s Organization – TWO) ကို ထိုင်းနိုင်ငံ၊ မဲ့ဆောက်မြို့တွင်ပလောင်အမျိုးသမီးအစည်းအရုံး (PWO)အမည်ဖြင့် ၂၀၀၀ ပြည့်နှစ် အောက်တိုဘာလ၌ စတင်ဖွဲ့စည်းသည်။ လူ့အဖွဲ့အစည်းအတွင်းငြိမ်းချမ်းရေး၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုရှိသော ဖက်ဒရယ်နှင့် ဒီမိုကရေစီလူ့အဖွဲ့အစည်းအား လိုလားကာ ရည်မှန်းချက်ငါးရပ်[ချမှတ်ထားသည်။တအောင်းလူမှုအသိုင်းအဝိုင်းအတွင်းထုံးတမ်းစဉ်လာများအရ အမျိုးသား၊ အမျိုးသမီး ခွဲခြားဆက်ဆံမှုများကြောင့်ကဏ္ဍအသီးသီး၌ အမျိုးသမီးများအား ကန့်သတ်ပိတ်ပင်ခံထားရမှုအား ဖယ်ရှားနိုင်ရေး၊တန်းတူညီမျှမှု ရှိစေရေးကို ဦးတည်သည်။ လုပ်ငန်းစဉ် လေးရပ် ချမှတ်ထားကာ အမျိုးသမီးနိုင်ငံရေးစွမ်းရည် မြှင့်တင်ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး၊လူထုဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာကူညီထောက်ပံ့ရေးနှင့်သတင်း/မှတ်တမ်း/သုတေသနနှင့် ပြန်ကြားရေးလုပ်ငန်းစဉ်များ ဖြစ်သည်။
တအောင်းအမျိုးသမီးအဖွဲ့(Ta’angWomen’s Organization – TWO) ကို ထိုင်းနိုင်ငံ၊ မဲ့ဆောက်မြို့တွင်ပလောင်အမျိုးသမီးအစည်းအရုံး (PWO)အမည်ဖြင့် ၂၀၀၀ ပြည့်နှစ် အောက်တိုဘာလ၌ စတင်ဖွဲ့စည်းသည်။ လူ့အဖွဲ့အစည်းအတွင်းငြိမ်းချမ်းရေး၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုရှိသော ဖက်ဒရယ်နှင့် ဒီမိုကရေစီလူ့အဖွဲ့အစည်းအား လိုလားကာ ရည်မှန်းချက်ငါးရပ်[1]ချမှတ်ထားသည်။
တအောင်းလူမှုအသိုင်းအဝိုင်းအတွင်းထုံးတမ်းစဉ်လာများအရ အမျိုးသား၊ အမျိုးသမီး ခွဲခြားဆက်ဆံမှုများကြောင့်ကဏ္ဍအသီးသီး၌ အမျိုးသမီးများအား ကန့်သတ်ပိတ်ပင်ခံထားရမှုအား ဖယ်ရှားနိုင်ရေး၊တန်းတူညီမျှမှု ရှိစေရေးကို ဦးတည်သည်။ လုပ်ငန်းစဉ် လေးရပ် ချမှတ်ထားကာ အမျိုးသမီးနိုင်ငံရေးစွမ်းရည် မြှင့်တင်ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး၊လူထုဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာကူညီထောက်ပံ့ရေးနှင့်သတင်း/မှတ်တမ်း/သုတေသနနှင့် ပြန်ကြားရေးလုပ်ငန်းစဉ်များ ဖြစ်သည်။
TWO ၏ရည်ရွယ်ချက်များအနက် ရိုးရာအထည်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးခြင်းဖြင့်တအောင်းရိုးရာနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်သွားရန် ဟူသည့် အချက်ပါဝင်ကာအဖွဲ့လုပ်ငန်းစဉ်များအတွင်း၌ "ဝင်ငွေ လည်ပတ်စီးဆင်းမှုလုပ်ငန်းစဉ်"အမည်ဖြင့် အဖွဲ့ရန်ပုံငွေအတွက် ရိုးရာအထည်နှင့် အခြားပစ္စည်းများ ရောင်းချခြင်း၊စွမ်းရည်မြှင့်သင်တန်းများ၌ တအာင်းစာပေအား ဘာသာရပ်တစ်ခုအဖြစ်ထည့်သွင်းသင်ကြားခြင်းလုပ် ငန်းစဉ်လည်း ပါဝင်သည်။
နိုင်ငံရေးအပြောင်းအလဲများကြောင့် ၂၀၁၂ ခုနှစ်တွင် အစည်းအရုံးအား တအာင်းပြည်သူများနှင့်နီးကပ်စွာ ထိတွေ့အလုပ်လုပ်နိုင်ရေးအတွက် ပြည်တွင်းသို့ ရွှေ့ပြောင်းခဲ့သည်။ပဥ္စမမြောက်ညီလာခံမှ စ၍ အစည်းအရုံးအစား တအာင်းအမျိုးသမီးအဖွဲ့အစည်းအဖြစ်ပြောင်းလဲသုံးနှုန်းကာ လှုပ်ရှားမှုများ ဆောင်ရွက်သည်။
အမျိုးသမီးနိုင်ငံရေးစွမ်းဆောင်ရည် မြှင့်တင်ရန်အတွက် တအာင်းလူထု အများစု နေထိုင်ရာ မြို့နယ်၁၆ ခုတွင် လူ့အခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေး ရက်တိုသင်တန်း၊အခြေခံနိုင်ငံရေးနှင့် လူ့အခွင့်အရေး သုံးလ သင်တန်း၊အမျိုးသမီးခေါင်းဆောင်မှုဆိုင်ရာ ၁၀ လ သင်တန်းများအား အဖွဲ့အစည်း စတင်ကတည်းက လုပ်ဆောင်ခဲ့သည်။ ထို့ပြင် လူမှုအသိုင်းအဝိုင်းအတွင်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးအတွက် အသိပညာပေးစကားဝိုင်း ပြုလုပ်ခြင်း၊အကြမ်းဖက်ခံရသူများအတွက် SafeHouse များ ဖွင့်လှစ်ပေးခြင်း၊ လိင်ကွဲပြားမှုကို အခြေခံသည့် အကြမ်းဖက်မှုများ လျော့ကျရေးအတွက်ကျေးရွာအကြမ်းဖက်မှု လျော့နည်းရေး ကော်မတီများအား ဒေသခံပြည်သူများအားဖြင့်ဖွဲ့စည်းလုပ်ဆောင်သည်။
တအာင်းတိုင်းရင်းသားအများစု နေထိုင်ရာ ဒေသများမှာ အကြမ်းဖက်စစ်အုပ်စုနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ - EAOsများ ရှိရာ ဒေသဖြစ်ကာ စစ်ရေးပဋိပက္ခများစွာ ရှိသည့်အတွက် ၂၀၁၂ ခုနှစ်ကတည်းက စ၍စစ်ရှောင်ဒုက္ခသည်များ ကူညီခြင်း၊ အစားအသောက်ပံ့ပိုးခြင်း၊ သောက်သုံးရေနှင့်ကျန်းမာရေးဝန်ဆောင်မှု ရရှိ ရေးတို့အတွက် TWO ကလုပ်ဆောင်ခဲ့သည်။ ထိုသို့ လုပ်ဆောင်ရင်းဖြင့်ပင် ဒေသအတွင်း ဖြစ်ပွားသည့်လူ့အခွင့်အရေးချိုးဖောက်မှုများအား မှတ်တမ်းတင်ခြင်း၊ လူငယ်များအားမှတ်တမ်းစုဆောင်းခြင်းဆိုင်ရာ သင်တန်းများ ပေးခြင်း၊ ရရှိထားသည့်အချက်အလက်များအပေါ် အခြေခံ၍ အစီရင်ခံစာ၊ ထုတ်ပြန်ချက်များ ထုတ်ပြန် ခြင်းနှင့်သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်းများကိုပါ လုပ်ဆောင်သည်။ လက်ရှိအထိ"အဆိပ်သင့်တောင်တန်း"၊ "သိမ်းပိုက်ခံဘဝများ"၊"ပြောင်းလဲခြင်းအတွက် အသံများ"၊ "ညှင်းပန်းနှိပ်စက်ရန်လေ့ကျင့်ထားသူများ"၊ "ဘယ်တော့မှ ဖြစ်မလာတဲ့ ငြိမ်းချမ်းရေး"အမည်များဖြင့် အစီရင်ခံစာ ငါးစောင်[2]ထုတ်ပြန်ထားပြီး ဖြစ်သည်။
လူနည်းစုဖြစ်သည့်တအာင်းတိုင်းရင်းသားများမှာ အကြမ်းဖက်စစ်တပ် အပါအဝင် ဒေသတွင်းအင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၏ စစ်ရေးပဋိပက္ခ[3]နောက်ဆက်တွဲ ဖမ်းဆီးခံရခြင်း၊ ပစ်ခတ်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်းများ[4]၊အမျိုးသမီးများ အဓမ္မပြုကျင့်ခံရခြင်းများ[5]ဖြစ်သည့်အခါမျိုးတွင် TWOက သဘောထားထုတ်ပြန်ချက်[6]ထုတ်ကာ ကန့်ကွက်မှု[7]များဆက်တိုက်ပြုလုပ်ခဲ့သည်။ ဒေသတွင်း စစ်ရေးပဋိပက္ခများ ပြင်းထန်လာချိန်တွင်ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးအား လေးစားလိုက်နာရန်အတွက် အခြားသောအရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆန္ဒထုတ်ဖော်[8]ခဲ့သည်။
TWO သည်တအာင်းဥပဒေအထောက်အကူပြုအဖွဲ့ (TLA)၊ တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံး (TSYO) တို့နှင့်ပူးပေါင်း၍လည်း ဒေသတွင်း ကိစ္စမဟုတ်သည့် ကယား (ကရင်နီ) ပြည်နယ်တွင် ၂၀၁၈ ခုနှစ်ဇူလိုင်လက ဖြစ်ပွားသည့် ဗိုလ်ချုပ်ကြေးရုပ်နှင့် ပတ်သက်၍ ဆန္ဒပြသူများအားအာဏာပိုင်များက အင်အားသုံး ဖြိုခွဲမှုအပေါ် ကန့်ကွက်ကြောင်း ဇူလိုင် ၅ ရက်တွင်ထုတ်ပြန်[9]ခဲ့သည်။
၂၀၁၈ ခုနှစ်အောက်တိုဘာ ၁၀ ရက်တွင် ရှမ်းပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် EAOs အကြား၊EAO နှင့် EAO အကြားဖြစ်ပွားသည့်စစ်ရေးပဋိပက္ခကြောင့် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေး ပျက်သုဉ်းဆုတ်ယုတ်နေကြောင်း လားဟူအမျိုးသမီးများအစည်းအရုံး (LWO) ၊ပအိုဝ်းအမျိုးသမီးသမဂ္ဂ (PWU)၊ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) တို့နှင့်ပူးပေါင်းကာ ထုတ် ပြန်[10]ခဲ့သည်။
၂၀၁၉ ခုနှစ်ဖေဖော်ဝါရီလတွင် လားရှိုး၌ TWO၏ သတ္တမအကြိမ် ညီလာခံ[11]အားလားရှိုးမြို့တွင် ပြုလုပ်ကာ တိုင်းရင်းသားများ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်တန်းတူရေးတို့အတွက် ပူးပေါင်းလုပ်ဆောင်ခြင်းများ ဆောင်ရွက်မည်ဟု ဆုံးဖြတ်ခဲ့သည်။၂၀၁၉ ခုနှစ် မတ်လတွင် တိုက်ပွဲများအတွင်း အပြစ်မဲ့ပြည်သူများဖမ်းဆီးနှိပ်စက်ခြင်းများ ရပ်တန့်ရေးနှင့် NCA လက်မှတ်ထိုးထားသည့်RCSS တပ်ဖွဲ့အနေဖြင့်စာချုပ်ပါ အချက်အလက်များအား လိုက်နာရန်[12]အတွက်ဆန္ဒဖော်ထုတ်မှုများ ရှိလာရာ၌လည်း TWO အဖွဲ့ ပါဝင်ခဲ့သည်။
TWO သည်လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma) ကွန်ရက်အဖွဲ့ဝင်ဖြစ်ကာ အပစ်အခတ်ရပ်စဲထားသည့် ဒေသများရှိ လူ့အခွင့်အရေးအခြေအနေနှင့် ပတ်သက်၍"ယုံကြည်မှုတည်ဆောက်ခြင်းကို ထိပါးလာခြင်း"[13]အမည်ဖြင့် ၂၀၁၉ ခုနှစ် ဇူလိုင် ၂၆ ရက်တွင် ထုတ်ပြန်ထားသေးသည်။ တစ်ဖက်တွင် TWO ဒေသတွင်းဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက် သေဆုံးမှုများ၊ဖမ်းဆီးချုပ်နှောင်ခံရမှု များ၊ မိုင်းပေါက်ကွဲမှု ဖြစ်စဉ်များ၊စစ်ရှောင်ပြည်သူအခြေအနေများအား မှတ်တမ်းတင်ကာ ထုတ်ပြန်ပေးခဲ့သည်။ တစ်ဖက်တွင်အခြားသော အရပ်ဖက်အဖွဲ့အစည်းများနှင့် စုပေါင်းကာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင်"အပြောလျှော့ပြီး အလုပ် ပိုလုပ်ပါ" - မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် စွမ်းဆောင်ရည်အား သုံးသပ်ခြင်း[14]အစီရင်ခံစာအား ထုတ်ပြန်ခဲ့သည်။
နိုင်ငံအတွင်းကိုဗစ်ကူးစက်မြန် ရောဂါ ဖြစ်ပွားချိန်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာသတိပေးချက်များအား တအာင်းဘာသာစကားဖြင့် ဒေသတွင်းဖြန့်ဝေပေးခဲ့သည်။ ထို့ပြင် ကိုဗစ်ကာလအတွင်း မြန်မာစစ်တပ်အနေဖြင့်ကမ္ဘာလုံးဆိုင်ရာ (အကြွင်းမဲ့) အပစ်အခတ်ရပ်စဲရေးကို လိုက်နာကာတိုက်ခိုက်မှုများအား ချက်ချင်းရပ်စဲရန်[15] ND-Burma နှင့်အတူ ၂၀၂၀ ခုနှစ် ဧပြီ ၁၀ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ TWO သည်ယင်းကာလအတွင်း အသွားအလာ ကန့်သတ်ခံထားရသည့် ဒေသများ၌ အရေးပေါ် လိုအပ်သည့်အစားအသောက်နှင့် ဆေးဝါးအကူအညီများအား ပေးအပ်ခဲ့သည်။
၂၀၂၀ရွေးကောက်ပွဲကာလတွင် ကိုယ်စားလှယ်လောင်းတစ်ဦး အသုံးပြုသည့် အမှတ်တံဆိပ်သည် တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ အမှတ်တံဆိပ် (Logo) နှင့် ဆင်တူရိုးမှား ဖြစ်နေသဖြင့် ၎င်းသည် TWO ၏အမှတ်တံဆိပ်မဟုတ်ကြောင်း[16]ထုတ်ပြန်ကြေညာသည်။ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတရန် အရေးကြီး ကာမဲဆန္ဒရှင်များ လုံခြုံ လွတ်လပ်စွာ ဆန္ဒမဲပေးရန်အတွက် စစ်ပွဲများ ရပ်တန့်ရန်လိုအပ်ကြောင်း[17]အဖွဲ့ တည် ထောင်သည့် နှစ် ၂၀ ပြည့် သဘောထားထုတ်ပြန်ချက်များ ၂၀၂၀ ခုနှစ်အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားမှုနှင့် ပတ်သက်၍ တစုံတရာထုတ်ပြန်ကြေညာခဲ့ခြင်းမရှိသော်လည်း TWO သည် ဒေသတွင်းပြည်သူများအတွက် ကူညီကယ်ဆယ်၊ထောက်ပံ့ရေးလုပ်ငန်းစဉ်များ၊ သင်တန်းပေးခြင်းများအား ဆက်လက်လုပ်ဆောင်ခဲ့သည်။ ၂၀၂၂ခုနှစ် မတ်လတွင် တအာင်း (ပလောင်) အမျိုးသားပါတီဥက္ကဌ မိုင်းနုမ်ဟန်နှင့် ဇနီး၊ခုနစ်လသားအရွယ် သမီးငယ်အား RCSS/SSAက သတ်ဖြတ်ခဲ့မှုအတွက် တအာင်းပြည်သူ လူထုအား ဝန်ချတောင်းပန်ရန်နှင့်တရားမျှတမှု ရှာဖွေပေးရန် အရပ်ဘက်အဖွဲ့အစည်း ၇၁ ဖွဲ့နှင့်အတူ တောင်းဆို[18]ခဲ့သည်။ အေက်တိုဘာ ၂၅ ရက်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အနန့်ပါကျေးရွာအားအကြမ်းဖက်စစ်အုပ်စုက လေကြောင်းသုံး တိုက်ခိုက်ခဲ့မှု ဖြစ်စဉ်သည်ဂျနီဗာကွန်ဗန်းရှင်းအား ချိုးဖောက်ကာ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ခြင်းဖြစ်ကြောင်း[19]တအာင်းအရပ်ဘက်အဖွဲ့အစည်းများ (TSO)အနေဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ TWO သည် အာဏာသိမ်းမှု ကာလအတွင်း အမျိုးသမီးများကို အ ခြေခံသည့်လှုပ်ရှားမှုများ၊ စစ်ရှောင်ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ အကြမ်းဖက်မှုနှင့်စစ်ရေးပဋိပက္ခ အခြေအနေများအား ဆက်တိုက်လုပ်ဆောင်၊ မှတ်တမ်းတင်ခြင်းဆောင်ရွက်ခဲ့သည်။
အကြမ်းဖက်စစ်အုပ်စုကလေကြောင်းသုံး၍ အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်မှုနများနှင့် ပတ်သက်၍ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် (အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့) တွင် သဘောထားထုတ်ပြန်ချက် ၄/၂၀၂၂[20]ကို ထုတ်ပြန်ကာ စစ်အုပ်စုအား အသိအမှတ်မပြုဘဲ ပိတ်ဆို့ရေး၊ လေယာဉ်ဆီတင်သွင်းမှုရပ်တန့်ပေးရေးများအား နိုင်ငံတကာသို့ တောင်းဆိုခဲ့သည်။
၂၀၂၃ ခုနှစ်ဇန်နဝါရီ ၁၆ ရက်တွင် အကြမ်းဖက်ခံရသည့် အမျိုးသမီးများနှင့် ကလေးများအတွက်တအာင်းအမျိုးသမီးထံ ရယူတောင်းခံနိုင်သည့် ဝန်ဆောင်မှု ငါးခု[21]အားထုတ်ပြန်ကြေညာပေးခဲ့သည်။
အဖွဲ့၏နဝမအကြိမ် ညီလာခံအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၀ – ၁၂ ရက်အထိတအောင်းဒေသ လွတ်မြောက် နယ်မြေတစ်ခု၌ ပြုလုပ်ပြီးနောက် အာဏာရှင်စနစ်အမြစ်ပြတ်သုဉ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပေါ်ထွန်းရေးအ တွက် ကြိုးပမ်းနေသည့်တော်လှန်ရေးအင်အားစုအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်းအလုပ်အမှုဆောင်ကော်မတီက ထုတ်ပြန်[22]ကြေညာခဲ့သည်။
အောက်တိုဘာ ၁၄ရက်တွင် အဖွဲ့တည်ထောင်မှု ၂၃ နှစ်ပြည့်အဖြစ် ထုတ်ပြန်သည့် ၂/၂၀၂၃[23]တွင် TWO သည်နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများနှင့် နည်းမျိုးစုံပါဝင်လှုပ်ရှားခဲ့ကာ ဖက်ဒရယ်စနစ် ထွန်းကားရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက်တော်လှန်တိုက်ပွဲဝင်မည်ဟု ကြေညာခဲ့သည်။ တစ်ဖက်တွင် စစ်ရှောင်ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား စခန်းများဖွင့်၍ ကူညီလုပ်ဆောင်သည့်အပြင် အ ကြမ်းဖက်စစ်အုပ်စုကကွမ်းလုံ၊ ပန်ဆိုင်း (ကြူကုတ်)၊ နမ့်ခမ်း၊ နမ့်ဖက်ကာ၊ ကွတ်ခိုင်၊ သိန္နီ၊ နမ္မတူ၊လားရှိုး၊ နောင်ချိုမြို့များတွင် လက်နက်ကြီးနှင့် လေကြောင်းသုံးတိုက်ခိုက်မှုများကြောင့် အရပ်သားများ သေဆုံး ထိခိုက်မှု၊ နေအိမ်များထိခိုက်ပျက်စီး ဆုံးရှုံးရမှုများ[24]အားမှတ်တမ်းတင် ထုတ်ပြန်ခဲ့သည်။ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ဖော်ဆောင်သည့် ၁၀:၂၇စစ်ဆင်ရေးနောက်ပိုင်း တအာင်းတိုင်းရင်းသားအများစု နေထိုင်သည့် ရှမ်းမြောက်ဒေသတွင်စစ်ရေးပဋိပက္ခ နောက်ဆက်တွဲ အရပ်သားသေဆုံးမှု၊ ထိခိုက်မှုများအပြင်မြေမြုပ်မိုင်းများကြောင့် ထိခိုက်ရမှုများကိုလည်း နိုင်ငံတကာနှင့် ပြည်တွင်းရှိပြည်သူများ သိရှိစေရန် ထုတ်ပြန်ခဲ့သည်။
TWO သည် အဖွဲ့၏လှုပ်ရှားမှုများအား ဘာသာရေးနှင့် လူမှုရေးဆိုင်ရာ အဆောက်အအုံများ၌စစ်ရှောင်များအား ကူညီခြင်း၊ ဆေးဝါးကုသခြင်းများ ပြုလုပ်ပေးရာ ၂၀၂၄ ခုနှစ်ဇန်နဝါရီ ၃ ရက်က ရှမ်းမြောက်ဒေသ၊ လားရှိုးခရိုင်၊ သိန္ဒီမြို့နယ်၊ကျောက်ခမ်းဘုန်းကြီးကျောင်းအား အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ တိုက်ခိုက်ခဲ့မှုကြောင့် ဆယ်တန်းကျောင်းသူတစ်ဦး သေဆုံးကာ ကလေးငယ်အပါအဝင် ၁၀ ဦးထိခိုက်ဒဏ်ရာရမှု ဖြစ်စဉ်[25]အားထုတ်ပြန်ပေးခဲ့သည်။ ၂၀၂၄ ခုနှစ် မတ်လတွင် "ကျား၊မ တန်းတူညီမျှမှုသည်လူတိုင်း၏ တာဝန်ဖြစ်သည်" အမည်ဖြင့် တအာင်းအမျိုး သမီးဖိုရမ် ပြုလုပ်ရာ၌ပါဝင်ခဲ့သည်။
ဧပြီ ၁၁ရက်တွင် ဟိုင်ဂင်သဘောတူစာချုပ်လက်မှတ်ထိုးပြီး နောက်ပိုင်း တိုက်ပွဲများမရှိသော်လည်း အကြမ်း ဖက်စစ်အုပ်စုက လေကြောင်းမှ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ ဖမ်းဆီးညှင်းပန်းနှိပ်စက်ခြင်း များကြောင့် ရှမ်းမြောက်ဒေသအတွင်းသေဆုံး၊ ထိခိုက်၊ ဖမ်းဆီးခံရမှု အချက်အလက်များ[26]အားထပ်မံထုတ်ပြန်ခဲ့သည်။
၂၀၂၄ ခုနှစ်ဇွန် ၆ – ၈ရက်တွင် တအာင်းအရပ်ဖက်အဖွဲ့အစည်းများ Seminar အား ပြုလုပ်ရာ ဦးဆောင်အဖွဲ့ အစည်းအနေဖြင့် TWO ပါဝင်ခဲ့သည်။ယင်း Seminarသို့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC)၊တအာင်းပြည်ပညာရေးကောင်စီ (TLEC)၊တအာင်းသဘာဝပတ်ဝန်းကျင် စောင့်ကြည့်လေ့လာရေးအဖွဲ့ (TEWG) ၊တအာင်းမီဒီယာများပါ တက်ရောက်ခဲ့သည်။ Seminar ရလဒ်အဖြစ် အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် တအာင်းဒေသအတွင်းကဏ္ဍအလိုက် လုပ်ဆောင်ရမည့် ဘုံသဘောတူညီချက်များ၊ ကွန်ရက်စုဖွဲ့မှုနှင့်ပြန်လည်ဖွဲ့ စည်းမှု၊ ရပ်တည်ချက်နှင့် ရှေ့လု်ပငန်းစဉ်များ ချမှတ်[27]နိုင်ခဲ့သည်။ထို့ပြင် ပြန်လည်စုဖွဲ့မည့် အရပ်ဖက်အဖွဲ့အ စည်းများသည်မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းများ၏ လွှမ်းမိုးမှုအောက်တွင် မရှိဘဲအမှီအခိုကင်းပြီး လွတ်လပ်မျှတသည့် အဖွဲ့အစည်းအဖြစ် တခြားတိုင်းရင်းသားများနှင့်အတူတကွ ယှဉ်တွဲနေထိုင်ရေးကို အ လေးထားမည်ဟု ထုတ်ပြန်ထားသည်။
အဖွဲ့ ပေ့ချ်
https://www.facebook.com/taangwomenorganization
ဆက်သွယ်ရန်
twotaangidrd@gmail.com
+95 9 40387 7690
လိုဂို
https://www.facebook.com/108614231688419/photos/pb.100080287531489.-2207520000/108615925021583/?type=3
[1]https://taangwomen.org/burmese/?page_id=2093
[2]https://taangwomen.org/burmese/?cat=5
[3]https://www.facebook.com/photo/?fbid=1756080584663783&set=a.1674558042816038
[4]https://www.facebook.com/photo/?fbid=1707888736149635&set=a.1707888719482970
[5]https://www.facebook.com/photo/?fbid=2002658543339318&set=a.1674558042816038
[6]https://www.facebook.com/photo/?fbid=1686572714947904&set=a.1682055232066319
[7]https://www.facebook.com/photo/?fbid=1846505628954611&set=a.1682055232066319
[8]https://www.facebook.com/photo/?fbid=1759067571031751&set=a.1674558042816038
[9]https://www.facebook.com/taangwomenorganization/posts/pfbid0M39ubZeK761aAs6anMxfBbfV8vYs1bQbBDCWoGRzkyAERSkfq4WrKh6yzZpsVUHtl
[10]https://www.facebook.com/photo?fbid=2250092308595939&set=a.1674558042816038
[11]https://www.facebook.com/taangwomenorganization/posts/pfbid06sTVNh2248XUyR5uXcGdmzkPRkJYMkhtbhQT7tP7nZWpwYsLiEKuq2VtTRCYGdA6l
[12]https://www.facebook.com/photo/?fbid=2359722070966295&set=a.1674558042816038
[13]https://www.facebook.com/photo/?fbid=2462976333974201&set=a.1674558042816038
[14]https://www.facebook.com/photo/?fbid=2592222924382874&set=a.1674558042816038
[15]https://www.facebook.com/photo/?fbid=2716527288619103&set=a.1674558042816038
[16]https://www.facebook.com/photo/?fbid=2867215310216966&set=a.1674558042816038
[17]https://scontent-sin6-4.xx.fbcdn.net/v/t1.6435-9/121509309_2896062673998896_7804762514937528717_n.jpg?_nc_cat=108&ccb=1-7&_nc_sid=5f2048&_nc_ohc=1ee25an74P8Q7kNvgG09nXb&_nc_ht=scontent-sin6-4.xx&cb_e2o_trans=t&oh=00_AYBeEnJJv35HYJVoTFNYxnrgZkm5Q295xJvcJYRO4bjZ6w&oe=669B7CDD
[18]https://scontent-sin6-2.xx.fbcdn.net/v/t39.30808-6/275298031_3327627637509062_3265742829127546873_n.jpg?_nc_cat=109&ccb=1-7&_nc_sid=5f2048&_nc_ohc=21bUR8ReuWMQ7kNvgGn3vnP&_nc_ht=scontent-sin6-2.xx&cb_e2o_trans=t&oh=00_AYCwAk3GudputOfea931ahbY1Qd7lao2bw35n3IQPlae6w&oe=6679F9CA
[19]https://www.facebook.com/taangwomenorganization/posts/pfbid0kvV5ue6ZKAf2qkEA8yGJdWLSu9w3Gsz7L14XNVdgoQUV81oJS6s1VKvruXCMLrd9l?__tn__=%2CO*F
[20]https://www.facebook.com/photo/?fbid=526680799640332&set=a.469382222036857&__tn__=%2CO*F
[21]https://scontent-sin6-3.xx.fbcdn.net/v/t39.30808-6/325726781_686914462969224_5556911283074342033_n.jpg?_nc_cat=104&ccb=1-7&_nc_sid=5f2048&_nc_ohc=NHn1Ev8YJLUQ7kNvgGYf_5G&_nc_ht=scontent-sin6-3.xx&cb_e2o_trans=t&oh=00_AYC50_kxSCsTh1mfM0R8Imsd-dOdPhaqIxjzS1OBcSY5og&oe=6679DD6A
[22]https://scontent-sin6-4.xx.fbcdn.net/v/t39.30808-6/331948147_9437556086269699_3495897855837618190_n.jpg?_nc_cat=101&ccb=1-7&_nc_sid=5f2048&_nc_ohc=QQaj5PW0L-EQ7kNvgGr5ouX&_nc_ht=scontent-sin6-4.xx&cb_e2o_trans=t&oh=00_AYDjH5xH65h4qNW0oYylRndsvKtorm8o-oZS3cUdZPxLwg&oe=6679EE4B
[23]https://www.facebook.com/photo/?fbid=734580762183667&set=a.469382215370191
[24]https://www.facebook.com/photo/?fbid=752145330427210&set=a.469382215370191
[25]https://www.facebook.com/taangwomenorganization/posts/pfbid0Sv7G9XZoKQXTCJeZM2nv6CAM8PC4cqUb9XPUcqGou4TkUg2UFiRE9auqaS8KCA2Wl
[26]https://www.facebook.com/photo/?fbid=842014468106962&set=a.469382215370191&__tn__=%2CO*F
[27]https://www.facebook.com/photo/?fbid=883014420673633&set=a.469382222036857