ဂျန်ဇီလူငယ်မျိုးဆက်တပ်တော်
ဂျန်ဇီလူငယ်မျိုးဆက်တပ်တော် (Generation Z Army)သည် ဝက်လက်မြို့နယ်တွင် အခြေပြုတည်ဆောက်ထားပြီး (၂၀၂၁) ဧပြီလနှောင်းပိုင်းမှစတင်ကာ ပေါ်ပေါက်လာခဲ့သော အညာဒေသ၏ လက်နက်ကိုင်တပ်ဖွဲ့များနည်းတူ လှုပ်ရှားပေါ်ပေါက်လာသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ စတင်ဖွဲ့စည်းစဉ်က GZ Special Task Force - Wet Let အနေဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် မပါဝင်သော Local PDF တစ်ခုအဖြစ်ရပ်တည်ခဲ့ကာ (၂၀၂၄)ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ဂျန်ဇီလူငယ်မျိုးဆက်တပ်တော် (Generation Z Army)ဟု နာမည်တရားဝင်ပြောင်းလဲလှုပ်ရှားခဲ့သည်။

ဂျန်ဇီလူငယ်မျိုးဆက်တပ်တော် (Generation Z Army)သည် တိုင်းပြည်နှင့်လူထုကောင်းကျိုးအတွက် စစ်အာဏာရှင်စနစ်နှင့်တကွ အာဏာရှင်စနစ်ဟူသမျှ တွန်းလှန်တိုက်ဖျက်၍ တိုင်းရင်းသားအားလုံး သာတူညီမျှမှုရှိသည့် နိုင်ငံတော်သစ်ထူထောင်နိုင်ရေးအတွက် အရေးကြီးသည် ယုံကြည်ထားသည်။ ထို့အပြင် တိုင်းရင်းသားအင်အားစုများကြိုးစားသည့်နည်းတူ အညာဒေသတွင်လည်း စစ်အာဏာရှင်အား တိုက်ခိုက်နေကြသည့် တော်လှန်ရေးအဖွဲ့များ ပေါင်းစည်းနိုင်ကြလျှင် ခိုင်မာအားကောင်းသော မဟာမိတ်တပ်ပေါင်းစုကြီးဖြစ်လာကာ ရန်သူကို ထိရောက်စွာ တိုက်ခိုက်အောင်မြင်နိုင်လိမ့်မည်ဟူသော တပ်ပေါင်းစု ယုံကြည်ချက်ရှိကြောင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)နှင့်အတူ ထုတ်ပြန်သော အညာဒေသ မဟာမိတ်ညီနောင် ကြေညာချက်စာတမ်းတွင် ဖော်ပြထားသည်။
ဂျန်ဇီလူငယ်မျိုးဆက်တပ်တော် (Generation Z Army)သည် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)နှင့် ၂၀၂၄ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့တွင် အညာဒေသမဟာမိတ်ညီနောင်များအဖြစ် ကြေညာကာတပ်ပေါင်းစုတစ်ခုအဖြစ် ဖော်ဆောင်ထားပြီး နှစ်ဖက်အကြီးအကဲများ ပူးပေါင်းကာ Joint Command Council (JCC) ကိုလည်း ဖွဲ့စည်းထားသည်။ ထုတ်ပြန်ချက်တွင် အချက် (၁၂)ချက်ပါဝင်ပြီး နှစ်ဖက်အင်အားစု တပ်ဖွဲ့ဝင်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ဖော်ပြထားသည်။ ဂျန်ဇီလူငယ်မျိုးဆက်တပ်တော် (Generation Z Army)သည် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် နှင့်အတူ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ(၁၁)ရက်နေ့တွင် ပုလဲမြို့သိမ်းစစ်ဆင်ရေးကို ဆင်နွှဲခဲ့ပြီး နိုဝင်ဘာလ (၁၃)ရက်နေ့တွင် ပုလဲမြို့နယ်ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့အားဝင်ရောက် သိမ်းပိုက်နိုင်ခဲ့ပြီး ပုလဲမြို့အား ယာယီထိိန်းချုပ်နိုင်ခဲ့သည်။ သို့သော် မြန်မာစစ်တပ်၏ အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှုများကြောင့် နိုဝင်ဘာလ (၁၄)ရက်နေ့ ညနေပိုင်းတွင် ပုလဲမြို့ပေါ်မှ ပြန်လည်ဆုတ်ခွာပေးခဲ့ရသည်။
ဂျန်ဇီလူငယ်မျိုးဆက်တပ်တော် (Generation Z Army)သည် ဒေသတွင်းရှိ Local PDFများ၊ Chin Brotherhoodတို့နှင့်လည်း နီးကပ်သည့်ဆက်ဆံရေးရှိကာ အပြန်အလှန်သဝဏ်လွှာများ ပေးပို့မှုများရှိသည်။ ထို့အပြင် အာရက္ခတပ်တော် (Arakan Army) နှင့် ဆက်ဆံရေးရှိကာ အာရက္ခတပ်တော် (AA)၏ ၁၀၂၇ စစ်ဆင်ရေး၏ ရခိုင်ပြည်နယ်အတွင်း စစ်ရေးဖော်ဆောင်မှုများတွင် ပါဝင်တိုက်ခိုက်လျက်ရှိသည်။ (၂၀၂၄)ခုနှစ် ဖေဖော်ဝါရီ ၇ ရက်၊ ၈ ရက်အတွင်း ဖြစ်ပွားခဲ့သည့် ရက္ခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီးတိုက်ပွဲတွင် အာရက္ခတပ်တော် (AA)နှင့်အတူ Generation Z Army ပါဝင်ခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာ စစ်သင်္ဘော ၂ စီး၊ ဇက်သင်္ဘော ၁ စီး သိမ်းပိုက်နိုင်ခဲ့သည်ဟု မြေလတ်အသံတွင် ဖော်ပြထားသည်။