အဖွဲ့အစည်းများ

မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့

MTC/MDFလက်နက်ကိုင်တော်လှန်ရေး

အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်မှုများ မျိုးနွယ်စုနှင့် နယ်မြေဒေသအရ ကာကွယ်ရန် Chinland Defense Force –Mara (CDF-Mara) ကို ရည်ရွယ်ချက် လေးရပ်ဖြင့် ၂၀၂၁ ခုနှစ် မေ ၂၇ ရက်တွင်စတင်ဖွဲ့စည်း[1]သည်။စက်တင်ဘာ ၁၀ ရက်တွင် ကြေညာချက်အမှတ် ၂/၂၀၂၁[2]ဖြင့် မရာဒေသ စိုးမိုးနယ်မြေများအတွင်း အခြားညီနောင် မဟာမိတ်တပ်ဖွဲ့နှင့်တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် ဒေသတွင်းဖြတ်သန်း မှု၊ကုန်စည်သယ်ဆောင်မှုများအား CDF-Maraသို့ အကြောင်းကြားပြီးမှသာ ဖြတ်သန်းရန်၊ အသိအမှတ်မပြု သည့် အဖွဲ့အစည်းများ၏ချိတ်ဆက်လုပ်ကိုင်မှု၊ ကိုယ်ကျိုးစီးပွားရှာမှုများအား အပြင်းအထန် အရေးယူမည်ဖြစ်ကာ ကုန်စည်များကိုလည်း သိမ်းဆည်းမည်ဟု ဖော်ပြထားသည်။

စက်တင်ဘာ ၁၁ရက်တွင် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ မရာနယ်မြေဒေသ (Sawhmo Bia) ရှိပြည်သူများလိုက်နာရမည့် အချက်ငါးချက်[3]အားထုတ်ပြန်ကာ အကြမ်းဖက်စစ်အုပ်စုနှင့် တိုက်ရိုက်သက်ဆိုင်သည့် အချက်နှစ်ချက်ပါဝင်သည်။ အောက်တိုဘာ ၁၇ ရက်တွင် CDF – Matupi ၊ CDF - Zotung တို့နှင့် စစ်ရေးကိစ္စ များ ပူးပေါင်းဆောင်ရွက်[4]မည်ဟုကြေညာသည်။

၂၀၂၂ ခုနှစ်၊ဇန်နဝါရီလ ၂၉-၃၀ ရက်နေ့တွင် ပထမအကြိမ် မရာပြည်သူ့ညီလာခံ (The First Mara People's Congress) အားမရာကျေးရွာပေါင်း ၄၄ ရွာမှ ကိုယ်စားလှယ်များအပြင် တော်လှန်ရေးအင်အားစုများ၊ လေ့လာသူ စုစုပေါင်း ၂၇၅ ဦးဖြင့် အိန္ဒိယ-မြန်မာနယ်စပ်တွင် ပြုလုပ်သည်။ ယင်းညီလာခံမှမရာပဋိညာဉ် (MaraCharter) ၊ ကြားကာလဥပဒေပြုအဖွဲ့အဖြစ် မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ(InterimMara Administrative Territorial Council – MATC) ကိုဖွဲ့စည်းသည်။ ကောင်စီလုပ်ငန်းများ ဆောင်ရွက်ရန် အလုပ်အမှုဆောင်စီမံအုပ်ချုပ်ရေးကော်မတီအဖွဲ့[5]ဝင်များကိုဥက္ကဌ၊ စီနီယာဥက္ကဌတို့ ဦးဆောင်ကာ ၁၅ ဦးဖြင့် ဖွဲ့စည်းကာ ဌာန ၁၁ ခုကိုလည်းတည်ထောင်သည်။

ထို့ပြင် CDF – Mara နှင့် Mara Army တပ်ဖွဲ့နှစ်ခုအားမရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MaralandDefense Force – MDF) အဖြစ် တိုးမြှင့်ဖွဲ့စည်းကာ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီနယ်မြေအတွင်း မည်သည့်လက် နက်ကိုင်အဖွဲ့အစည်းမှဖွဲ့စည်းခွင့်မပေးကြောင်း ပထမအကြိမ် မရာပြည်သူ့ညီလာခံ ထုတ်ပြန်ကြေညာချက်၌ပါရှိသည်။ MDFအား ဗဟိုစစ်ကွပ်ကဲရေးအဖွဲ့က ဦးဆောင်သည်။ အလားတူ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ - CRPHက ထုတ်ပြန်ကြေညာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) နှင့် (၂)ကိုလည်း အသိအမှတ်ပြုကြောင်း ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်စက်တင်ဘာ ၃၀ ရက်တွင် ချင်းပြည်နယ်တွင်း မြို့နယ်နှင့် ဒေသအလိုက် ဖွဲ့စည်းထားသည့် CDF တပ်ဖွဲ့များ၊ချင်းအမျိုးသားတပ်ဦး (CNF)တို့နှင့်အတူ MPC/CDF– Mara က ChinlandJoint Defense Committee (CJDC) ဖွဲ့စည်းမှု[6]၌ပါဝင်ခဲ့သည်။ ဒီဇင်ဘာ ၁၁ ရက်တွင် CJDC တွင်ပါဝင်သည့် PDF-Zoland ခေါင်းဆောင် Pu Cin Sian Sum အားအိန္ဒိယနိုင်ငံ၊ မဏိပူရ်အခြေစိုက် Zomi Revolutionary Army (ZRA) က ဒီဇင်ဘာ ၅ရက်တွင် လုပ်ကြံသတ်ဖြတ်မှု[7]အားအပြင်းအထန် ကန့်ကွက်ကြောင်း CJDCအနေဖြင့် ထုတ်ပြန် သည်။

၂၀၂၂ ခုနှစ်ဇန်နဝါရီ ၁၅ ရက်တွင် သတင်းထုတ်ပြန်ချက် ၂/၂၀၂၂[8]ကို ထုတ်ပြန်ရာ ချင်းလူငယ်များအနေဖြင့် မိမိရပ်ရွာအား ကာကွယ်ရမည့်အချိန်ဖြစ်ကာစစ်ရှောင်များနှင့်အတူ ရောနှော၍ နယ်စပ်သို့ ထွက်ပြေးလာသည့် လူငယ်နှင့်လူလတ်ပိုင်းများအား CDF-Maraနယ်မြေအတွင်းမှ လုံးဝဖြတ်သန်းခွင့် မပြုကြောင်း၊ ကြိုတင်အ ကြောင်းကြားမှုမရှိသည့်မည်သည့်ဖြတ်သန်းမှုမျိုးကိုမဆို တားဆီးမည်ဟု ပါရှိသည်။

ဖေဖော်ဝါရီ ၈ရက်တွင် ပထမအကြိမ် မရာပြည်သူ့ညီလာခံဆုံးဖြတ်ချက်အရ CDF – Mara အား Maraland Defense Force(MDF) သို့ ပြောင်းလဲသည့်အတွက် ဖေဖော်ဝါရီ ၉ ရက်မှ စ၍အဖွဲ့လူမှုကွန်ရက်စာမျက်နှာကို လည်း MDF အဖြစ် ပြောင်းလဲအသုံးပြု[9]မည်ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့သည်။

စည်းရုံးရေးဆင်းရန်အတွက်မတ် ၂၅ ရက်က MDFဦးစီးချုပ် အဖွဲ့ဝင်များက Sawhmoတောင်ကြောသို့ သွား ရောက်စဉ် ငဖိုင်သဲကျေးရွာတွင် CDF - Mara ဘက်မှတားမြစ်မှုများ ရှိကြောင်း၊ ယင်းညနေပိုင်းတွင် ငဖိုင်သဲ ရွာ စာသင်ကျောင်း၌အစည်းအဝေးပြုလုပ်စဉ် CDF– Mara တပ်ဖွဲ့ဝင်များက လုံခြုံရေးယူထားသည့် MDF တပ်ဖွဲ့ဝင်များထံမှလက်နက်အား လုယက်ရာမှ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွား[10]ခဲ့သည်။ယင်းကိစ္စနှင့်ပတ်သက်၍ လွတ်လပ်၍ ဘက်မလိုက်သော စုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းရန်MATC/MDF ဘက်မှ CDF – Mara (Sawhmo) အားကမ်းလှမ်းခဲ့သော်လည်း မလာရောက်သည့်အတွက် ထပ်မံဖိတ်ခေါ်ကြောင်း၊ မရာလူထုနှင့်တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား အထင်အမြင်လွဲစေရေး လုပ်ဆောင်မှုများမလုပ်ကြရန် မတ် ၃၀ ရက်တွင် MATCဘက်မှ ထပ်မံထုတ်ပြန်[11]ခဲ့သည်။

မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MATC)ပထမအကြိမ် ကောင်စီအစည်းအဝေးအား ၂၀၂၂ ခုနှစ် ဧပြီ ၂၀-၂၂ ရက် (သုံးရက်တာ)ပြုလုပ်သည်။ ယင်းညီလာခံ၌ ဒေသန္တရ စီမံအုပ်ချုပ်ရေး အက်ဥပဒေ (၂၀၂၂)၊ ပညာရေး အက်ဥပဒေ(၂၀၂၂)၊ ကာကွယ်ရေးအက်ဥပဒေ (၂၀၂၂)၊ ဘဏ္ဍာရေးဆိုင်ရာ တာဝန်ဝတ္တရားများနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုအက်ဥပဒေ (၂၀၂၂) တို့အား အတည်ပြု[12]သည်။ယခင် MPC/CDF– Mara အမည်ဖြင့်ပါဝင်ကာ မရာပြည်သူ့ညီလာခံအရ MATC/MDF အဖြစ်ဖြင့်CJDC ထူထောင်ရာ၌ပါဝင်ကာ  အဖွဲ့တွင် စည်းရုံးရေးမှူးအဖြစ်တာဝန်ယူထားသော်လည်း အဖွဲ့ကိုယ်စားလှယ်အား အကြောင်းမဲ့ တာဝန်မှ ရပ်စဲခြင်း၊ CJDC ပုံမှန်အစည်းအဝေးများသို့ ကိုယ်စားလှယ် တက်ရောက်ခွင့် ပိတ်ပင်ခြင်းများ ရှိသည့်အတွက်ချင်းတစ်မျိုးသားလုံး သွေးစည်း ညီညွတ်ရေး ထိခိုက်လာမည်ကို စိုးရိမ်ကြောင်းလည်း MATC အစည်းအဝေးကထုတ်ပြန်သည်။

ပြည်တွင်းမှအိုးအိမ်စွန့်ခွာကာ အိန္ဒိယနိုင်ငံ မရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘက်သို့ခိုလှုံလာရာ၍ အိန္ဒိယအစိုးရက တားမြစ်ထားသည့် အရက်၊ မူးယစ်ဆေးဝါးနှင့်အခြားတရားမဝင် ကုန်ပစ္စည်းများ သယ်ယူ[13]နေကြရာမေ ၁ရက်မှစ၍ နယ်စပ်ဂိတ်များဖြစ်သည့် Siasi, Chapi, Zyhno, Laki, Khaikhy, Lobo, Naotla နှင့် Iana နယ်စပ်ဂိတ်များတွင်၂၄ နာရီ စစ်ဆေးရေးဂိတ်များ ဖွင့်ကာ စစ်ဆေးမည် ဖြစ်ကြောင်း မရာလူငယ်အဖွဲ့ (MTP) နှင့်မရာကျောင်းသားအဖွဲ့ (MSO)တို့က ဧပြီ ၂၇ ရက်တွင် ကြေညာချက်ထုတ်ခဲ့သည်။

MATC သည် မေ ၂၆ရက်တွင် InterimKhumi Affairs Coordination Council (IKACC) နှင့် ပဏာမတွေ့ဆုံခဲ့ ကာ အချက် ခြောက်ချက်ပါ သဘောထားများ[14]အားပူးတွဲထုတ်ပြန်သည်။ ယင်းကာလအတွင်း MDF နှင့် CDF– Mara တို့အကြား သဘောထား မတိုက်ဆိုင်မှုများကြောင့်ပစ်ခတ်မှုအချို့ ရှိ[15]ခဲ့သည်။MATC သည်ဇွန် ၂၄ ရက်တွင် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် အလွတ်သဘောတွေ့ဆုံကာ အချက်သုံးချက်အား သ ဘောတူညီချက်အဖြစ် ထုတ်ပြန်[16]သည်။

ဇူလိုင် ၇ရက်တွင် MATC၏ အာ ဏာဖီဆန်ရေးလှုပ်ရှားမှုကော်မတီ (Civil Disobedience MovementCommittee – CDMC[17]) ကိုတရားဝင် ဖွဲ့စည်းသည်။ CDF– Mara နှင့်အကြား သဘောထားမတိုက်ဆိုင်မှုများ၊ လက်နက်ပါဝင်သည့်အငြင်းပွားမှုများ ရှိလာပြီးနောက် စက်တင်ဘာ ၁ ရက်တွင် "CDF – Mara အမည်ခံလက် နက်ကိုင်လူတစ်စုမှ မရာနယ်မြေအတွင်း ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့်ကျူးလွန်နေသည့်လုပ်ရပ်များနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက်" [18]အားMATC ကထုတ်ပြန်သည်။ ယင်းထုတ်ပြန်ချက်၌ အငြင်းပွားမှုနှင့် အကြမ်းဖက်မှု ဖြစ်စဉ် ၁၀ကိုလည်း ထည့်သွင်းဖော်ပြထားသည်။

MATC ဒုတိယအကြိမ်ကောင်စီအစည်းအဝေးအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၃ နှင့် ၂၄ ရက်တွင် အွန်လိုင်းအခြေပြုနှင့် စက်တင်ဘာ ၂၉ နှင့် ၃၀ ရက်တို့တွင် မျက်နှာစုံညီပုံစံဖြင့် MDF စစ်ဌာနချုပ်တို့တွင်ပြုလုပ်သည်။ ကောင်စီအစည်းအဝေး၌ ဥပဒေမူကြမ်းနှစ်ခုအား တင်သွင်းကာချင်းအမျိုးသားစည်းလုံးညီညွတ်မှု တည် ဆောက်ရေးမူနှင့် ပတ်သက်၍တိုင်းရင်းသားတစ်ရပ်လုံး၏ သွေးစည်းညီညွတ်မှုသည် မျိုးနွယ်စုများ၏ စည်း လုံးညီညွတ်ရေး၊ အပြန်အလှန်လေးစားမှုနှင့် အသိအမှတ်ပြုမှုအပေါ် အဓိက မှီတည်သည်ဟုသုံးသပ်ထုတ်ပြန်[19]ခဲ့သည်။

CDF – Mara သည် ၂၀၂၂ခုနှစ် ဇွန် ၂၃ နှင့် ၂၄ ရက်တို့တွင် အကြမ်းဖက်စစ်အုပ်စုအား ပူးပေါင်းခုခံရေးအတွက်ချင်းကာကွယ်ရေးတပ်ဖွဲ့များ ဖြစ်သည့် CDF – Zotung ၊ Zophei ၊ Lautu ၊ Sengthang တို့နှင့်အတူZZLMS မဟာမိတ်တပ်ပေါင်းစု[20]အားဖွဲ့စည်းသည်။

ZZLMS က အောက်တိုဘာ ၇ရက်တွင် "MDFနှင့် CDF– Mara တို့ အတွင်းရေးကိစ္စအား ထဲထဲဝင်ဝင် ပါဝင်ဖြေရှင်းသွားမည်" ဟု ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်နှင့် ပတ်သက်၍အချင်းချင်းအကြား မျက်နှာချင်း ဆိုင် ငြိမ်းချမ်းစွာ ဖြေရှင်းရေးကြိုးပမ်းမှုများအားလုံး ပျက်စီးသွားကြောင်း၊ လူမျိုးအတွင်း ဖြစ်ပွားသည့်ကိစ္စရပ်များအား မြေပြင်အခြေအနေနှင့် ပြဿနာအရင်းအမြစ်များအား မသိရှိဘဲဝင်စွက်ဖက်ခြင်း၊ တွန်းအားပေး လှုံ့ဆော်ခြင်း၊ ဖိအားပေးခြင်း လုံးဝမပြုလုပ်ရန် MATC ကအောက်တိုဘာ ၉ ရက်တွင် ထုတ်ပြန်ချက်အမှတ် ၈/၂၀၂၂ [21]ဖြင့်တုံ့ပြန်ခဲ့သည်။ ထို့ပြင် ZZLMSပါဝင်မှုကြောင့် ငဖိုင်ပီးရွာအတွင်း ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်များကိုလည်း ၉/၂၀၂၂[22]ဖြင့် ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၁၅ရက်တွင် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနှင့် စစ်သေနာပတိချုပ်ဖြစ်သူပေါလ်စီးထာ[23]အစာအိမ်ရောဂါဖြင့် ကွယ်လွန်သည်။ အောက်တိုဘာ ၂၈ နှင့် ၂၉ ရက်တွင် MATC ၏အရေးပေါ်ကောင်စီ အစည်းအဝေး[24]ကျင်းပကာလစ်လပ်ဥက္ကဋ္ဌ အစားထိုးခြင်း၊ MaraUnity Frame မူဘောင် ရေးဆွဲကာ MATC Peace Commission ဖွဲ့စည်းခြင်းတို့လုပ်ဆောင်ခဲ့သည်။ နိုဝင်ဘာ ၂ ရက်တွင် MATC စိုးမိုးသည့် စပေါ်ကျေး ရွာ မရာလူငယ်အသင်းအကြံပေးဦးဆိုင်းမှိုအား CDF-Lautuမှ သြဂုတ် ၇ နှင့် နိုဝင်ဘာ ၉ ရက်တို့တွင် နှစ်ကြိမ် တိုင် ဖမ်းဆီးပြီးနောက်အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်းဟားခရိုင်၊ ကျပီးကျေးရွာအနီး ဘွေနူးမြစ်(ကုလား တန်မြစ်) ၌ အလောင်းစွန့်ပစ်ထားမှုနှင့် ပတ်သက်၍ အဆုံးထိတိုင် ထိရောက်သောအရေးယူမှုများ မဖြစ်မနေ ပြုလုပ်မည်ဟု ၁၀/၂၀၂၂[25]ဖြင့် ထုတ်ပြန်ကြေညာသည်။

ဒီဇင်ဘာ ၃ မှ ၆ရက်အထိ MATCတတိယအကြိမ် ကောင်စီအစည်းအဝေးပြုလုပ်ကာ ဥပဒေမူကြမ်း ငါးခု[26]အားဆွေးနွေးအတည်ပြု ပြဌာန်းသည်။

ဒုတိယအကြိမ်မရာပြည်သူ့ညီလာခံ (TheSecond Mara People’s Congress) ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၅ မှ ၂၈ ရက်အထိ တက်ရောက်သူ ၂၄၆ဦးဖြင့် ပြုလုပ်ခဲ့ကာ MATCအား ဌာနကိုးခု[27]ဖြင့်ပြန်လည်ပြင်ဆင်ဖွဲ့စည်း သည်။ ညီလာခံ၌ပင် ကြားကာလဥပဒေပြုအဖွဲ့အဖြစ် MATC အား"မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ - Maraland Territorial Council – MTC) သို့အမည်ပြောင်းလဲ[28]သည့်အပြင်စစ်အုပ်စုက ကျင်းပရန် ပြင်ဆင်နေ သည့် ရွေးကောက်ပွဲအား အယုံအကြည် မရှိကြောင်းမှတ်တမ်းတင်သည်။

ဧပြီ ၂၄ရက်တွင် အသိပေးထုတ်ပြန်ချက် အမှတ် (၃/၂၀၂၃)[29]အား MTC ကထုတ်ပြန်ပြီး အရေးပေါ်အစည်းအ ဝေးထုတ်ပြန်ချက် (၄/၂၀၂၂) အရမရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF)ခွင့်ပြုချက်မရဘဲ မရာနယ် မြေအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့မှဝင်ရောက်မလှုပ်ရှားရန်၊ အုပ်ချုပ်ရေးယန္တရားအား အဟန့်အတား မပြုလုပ်ရန်၊မရာလူမျိုးအချင်းချင်းအကြား စည်းလုံးညီညွတ်မှု ပျက်ပြားစေခြင်း မပြုလုပ်ရန်၊မရာလဲလန်း ကာကွယ်ရေးတပ်ဖွဲ့ (MDF)မှအပ အခြားသောလက်နက်ကိုင်အဖွဲ့များ ထုတ်ပြန်သည့်နေ့မှစ၍ မရာနယ်မြေ အတွင်းမှချက်ချင်းဆုတ်ခွာပေးရန် ပါရှိသည်။

ဒုတိယအကြိမ်မရာပြည်သူ့ညီလာခံသက်တမ်း၊ ပထမအကြိမ် ပုံမှန်ကောင်စီအစည်းအဝေးအား ဇူလိုင် ၂၁ မှ ၂၄ရက်အထိ ပြုလုပ်ကာ ၅၅ ဦး တက်ရောက်သည်။ အစည်းအဝေး၌ Mara Unity Frame နှင့်ကော်မရှင်အား ပြန်လည်ဖွဲ့စည်းခြင်း၊ ဥပဒေကြမ်းများ ဖြစ်သည့် မရာလဲန်းကာကွယ်ရေး၊ဒေသန္တရအုပ်ချုပ်ရေး၊ တရားစီရင် ရေးအက်ဥပဒေများအား ဆွေးနွေးအတည်ပြုခြင်း၊စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၌ မရာပြည်သူလူထုအနေဖြင့် လုံးဝပါဝင်ပတ်သက်ခြင်းမပြုရန်[30]တိုက်တွန်းခဲ့သည်။

၂၀၂၃ ခုနှစ်နိုဝင်ဘာ ၃၀ ရက်တွင် CDF(Mindat) နှင့် ပူးပေါင်း၍ အတူတကွ လက်တွဲပူးပေါင်း[31]တိုက်ပွဲဝင်မည်ဟုထုတ်ပြန်သည်။ ဒီဇင်ဘာ ၁၀ ရက်တွင် "လိုင်လင်းပီမြို့ အုပ်ချုပ်ရေးနှင့်ချင်းပြည် (Chinland)ကောင်စီ ဖွဲ့စည်းမှုအပေါ် သဘောထားထုတ်ပြန်ချက် (၆/၂၀၂၃)”[32] ကိုထုတ်ပြန်သည်။ ချင်းအမျိုးသားတပ်ဦး (CNF/CNA) နှင့် ၎င်းတို့သြဇာခံ အပေါင်းအပါများ၏ ချင်းပြည် (Chinland) ကောင်စီညီလာခံ၊ယင်းညီလာခံမှ ဖွဲ့စည်းသည့် ချင်းပြည် (Chinland) ကောင်စီနှင့် အတည်ပြုပြဌာန်းသည့်ချင်းပြည် (Chinland)ဖွဲ့စည်းပုံအ ခြေခံဥပဒေအပါအဝင် ယင်းဥပဒေအရ ဖွဲ့စည်းသည့် လွှတ်တော်၊အစိုးရနှင့် တရားလွှတ်တော်ချုပ် ဖြစ်စဉ်တစ် ခုလုံးသည် မရာမျိုးနွယ်စု၏စစ်မှန်သောဆန္ဒကို တရားဝင်ကိုယ်စားပြု ထင်ဟ်ခြင်း မရှိခြင်း၊ တော်လှန်ရေးအဖွဲ့အချို့အား ရည်ရွယ်ချက်ရှိရှိ ဖယ်ထုတ်ခြင်း၊ အစုအဖွဲ့အားလုံးလွှမ်းခြုံမပါဝင်ခြင်း၊ ဒီမိုကရေစီစံနှုန်းနှင့် သွေ ဖယ်ကာ တန်းတူညီမျှမှုကင်းမဲ့ခြင်း၊ ၎င်း၏ လက်နက်ကိုင် အဖွဲ့အအစည်း၏ ချင်းအမျိုးသားထုအပေါ် စိုးမိုးချယ်လှယ်ရေးကို ရှေ့ရှုဦးတည်ခြင်းကြောင့် အသိအမှတ်မပြုကြောင်းနှင့်မရာနယ်မြေဒေသတစ်ခုလုံးတွင် သက်ရောက်အကျုံးဝင်မှု ရှိမည် မဟုတ်ကြောင်းထုတ်ပြန်ချက်၌ ပါရှိသည်။ MTC/MDFနယ်မြေတွင်ထန်တလန်၊ မတူပီနှင့် ပလက်ဝမြို့နယ်များမှ တိုက်နယ် (၆) ခုနှင့် ကျေးရွာ (၄၉) ရွာပါဝင်သည်။ ဒီဇင်ဘာ ၁၃ ရက်တွင် မရာလုံးဆိုင်ရာ ကျေးရွာ (မြို့) နှင့်တိုက်နယ်ကော်မတီများအသင်း (VSAssociation) [33]ကကျေးရွာပေါင်းစုံ ကိုယ်စားပြု လူထုအသင်းကြီး ဆုံးဖြတ်ချက်အား ထုတ်ပြန်ရာမရာနယ်မြေအတွင်း MTCမှ အပ မည်သူမှ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းလှုပ်ရှားခြင်း မပြုလုပ်ရန်၊ Chinland ဖွဲ့စည်းပုံနှင့်ကောင်စီအား အသိအမှတ်မပြုကြောင်း၊ MTC နှင့် ပိုမိုစည်းလုံးစွာ အချိန်နှင့် တပြေးညီပူးပေါင်းလက်တွဲ ဆောင်ရွက်ရန် သဘောတူဆုံးဖြတ်ကြောင်း ပါရှိသည်။

ယင်းကာလအတွင်းအာရက္ခတပ်တော် (AA)နှင့် MDFတို့ ပူးပေါင်းစစ်ရေးဖော်ဆောင်မှု[34]များလုပ်ဆောင်နေကြောင်းလည်း MDF  ထုတ်ပြန်သည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် MDF ဗဟိုစစ်ကွပ်ကဲရေးအဖွဲ့ကမရာနယ်မြေအတွင်း အခြားလက်နက်ကိုင်အဖွဲ့များက ကြိုတင်သတိပေးခြင်းမရှိဘဲဝင်ရောက်လှုပ်ရှားခြင်း၊ တပ်စွဲခြင်းနှင့် ရန်ပြုခြင်းများ အကြိမ်ကြိမ်ကျူးလွန်မှုများ ရှိနေသည့်အတွက် မပြုလုပ်ကြရန်အတွက် နောက်ဆုံး အနေဖြင့်သတိပေးထုတ်ပြန်ကြောင်း ၂/၂၀၂၄ [35]ဖြင့်ကြေညာခဲ့သည်။

ဇန်နဝါရီ ၃၀ရက်တွင် ဇိုမီးဖက်ဒရယ်အစည်းအရုံး (Zomi Federal Union) ၊ချင်းအမျိုးသားအဖွဲ့ချုပ် (ChinNational Organization) ၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်) (Chin National Council –Mindat) တို့နှင့် "ချင်းညီနောင်" အဖွဲ့[36]အားပူးပေါင်းဖွဲ့စည်းကာ စစ်ရေး၊ နိုင်ငံရေးကိစ္စများတွင် ပူးတွဲလုပ်ဆောင်မည်[37]ဟုထုတ်ပြန်သည်။ ဖေဖော်ဝါရီ ၁ ရက်တွင် CDF – Kanpetlet တပ်ရင်း (၇) ရင်းအနက် (၅)ရင်းဖြစ်သည့် Victoria,Vakok, Tumee, Khonu, Mahuyar Battalion[38] တို့ကချင်းညီနောင်နှင့်အတူ ပူးပေါင်းမည်ဟု ကြေ ညာခဲ့သည်။

ဖေဖော်ဝါရီ ၁ရက်တွင်ပင် မရာဒေသအတွင်းသို့ ChinNational Army (CNA) နှင့် မဟာမိတ်တပ်ဖွဲ့များက ကျူးကျော်ကာ MDF တပ်စခန်းတစ်ခုအားဒရုန်းသုံး တိုက်ခိုက်နေကြောင်း၊ ထိုးစစ်ဆင်မှုအတွင်း ဒါရ်လင်းကျေးရွာမှ အပြစ်မဲ့ရွာသားလူငယ်များအား လူသားဒိုင်းအဖြစ် အသုံးပြုနေခြင်းများ ရှိကြောင်း ထုတ်ပြန်ကာမရာမျိုးနွယ်စုပြဿနာအတွင်း စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုအား ချက်ချင်းရပ်တန့်ရန်[39]ချင်းညီနောင်အဖွဲ့ အနေဖြင့် ထုတ်ပြန်သည်။ CNA နှင့်အတူမဟာမိတ်[40]အဖြစ်CDF –Paletwa, CDF – Thangtlang, CDF – Zophei, CDF – Lautu, CDF – Senthang တို့ကပါဝင်ခဲ့ခြင်း ဖြစ်သည်။

MTC က ဖေဖော်ဝါရီ၂၀ ရက်တွင် ၂/၂၀၂၄ ဖြင့် မရာနယ်မြေအတွင်း ဖြစ်ပွားနေသည့် အခြေအနေများနှင့် ပတ်သက်သည့် ချင်းညီအစ်ကို တော်လှန်ရေးအဖွဲ့အစည်းများသို့ မေတ္တာရပ်ခံ အသိပေးစာ[41]ထုတ်ပြန်ခဲ့သည်။ မရာပြည်သူ့ညီလာခံမှ ဖျက်သိမ်းထားသည့် CDF – Mara အမည်အားအလွဲသုံးစားလုပ်၍ ပြန်လည်ဖွဲ့စည်းခြင်းမှာ တရားမဝင်ကြောင်း၊ MTC/MDF ထောက်ခံသူများအပေါ်သတ်ဖြတ်ခြင်းနှင့် လူ့အခွင့်အရေးချိုး ဖောက်မှုများအား ရပ်တန့်စေရေးလုပ်ဆောင်သော်လည်း CNFနောက်ခံယူထားသည့် ယင်းအဖွဲ့က လုံးဝ လိုလားခြင်းမရှိ သည့်အတွက်ပြန်လည်ပေါင်းစည်းရေး ပျက်ပြယ်ခဲ့ကြောင်း၊ မရာနယ်မြေမှ နောက်ဆုတ်ပေးရေးနှင့်ယခုမေတ္တာရပ်ခံချက်အား ဥပက္ခာပြုပါက MTC/MDF အနေဖြင့် နောက်ဆက်တွဲကိစ္စရပ်များအား တာဝန်ယူမည်မဟုတ်ကြောင်း ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၂၄ရက်[42]တွင်CNA နှင့်မဟာမိတ်တပ်များက ပလက်ဝမြို့နယ်၊ ပထိန်တလန်တိုက်နယ်၊ ပိုက်တေကျေးရွာအနီး MDF တပ်အားကျူး ကျော်ဝင်ရောက်ရာမှ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။ မရာမျိုးနွယ်စုများအကြားဖြစ်ပွားနေသည့် ပဋိပက္ခများနှင့်ပတ်သက်၍လည်း ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ကလည်း ဖေဖော်ဝါရီ ၂၉ ရက်တွင် တိုက်တွန်းနှိုးဆော်ချက်[43]တစ်စောင် ထုတ်ပြန်ကာ ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာကြရန် တိုက်တွန်းထားသည်။ မတ်၆ ရက်တွင် CDF– Kanpetlet[44] ကလည်းချင်းညီနောင်အဖွဲ့၌ ပါဝင်ပူးပေါင်းလာခဲ့သည်။

မတ် ၃၀ ရက်တွင်အလုပ်အမှုဆောင်စီမံအုပ်ချုပ်ရေးကော်မတီ၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ - MTC ကနွေဦးတော်လှန်ရေး သုံးနှစ်တာကာလအတွင်း မရာလူမျိုးစုများ၏တော်လှန်ရေးဖြတ်သန်းမှုဖြစ်စဉ်များကို ပြုစုထားသည့် မရာအစီရင်ခံစာ (Mara Report)[45] ကိုထုတ်ပြန်သည်။

CDF – Matupi (တပ်မဟာ - ၁)ကလည်း ဧပြီ ၁၀ ရက်တွင် ချင်းညီနောင်အဖွဲ့နှင့် ပူးပေါင်း[46]သည်။ချင်းညီနောင်အဖွဲ့များနှင့်အတူPDF ၊ YDF ၊ GZA ၊ LPDF နှင့်ပူးပေါင်းကာအာရက္ခတပ်တော် အကူအညီဖြင့် ချင်းညီနောင်စစ်ဆင်ရေး (CB operation)[47] ဖြင့်ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့အား တိုက်ခိုက်ရာ ၅၄ ရက်အကြာ  ဧပြီ ၂၉ ရက်တွင် သိမ်းယူနိုင်ခဲ့သည်။ ယင်းသို့မြို့သိမ်းတိုက်ပွဲအပြီး နယ်မြေရှင်းလင်းမှု လုပ်နေစဉ် Chinland Council တပ်ဖွဲ့ဝင်များကချင်းညီနောင်တပ်ဖွဲ့များ၏ စိုးမိုးနယ်မြေများအတွင်း စစ်ရေးလှုပ်ရှားမှုများရှိလာသည့်အတွက် ဆက်လက်လုပ်ဆောင်ပါက တုံ့ပြန်တိုက်ခိုက်မည်[48]ဟုကြေညာသည်။

MTC ဒုတိယအကြိမ်ပြည်သူ့ညီလာခံ၊ ဒုတိယအကြိမ် ကောင်စီအစည်းအဝေး[49]အားဧပြီ ၃၀ ၇က်မှ မေ ၂ ရက်အထိ ICNCCကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း ၆၃ ဦးဖြင့် ပြုလုပ်သည်။ ကောင်စီအတွင်းလုပ်ငန်းရပ်များအား အတည်ပြုခြင်းများအပါအဝင် အာရက္ခတပ်တော် (AA) ၊ CNC/CDF – Mindat ၊ Chin Brotherhood ၊ ICNCC အပါအဝင်ရည်ရွယ်ချက်တူညီသည့် အင်အားစုများနှင့် လက်တွဲတိုက်ပွဲဝင်မည်ဟု ညီလာခံက ထုတ်ပြန်သည်။ ဇွန် ၁ ရက်တွင် မရာဧဝံဂေလိအသင်းတော် - MEC ငြိမ်းချမ်းရေးကော်မရှင်ကြားဝင်ညှိနှိုင်းပေးမှုဖြင့် MTC/MDFနှင့် IMC/CDF– Mara အကြား ငြိမ်းချမ်းရေးနှင့် ပေါင်းစည်းရေးသဘောတူညီချက်လက်မှတ်ရေးထိုးခြင်း အစီရင်ခံစာ တင်သွင်းခြင်းနှင့် ပြန်လည်ပေါင်းစည်းရေးကော်မတီ (Re-Unification) ကော်မတီသို့ကိုယ်စားလှယ်စေလွှတ်ရေးအတွက် ကောင်စီအရေးပေါ်အစည်းအဝေး[50]ပြုလုပ်ခဲ့သည်။

ချင်းညီနောင်စစ်ဆင်ရေး(CBOperation) အဖြစ် YawArmy (YA) ၊ အာရက္ခတပ်တော် (AA) ၊ Yaw Defense Force (YDF) တို့နှင့်ပူးပေါင်းကာ ဇွန် ၉ ရက်တွင် မတူပီမြို့အာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ထိုသို့တိုက်ခိုက်နေစဉ်အတွင်း CNF/CNAနှင့် ၎င်းလက်အောက်ခံတပ်များက ဇွန် ၁၆ ရက်တွင် အလစ်ဝင်ရောက်တိုက်ခိုက်မှုများပြုလုပ်လာသည့်အတွက် ဇွန် ၁၈ ရက်တွင် အများပြည်သူထံ အသိပေးထုတ်ပြန်ချက်[51]အားဖြစ်စဉ်များ[52]နှင့်တကွထုတ်ပြန်သည်။  ဇွန် ၂၄ ရက်တွင်မြို့သိမ်းတိုက်ပွဲအား နှောင့်ယှက်နေသည့် CNF/CNAဦးဆောင်သည့်အဖွဲ့အား မောင်းထုတ်[53]နိုင်ပြီဖြစ်ကြောင်း ဇွန် ၂၅ ရက်တွင် ချင်းညီနောင်အနေဖြင့် ထုတ်ပြန်သည်။ ဇွန် ၂၉ ရက်တွင်မတူပီအား သိမ်းပိုက်[54]နိုင်ပြီဖြစ်ကြောင်းကြေညာသည်။ မတူပီမြို့သိမ်းတိုက်ပွဲ၌ အကြမ်းဖက်စစ် အုပ်စုနှင့် CNA ပူးပေါင်းတပ်ဖွဲ့များပူးပေါင်းကာ ချင်းညီနောင်နှင့် မဟာမိတ်များအား တိုက်ခိုက်ခဲ့မှု သက်သေ အဖြစ်အလင်းဝင်လာသည့် စစ်အုပ်စုဘက်မှ ဗိုလ်မှူးရဲမင်းထွန်းအား မေးမြန်းထားသည့်ရုပ်သံဖိုင်[55]များ[56]ကိုလည်းထုတ်လွှင့်ခဲ့သည်။

ဇူလိုင် ၂၂ရက်တွင် လိုင်လင်းပီးမြို့ ထိန်းချုပ်ရေးနှင့် ပတ်သက်သည့် အသိပေးထုတ်ပြန်ချက်အား MDF ကထုတ်ပြန်ခဲ့ကာ မြို့အတွင်း အာရက္ခတပ်တော် (AA) ရောက်ရှိနေခြင်းမှာစစ်ရေးအကူအညီပေးရေး[57]အတွက်သာဖြစ်ပြီး မြို့ထိန်းချုပ်ရေးနှင့် ပတ် သက်သည့် မည်သည့်ကိစ္စရပ်တွင်မှပါဝင်ပတ်သတ်ခြင်း မရှိကြောင်း ပါရှိသည်။

မတူပြီမြို့သိမ်းတိုက်ပွဲအပြီးဒဏ်ရာရဲဘော်စာရင်းကောက်ယူသည့် AAတပ်ဖွဲ့ဝင်နှစ်ဦးအား CNF/CNAက ဖမ်းဆီး[58]ကာမူးယစ်ဆေးနှင့် လုံခြုံရေးကိစ္စရပ်များအား အတင်းအဓမ္မ ဝန်ခံခိုင်းကာဆိုရှယ်မီဒီယာများ၌ ရေးသားဖြန့် ဝေမှုများနှင့် ပတ်သက်၍တိုင်းရင်းသားညီအစ်ကိုချင်းကြား စည်းလုံးညီညွတ်မှု ပျက်ပြားစေကာပြန်လွှတ်ပေးရေးနှင့် နောက်နောင် ယင်းသို့ မလုပ်ရန် ချင်းညီနောင်အဖွဲ့အနေဖြင့်သြဂုတ် ၃ ရက်တွင် ထုတ် ပြန်သည်။

မြို့သိမ်းတိုက်ပွဲများဆင်နွှဲနေစဉ်အတွင်း ICNCC၊ MaralandVision International – MVI တို့နှင့် ပူးပေါင်းကာ ရန်ပုံငွေ ရှာဖွေခြင်းအား MTC ကလုပ်ဆောင်ခဲ့သည့်အပြင် ဖမ်းဆီးစစ်သုံ့ပန်းများနှင့် ပတ်သက်သည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းများကိုလည်း ချင်းညီနောင်နှင့် မဟာမိတပ်ဖွဲ့ ရဲဘော်၊ရဲမေများက ကုသပေး[59]ကာဝန် ဆောင်မှုပေးလျက် ရှိသည်။

MTC Page - https://www.facebook.com/profile.php?id=100077922056250

MDF Page - https://www.facebook.com/profile.php?id=100075867370862

[1]https://scontent-sin6-2.xx.fbcdn.net/v/t39.30808-6/241744934_231721645466353_4225826544592432026_n.jpg?_nc_cat=109&ccb=1-7&_nc_sid=833d8c&_nc_ohc=rT0uyMM-paoQ7kNvgFjViOB&_nc_ht=scontent-sin6-2.xx&cb_e2o_trans=t&oh=00_AYD5mVlza8Wfrxs5MhQ5iFnhp3FZPuKqcEk_tFQQSAz8jg&oe=66B24843

[2]https://scontent-sin6-4.xx.fbcdn.net/v/t39.30808-6/241701962_232564072048777_4660774969061293874_n.jpg?_nc_cat=108&ccb=1-7&_nc_sid=833d8c&_nc_ohc=Hfj_K1KaIb8Q7kNvgFz2jFE&_nc_ht=scontent-sin6-4.xx&cb_e2o_trans=t&oh=00_AYCihTEESTx5wqXeBAavxfEKX2TsXiPVqcocVwkd_BYjKQ&oe=66B24F79

[3]https://scontent-sin6-3.xx.fbcdn.net/v/t39.30808-6/241284233_235324758439375_9146849472129414837_n.jpg?_nc_cat=106&ccb=1-7&_nc_sid=833d8c&_nc_ohc=6eL-jrm89S8Q7kNvgHWc9BW&_nc_ht=scontent-sin6-3.xx&cb_e2o_trans=t&oh=00_AYB7csxxTmS6U-qGpl0iqn8PcrJDEpyqp0dex2_S13mJ1Q&oe=66B260F6

[4]https://scontent-sin6-3.xx.fbcdn.net/v/t39.30808-6/241284233_235324758439375_9146849472129414837_n.jpg?_nc_cat=106&ccb=1-7&_nc_sid=833d8c&_nc_ohc=6eL-jrm89S8Q7kNvgHWc9BW&_nc_ht=scontent-sin6-3.xx&cb_e2o_trans=t&oh=00_AYB7csxxTmS6U-qGpl0iqn8PcrJDEpyqp0dex2_S13mJ1Q&oe=66B260F6

[5]https://scontent-sin6-4.xx.fbcdn.net/v/t39.30808-6/272690876_112683867998038_3449910839640821597_n.jpg?_nc_cat=100&ccb=1-7&_nc_sid=127cfc&_nc_ohc=LO2SyRFhBnAQ7kNvgH9i7Vy&_nc_ht=scontent-sin6-4.xx&cb_e2o_trans=t&oh=00_AYDZi4G4YVD4SCpIyzIFQHR7SIaVcMPZbgzenPz1iYHo0Q&oe=66B26F35

[6]https://scontent-sin6-4.xx.fbcdn.net/v/t39.30808-6/243550596_284429800195537_733798976892345739_n.jpg?_nc_cat=103&ccb=1-7&_nc_sid=833d8c&_nc_ohc=AvvGml3TlBwQ7kNvgH4-WHE&_nc_ht=scontent-sin6-4.xx&cb_e2o_trans=t&oh=00_AYCSPZQVrsuRtwJRrEfRKIP-xL-L5QSDg6goi6WiYk-e3Q&oe=66B240C3

[7]https://scontent-sin6-1.xx.fbcdn.net/v/t39.30808-6/263768882_303603968278120_6197470747288934036_n.jpg?_nc_cat=111&ccb=1-7&_nc_sid=833d8c&_nc_ohc=wk9sWBXw73cQ7kNvgHEEz82&_nc_ht=scontent-sin6-1.xx&cb_e2o_trans=t&oh=00_AYBSdw3X8RVtdd3-_YwCYTc1dQl4SVLkPoUQwfhTYAbRIQ&oe=66B39D67

[8]https://scontent-sin6-4.xx.fbcdn.net/v/t39.30808-6/271931406_326114252693758_45061299716085142_n.jpg?_nc_cat=100&ccb=1-7&_nc_sid=127cfc&_nc_ohc=8cwev1HDnEgQ7kNvgEisxHV&_nc_ht=scontent-sin6-4.xx&cb_e2o_trans=t&oh=00_AYCoEjBSxhY4k8ZdnvM1Wwrh9-gvvb0CRYCq_1vj7tcWyA&oe=66B38EE7

[9]https://scontent-sin6-3.xx.fbcdn.net/v/t39.30808-6/272789130_341263177845532_605882447972544912_n.jpg?_nc_cat=110&ccb=1-7&_nc_sid=127cfc&_nc_ohc=KoYL30kIHMcQ7kNvgFNUTT9&_nc_ht=scontent-sin6-3.xx&cb_e2o_trans=t&oh=00_AYDWYXTxXRgDZFWlyX7VQ9dIp8MNSN_D5WCNDczwz1XZkg&oe=66B3A6A7

[10]https://scontent-sin6-2.xx.fbcdn.net/v/t39.30808-6/277218891_128946319705126_4925821102933741368_n.jpg?_nc_cat=102&ccb=1-7&_nc_sid=833d8c&_nc_ohc=iQD5EvjmA8YQ7kNvgEWDFj0&_nc_ht=scontent-sin6-2.xx&cb_e2o_trans=t&oh=00_AYD1xGK0R62FXEHcxhdPkcgzYrrMY5YAItDDmYMrLJhk8w&oe=66B3941E

[11]https://scontent-sin6-4.xx.fbcdn.net/v/t39.30808-6/277673999_130411202891971_4219488544390840974_n.jpg?_nc_cat=103&ccb=1-7&_nc_sid=833d8c&_nc_ohc=NnGSF77RArEQ7kNvgHznzSv&_nc_ht=scontent-sin6-4.xx&cb_e2o_trans=t&oh=00_AYDr4SgTQmqVVT2ibic-tGvsCxOiXfqyD5f0Bn9rRDkP_w&oe=66B39AE8

[12]https://scontent-sin6-4.xx.fbcdn.net/v/t39.30808-6/279203669_390013839637132_5400031459988277285_n.jpg?_nc_cat=100&ccb=1-7&_nc_sid=833d8c&_nc_ohc=QEV9KWQSbLoQ7kNvgFct5Zf&_nc_ht=scontent-sin6-4.xx&cb_e2o_trans=t&oh=00_AYC_7z48h8lY2BFJgSGJ6rucTakWZUXMsK72m2gMWv_mOg&oe=66B3862F

[13]https://www.facebook.com/permalink.php?story_fbid=pfbid02DfcwgY4KoTL27pdMxGjVsCpuRemM6mcGhXwHMzbBSqaEksYAQFz3wV3mYER4PQxyl&id=231651245473393&__tn__=%2CO*F

[14]https://scontent-sin6-1.xx.fbcdn.net/v/t39.30808-6/284546895_413057780666071_2926472616285835892_n.jpg?_nc_cat=107&ccb=1-7&_nc_sid=833d8c&_nc_ohc=hAY_lYaQw2gQ7kNvgHuKLzN&_nc_ht=scontent-sin6-1.xx&cb_e2o_trans=t&oh=00_AYCgvbhMrumUeW0Lp_WOyr1cM9J_FtVb2myV28ecz6D5lA&oe=66B39940

[15]https://scontent-sin6-2.xx.fbcdn.net/v/t39.30808-6/287287653_149156014358466_148015112444909210_n.jpg?_nc_cat=102&ccb=1-7&_nc_sid=833d8c&_nc_ohc=-YIPu2NB4wgQ7kNvgEmX_o1&_nc_ht=scontent-sin6-2.xx&cb_e2o_trans=t&oh=00_AYDrYNXX74hgqNsN-Ah1mK4ZE4m4c0c3tRyeeH4foEplfg&oe=66B3A265

[16]https://scontent-sin6-1.xx.fbcdn.net/v/t39.30808-6/289399032_151318040808930_2074784620961143783_n.jpg?_nc_cat=105&ccb=1-7&_nc_sid=833d8c&_nc_ohc=X65-Gcn5g-cQ7kNvgG9tyOK&_nc_ht=scontent-sin6-1.xx&cb_e2o_trans=t&oh=00_AYDTympdIIBn5Ir76Av3SITxbFZH7LANleszYMW51wdyPw&oe=66B39DDF

[17]https://www.facebook.com/permalink.php?story_fbid=pfbid02DfcwgY4KoTL27pdMxGjVsCpuRemM6mcGhXwHMzbBSqaEksYAQFz3wV3mYER4PQxyl&id=231651245473393&__tn__=%2CO*F

[18]https://scontent-sin6-1.xx.fbcdn.net/v/t39.30808-6/302161133_478236364148212_9170181320344330044_n.jpg?_nc_cat=105&ccb=1-7&_nc_sid=833d8c&_nc_ohc=z2pjoO-Wo-UQ7kNvgEJpjYx&_nc_ht=scontent-sin6-1.xx&cb_e2o_trans=t&oh=00_AYA1n1C-fi5-DBNfHCkDXNPzn4HC5uEo7yQzOGxh5ONx1g&oe=66B38C7C

[19]https://scontent-sin6-2.xx.fbcdn.net/v/t39.30808-6/309862279_174453618495372_7981963566682282151_n.jpg?_nc_cat=109&ccb=1-7&_nc_sid=833d8c&_nc_ohc=lgfEWBNM8aoQ7kNvgGemG6r&_nc_ht=scontent-sin6-2.xx&cb_e2o_trans=t&oh=00_AYCD6FPky4i_58CFZ8swly_aUohanWeVE4HEWrLOVhGqRg&oe=66B3A5F2

[20]https://scontent-sin6-4.xx.fbcdn.net/v/t39.30808-6/289250385_159045273320267_2433815516735190227_n.jpg?stp=dst-jpg_p526x296&_nc_cat=101&ccb=1-7&_nc_sid=833d8c&_nc_ohc=CmO3Gp4gmvoQ7kNvgHQyuqw&_nc_ht=scontent-sin6-4.xx&cb_e2o_trans=t&oh=00_AYAbGhpV9zjNnNWkuijjjX00tFzQy6XH47PHbvWAxQFCAw&oe=66B399B4

[21]https://scontent-sin6-1.xx.fbcdn.net/v/t39.30808-6/310683710_175328385074562_6213435466775264903_n.jpg?_nc_cat=111&ccb=1-7&_nc_sid=833d8c&_nc_ohc=_twnhWSv0PkQ7kNvgFIvP_Z&_nc_ht=scontent-sin6-1.xx&cb_e2o_trans=t&oh=00_AYAexw7klVVEWPnBTGAzA1QiS6voo2-gd35SDoUqkw5tTg&oe=66B39BDF

[22]https://scontent-sin6-4.xx.fbcdn.net/v/t39.30808-6/311442776_175495598391174_8600579351431061408_n.jpg?_nc_cat=101&ccb=1-7&_nc_sid=833d8c&_nc_ohc=YOrs8QCv2QwQ7kNvgGXC1AS&_nc_ht=scontent-sin6-4.xx&cb_e2o_trans=t&oh=00_AYBQeb5_HmQOtbmGMaDqF6SAPACgkT7WwaMnYHzYkrmAFQ&oe=66B397AD

[23]https://scontent-sin6-3.xx.fbcdn.net/v/t39.30808-6/312659907_178183724789028_6146793080226789472_n.jpg?_nc_cat=110&ccb=1-7&_nc_sid=833d8c&_nc_ohc=4zt6X-zZeqgQ7kNvgFCfKz8&_nc_ht=scontent-sin6-3.xx&cb_e2o_trans=t&oh=00_AYB1-ObugtrzNXOaTjEH64EEGZyiGO7GiOOx11yBWZmBvg&oe=66B4BFE5

[24]https://scontent-sin6-3.xx.fbcdn.net/v/t39.30808-6/313913814_180461051227962_2441971484470816289_n.jpg?_nc_cat=104&ccb=1-7&_nc_sid=833d8c&_nc_ohc=KYJT-QbeJHwQ7kNvgFtavsG&_nc_ht=scontent-sin6-3.xx&cb_e2o_trans=t&oh=00_AYACsZ4lUANBStfVak2STqFP16NWxD9lbuiVpP0IoNShDA&oe=66B4CEB4

[25]https://scontent-sin6-1.xx.fbcdn.net/v/t39.30808-6/314002251_180529314554469_8067355570152180039_n.jpg?_nc_cat=107&ccb=1-7&_nc_sid=833d8c&_nc_ohc=WFE-TfUIRVkQ7kNvgEBByGd&_nc_ht=scontent-sin6-1.xx&cb_e2o_trans=t&oh=00_AYB6MqFWG-IOFWpN4P75w9oc_N0FCPuFRPZVi_zq8zwt7w&oe=66B4ED6F

[26]https://scontent-sin6-3.xx.fbcdn.net/v/t39.30808-6/318849995_188793207061413_8697213972872639475_n.jpg?_nc_cat=106&ccb=1-7&_nc_sid=833d8c&_nc_ohc=QP1FeZyOZLQQ7kNvgFGOPnb&_nc_ht=scontent-sin6-3.xx&cb_e2o_trans=t&oh=00_AYB8NQg0WC5GS9l4Hy-ogqLf2T1dkceKRVWBQ1QAXBEaSQ&oe=66B4E2B9

[27]https://scontent-sin6-4.xx.fbcdn.net/v/t39.30808-6/327045000_1168787834006213_5248015700198628994_n.jpg?_nc_cat=108&ccb=1-7&_nc_sid=833d8c&_nc_ohc=bB_h2avEOFwQ7kNvgFPRdIL&_nc_ht=scontent-sin6-4.xx&cb_e2o_trans=t&oh=00_AYCkzhWV66qtspjHlNrHoXP_CRj8lmA4v6177hKMzOv2Qg&oe=66B4F4E0

[28]https://scontent-sin6-4.xx.fbcdn.net/v/t39.30808-6/326926120_746957523458053_216353286772678774_n.jpg?_nc_cat=108&ccb=1-7&_nc_sid=833d8c&_nc_ohc=VFOX1oDk-WAQ7kNvgEHu9AH&_nc_ht=scontent-sin6-4.xx&cb_e2o_trans=t&oh=00_AYDy4Ok-iX_-54_Y11DDmxucoVhxJHOKTN0FouX2OA1r6g&oe=66B4E596

[29]https://scontent-sin6-1.xx.fbcdn.net/v/t39.30808-6/342855579_6096898453679686_465282216038752529_n.jpg?_nc_cat=105&ccb=1-7&_nc_sid=833d8c&_nc_ohc=RMajNWN0glAQ7kNvgH9tTR4&_nc_ht=scontent-sin6-1.xx&cb_e2o_trans=t&oh=00_AYDHPwDB0yduOWtfi-PbD5h7AP6qF8hmJE7ftFkOoP4JqQ&oe=66B4F015

[30]https://scontent-sin6-4.xx.fbcdn.net/v/t39.30808-6/363360998_289998783607521_1674212181911294335_n.jpg?_nc_cat=101&ccb=1-7&_nc_sid=833d8c&_nc_ohc=2nzBjkASIJYQ7kNvgFLXUsm&_nc_ht=scontent-sin6-4.xx&cb_e2o_trans=t&oh=00_AYCdf4eEVCkaySURzJUm6hBfvvxU7kkWeyJubVBKntHhXA&oe=66B4C1CF

[31]https://scontent-sin6-3.xx.fbcdn.net/v/t39.30808-6/408791567_367428505796059_3507135486251832939_n.jpg?_nc_cat=106&ccb=1-7&_nc_sid=833d8c&_nc_ohc=AwAMCPbfDEUQ7kNvgGLOs98&_nc_ht=scontent-sin6-3.xx&cb_e2o_trans=t&oh=00_AYCWZpVrkYWZvMLPEKQR7B4i-C9B4XuUDzIONoTDKrH8Ng&oe=66B4EDD8

[32]https://scontent-sin6-4.xx.fbcdn.net/v/t39.30808-6/409920607_362708846336514_7543242204412704000_n.jpg?_nc_cat=100&ccb=1-7&_nc_sid=833d8c&_nc_ohc=dK995t5AsFwQ7kNvgGKO5ez&_nc_ht=scontent-sin6-4.xx&cb_e2o_trans=t&oh=00_AYBaMccg0TBhBaOMqhbQsuvdcsSLiX42MmEZwnA6gmnz8Q&oe=66B4C70C

[33]https://scontent-sin6-3.xx.fbcdn.net/v/t39.30808-6/410398691_363924756214923_806233491224021605_n.jpg?_nc_cat=106&ccb=1-7&_nc_sid=833d8c&_nc_ohc=8hGnp84hs28Q7kNvgF3vfYf&_nc_ht=scontent-sin6-3.xx&cb_e2o_trans=t&oh=00_AYCV1IzfsgEiCRHZAvpcKCNpJYNfIlGzJw5k1F_FI05nAA&oe=66B4DEB0

[34]https://scontent-sin6-3.xx.fbcdn.net/v/t39.30808-6/415628213_384142550791321_9205075615450843328_n.jpg?_nc_cat=104&ccb=1-7&_nc_sid=833d8c&_nc_ohc=JzjU02FycnEQ7kNvgGkN0PI&_nc_ht=scontent-sin6-3.xx&cb_e2o_trans=t&oh=00_AYBB7b-uCnC6Ixyac9uQsKFd32egoeeg9rMYKD9fbwqtDw&oe=66B4D3BE

[35]https://scontent-sin6-4.xx.fbcdn.net/v/t39.30808-6/420057173_391398940065682_5256298653937713955_n.jpg?_nc_cat=103&ccb=1-7&_nc_sid=833d8c&_nc_ohc=Oz5o1fU3e_MQ7kNvgHhd7ba&_nc_ht=scontent-sin6-4.xx&cb_e2o_trans=t&oh=00_AYDkr5qHdzGABl2wqYU9maGPcFoPSH3xPN6eMaKylEeaTw&oe=66B4C844

[36]https://scontent-sin6-3.xx.fbcdn.net/v/t39.30808-6/423193622_391780936762638_3109476500593801795_n.jpg?_nc_cat=104&ccb=1-7&_nc_sid=833d8c&_nc_ohc=6HErrh2rkr8Q7kNvgGhFSO4&_nc_ht=scontent-sin6-3.xx&cb_e2o_trans=t&oh=00_AYDPdUveo1wXUOX71pO11DwAFDPeo9wSMUfCiq7Jb9Y9Qw&oe=66B4CF8D

[37]https://scontent-sin6-4.xx.fbcdn.net/v/t39.30808-6/424851885_392386610035404_8577891075626428552_n.jpg?_nc_cat=101&ccb=1-7&_nc_sid=833d8c&_nc_ohc=IVAmH94Cd5gQ7kNvgEFC6Bk&_nc_ht=scontent-sin6-4.xx&cb_e2o_trans=t&oh=00_AYAtmcDmEcEv3df_308jq6hj_uYxWUZsQlj-qDAXh424Iw&oe=66B4EE44

[38]https://scontent-sin6-3.xx.fbcdn.net/v/t39.30808-6/424786052_399498635922379_455354898057756487_n.jpg?_nc_cat=110&ccb=1-7&_nc_sid=833d8c&_nc_ohc=CS3GdsFTgnYQ7kNvgGOJTko&_nc_ht=scontent-sin6-3.xx&cb_e2o_trans=t&oh=00_AYAPrwYyy0yCFhVCiXqYAF5Gbw99Xz3cV_KPNusIOdAr8A&oe=66B4EC19

[39]https://scontent-sin6-1.xx.fbcdn.net/v/t39.30808-6/425824115_400790622459847_3229067221726272545_n.jpg?_nc_cat=107&ccb=1-7&_nc_sid=833d8c&_nc_ohc=HwhQDMmMzREQ7kNvgG2GEJw&_nc_ht=scontent-sin6-1.xx&cb_e2o_trans=t&oh=00_AYByOK9H31-TcpSK1iudpOKBWMt4ozHLM87-CJm-Ggzq_A&oe=66B4EC15

[40]https://scontent-sin6-3.xx.fbcdn.net/v/t39.30808-6/424906471_392877889986276_1529232864147151519_n.jpg?_nc_cat=110&ccb=1-7&_nc_sid=833d8c&_nc_ohc=agcuPkjLLfQQ7kNvgHfXmru&_nc_ht=scontent-sin6-3.xx&cb_e2o_trans=t&oh=00_AYDpbqIZ5WnMTqbaUMos1ZHL8dJEThYQ7EOYLEc8pNHjLg&oe=66B4EF97

[41]https://scontent-sin6-2.xx.fbcdn.net/v/t39.30808-6/428660684_403789835561748_4028349550236648319_n.jpg?_nc_cat=108&ccb=1-7&_nc_sid=833d8c&_nc_ohc=WuRj-SAptMoQ7kNvgE4BvVN&_nc_ht=scontent-sin6-2.xx&cb_e2o_trans=t&oh=00_AYA54LmUGn_oa0LtxxSHWrW3-boNxFhkgwrg7PvokvjAqA&oe=66B4CA75

[42]https://scontent-sin6-1.xx.fbcdn.net/v/t39.30808-6/428623565_413192047886371_8393366370448592415_n.jpg?_nc_cat=105&ccb=1-7&_nc_sid=833d8c&_nc_ohc=zCUJD4TzwZEQ7kNvgGqpV8F&_nc_ht=scontent-sin6-1.xx&cb_e2o_trans=t&oh=00_AYAGhtCpulYVPBeuuYQd-PFP5shcSpR9yKIBcYC0Kenf0w&oe=66B4DA02

[43]https://scontent-sin6-1.xx.fbcdn.net/v/t39.30808-6/430910973_408806268393438_7429044681617958376_n.jpg?_nc_cat=105&ccb=1-7&_nc_sid=833d8c&_nc_ohc=-IGYRwvQH5kQ7kNvgFo6nrm&_nc_ht=scontent-sin6-1.xx&cb_e2o_trans=t&oh=00_AYDWxovsGqJUxI9YIvtoNA3atr9tYxSgZ4QX5VNIeEZfTg&oe=66B4DA30

[44]https://scontent-sin6-4.xx.fbcdn.net/v/t39.30808-6/431864175_412664514674280_4630495303194607948_n.jpg?_nc_cat=100&ccb=1-7&_nc_sid=833d8c&_nc_ohc=8KrmKzaKQ6sQ7kNvgEzEciv&_nc_ht=scontent-sin6-4.xx&cb_e2o_trans=t&oh=00_AYDKrdgN6LatbRK8SnF92rTbnC5UAU78kCujxZ6XQahDIg&oe=66B4F681

[45]https://drive.google.com/file/d/14-o-d26kd7Ol3rtw9YNWRFRChJ-mFk9g/view?usp=drive_link&fbclid=IwY2xjawEb9OBleHRuA2FlbQIxMAABHXcxlJn8R0O09SC4prRccU4C9yRMicQe4xL49P_9IRCiGLfRlz4IH1C33A_aem_S3Ty3MyIzzFd4-9zWjbFSw

[46]https://scontent-sin6-3.xx.fbcdn.net/v/t39.30808-6/434743831_438639508674958_6258756867611360340_n.jpg?_nc_cat=106&ccb=1-7&_nc_sid=833d8c&_nc_ohc=po_8RJVGNUIQ7kNvgF61tQV&_nc_ht=scontent-sin6-3.xx&cb_e2o_trans=t&oh=00_AYCxh_oTU7FVSYdPhxmwq5ygcGUsZQO0tBsYuZd4LsaZQA&oe=66B4F0FE

[47]https://scontent-sin6-3.xx.fbcdn.net/v/t39.30808-6/440809024_451251307413778_1506415955489230159_n.jpg?_nc_cat=104&ccb=1-7&_nc_sid=833d8c&_nc_ohc=GnWTpQDKdV4Q7kNvgHyN3zu&_nc_ht=scontent-sin6-3.xx&cb_e2o_trans=t&oh=00_AYAVPiOC3M5IIoF6-w0K-cevsJb8to_Q1LkdnutbRh6zFQ&oe=66B4F552

[48]https://scontent-sin6-4.xx.fbcdn.net/v/t39.30808-6/441029157_443795901561141_5209615310227513701_n.jpg?_nc_cat=108&ccb=1-7&_nc_sid=833d8c&_nc_ohc=VCc2-fugxIAQ7kNvgEqegh_&_nc_ht=scontent-sin6-4.xx&cb_e2o_trans=t&oh=00_AYDDzQBznwBFc8dajagZ4iCHv1qh-vrOob_l5B2Imx-g2w&oe=66B50C51

[49]https://scontent-sin6-2.xx.fbcdn.net/v/t39.30808-6/441388673_445630711377660_7797889575242050809_n.jpg?_nc_cat=102&ccb=1-7&_nc_sid=833d8c&_nc_ohc=vtitACEn4qYQ7kNvgGHTEZC&_nc_ht=scontent-sin6-2.xx&cb_e2o_trans=t&oh=00_AYDUr9HM8hADwi0PJaE_7luck31bTMPhddXpIJB1OcpfuQ&oe=66B4FE2C

[50]https://scontent-sin6-4.xx.fbcdn.net/v/t39.30808-6/447600615_463683656239032_9036451484127410753_n.jpg?_nc_cat=100&ccb=1-7&_nc_sid=833d8c&_nc_ohc=tqadIDlqAQYQ7kNvgGFXZIw&_nc_ht=scontent-sin6-4.xx&cb_e2o_trans=t&oh=00_AYBsQevtGIQ6ytNf4y1NB4yHPoeYsgGK8tHhxh5puTVgXQ&oe=66B50088

[51]https://scontent-sin6-1.xx.fbcdn.net/v/t39.30808-6/448603321_480634841142091_8021310065437502309_n.jpg?_nc_cat=105&ccb=1-7&_nc_sid=833d8c&_nc_ohc=mcTWIfwT3jYQ7kNvgFRya8z&_nc_ht=scontent-sin6-1.xx&cb_e2o_trans=t&oh=00_AYA7llWQYM8B0x8VqgB_vo-jQVsOJ4sU6GBZ6dRRb47IDw&oe=66B4D493

[52]https://scontent-sin6-3.xx.fbcdn.net/v/t39.30808-6/450335890_492458719959703_5370498478030047297_n.jpg?_nc_cat=110&ccb=1-7&_nc_sid=833d8c&_nc_ohc=96NZuC80wRsQ7kNvgGmU8Xg&_nc_ht=scontent-sin6-3.xx&cb_e2o_trans=t&oh=00_AYAWKTSAwl0dUSOSrnsJbgH8soZEm4VE4LSNjIJR0qCr_w&oe=66B4D9DC

[53]https://scontent-sin6-1.xx.fbcdn.net/v/t39.30808-6/449088901_476732308267500_8496955975402467699_n.jpg?_nc_cat=107&ccb=1-7&_nc_sid=833d8c&_nc_ohc=eGBNyhwo-gUQ7kNvgHWozVH&_nc_ht=scontent-sin6-1.xx&cb_e2o_trans=t&oh=00_AYAnk2b-_Msg98PsOQUK0Dnx-Bzr0n7T8eV69x2PU69_kw&oe=66B4E06C

[54]https://scontent-sin6-1.xx.fbcdn.net/v/t39.30808-6/449379525_479373721336692_5358540008706992616_n.jpg?_nc_cat=107&ccb=1-7&_nc_sid=833d8c&_nc_ohc=zz4dTw42ZxcQ7kNvgEBrdqw&_nc_ht=scontent-sin6-1.xx&cb_e2o_trans=t&oh=00_AYAp6bWPzZETzilp5rplIDJNHAGp_NMXDGiAaUWCuvBJGw&oe=66B4EA9D

[55]https://www.facebook.com/100077922056250/videos/513739934340044/?__cft__[0]=AZV594IMiUKmjVCMhaGGZ026DXD93fvBhQVvEPN3Qq-OAWH2WHrNlQBQMIXN9Nj_FnBC3hbm7wpAwZ8QW8bWpl9RVi8zYP0bDSMTSIZajV_HcZ0tY0tji_vYqzXepilzqjNzHpHedgCnvEaxcv7h98-45pb2EwMQZ5wXqcL82wL13rblomX8UMUWJNFZCJ8B1lk-Pbdq2BNfu1zVaYjI7Se4&__tn__=%2CO%2CP-R

[56]https://www.facebook.com/100077922056250/videos/470200112433872/?__cft__[0]=AZXenbi1f5YUxQojHKsHHoRjiU4L3PmwgVovcQmSJ7HAPOuae1U_NuBJj3dHoC1JkFYfqin6tGaluLcDl07Abdk05eBfLUoYRu4nvCBoTUvqWpvAjfrJ57CqQlAZpLH7xZV9dLfKf_Vj0NN3wpxRwXMYMcddrtTSLiOWeHWEltkSkU1H8RUtQFC9HURuJ6TOyGrSgdMACppvwm_kRPCKjWTl&__tn__=%2CO%2CP-R

[57]https://scontent-sin6-2.xx.fbcdn.net/v/t39.30808-6/452258475_501257245746517_771396157583797965_n.jpg?_nc_cat=102&ccb=1-7&_nc_sid=833d8c&_nc_ohc=vyhWQ98hkGoQ7kNvgGeFD9e&_nc_ht=scontent-sin6-2.xx&cb_e2o_trans=t&oh=00_AYBNZ-DHNMBqJl-FHCDF4jf7qdkkCbxJN5jll746SL2XCw&oe=66B4EB64

[58]https://scontent-sin6-4.xx.fbcdn.net/v/t39.30808-6/454199217_499862475954483_3939221825776939090_n.jpg?_nc_cat=101&ccb=1-7&_nc_sid=833d8c&_nc_ohc=d2KtT2M5sQYQ7kNvgE7LoMY&_nc_ht=scontent-sin6-4.xx&cb_e2o_trans=t&oh=00_AYC0ciKLsBgLCa64NdVyXhHIretRGe9EWunQHnHG4s6ysg&oe=66B4DEC5

[59]https://www.facebook.com/100077922056250/videos/478299034802023/?__cft__[0]=AZVaR1PQNON3Adm7dCH7b3N6Grgh5_2iDQ11B0joysqMfrE2nS5ry33PjrveuH72ylApERKtTHOJDCQ3n1fk5FCcspkZarIvIxoTYH6KlYiItBM_CrIK83yu5o6f8b11KuNs3ylcdSgN-TbjMO0fviCJlGKj_KyjmOYdd5CCuaun1pjPjgzlBYcSaHvxjMXwebou18ICJTffV4qYOD5dhTXI&__tn__=%2CO%2CP-R