ပြည်နယ်အဆင့် အုပ်ချုပ်ရေးများ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးနှင့်အတူ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးသည် ရှေ့တန်းသို့ ရောက်လာခဲ့ပြီး ဖက်ဒရယ်အဆင့်တွင် ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းခဲ့သည်။ ထို့အတူ ပြည်နယ်အဆင့်နှင့် ဒေသအဆင့်များတွင် အုပ်ချုပ်ရေးဆိုင်ရာ စုဖွဲ့မှုများလည်း စတင်ပေါ်ပေါက်လာခဲ့သည်။

  • လုပ်ငန်းများ ခွင့်ပြုချက် ပြန်မယူပါက ပြည်သူပိုင်သိမ်းမည်ဟု PSLF/TNLA ထုတ်ပြန်

    တအာင်းပြည်ရှိ ပြည်သူများ ရေရှည်အကျိုးစီးပွားတိုးတက်ရေးနှင့် ကာကွယ်ထိန်းသိမ်းရေးအတွက် ယခင်အစိုးရအဆက်ဆက်က ထုတ်ပေးထားသည့် ခွင့်ပြုမိန့်၊ လိုင်စင်၊ အမိန့်စာများဖြင့် လည်ပတ်နေသည့် ပြည်နယ်တွင်း သတ္တုလုပ်ငန်း၊ အခြားပုဂ္ဂလိကလုပ်ငန်းများအား အသိအမှတ်မပြုကြောင်းနှင့် ဆက်လက်လုပ်ကိုင်လိုပါက နိုဝင်ဘာ ၃၀ ရက်မတိုင်မီ ရယူလျှောက်ထားကြရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အထွေထွေအုပ်ချုပ်ရေးဌာန (ရုံးချုပ်) ကမေ ၃၁ ရက်တွင် ထုတ်ပြန်လိုက်သည်။

    PSLF
  • နယ်မြေအငြင်းပွားမှုပြဿနာအတွက် SSPP/SSA သဘောထား ထုတ်ပြန်

    ဒေသတွင်း ဖြစ်ပွားနေသည့် နယ်မြေအငြင်းပွားမှုနှင့် ပတ်သက်၍ မလိုလားအပ်သည့် စစ်ရေးအရ ဖြေရှင်းမှုများကို ဖိတ်ခေါ်ရာ ရောက်သည့်ကိစ္စရပ်များအား မလုပ်ရန်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကိုလက်ကိုင်ထားကာ နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဖြေရှင်းရေးကို ပထမဦးစားပေးနည်းလမ်းအဖြစ် ကိုင်စွဲထားဆဲဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) က မေ ၃၁ ရက်တွင် သဘောထား ထုတ်ပြန်သည်။

    PSLFSSPP
  • ပြည်သူအခြေပြု နိုင်ငံရေး၊ တော်လှန်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်မည်ဟု စစ်ကိုင်းဖိုရမ် ထုတ်ပြန်

    တော်လှန်သော အင်အားစုများဖြင့် စစ်ကိုင်းဒေသတော်လှန်ရေး ရှေ့ခြေတစ်လှမ်း တက်နိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်ပါ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူညီမျှရေး အခွင့်အလမ်းများ စစ်ကိုင်းတိုင်းသားများရရှိရေး၊ တိုင်းအတွင်း နိုင်ငံရေးအစုအဖွဲ့တစ်ရပ် ပေါ်ပေါက်ရေး ဦးတည်ချက်ဖြင့် ဆောင်ရွက်ခဲ့သည့် ဖိုရမ်တစ်နှစ်ပြည့်အဖြစ် လုပ်ဆောင်နိုင်ခဲ့သောလုပ်ငန်းစဉ် သုံးရပ်အား စစ်ကိုင်ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

  • မြေရှားသတ္တုနှင့် ဆက်စပ်မှုများ လုပ်ကိုင်ခွင့် မပြုကြောင်း PSLF/TNLA ထုတ်ပြန်

    တအောင်းပြည်နယ်အတွင်း မြေရှားသတ္တုလုပ်ငန်း တူးဖော်လုပ်ကိုင်ခြင်း၊ စမ်းသပ်ရှာဖွေ တိုင်းတာခြင်း၊ အသေးစားထုတ်လုပ်ခြင်းနှင့် အကြီးစားထုတ်လုပ်ခြင်းများကို မည်သည့်လုပ်ငန်းရှင် တစ်ဦးတစ်ယောက်ကိုမျှ လုပ်ကိုင်ဆောင်ရွက်ရန် ခွင့်ပြုမည် မဟုတ်ဘဲ လုပ်ကိုင်ဆောင်ရွက်ပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA) စီးပွားရေးဌာနက မေ ၁၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

    PSLF
  • အုပ်ချုပ်ရေးကော်မတီသစ်အား မွန်ပြည်ဖက်ဒရယ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

    မွန်ပြည် (နယ်) တွင် အာဏာသုံးရပ် ကျင့်သုံးရေးအတွက် ကောင်စီ ဒုတိယအကြိမ်ညီလာခံအပြီးတွင် အုပ်ချုပ်ရေးကော်မတီအား ကော်မတီ ဥက္ကဌ၊ ဌာနမှူးကြီးကိုးဦး၊ စုစုပေါင်း ၁၀ ဦးတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်းမေ ၂၇ ရက်တွင် အမိန့်ထုတ်ပြန်ချက် ၁/၂၀၂၄ ဖြင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MNFC) က ထုတ်ပြန်လိုက်သည်။

    MSFC
  • IEC အား ကြားကာလအစိုးရအဖြစ် အသိအမှတ်ပြုဟု ကရင်နီအရပ်ဖက်အဖွဲ့အစည်းများ ထုတ်ပြန်

    ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အား ပြည်နယ် ကြားကာလအစိုးရအဖြစ် အသိအမှတ်ပြုကြောင်း၊ ပြည်နယ်လူထု၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားကဏ္ဍများ၌ IEC နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် လမ်းကြောင်းများ ဆွေးနွေးဖော်ထုတ် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် လူထုအရေးကိစ္စ ဆောင်ရွက်ရာ၌ ပြည်တွင်းနယ်စပ်ရှိ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာရောက် ကရင်နီအင်အားစုများအကြား ဆက်စပ်ဆောင်ရွက်မှုနှင့် အားကောင်းသော ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ကိုင်မည်ဖြစ်ကြောင်း ကရင်နီအရပ်ဖက်အဖွဲ့အစည်းများ၏ရပ်တည်ချက်သဘောထားအား မေ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည်။

    KSCCKNPP
  • ပြည်နယ်တွင်း နေထိုင်ဆဲ Non-CDM များအား တာဝန်မှ ရပ်ဆိုင်းကြောင်း PSLF ထုတ်ပြန်

    ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) ထိန်းချုပ်ထားသည့် နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံမြို့များ အပါအဝင် တအာင်းပြည်အတွင်း စစ်အုပ်စုလက်အောက်၌ ပုံစံအမျိုးမျိုးဖြင့် တာဝန်ထမ်းဆောင်ခဲ့သော Non-CDM ဝန်ထမ်းအားလုံးအား လက်ရှိအချိန်မှစ၍ မည်သည့်တာဝန်မှ မရှိတော့ဘဲ လုပ်ငန်းတာဝန်များအားလုံး ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း မေ ၁၅ ရက်တွင် PSLF က ထုတ်ပြန်လိုက်သည်။

    PSLF
  • အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဆိုင်ရာ မဲ့ဝါးကလိုးကြေညာစာတမ်းအား KNU ထုတ်ပြန်

    ကရင်အမျိုးသား အစည်းအရုံး (KNU) အုပ်ချုပ်မှုနယ်မြေအတွင်း ကျင့်သုံးမည့် အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး လက်စွဲဆိုင်ရာ "မဲ့ဝါးကလိုးကြေညာစာတမ်း" အား မြို့နယ် ၂၇ မြို့နယ်မှ မြို့နယ်ဥက္ကဌနှင့်မြို့နယ်ခေါင်းဆောင်များ စည်းလုံးညီညွတ်စွာ ကတိကဝတ်ပြုပြီးနောက် မေ ၁၂ ရက်တွင် KNU ဗဟိုဌာနချုပ်က ထုတ်ပြန်လိုက်သည်။

    KNU
  • ပြစ်ဒဏ်ကျ လွိုင်ကော်ပါချုပ်နှင့် လေးဦးအား IEC လွတ်ငြိမ်းခွင့်ပေး

    မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် ထောင်ဒဏ်နှစ်နှစ်နှင့် ငွေဒဏ်ကိုးသိန်းစီ ပြစ်ဒဏ်ချမှတ်ခံထားရသည့် ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဦးခင်အောင်မြင့်၊ ဒုတိယပါမောက္ခချုပ် ဒေါ်သီတာ အပါအဝင် ငါးဦးအား လွတ်ငြိမ်းခွင့်နှင့် ကြီးကြပ်ရေးဘုတ်အဖွဲ့ တင်ပြမှု၊ လူသားချင်း စာနာထောက်ထားမှုကို ဦတည်၍ မေ ၈ ရက်တွင် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က မေ ၉ ရက်တွင် အမိန့်အမှတ် ၀၉/၂၀၂၄ဖြင့် ထုတ်ပြန်လိုက်သည်။

    KSCC
  • NUG သုံးနှစ်ပြည့်အဖြစ် ကဏ္ဍခြောက်ရပ် အခြေအနေအား ထုတ်ပြန်

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စတင်ဖွဲ့စည်းခြင်း သုံးနှစ်ပြည့်အဖြစ် နိုင်ငံရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေးနှင့် လူထုဆက်ဆံရေးဆိုင်ရာ ကဏ္ဍခြောက်ရပ်နှင့် ပတ်သက်သည့်လုပ်ဆောင်နေမှု အခြေအနေများအား ဧပြီ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

    CRPHNUCC
  • မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ MSCC ရေးဆွဲသည့် ပြည်နယ် ပဋိညာဉ်အား CRMHအတည်ပြု

    မျှော်မှန်းချက်၊ ဦးတည်ချက်နှင့် စံတန်ဖိုးများ ပါဝင်သော မွန်ပြည်နယ် အတိုင်ပင်ခံကောင်စီ (MSCC) က ရေးဆွဲသည့် မွန်ပြည်နယ်ပဋိညာဉ် (Mon State Charter) အားဧပြီ ၁၇ ရက်က ပြုလုပ်သည့်အစည်းအဝေး၌ အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော် ကိုယ်စားပြုကော်မတီ (CRMH) က ထုတ်ပြန်လိုက်သည်။

  • ပသုံးလုံး၊ ပြည်သူ့စစ်မှုထမ်းနှင့် ၁၉၈၂ နိုင်ငံသားဥပဒေဆိုင်ရာ ဆုံးဖြတ်ချက်သုံးရပ်အား ဒုတိယအကြိမ် ပြည်သူ့ညီလာခံ၌ အတည်ပြုနိုင်ခဲ့

    အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ဦးဆောင်၍ ဧပြီ ၄ ရက်မှ ၉ ရက်အတွင်း ငါးရက်တာ ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံ၌ ဒေသန္တရအုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး၊အကြမ်းဖက်စစ်တပ်၏ တရားမဝင် ပြည်သူ့စစ်မှုထမ်းဥပဒေကိစ္စ၊ မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂) နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်သုံးရပ်အား အတည်ပြု ဆုံးဖြတ်နိုင်ခဲ့ကြောင်း NUCC က ထုတ်ပြန်လိုက်သည်။

    KPICTKSCC
  • ၂၀၀၈ ခြေ/ဥ နှင့် NCA ကို ငြင်းပယ်သည့် နိုင်ငံရေးရပ်တည်ချက် NMSP-AD ထုတ်ပြန်

    ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်း ပိတ်ဆို့သွားပြီ ဖြစ်ကာ မိမိတို့ မျှော်မှန်းသည့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ရေးအတွက် အရေးပါသည့် နိုင်ငံရေးရပ်တည်ချက်အားမွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)- New Mon State Party – AD က ဧပြီ ၁ ရက်တွင် ထုတ်ပြန်လိုက်သည်။

    NMSP - AD
  • တအာင်းပြည် တော်လှန်ရေးကာလအစိုးရအစီအမံ မူကြမ်း ရေးဆွဲအတည်ပြု

    ၁၀:၂၇စစ်ဆင်ရေးအတွင်း သိမ်းယူထားသည့်မြို့များနှင့် စီမံအုပ်ချုပ်နေသည့် မြို့နယ်များ၌ အရပ်ဘက် အုပ်ချုပ်ရေးအစိုးရ ပေါ်ထွန်းရေးအတွက် တအာင်းပြည် တော်လှန်ရေးကာလအစီအမံအား ရေးဆွဲဆွေးနွေးပြီးနောက် မူကြမ်းအဖြစ် လက်ခံအတည်ပြုကာ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရေး ရှေ့လုပ်ငန်းစဉ်များ သဘောတူပြီးဖြစ်ကြောင်း တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (Ta’ang Political Consultative Committee – TPCC) က မတ် ၂၅ ရက်တွင် ထုတ်ပြန်သည်။

    TPCC
  • မွန်ပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ (သုညမူကြမ်း) အတည်ပြု

    ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်အရ ဖက်ဒရယ်ယူနစ်တစ်ရပ်အဖြစ် ရပ်တည်နိုင်ရေးအတွက် ဒုတိယအကြိမ် ညီလာခံအား ဖေဖော်ဝါရီ ၂၈ နှင့် ၂၉ ရက်တို့တွင် ပြုလုပ်ပြီးနောက် မွန်ပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ (သုညမူကြမ်း) အား အတည်ပြုနိုင်ခဲ့ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ -MSFC က ဖေဖော်ဝါရီ ၂၉ ရက်တွင် ထုတ်ပြန်သည်။

    MSFC
  • လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်မှ အခြားမရှိဟု MSFC ထုတ်ပြန်

    မွန်လူငယ်များအား အကြမ်းဖက်စစ်အုပ်စုက စစ်မှုထမ်းဥပဒေဖြင့် စစ်တပ်အတွင်း သွပ်သွင်းရန် ကြိုးပမ်းနေခြင်းကြောင့် ရပ်တည်ရေး ပိုမိုခက်ခဲလာသည်ကို တွေ့နေရကာ မိမိတို့ အမျိုးသားများ၏ နိုင်ငံရေးအာဏာကို ရယူရာတွင် လက်နက်ကိုင် တော်လှန်သည့်လမ်းစဉ်မှတပါး အခြားမရှိသည့်အတွက် အတူတကွ ပူးပေါင်းပါဝင် တော်လှန်ကြရန် မွန်ဖက်ဒရယ်ကောင်စီ (MonState Federal Council - MSFC) ကဖေဖော်ဝါရီ ၂၅ ရက်တွင် ကျရောက်သည့် (၇၇) ကြိမ်မြောက် မွန်အမျိုးသားနေ့၌ ထုတ်ပြန်သည်။

    MSFC
  • တော်လှန်လိုသည့် လူမျိုးစုံပြည်သူများကို ကြိုဆိုကြောင်း SSPP/SSA ပန်ကြားချက် ထုတ်

    လူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသည့် အမျိုးသားရေးဝါဒကို ဆန့်ကျင်ကာ လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ဦးတည်ထားသည့် မိမိတို့အနေဖြင့် လက်ရှိတွင် စစ်အာဏာရှင်တို့က နည်းလမ်းပေါင်းစုံဖြင့်လူထုအပေါ် ပိုမိုဖိနှိပ်လာသည့်အတွက် တော်လှန်ရေးလမ်းစ ရှာဖွေနေသည့် အဖိနှိပ်ခံ ပြည်သူများအနေဖြင့် အဖွဲ့၏ ဦးတည်ချက်၊ မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းတို့ကို လက်ခံယုံကြည်လိုက်နာပါက လူမျိုးဘာသာမရွေး ကြိုဆိုကြောင်းရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်ပြန် လိုက်သည်။

    SSPP
  • ၂၀၂၅ တွင် လူထုဆန္ဒအခြေခံသည့် အစိုးရ ပေါပေါက်ရေး လုပ်ဆောင်မည်ဟု PLSF ထုတ်ပြန်

    ၁၀ :၂၇ စစ်ဆင်ရေးအတွင်း သိမ်းယူထားသည့် မြို့ ခုနစ်မြို့ အပါအဝင် တပ်ဦးအခြေစိုက်သည့် နယ်မြေဒေသများ၌ လူထုဆန္ဒအခြေခံသည့် လူထုအုပ်ချုပ်မှုအစိုးရ ပေါ်ပေါက်ရေး ၂၀၂၅ နှစ်သစ်တွင် ကြိုးပမ်းဆောင်ရွက်မည်ဟု ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) ၏ နှစ်ပတ်လည် အစည်းအဝေး ထုတ်ပြန်ချက် ၂/၂၀၂၄ တွင် ဖော်ပြထားသည်။

    PSLF
  • ကြားကာလ ဖက်ဒရယ်ယူနစ်ဆိုင်ရာ မူဝါဒရပ်တည်ချက်အား PRA (မကွေး) ထုတ်ပြန်

    လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က ကြားကာလဖက်ဒရယ်ယူနစ်ဆိုင်ရာ မူဝါဒရပ်တည်ချက်အား နိုင်ငံရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အာဏာခွဲဝေကျင့်သုံးမှု၊ ဖက်ဒရယ်ယူနစ်အချင်းချင်းကြား ဆက်ဆံရေး၊ ပြည်သူ့လုံခြုံရေး၊ မြေယာ/အခွန်/သယံဇာတခွဲဝေသုံးစွဲမှု၊ စီးပွားရေး၊လူမျိုးစုရေးရာဟူ၍ ကဏ္ဍကိုးခုခွဲကာ ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည်။

    PRA
  • တပ်သားစုဆောင်းရေး မူဝါဒအား PNLF ထုတ်ပြန်ထား

    တအာင်းမိသားစုများအတွင်း အသက် (၁၈) နှစ်ပြည့်၍ (၃၅) နှစ်အောက်ရှိသည့် အမျိုးသားနှစ်ဦးနှင့် အထက်ရှိသော မိသားစုများအနေဖြင့် တစ်ဦးကျစီ အမျိုးသားရေးသမိုင်းပေးတာဝန်အရ စစ်မှုမထမ်းမနေရ လာရောက်ရမည့် တပ်ဖွဲ့စုဆောင်းခြင်းဆိုင်ရာမူဝါဒအား ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PNLF) က ထုတ်ပြန်ထားသည်။

    PSLF
  • ဘုံသဘောထားရပ်တည်ချက် အကောင်အထည်ဖော်ရေး NUG အစည်းအဝေး ပြုလုပ်

    အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းမှု သုံးနှစ်ပြည့်အဖြစ် ထုတ်ပြန်သည့် "စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသောအဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်" ပါ လုပ်ငန်းစဉ်အဆင့်ဆင့်အား အကောင်အထည်ဖော်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဖေဖော်ဝါရီ ၆ ရက်တွင် အစိုးရအဖွဲ့အစည်းအဝေးပြုလုပ်ခဲ့သည်။

    KIOKNPP
  • ချင်းပြည် (Chinland) အစိုးရ ဖွဲ့စည်း

    ချင်းပြည် (Chinland) ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၉) နှင့် ပုဒ်မ – ၃၂ (က) အရ ချင်းပြည် (Chinland) အစိုးရအဖွဲ့အား အစိုးရအဖွဲ့၊ ရှေ့နေချုပ်၊ တရားလွှတ်တော်ချုပ်၊ စာရင်းစစ်ချုပ်များဖြင့် ဖေဖော်ဝါရီ ၁ ရက်တွင် ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း Chinland Council က ထုတ်ပြန်ကြေညာလိုက်သည်။

    CNF
  • ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) အရ ချင်းပြည်အစိုးရ ဖွဲ့စည်းမည်ဟု ICNCC ထုတ်ပြန်

    ချင်းပြည်သူများ၏လိုအပ်ချက်များအား ထိရောက်စွာ ပိုမိုဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် ချင်းပြည်သူ့အုပ်ချုပ်ရေးကော်မတီအား ဖွဲ့စည်းလိုက်ပြီ ဖြစ်ကာ ကော်မတီသည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) မှ တစ်ဆင့်ချိတ်ဆက်ဆောင်ရွက်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၇ ရက်တွင် ထုတ်ပြန်ချက်အမှတ် (၂/၂၀၂၄) ဖြင့် ICNCC က ထုတ်ပြန်လိုက်သည်။

    ICNCCCNF
  • CDM ဝန်ထမ်းများအား တအောင်းဒေသ၌ ခန့်အပ်မည်ဟု PSLF ဖိတ်ခေါ်

    အကြမ်းဖက်စစ်အုပ်စုလက်မှသိမ်းယူထားပြီး ဖြစ်သည့်မြို့နယ် (၇)ခု၌တော်လှန်ရေးနှင့်ဒေသအကျိုးပြုလုပ်ငန်းများဖော်ဆောင်ရာ၌အကြမ်းမဖက်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု (CivilDisobedienceMovement– CDM) တွင်ပါဝင်သည့် ပြည်သူ့ဝန်ထမ်းများအားပူးပေါင်းဆောင်ရွက်ရန်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA) ကဇန်နဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ဖိတ်ခေါ်လိုက်သည်။

    PSLF