သုတေသန · ဖြစ်စဉ်များ

မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ MSCC ရေးဆွဲသည့် ပြည်နယ် ပဋိညာဉ်အား CRMHအတည်ပြု

မျှော်မှန်းချက်၊ ဦးတည်ချက်နှင့် စံတန်ဖိုးများ ပါဝင်သော မွန်ပြည်နယ် အတိုင်ပင်ခံကောင်စီ (MSCC) က ရေးဆွဲသည့် မွန်ပြည်နယ်ပဋိညာဉ် (Mon State Charter) အားဧပြီ ၁၇ ရက်က ပြုလုပ်သည့်အစည်းအဝေး၌ အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော် ကိုယ်စားပြုကော်မတီ (CRMH) က ထုတ်ပြန်လိုက်သည်။

ပြည်နယ်၏လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ကျင့်သုံးဖော်ဆောင်နိုင်ရန် အလို့ငှာ အတည်ပြုခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။

မွန်ပြည်နယ် ပဋိညာဉ်၌ အခန်း (၁) မျှော်မှန်းချက်၊ ဦးတည်ချက်နှင့် စံတန်ဖိုးများ (၂) နိုင်ငံရေးလမ်းပြမြေပုံ (၃) အခြေခံမူများ (၄) အခြေခံအခွင့်အရေးများ (၅) မွန်ပြည်နယ် အတိုင်ပင်ခံကောင်စီ (၆) ကြားကာလဥပဒေပြုရေး (၇) ကြားကာလ အုပ်ချုပ်ရေး (၈) တာဝန်မှ ရုပ်သိမ်းခြင်းနှင့် ပြန်လည်အစားထိုး တာဝန်ပေးအပ်ခြင်း (၉) ကြားကာလ တရားစီရင်ရေး (၁၀) ကြားကာလ လုံခြုံရေးနှင့် ကာကွယ်ရေး (၁၁) အသွင်ကူးပြောင်းရေး ကာလဆိုင်ရာ ပြဌာန်းချက်များ (၁၂) ချာတာ ပြင်ဆင်ခြင်း (၁၃) အထွေထွေပြဌာန်းချက်များဟူ၍ အခန်း ၁၃ ခန်း ပါရှိသည်။