သုတေသန
နွေဦးတော်လှန်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သုတေသန စာတမ်းများနှင့် ဖြစ်စဉ်များ
- အားလုံး
- ဂျဲန်ဒါတန်းတူညီမျှမှု
- စစ်ဘေးရှောင် ပြည်သူများ
- နိုင်ငံတကာ ဆက်ဆံရေး
- လက်နက်ကိုင်တော်လှန်ရေး
- ပြည်နယ်အဆင့် အုပ်ချုပ်ရေးများ
- ဖွဲ့စည်းပုံအခြေခံဥပဒေ
- လူ့အခွင့်အရေးချိုးဖောက်မှုများ
- အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု
- အရပ်သားများကို ကာကွယ်ပေးခြင်း
ပြည်နယ်အဆင့် အုပ်ချုပ်ရေးများ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးနှင့်အတူ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးသည် ရှေ့တန်းသို့ ရောက်လာခဲ့ပြီး ဖက်ဒရယ်အဆင့်တွင် ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းခဲ့သည်။ ထို့အတူ ပြည်နယ်အဆင့်နှင့် ဒေသအဆင့်များတွင် အုပ်ချုပ်ရေးဆိုင်ရာ စုဖွဲ့မှုများလည်း စတင်ပေါ်ပေါက်လာခဲ့သည်။
မိုးမိတ်အား တတိယမြောက်မြို့အဖြစ် PSLF/TNLA အလုံးစုံ သိမ်းပိုက်
တအာင်းပြည် တပ်မဟာ (၃)နယ်မြေ မိုးမိတ်မြို့နယ်ရှိ အကြမ်းဖက်စစ်အုပ်စု စကခ (၂၁) (မပခ)၊ ခမရ – ၃၄၈၊ ခလရ ၂၂၃ နှင့် ၂၇၆ ဗျူဟာမှူးကြီး အခြေချကွပ်ကဲနေသည့် တပ်စခန်းအားလုံးအား ဇူလိုင် ၃၁ ရက် နေ့လယ်ပိုင်းတွင် အလုံးစုံ သိမ်းပိုက်ကာ ထိန်းချုပ်ထားပြီဖြစ်ကြောင်း တအာင်းတပ်မတော်( PSLF/TNLA) က သြဂုတ် ၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
ကန်ပက်လက်တွင် ဝန်ထမ်း ၈၈ ဦး CDM ပြုလုပ်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အတွင်း အကြမ်းဖက်စစ်အုပ်စု လက်အောက်တွင် လုပ်ကိုင်နေသည့် ဝန်ထမ်း အား၎င်းတို့ လုပ်ကိုင်နေသည့် ရုံးလုပ်ငန်းများအား ရပ်တန့်စွန့်ခွာရန် မေ ၉ ရက်က သတိပေးပြီးနောက် ဝန်ထမ်း ၈၈ ဦး CDM ပြုလုပ်လာကြောင်း ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အမည်စာရင်းနှင့်တကွ ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
ဂန့်ဂေါ - ပလဖ စစ်ကြောရေး၌ အရပ်သားသေဆုံးမှုအား ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျွန်းဒတ်ကျေးရွာနေ ဦးဆန်းလွင်အား မူးယစ်ဆေး သံသယမှုဖြင့် မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ဇူလိုင် ၁၇ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးပြီးနောက် ညနေပိုင်းတွင် မိသားစုအား အလောင်းလာရောက်ထုတ်ယူခိုင်းမှုနှင့် ပတ်သက်၍ အသက်သေဆုံးသည်အထိ ရိုက်နှက်မှုနှင့် မိသားစုဝင်များအား အမှုကျေအေးရန် ကြိုးစားနေမှုများအား ပြင်းထန်စွာ ကန့်ကွက်ရှုံချကြောင်း ဒေသအခြေပြု အရပ်ဘက် အဖွဲ့အစည်းနှင့် တော်လှန်ရေးအင်အားစုများက ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
ဆွေးနွေးမှုအပါအဝင် ငြိမ်းချမ်းသည့်နည်းဖြင့် အဖြေရှာကြရန် "ဝ" သဘောထားထုတ်ပြန်
ရှမ်းပြည်နယ် မြောက်ပိုင်း အပါအဝင် မြန်မာနိုင်ငံအနှံ့ ပဋိပက္ခဖြစ်ပွားမှုများကြောင့် ပြည်သူ့အကျိုးစီးပွား ထိခိုက်မှု နလန်ပြန်ထူရေးနှင့် နေရပ်ပြန်နိုင်ရေးအတွက် ပြဿနာများအား တွေ့ဆုံဆွေးနွေးမှု အပါအဝင်ငြိမ်းချမ်းသော နည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းသွားစေလိုကြောင်း "ဝ" ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဗဟိုကော်မတီက ဇူလိုင် ၂၉ ရက်တွင် မြန်မာ၊ တရုတ် နှစ်ဘာသာဖြင့် ထုတ်ပြန်လိုက်သည်။
နိုင်ငံခွဲထွက်ခြင်း သတင်းတုနှင့် ပတ်သက်၍ ညီနောင်သုံးဖွဲ့ ထုတ်ပြန်
တရုတ်ဘာသာဖြင့် ရေးသားထားသည့် “တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများသည် နိုင်ငံတော်မှ ခွဲထွက်ပြီး နိုင်ငံအသစ် ထူထောင်တော့မည်" ခေါင်းစဉ်အပြင် အခြားသော ခေါင်းစဉ်များဖြင့် မိမိတို့ အဖွဲ့အစည်းတံဆိပ်များသုံးကာ ၁၀ စောင်ထက်မနည်းသော သတင်းတုများအား လူမှုကွန်ရက်များပေါ်၌ ထုတ်ပြန်ခြင်းမှာ မဟုတ်မှန်ကြောင်းနှင့် အဖွဲ့အစည်းအပေါ် တိုက်ခိုက်သူများအား ရှာဖွေဖော်ထုတ်၍ ပြင်းထန်စွာ အရေးယူမည် ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ဇူလိုင် ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။
မြို့သိမ်းပြီးနောက် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီအား MNDAA ဖွဲ့စည်း
အကြမ်းဖက်စစ်အုပ်စု အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အထိုင် လားရှိုးမြို့အား ၂၃ ရက်ကြာ တိုက်ခိုက်ပြီးနောက် လုံးဝလွတ်မြောက်သွားပြီဖြစ်ကာ မြို့အုပ်ချုပ်ရေး၊ လုံခြုံရေး၊ ကာကွယ်ရေးအတွက် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်ရေးကော်မတီအား ဖွဲ့စည်းတည်ထောင်လိုက်ပြီဖြစ်ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ဇူလိုင် ၂၅ ရက်တွင် ထုတ်ပြန်လိုက်သည်။
မိုးဗြဲရေကာတာ ဖောက်ချမှု တမင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း IEC သတိပေး
အကြမ်းဖက်စစ်အုပ်စု၏မိုးဗြဲမြို့အခြေစိုက် ခြေမြန်တပ်ရင်း (၄၂၂) တပ်က ဇူလိုင် ၂၅ ရက် နံနက်အစောပိုင်းတွင် မိုးဗြဲရေကာတာ ရေတံခါးအား အဆင်ခြင်မဲ့ ဖွင့်ချလိုက်ခြင်းသည် ဒေသခံတောင်သူများနှင့် ပြည်သူများ အတိဒုက္ခရောက်စေရန် လုပ်ဆောင်ခြင်း ဖြစ်ပြီး ရေကြီးမှုအန္တရာယ်အား သတိပြုကြရန် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အရေးပေါ်ကြေညာချက် ၁/၂၀၂၄ ဖြင့် ထုတ်ပြန်လိုက်သည်။
မိုးကုတ်နှင့် လားရှိုး ရမခတိုင်းစစ်ဌာနချုပ်အား တော်လှန်ရေးအင်အားစုများ သိမ်းပိုက်
မန္တလေးတိုင်း၊ မိုးကုတ်မြို့အား တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်- မန္တလေး(MDY- PDF) ပူးပေါင်းတပ်ဖွဲ့များကဇူလိုင် ၂၄ ရက်တွင် အပြီးသတ်သိမ်းယူနိုင်ပြီဖြစ်ကြောင်း ဇူလိုင် ၂၅ ရက်တွင် MDYPDF က ထုတ်ပြန်လိုက်သည်။
စဉ့်ကူးမြို့နယ်အား Mandalay PDF အပြီးတိုင် သိမ်းပိုက်၊ ထိန်းချုပ်
မန္တလေးတိုင်း ၊စဉ့်ကူးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်အုပ်စု စခန်းများအားလုံးနှင့် မြို့နယ်အား ဇူလိုင် ၁၇ ရက်တွင် အပြီးသတ် သိမ်းပိုက်၊ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY-PDF) စစ်ဦးစီးအဖွဲ့က ဇူလိုင် ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
မန္တလေးဒေသ ကြားကာလနိုင်ငံရေး အစီအမံရေးဆွဲရေး လုပ်ငန်းစဉ် ထုတ်ပြန်
မန္တလေးဒေသတွင် လက်ရှိ တော်လှန်ရေးကာလ (ကြားကာလ) အတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် ကြားကာလ နိုင်ငံရေးအစီအမံ (Interim Political Arrangement) တစ်ရပ် ပြင်ဆင်ဖော်ထုတ်ရေး လုပ်ငန်းစဉ်အားမန္တလေးတိုင်း လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRMH) နှင့် မန္တလေးဒေသ တော်လှန်ရေးအင်အားစုများက ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
ဝက်လက် ဗကသရဲဘော် သတ်ဖြတ်ခံရမှုအတွက် အိတ်ဖွင့်ပေးစာနှင့် သဘောထားများ ထုတ်ပြန်
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) မှ အသက် ၁၆ နှစ်အရွယ် ရဲဘော်မြင့်မြတ်ဦး ဇူလိုင် ၈ ရက်က သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ တရားမျှတမှု ပြန်လည်ရှာဖွေရန်နှင့် ပြစ်မှုကျူးလွန်သူများအား ထိုက်သင့်သည့် ပြစ်ဒဏ်များ ချမှတ် အရေးယူပေးရန် တော်လှန်ရေးအင်အားစုများက အိတ်ဖွင့်ပေးစာနှင့် သဘောထားကြေညာချက်များ ထုတ်ပြန်ထားသည်။
NUG Pay နှစ်နှစ်ပြည့် အစီရင်ခံစာ ထုတ်ပြန်
အကြမ်းဖက်စစ်အုပ်စု ထိန်းချုပ်မှုအောက်တွင်ရှိသည့် ငွေကြေးစနစ်အပေါ် မှီခိုရမှု အဆုံးသတ်ရေး၊ ပြည်သူများ ကြုံတွေ့နေရသည့် လုံခြုံရေးစိန်ခေါ်မှုအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ငွေကြေးလည်ပတ်မှု ယန္တရားဖြစ်သော NUGPay စနစ် လည်ပတ်မှု နှစ်နှစ်ပြည့် ပြည်သူ့အစီရင်ခံစာအား NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဇူလိုင် ၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
ငပလီ (မဇင်) လေဆိပ်အား ထိန်းချုပ်နိုင်ပြီဟု ULA/AA ထုတ်ပြန်
အကြမ်းဖက်စစ်အုပ်စုက လေဆိပ်အနီး အဆောက်အအုံနှင့် အနီးပတ်ဝန်းကျင်တွင် အင်အား ၄၀၀ ခန့်ဖြင့် အပြင်းအထန် ခုခံနေသည် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ ငပလီ (ငဇင်) လေဆိပ်အား ဇူလိုင် ၅ ရက် နံနက်ပိုင်းမှစ၍ အပြီးသတ် သိမ်းပိုက် ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း အာရက္ခတပ်တော် (ULA/AA) က ဇူလိုင် ၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
အဖွဲ့အမည်ခံ ကိုယ်ကျိုးရှာမှုများ ချက်ချင်း ရပ်တန့်ရန် YPDF နှင့် AA သတိပေး
အဖွဲ့အခြေစိုက်ဒေသနှင့် စစ်ရေးလှုပ်ရှားနေသည့်နေရာများ၌ အဖွဲ့အစည်းအမည်ခံ၍ ကိုယ်ကျိုးရှာ လက်နက်ခဲယမ်း ရောင်းဝယ်ခြင်း၊ သယံဇာတ သယ်ယူရောင်းချခြင်းနှင့် ငွေကြေး တောင်းခံ၊ ကောက်ယူခြင်းများရှိနေသည့်အတွက် ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် ဆက်လက်လုပ်ဆောင်ပါက ပြဌာန်းထားသည့် တပ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊အမိန့်၊ ညွှန်ကြားချက်နှင့်အညီ အရေးယူသွားမည်ဟု ယောဒေသပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နှင့် အာရက္ခတပ်တော် (ULA/AA) တို့က ထုတ်ပြန်လိုက်သည်။
ပုလဲ ကျောင်းအာဏာပိုင်နှင့် ပသုံးလုံးအဖွဲ့ဝင်များအား ဗကသများအဖွဲ့ချုပ် ဆန္ဒပြ
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် အခြေခံပညာကျောင်းများ၏ ကျောင်းဝင်ခွင့်လျှောက်ထားသူများ လိုက်နာရမည့်စည်းကမ်းချက်များ၌ လွတ်လပ်စွာပြောဆိုခွင့်၊ အသင်းအဖွဲ့၌ ပါဝင်ခွင့် ကန့်သတ်ချက်များပါရှိကာ "လူတိုင်းလွတ်လပ်စွာ ပညာသင်ကြားခွင့်ရှိသည်" ဆိုသည့် အခြေခံလူ့အခွင့်အရေးအား ချိုးဖောက်ရာ ရောက်သည့်အတွက် ပုလဲမြို့နယ် ကျောင်းသားသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) နှင့်ဒေသခံ ပြည်သူများက ဇွန် ၃၀ ရက်တွင် ကျောင်းအာဏာပိုင်နှင့် NUG ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ "ပ"သုံးလုံးအဖွဲ့အား ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့သည်။
Non-CDM များ နုတ်ထွက်၊ ပြောင်းရွှေ့၊ ပူးပေါင်းရန် KNU သတိပေး
တပ်မဟာ (၆) ထိန်းချုပ်ရာ ဒူးပလာယာခရိုင်အတွင်း စစ်ရေးနှင့် အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်ရာ၌ ရှုပ်ထွေးမှုမရှိစေရန် အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ဌာနအသီးသီး၌ လုပ်ကိုင်နေသည့် ဝန်ထမ်းများ (Non-CDM) အားလုံးအနေဖြင့် နုတ်ထွက်ခြင်း၊ ပြောင်းရွှေ့ခြင်း (သို့မဟုတ်) အစည်းအရုံး၏အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ပူးပေါင်းပါဝင်ကူညီပေးရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ကဇွန် ၂၈ ရက်တွင် သတိပေးချက် ထုတ်ပြန်လိုက်သည်။
စစ်သုံ့ပန်းကျင့်ဝတ် ချိုးဖောက်သူများအား ဖော်ထုတ်၊ အပြစ်ပေးမည်ဟု ချင်းပြည်ကောင်စီ ထုတ်ပြန်
ကောင်စီ၌ ပါဝင်သည့် ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ရှေ့တန်းစစ်မျက်နှာ၌ ဖမ်းဆီးမိသည့် စစ်သုံ့ပန်းများအပေါ် ဂျနီဗာကွန်ဗင်းရှင်းပါ စစ်ဘက်ဆိုင်ရာကျင့်ဝတ် မလိုက်နာခဲ့သည့် ပြစ်မှုကျူးလွန်ထားသည့် ရုပ်သံဖိုင်များ လူမှုကွန်ရက်၌ ပျံ့နှံ့လျက်ရှိကာ ၎င်းအား စုံစမ်းဖော်ထုတ်၍ အပြစ်ပေးအရေးယူရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်(Chinland) ကောင်စီက ဇွန် ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
၁၀:၂၇ ဒုတိယလှိုင်း၌ မဟာမိတ်အဖြစ် ပါဝင်ကြောင်း ရှမ်းမြောက်မဟာမိတ်တပ်ရင်း ထုတ်ပြန်
၁၀:၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် မဟာမိတ်ညီနောင်သုံးဖွဲ့နှင့် အကြမ်းဖက်စစ်အုပ်စုအကြား ရှမ်းမြောက်ဒေသ၌ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီ ဖြစ်ရာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့်အတူ မဟာမိတ်ညီနောင်များနှင့်လက်တွဲ၍ စစ်ဆင်ရေးဖော်ဆောင်မှုများ၌ ပါဝင်သွားမည် ဖြစ်ကြောင်းရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း (NorthernShan State Alliance Army – NSSAA) က ဇွန် ၂၅ ရက်တွင် ထုတ်ပြန်လိုက်သည်။
ဒေသတွင်း နေထိုင်ခွင့်ရှိသူဆိုင်ရာ အတည်ပြုမှုစနစ်အား MNDAA ထုတ်ပြန်
ဒေသတွင်း တရားဝင် နေထိုင်ခွင့်ရှိသည့် ဒေသသားဆိုင်ရာ အတည်ပြုမှုစနစ်နှင့် ပတ်သက်၍ မူရင်းဒေသသား၊ အမြဲတမ်းဒေသသား၊ နိုင်ငံရေးဒုက္ခသည်ဆိုင်ရာ သတ်မှတ်မှု စသည့် နည်းစနစ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အထူးဒေသ(၁) အုပ်ချုပ်ရေးကော်မတီအဖွဲ့ (ကိုးကန့်) (MNDAA) က ဇွန် ၂၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
ပြစ်ဒဏ်လွတ်ငြိမ်း၊ သက်သာခွင့်အမိန့်များ IEC ထုတ်ပြန်
ကရင်နီအမျိုးသားတို့၏(၁၄၉) နှစ်မြောက် အမျိုးသားနေ့နှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသည့်အတွက် ကရင်နီ ကြားကာလအစီအမံနှင့် တရားစီရင်ရေးအစီအမံ ဥပဒေများအရ အကျဉ်းသား ၁၂ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်နှင့် ၁၀၅ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်များ ခွင့်ပြုလိုက်ကြောင်း ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဇွန် ၂၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
မောင်တောထိုးစစ် စမည်ဖြစ်၍ မြို့မှ ထွက်ခွာကြရန် အာရက္ခတပ်တော် ကြေညာ
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်အုပ်စု လက်ကျန်စစ်စခန်းများအားလုံးအား ထိုးစစ်ဆင် တိုက်ခိုက်မည်ဖြစ်၍ မြို့သူမြို့သားများအနေဖြင့်ဇွန် ၁၆ ရက်က ည ၉ နာရီမှစ၍ မြို့တွင်းမှ အမြန်ဆုံး ချက်ချင်းထွက်ခွာပေးရန် အာရက္ခတပ်တော် (AA) က ထုတ်ပြန်လိုက်သည်။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အလုပ်ရုံ ဆွေးနွေးပွဲအား TPCC ဦးဆောင် ပြုလုပ်
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့် ဆက်စပ်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်အား တအာင်းနိုင်ငံရေ အတိုင်ပင်ခံကော်မတီ (TPCC) က ဦးဆောင်၍ မေ ၂၀ ရက်က မိုင်းငေါ့မြို့နယ်တွင် မိဘပြည်သူ ၁၇၅ ဦးဖြင့် ပြုလုပ်၊ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
တအာင်းအရပ်ဖက်အဖွဲ့အစည်းများအား ပုံစံသစ်ဖြင့် ပြန်လည်စုဖွဲ့
တအာင်းပြည်၊ ကွတ်ခိုင်မြို့တွင် ဇွန် ၆ ရက်မှ ၈ ရက်အထိ တအာင်း အရပ်ဖက်အဖွဲ့အစည်းငါးဖွဲ့က ဦးဆောင်ကာ တအာန်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ -TPCC၊ တအာင်းပြည် ပညာရေးကောင်စီ-TLEC၊ တအာင်းသဘာဝ ပတ်ဝန်းကျင် စောင့်ကြည့်လေ့လာရေးအဖွဲ့-TEWG၊ တအာင်းမီဒီယာသတင်းဌာနတို့၏ ခေါင်းဆောင်များနှင့် လူငယ်ကိုယ်စားလှယ်များအပါအဝင် တက်ရောက်သူ ၆၄ ဦးပါဝင်သည့် ဆွေးနွေးပွဲပြုလုပ်ကာ အဖွဲ့အစည်းများအား ပုံစံသစ်ဖြင့် ပြန်လည်စုဖွဲ့ကြောင်း ၁/၂၀၂၄ထုတ်ပြန်ချက်ဖြင့် ကြေညာလိုက်သည်။
သျှမ်းကျောင်းသား သမဂ္ဂမှ တင်သွင်းသည့် မူဝါဒ အကြံပြုစာတမ်း ထုတ်ပြန်
၂၀၂၃ ခုနှစ်၊ မေလ ၁၃-၁၅ ရက်အတွင်း ကျင်းပခဲ့သော ပထမအကြိမ် သျှမ်းလူငယ်ညီလာခံတွင် သျှမ်းကျောင်းသား သမဂ္ဂမှ တင်သွင်းသည့် မူဝါဒ အကြံပြုစာတမ်းကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည်။ အဆိုပါ မူဝါဒ အကြံပြုစာတမ်းတွင် အဖွဲ့အစည်းမိတ်ဆက်၊ နောက်ခံ အကြောင်းအရာ၊ ပညာရေး၊ နိုင်ငံရေး၊ တော်လှန်ရေးနှင့် ပတ်သက်သော အကြံပြုလိုသော မူဝါဒများနှင့် အဆိုပြုချက်များပါဝင်သော အခန်းကဏ္ဍများ၊ သီးခြားအကြံပြုချက်များနှင့် အနှစ်ချုပ်တို့ ပါဝင်သည်။