သုတေသန
နွေဦးတော်လှန်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သုတေသန စာတမ်းများနှင့် ဖြစ်စဉ်များ
- အားလုံး
- ဂျဲန်ဒါတန်းတူညီမျှမှု
- စစ်ဘေးရှောင် ပြည်သူများ
- နိုင်ငံတကာ ဆက်ဆံရေး
- လက်နက်ကိုင်တော်လှန်ရေး
- ပြည်နယ်အဆင့် အုပ်ချုပ်ရေးများ
- ဖွဲ့စည်းပုံအခြေခံဥပဒေ
- လူ့အခွင့်အရေးချိုးဖောက်မှုများ
- အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု
- အရပ်သားများကို ကာကွယ်ပေးခြင်း
ပြည်နယ်အဆင့် အုပ်ချုပ်ရေးများ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးနှင့်အတူ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးသည် ရှေ့တန်းသို့ ရောက်လာခဲ့ပြီး ဖက်ဒရယ်အဆင့်တွင် ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းခဲ့သည်။ ထို့အတူ ပြည်နယ်အဆင့်နှင့် ဒေသအဆင့်များတွင် အုပ်ချုပ်ရေးဆိုင်ရာ စုဖွဲ့မှုများလည်း စတင်ပေါ်ပေါက်လာခဲ့သည်။
ကျောင်း ၂,၀၀၀ ကျော် တည်ဆောက်ကာ ဆရာ/ဆရာမ ၁၂,၀၀၀ ကျော် မွေးထုတ်ထားသည့် KTWG
ကရင် ဘာသာစကား၊ ယဉ်ကျေးမှု၊ သမိုင်းနှင့် ဝိသေသလက္ခဏာများအပြင် ဒေသန္တရအုပ်ချုပ်ရေး ထိန်းသိမ်းမြှင့်တင်ရေးအတွက် လုပ်ဆောင်နေသည့် Karen Teacher Working Group – KTWG မှာ လက်ရှိတွင် ကျောင်းပေါင်း ၂,၁၆၇ ကျောင်း တည်ထောင်ထားနိုင်ပြီဖြစ်ကာ ဆရာ/ဆရာမ ၁၂,၀၃၅ ဖြင့် လည်ပတ်နေပြီ ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ အချက်သုံးချက်ပါ ဟိုင်ဂင်သဘောတူညီချက်
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက် ညပိုင်းမှစ၍ နှစ်ဖက်တပ်များ ချက်ချင်းအပစ်ရပ်ရေး၊ ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှု မရှိစေရေး၊ အငြင်းပွားဖွယ်ရာနှင့် ပစ်ခတ်မှုများ ဖြစ်ပေါ်ပါက တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ဖြင့် ဖြေရှင်းရေး စသည့် အချက် (၃) ချက်ဖြင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) အကြား တရုတ်ကြားဝင်စေ့စပ်မှုဖြင့် သဘောတူအပစ်ရပ်လိုက်ကြောင်း မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ကြေညာထားသည်။
တိုက်ခိုက်ခံပြည်သူများ ထူထောင်ရေးအား ဦးစားပေးအဖြစ် PSLF/TNLA ဆောင်ရွက်မည်
ထိန်းသိမ်းထားသည့် မြို့နယ်များအတွင်း အကြမ်းဖက်စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် ဒေသခံမိဘပြည်သူများ၏ အိုးအိမ်များ ပြန်လည်ထူထောင်ရေးအား ကနဦး ဦးစားပေးအဆင့်အဖြစ် ဆောင်ရွက်မည် ဖြစ်ကြောင်း ပလောင်င်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ဇန်နဝါရီ ၁၂ ရက်တွင် ကျရောက်သည့် (၆၁) နှစ်မြောက် တအာင်းတော်လှန်ရေးနေ့ ဂုဏ်ပြုမိန့်ခွန်း၌ ထည့်သွင်းပြောဆိုထားသည်။
ဟိုပန်နှင့် ပန်လုံအား "ဝ" ပြည်နယ်အစိုးရလက်အောက် ပြန်လည်ထားရှိ
မြောက်ပိုင်း မဟာမိတ်ညီနောင် သုံးဖွဲ့က ဇန်နဝါရီ ၅ ရက်တွင် အကြမ်းဖက်စစ်အုပ်စုလက်မှ တိုက်ခိုက်သိမ်းယူထားသည့် ဟိုပန်နှင့် ပန်လုံဒေသနှစ်ခုအား ဇန်နဝါရီ ၁၀ ရက်တွင် "ဝ" ပြည်နယ် ပြည်သူ့အစိုးရထံသို့ ပြန်လည်လွှဲပြောင်းပေးလိုက်ပြီ ဖြစ်သည်။
စစ်ကိုင်းဖက်ဒရယ်ကောင်စီ (ရှေ့ပြေး) ဖွဲ့စည်းနိုင်ရေး ကော်မတီဖွဲ့စည်း
စစ်ကိုင်းဖက်ဒရယ်ကောင်စီ (ရှေ့ပြေး) ဖွဲ့စည်းနိုင်ရေးအတွက် ကိုယ်စားလှယ်အဖွဲ့အား အစုအဖွဲ့ ငါးခုမှ ကိုယ်စားလှယ် ၃၅ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ ဒုတိယအကြိမ် စစ်ကိုင်းဖိုရမ်အား ဇန်နဝါရီ ၃ ရက်မှ ၅ ရက်အထိ ပြုလုပ်ပြီးနောက် နိုင်ငံရေး၊ စစ်ရေး၊ လူသားချင်းစာနာထောက်ထားရေး၊ လူမျိုးစုနှင့် ၂၀၂၀ ရွေးကောက်ခံ စသည့ အစုအဖွဲ့ ငါးခုမှ ကိုယ်စားလှယ်များအား ဖိုရမ်မှ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း ဖြစ်ကာ လတ်တလောတွင် ၂၀၂၀ ရွေးကောက်ခံအစုအဖွဲ့များနှင့် ပါဝင်နိုင်သေးခြင်း မရှိပေ။
အထူးဒေသ (၁) အခြေခံဥပဒေကို အခြေခံမည်ဟု MNDAA ထုတ်ပြန်
၁၀၂၇ စစ်ဆင်ရေးအား လုံးဝရပ်စဲမည် မဟုတ်ဘဲ ရှမ်းပြည်နယ် အထူးဒေသ (၁) အာဏာရရေးသည် မိမိတို့၏ အမျိုးသားရေးလုပ်ငန်းစဉ် ပထမခြေလှမ်းဖြစ်ကာ "အထူးဒေသ (၁) အခြေခံဥပဒေ" ကို အခြေခံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအား ကြိုးပမ်းအားထုတ်မည်ဟု မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) စစ်ဦးစီးချုပ်နှင့် အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်တဲရင်၏ ၂၀၂၄ ခုနှစ် နှစ်သစ်ကူးသဝဏ်လွှာ၌ ဖော်ပြထားသည်။
စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့မှ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ နုတ်ထွက်
မြေပြင်၍ တော်လှန်ရေး အပြီးသတ် အောင်ပွဲခံနိုင်ရေး ဦးစားပေးဆောင်ရွက်ရမည် တော်လှန်ရေးဆိုင်ရာ ကိစ္စများအပြင် တိုင်းအတွင်း အစုအဖွဲ့အားလုံး လက်ခံနိုင်သည့် နိုင်ငံရေးသဘောတူညီမှု ရရှိအောင် ဆက်လက်ကြိုးပမ်းလိုခြင်းများကြောင့် စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့မှ နုတ်ထွက်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဒီဇင်ဘာ ၂၈ ရက်တွင် ကြေညာလိုက်သည်။
KNLA လက်အောက်တွင် ပါဝင်မည်ဟု Lion Battalion စစ်ကြောင်း ထုတ်ပြန်
ကရင့်ပြည်သူ့တပ်မတော် ( Kawathoolei Army – ကော်သူးလေ) လက်အောက်ခံ စစ်ကြောင်းဖြစ် ရပ်တည်ခဲ့ရာမှ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်မှစ၍ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ ကွပ်ကဲမှုအောက်သို့ တရားဝင် ကူးပြောင်းပြီ ဖြစ်ကြောင်း Lion Battalion Commando စစ်ကြောင်းက ထုတ်ပြန်လိုက်သည်။
ဧရာဝတီ ဖက်ဒရယ်ကောင်စီအား အင်အားစု ဟု အမည်ပြောင်း
ကဏ္ဍ ၁၂ ခုမှ နိုင်ငံရေးအင်အားစုများဖြင့် စုဖွဲ့ထားသည့် ဧရာဝတီဖက်ဒရယ်ကောင်စီအား ထပ်မံပါဝင်လာသည့် အင်အားစု နှစ်ခုနှင့် ပူးပေါင်းကာ "ဧရာဝတီ ဖက်ဒရယ်အင်အားစု" (Ayeyarwaddy Federal Force – AFF) ဟု ပြောင်းလဲကြောင်း ကြေညာချက်အမှတ် (၁/၂၀၂၃) ဖြင့် ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။
MSRF အား မွန်ဖက်ဒရယ်ကောင်စီတပ်အဖြစ် ပြောင်းလဲရပ်တည်
နှစ်ဖက်ခေါင်းဆောင်းများ ဆွေးနွေးပြီးနောက် မွန်ပြည်တော်လှန်ရေးတပ် (Mon State Revolutionary Force – MSRF) အား မွန်ပြည်ဖက်ဒရယ်ကောင်စီ (Mon State Federal Council – MSFC) တပ်အဖြစ် ပြောငးလဲရပ်တည်ကာ ဆက်လက်တိုက်ပွဲ သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်က ထုတ်ပြန်လိုက်သည်။