• နွေဦးတော်လှန်ရေးအတွက် တရားဝင်မှု အရေးကြီးခြင်းဆိုင်ရာ စကားဝိုင်း

    နွေဦးတော်လှန်ရေးအတွက် တရားဝင်မှု၏ အရေးကြီးမှုနှင့် ပတ်သက်၍ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေကြသည့် အဖွဲ့အစည်းများ၏ စက်တင်ဘာ ၁၆ ရက်တွင် အွန်လိုင်းအခြေပြု စကားဝိုင်းတစ်ရပ် ပြုလုပ်ခဲ့သည်။

    AASYCWLB
  • ထောင်သုံးနှစ်ချခံရပြီး ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ထပ်မံတရားစွဲခံရ

    ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် အလုပ်နှင့် ထောင်ဒဏ် သုံးနှစ် မတရားထောင်ဒဏ်ချမှတ်ခံထားရသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ မဆုရည်လင်းအား အရှေ့ပိုင်းခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က) ဖြင့် ထပ်မံတရားစွဲထားသည်။

    WAB
  • တရားဝင်မှု တိုက်ပွဲ၌ နည်းပေါင်းစုံသုံး ပါဝင်ကြရန် GSCB ပန်ကြား

    ပြည်သူ့အစိုးရ အသိအမှတ်ပြုရေးနှင့် စစ်ရာဇဝတ်ကောင်များအား ထိုက်သင့်သည့်ပြစ်ဒဏ် ချမှတ်နိုင်ရေးအတွက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေး တရားဝင်မှုတိုက်ပွဲ (Credential Campaign) ၌ ပြည်သူတစ်ရပ်လုံးက မြေပြင်၊ အွန်လိုင်း၊ လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှု ပုံစံမျိုးစုံဖြင့် ဝိုင်းဝန်းပါဝင် ဆင်နွှဲကြရန် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ပန်ကြားထားသည်။

    GSCB
  • အထွေထွေကျပ်တည်းမှု အခြေခံ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး လှုပ်ရှားမှု

    နိုင်ငံတွင်း ဖြစ်ပွားနေသည့် "အထွေထွေ အကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ဆီသို့" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့ပေါ်၌ ဆန္ဒထုတ်ဖော်ခဲ့သည်။

    GSCDPNS
  • နိုင်ငံတကာ ဒီမိုကရေစီနေ့ လှုပ်ရှားမှု

    စက်တင်ဘာ ၁၅ ရက်တွင် ကျရောက်သည့် နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနား၌ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် တော်လှန်ရေးအင်အားစုများကလည်း နည်းလမ်းပေါင်းစုံဖြင့် ပါဝင်ခဲ့သည်။

    CRPH
  • နယ်စပ်ဖြတ်ကျော်မူးယစ်ဆေးဝါးရောင်းချမှုတိုက်ဖျက်ရေး NUG ထုတ်ပြန်

    စစ်အုပ်စု အာဏာသိမ်းပြီးချိန်မှစ၍ မူးယစ်ဆေးထုတ်လုပ်မှုနှင့် နယ်စပ်ဖြတ်ကျော် တရားမဝင် သယ်ဆောင်ရောင်းချမှု ပိုများလာကာ တားဆီးကာကွယ်ရေးရေးအား တော်လှန်ရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) က သတ်မှတ်ထုတ်ပြန်ကာ ပြည်သူလူထုပါဝင်ရေးမှာ အရေးကြီး၍ ပူးပေါင်းပါဝင်ပေးရန် ပန်ကြားထားသည်။

  • ရခိုင်တွင် စစ်အုပ်စု ဖိနှိပ်မှု ပိုများလာ

    ရခိုင်ပြည်အတွင်း စစ်အုပ်စု ယန္တရားများက လူထုအပေါ် ဖိနှိပ်မှုများ ပိုများလာကာ စစ်တွေဆန်ပြဿနာနေ့ ဟောပြောမှုနှင့် ပတ်သက်၍ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးအား တရားရုံးတင် စစ်ဆေးမှု၊ ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်စပ်သည်ဆိုကာ တစ်နှစ်ခွဲကျော် ထိန်းသိမ်းထားသည့် အမျိုးသားနှစ်ဦးအား ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်မှုများ ရှိသည်။

    AASYC
  • ရန်ကုန်ဘတ်စ်ကားပေါ်က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု

    စစ်အုပ်စု လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှပင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် အများသုံးသယ်ယူပို့ဆောင်ရေး ဘတ်စ်ကား များပေါ်၌ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ လူထုလှုံ့ဆော်ရေး လှုပ်ရှားမှုတစ်ရပ်အား စက်တင်ဘာလ (၁၃) ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

    GSC
  • ပဋိပက္ခကြား အမျိုးသမီးသေဆုံးမှု တိုးလာနေ

    နိုင်ငံအတွင်း စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်အတွင်း အမျိုးသမီးများနှင့် သက်ဆိုင်သည့် နိုင်ငံရေးဖိနှိပ်မှု၊ စစ်ရေးပဋိပက္ခကြားညပ်မှု၊ ခက်ခဲကြမ်းတမ်းမှုနှင့် အလုပ်သမားရေးပြဿနာများအနက် ရုံးတွင်ဆန္ဒပြမှုဖြင့် စစ်တွေအခြေစိုက် INGO တစ်မှ အမျိုးသမီးဝန်ထမ်း ၃၇ ဦးအား အလုပ်မှ ထုတ်ပစ်ခဲ့သည့် ဖြစ်စဉ်လည်း ပါဝင်သည်။

    AAPPWLB
  • ယောစစ်ရှောင်ပညာရေး ကူညီရန် PNFC ပန်ကြား

    မကွေးတိုင်း၊ ယောဒေသအတွင်း တော်လှန်ရေးအင်အားစုများက အကောင်အထည်ဖော်နေသည့် ပညာရေးလုပ်ငန်းများမှာ နွေဦးတော်လှန်ရေး အောင်မြင်စေရန် အထောက်အပံ့ဖြစ်ကာ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး၌ သက်ဆိုင်ရာ ယူနစ်များအတွင်း ကဏ္ဍပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံ၌ ကျွမ်းကျင်သည့် မျိုးဆက်သစ်များ ဖြစ်ထွန်းရေးအပေါ် အကျိုးသက်ရောက်စေသည့်အတွက် ဝိုင်းဝန်းကူညီပေးကြရန် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (Pa-O National Federal Council – PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက တိုက်တွန်းထားသည်။

    PNFC
  • GSC ပထမအကြိမ် ညီလာခံတွင် မူဝါဒရေးရာစာတမ်း ထုတ်ပြန်

    စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (General Strike Committee – GSC) ၏ ပထမအကြိမ် ညီလာခံအား လွတ်မြောက်ဒေသတစ်ခု၌ ခြောက်ရက်တိုင် ပြုလုပ်ပြီးနောက် မူဝါဒရေးရာစာတမ်း ထုတ်ပြန်လိုက်သည်။

    GSC
  • မုံရွာအစာငတ်ခံသပိတ်တိုက်ပွဲ အောင်ပွဲရ

    မုံရွာထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံ သပိတ်တိုက်ပွဲ ဆင်နွှဲမှုအား ထောင်အာဏာပိုင်များက စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်း၌ လိုက်လျော လက်ခံလိုက်ရပြီ ဖြစ်သည်။

    MPSSC
  • ရန်ကုန်တက္ကသိုလ် နှစ်ခုတွင် စစ်တပ်ထုတ်ကုန် သပိတ်မှောက်

    ရန်ကုန်တိုင်းအတွင်းရှိ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်နှစ်ခုတွင် "ဖက်ဆစ်ဝင်ငွေ ဖြတ်တောက် - ပြည်သူ့ဘဏ္ဍာ တည်ဆောက်" အမည်ဖြင့် "စစ်တပ်ထုတ်ကုန် သပိတ်မှောက် လှုပ်ရှားမှု" အား ကျောင်းသားများက စက်တင်ဘာ ၁၃ ရက်တွင် ပြုလုပ်ခဲ့သည်။

    AFCC
  • ၂၀၂၃ ခုနှစ်အတွင်း CDM ၁,၆၂၄ ဦးအား ထောက်ပံ့

    ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ သြဂုတ်လအထိ ရှစ်လတာအတွင်း အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု၌ ပါဝင်သည့် CDM ပြည်သူ့ဝန်ထမ်း ၁.၆၂၄ ဦးအား ကူညီထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ - CRPH က ထုတ်ပြန်ထားသည်။

    CRPH
  • အာဆီယံလေတပ်ဦးစီးချုပ် စည်းဝေးပွဲ

    မြန်မာ့မြေတွင် လက်ခံပြုလုပ်မည့် (၂၀) ကြိမ်မြောက် အာဆီယံ လေတပ်ဦးစီးချုပ်များ အစည်းအဝေးပွဲအား နေရာရွှေ့ပြောင်း လုပ်သင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ - HRW အပါအဝင် လေ့လာသူများက ဝေဖန်ထားသည်။ ယင်းအစည်းအဝေးသို့ ဖိလစ်ပိုင်၊ မလေးရှားနှင့် အင်ဒိုနီးရှား လေတပ်ဦးစီးချုပ်တို့က တက်ရောက်မည် မဟုတ်ပေ။

  • နှင်းဆီရောင်အမျိုးသမီးထု လှုပ်ရှားမှု

    မဟာဖိုဝါဒနှင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် အကြမ်းဖက်မှုများအား ဆန့်ကျင်ရှုတ်ချသည့်အနေဖြင့် “မုဒိန်းကောင်တွေနဲ့ ဖိုဝါဒ၊ မုတ်သင်္ဂြိုဟ်ပြချာ အဆုံးသတ်ကြ" ကြွေးကြော်သံဖြင့် နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂက ဦးဆောင်ကာ တနင်္သာရီတိုင်း၊ လောင်းလုံမြို့၌ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့သည်။

    DDMSC
  • မုံရွာထောင် အစာငတ်ခံမှုအား ထောင်တွင်း/ထောင်ပြင်ပေါင်းစပ်ရန် AJMM လှုံ့ဆော်

    မုံရွာအကျဉ်းထောင်အတွင်း အစာငတ်ခံ ဆန္ဒပြနေသူများအား ဝန်းရံရန်နှင့် ထောင်တွင်းထောင်ပြင် ဆန့်ကျင်မှုများအား ပေါင်းစပ်ရန်၊ သွေးစည်းကြရန် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု (Anti-Junta Mass Movement – AJMM) နှင့် PMYA က တိုက်တွန်း လှုံ့ဆော်ထားသည်။

    AJMM
  • ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှု ICJ အမှု ပြင်သစ် ပါဝင်ဆောင်ရွက်မည်

    မြန်မာနိုင်ငံအား လူမျိုးသုဉ်း သတ်ဖြတ်မှုဖြင့် နိုင်ငံတကာတရားရုံး (ICJ) တွင် တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ ပြင်သစ်နိုင်ငံအနေဖြင့် မိတ်ဖက်နိုင်ငံများနှင့်အတူ ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း ပြင်သစ်သမ္မတ Emmanuel Macron နှင့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasinaနှင့် စက်တင်ဘာ ၁၁ ရက်က ဒါကာမြို့၌ တွေ့ဆုံမှုအပြီး ဘင်္ဂလားနိုင်ငံခြားရေးဝန်ကြီးဌာန ပူးတွဲကြေညာချက်၌ ဖော်ပြထားသည်။

  • စစ်အုပ်စုအား စင်ကာပူအရေးယူရေး SURC လက်မှတ်ကောက်ခံ

    စင်ကာပူက စစ်အုပ်စုထံ လက်နက်ဆက်မရောင်းရေးနှင့် ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ရေး တောင်းဆိုရန်အတွက် အွန်လိုင်းမှတစ်ဆင့် ထောက်ခံလက်မှတ် ကောက်ယူမှုအား "သင့်လက်မှတ်နဲ့ မြန်မာပြည်ကို ကယ်တင်လိုက်ပါ" ခေါင်းစဉ်ဖြင့် ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များ ကော်မတီ - SURC က စက်တင်ဘာ ၁၁ ရကတွင် စတင်လိုက်သည်။

    SURC
  • စစ်တပ်က အရပ်သားများအား ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

    စစ်အုပ်စုက ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ မူတြော်ခရိုင်အတွင်းရှိ အရပ်သားများအား ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရခြင်း၊ စာသင်ကျောင်း၊ ကျောင်းဘော်ဒါဆောင်အပါအဝင် ဘာသာရေးအဆောက်အအုံနှင့် လူနေအိမ် ပျက်စီးမှုများစွာ ရှိနေကြောင်း စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်သည်။

    KNU
  • နိုင်/ကျဉ်းဖိနှိပ်မှု ရပ်တန့်ရေး "သံဖြတ်လွှ" ကမ်ပိန်း

    မုံရွာအကျဉ်းထောင်အတွင်း အစာငတ်ခံဆန္ဒပြနေသည့် နိုင်ငံရေးအကျဉ်းသားများနှင့် အတူရပ်တည်ကြောင်း "သံဖြတ်လွှ" ဓာတ်ပုံကမ်ပိန်းအား မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဦးဆောင်ပြုလုပ်က ဒီမိုကရေစီရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများကလည်း ဝိုင်းဝန်းပါဝင်လျက်ရှိသည်။

    AFCC
  • လူထုကြားက "ငါတို့ သံအမတ် - ငါတို့အသံ" ကမ်ပိန်း

    အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကိုယ်စားလှယ် ဦးကျော်မိုးထွန်းအား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်အဖြစ် ဆက်လက်ထားရှိရေးနှင့် စစ်တပ်ကိုယ်စားလှယ် လက်မခံရေး “ငါတို့ သံအမတ်၊ ငါတို့ အသံ၊ ငါတို့ ကိုယ်စားလှယ်" "Our Ambassador, Our Voice, Our Representative” – ကမ်ပိန်းအား ဒီမိုကရေစီရေးနှင့် တော်လှန်ရေး လှုပ်ရှားနေသည့် အင်အားစုများက ဆက်တိုက်ပြုလုပ်လျက် ရှိသည်။

    GSCB
  • ၈၄ နှစ်မြောက် ဦးဥတ္တမနေ့

    နယ်ချဲ့အင်္ဂလိပ်အား တော်လှန်မှု၌ ထိပ်ဆုံးက ပါဝင်သည့် ဆရာတော် ဦးဥတ္တမ ပျံလွန်မှု အထိမ်းအမှတ် (၈၄) နှစ်မြောက်အား ကြိုဆိုဂုဏ်ပြုကြောင်း လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (General Strike Committee of Nationalities – GSCN) က ထုတ်ပြန်ထားသည်။ ဆရာတော်မှာ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှား မှုများ၌ ပါဝင်မှု၊ အင်္ဂလိပ်ဘုရင်ခံ ဆာရယ်ဂျီနယ် ကရက်ဒေါ် မြန်မာပြည်က ထွက်သွားရန် ပြောဆိုမှုများကြောင့် ထင်ရှားကာ ၁၉၃၉ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် ပျံလွန်တော်မူခဲ့သည်။

    GSCN
  • လိင်အမြတ်ထုတ်သည် နွေဦးဆရာတော်အား ပြစ်ဒဏ်ခတ်ရေး လူထုအား လှုံ့ဆော်မှု

    အမျိုးသမီးများအပေါ် လိင်အမြတ်ထုတ်ခဲ့သည် စွပ်စွဲချက်များရှိသည့် နွေဦးဆရာတော် (Ke Sa Ra Account) အား လူမှုပြစ်ဒဏ်ပေးရန်အအတွက် ပြည်သူလူထု တစ်ရပ်လုံး ပူးပေါင်းပါဝင်ပေးရန် တော်လှန်ရေး အင်အားစုများအားက လှုံ့ဆော်ထားသည်။ အမျိုးသမီးမဟာမိတ်အင်အားစု (Women Alliance Burma – WAB) က ကျူးလွန်ခံရသူများနှင့် တွေ့ဆုံမေးမြန်းပြီးနောက် နွေဦးဆရာတော်အား ကျူးလွန်မှုအား ဝန်ခံရန်နှင့် သာသနာတော်ညှိုးနွမ်းစေ၍ လူဝတ်လဲရန် အချက်နှစ်ချက်အား တောင်းဆိုထားသည်။

    AFCCGSCB