ဖွဲ့စည်းပုံအခြေခံဥပဒေ

NUCC က အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ "အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးလုပ်ငန်းအဖွဲ့" - Transitional Constitution Working Group – TCWG ကို ဖွဲ့စည်းခဲ့သည်။၂၀၂၁ ခုနှစ် ဇူလိုင်လ ၂ ရက်တွင် NUG အစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ လမ်းညွှန်မှုဖြင့် "အသွင် ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းအဖွဲ့ - Transitional Constitution Preparation Team – TCPT ကို ဖွဲ့စည်းခဲ့သည်။

  • GSCN အား လူမျိုးပေါင်းစုံ မျိုးဆက်များ သွေးစည်းညီညွတ်ရေးမဟာမိတ်အင်အားစုအဖြစ် အမည်ပြောင်း

    လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (GSCN) ၏ ဒုတိယအကြိမ် ညီလာခံအား လူမျိုးစု ၁၉ ခုမှ ကိုယ်စားလှယ်များနှင့် လေ့လာသူ စုစုပေါင်း ၅၃ ဦးဖြင့် ပြုလုပ်ပြီးနောက် ကော်မတီအမည်အား"လူမျိုးပေါင်းစုံမျိုးဆက်များ သွေးစည်းညီညွတ်ရေး မဟာမိတ်အင်အားစု" (Generation’s Solidarity Coalition of Nationalities – GSCN) အဖြစ် ပြောင်းလဲကြောင်း ထုတ်ပြန်လိုက်သည်။

    GSCN
  • မန္တလေးဒေသ ကြားကာလနိုင်ငံရေး အစီအမံရေးဆွဲရေး လုပ်ငန်းစဉ် ထုတ်ပြန်

    မန္တလေးဒေသတွင် လက်ရှိ တော်လှန်ရေးကာလ (ကြားကာလ) အတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် ကြားကာလ နိုင်ငံရေးအစီအမံ (Interim Political Arrangement) တစ်ရပ် ပြင်ဆင်ဖော်ထုတ်ရေး လုပ်ငန်းစဉ်အားမန္တလေးတိုင်း လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRMH) နှင့် မန္တလေးဒေသ တော်လှန်ရေးအင်အားစုများက ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။

    CSTMAFCC
  • ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အလုပ်ရုံ ဆွေးနွေးပွဲအား TPCC ဦးဆောင် ပြုလုပ်

    ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့် ဆက်စပ်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်အား တအာင်းနိုင်ငံရေ အတိုင်ပင်ခံကော်မတီ (TPCC) က ဦးဆောင်၍ မေ ၂၀ ရက်က မိုင်းငေါ့မြို့နယ်တွင် မိဘပြည်သူ ၁၇၅ ဦးဖြင့် ပြုလုပ်၊ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

    TPCC
  • သျှမ်းကျောင်းသား သမဂ္ဂမှ တင်သွင်းသည့် မူဝါဒ အကြံပြုစာတမ်း ထုတ်ပြန်

    ၂၀၂၃ ခုနှစ်၊ မေလ ၁၃-၁၅ ရက်အတွင်း ကျင်းပခဲ့သော ပထမအကြိမ် သျှမ်းလူငယ်ညီလာခံတွင် သျှမ်းကျောင်းသား သမဂ္ဂမှ တင်သွင်းသည့် မူဝါဒ အကြံပြုစာတမ်းကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည်။ အဆိုပါ မူဝါဒ အကြံပြုစာတမ်းတွင် အဖွဲ့အစည်းမိတ်ဆက်၊ နောက်ခံ အကြောင်းအရာ၊ ပညာရေး၊ နိုင်ငံရေး၊ တော်လှန်ရေးနှင့် ပတ်သက်သော အကြံပြုလိုသော မူဝါဒများနှင့် အဆိုပြုချက်များပါဝင်သော အခန်းကဏ္ဍများ၊ သီးခြားအကြံပြုချက်များနှင့် အနှစ်ချုပ်တို့ ပါဝင်သည်။

    TSU
  • စစ်ကိုင်းဖိုရမ် တစ်နှစ်ပြည့် လူထုသို့ အစီရင်ခံစာ

    တိုင်းအဆင့် စုဖွဲ့မှုတစ်ခု ပေါ်ပေါက်ရေးကို ဦးတည်သည့် စစ်ကိုင်းဖိုရမ်၏ တစ်နှစ်ပြည့် လူထုသို့အစီရင်ခံစာအား ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့က ဇွန် ၂ ရက်တွင် ထုတ်ပြန်ခဲ့ရာ နိုင်ငံရေး၊ စစ်ရေး၊ မဟာမိတ်ဆက်ဆံရေး၊ လူမျိုးစုရေး၊ စစ်ရှောင်ပြည်သူအရေးများနှင့် ပတ်သက်သည့် ရပ်တည်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များကိုပါ ဖော်ပြထားသည်။

  • ပြည်သူအခြေပြု နိုင်ငံရေး၊ တော်လှန်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်မည်ဟု စစ်ကိုင်းဖိုရမ် ထုတ်ပြန်

    တော်လှန်သော အင်အားစုများဖြင့် စစ်ကိုင်းဒေသတော်လှန်ရေး ရှေ့ခြေတစ်လှမ်း တက်နိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်ပါ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူညီမျှရေး အခွင့်အလမ်းများ စစ်ကိုင်းတိုင်းသားများရရှိရေး၊ တိုင်းအတွင်း နိုင်ငံရေးအစုအဖွဲ့တစ်ရပ် ပေါ်ပေါက်ရေး ဦးတည်ချက်ဖြင့် ဆောင်ရွက်ခဲ့သည့် ဖိုရမ်တစ်နှစ်ပြည့်အဖြစ် လုပ်ဆောင်နိုင်ခဲ့သောလုပ်ငန်းစဉ် သုံးရပ်အား စစ်ကိုင်ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

  • အုပ်ချုပ်ရေးကော်မတီသစ်အား မွန်ပြည်ဖက်ဒရယ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

    မွန်ပြည် (နယ်) တွင် အာဏာသုံးရပ် ကျင့်သုံးရေးအတွက် ကောင်စီ ဒုတိယအကြိမ်ညီလာခံအပြီးတွင် အုပ်ချုပ်ရေးကော်မတီအား ကော်မတီ ဥက္ကဌ၊ ဌာနမှူးကြီးကိုးဦး၊ စုစုပေါင်း ၁၀ ဦးတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်းမေ ၂၇ ရက်တွင် အမိန့်ထုတ်ပြန်ချက် ၁/၂၀၂၄ ဖြင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MNFC) က ထုတ်ပြန်လိုက်သည်။

    MSFC
  • IEC အား ကြားကာလအစိုးရအဖြစ် အသိအမှတ်ပြုဟု ကရင်နီအရပ်ဖက်အဖွဲ့အစည်းများ ထုတ်ပြန်

    ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အား ပြည်နယ် ကြားကာလအစိုးရအဖြစ် အသိအမှတ်ပြုကြောင်း၊ ပြည်နယ်လူထု၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားကဏ္ဍများ၌ IEC နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် လမ်းကြောင်းများ ဆွေးနွေးဖော်ထုတ် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် လူထုအရေးကိစ္စ ဆောင်ရွက်ရာ၌ ပြည်တွင်းနယ်စပ်ရှိ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာရောက် ကရင်နီအင်အားစုများအကြား ဆက်စပ်ဆောင်ရွက်မှုနှင့် အားကောင်းသော ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ကိုင်မည်ဖြစ်ကြောင်း ကရင်နီအရပ်ဖက်အဖွဲ့အစည်းများ၏ရပ်တည်ချက်သဘောထားအား မေ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည်။

    KSCCKNPP
  • အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဆိုင်ရာ မဲ့ဝါးကလိုးကြေညာစာတမ်းအား KNU ထုတ်ပြန်

    ကရင်အမျိုးသား အစည်းအရုံး (KNU) အုပ်ချုပ်မှုနယ်မြေအတွင်း ကျင့်သုံးမည့် အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး လက်စွဲဆိုင်ရာ "မဲ့ဝါးကလိုးကြေညာစာတမ်း" အား မြို့နယ် ၂၇ မြို့နယ်မှ မြို့နယ်ဥက္ကဌနှင့်မြို့နယ်ခေါင်းဆောင်များ စည်းလုံးညီညွတ်စွာ ကတိကဝတ်ပြုပြီးနောက် မေ ၁၂ ရက်တွင် KNU ဗဟိုဌာနချုပ်က ထုတ်ပြန်လိုက်သည်။

    KNU
  • စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုင်ရာ သဘောထားရပ်တည်ချက် NUG ထုတ်ပြန်

    သတင်းမီဒီယာများ၏ လွတ်လပ်စွာ ရပ်တည်ပိုင်ခွင့်၊ သတင်းရယူပိုင်ခွင့်၊ သတင်းတင်ပြပိုင်ခွင့်တို့အား အကာအကွယ်ပေးရမည်ဟု ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁)၊ပုဒ်မ (၄၂) တွင် ပြဌာန်းထားသည့် အခြေခံမူဝါဒနှင့်အညီ အချက် ရှစ်ချက်ပါသည့် "စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ သဘောထားရပ်တည်ချက်" အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မေ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။

    NUG
  • မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ MSCC ရေးဆွဲသည့် ပြည်နယ် ပဋိညာဉ်အား CRMHအတည်ပြု

    မျှော်မှန်းချက်၊ ဦးတည်ချက်နှင့် စံတန်ဖိုးများ ပါဝင်သော မွန်ပြည်နယ် အတိုင်ပင်ခံကောင်စီ (MSCC) က ရေးဆွဲသည့် မွန်ပြည်နယ်ပဋိညာဉ် (Mon State Charter) အားဧပြီ ၁၇ ရက်က ပြုလုပ်သည့်အစည်းအဝေး၌ အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော် ကိုယ်စားပြုကော်မတီ (CRMH) က ထုတ်ပြန်လိုက်သည်။

  • ပသုံးလုံး၊ ပြည်သူ့စစ်မှုထမ်းနှင့် ၁၉၈၂ နိုင်ငံသားဥပဒေဆိုင်ရာ ဆုံးဖြတ်ချက်သုံးရပ်အား ဒုတိယအကြိမ် ပြည်သူ့ညီလာခံ၌ အတည်ပြုနိုင်ခဲ့

    အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ဦးဆောင်၍ ဧပြီ ၄ ရက်မှ ၉ ရက်အတွင်း ငါးရက်တာ ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံ၌ ဒေသန္တရအုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး၊အကြမ်းဖက်စစ်တပ်၏ တရားမဝင် ပြည်သူ့စစ်မှုထမ်းဥပဒေကိစ္စ၊ မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂) နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်သုံးရပ်အား အတည်ပြု ဆုံးဖြတ်နိုင်ခဲ့ကြောင်း NUCC က ထုတ်ပြန်လိုက်သည်။

    KPICTKSCC
  • ၂၀၀၈ ခြေ/ဥ နှင့် NCA ကို ငြင်းပယ်သည့် နိုင်ငံရေးရပ်တည်ချက် NMSP-AD ထုတ်ပြန်

    ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်း ပိတ်ဆို့သွားပြီ ဖြစ်ကာ မိမိတို့ မျှော်မှန်းသည့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ရေးအတွက် အရေးပါသည့် နိုင်ငံရေးရပ်တည်ချက်အားမွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)- New Mon State Party – AD က ဧပြီ ၁ ရက်တွင် ထုတ်ပြန်လိုက်သည်။

    NMSP - AD
  • မွန်ပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ (သုညမူကြမ်း) အတည်ပြု

    ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်အရ ဖက်ဒရယ်ယူနစ်တစ်ရပ်အဖြစ် ရပ်တည်နိုင်ရေးအတွက် ဒုတိယအကြိမ် ညီလာခံအား ဖေဖော်ဝါရီ ၂၈ နှင့် ၂၉ ရက်တို့တွင် ပြုလုပ်ပြီးနောက် မွန်ပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ (သုညမူကြမ်း) အား အတည်ပြုနိုင်ခဲ့ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ -MSFC က ဖေဖော်ဝါရီ ၂၉ ရက်တွင် ထုတ်ပြန်သည်။

    MSFC
  • ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ (နောက်ဆုံးမူကြမ်း) အား PRCF ထုတ်ပြန်

    အာဏာရှင်စနစ် ပပျောက်ရေး၊ ဒီမိုကရေစီ အခွင့်အရေးနှင့် အခြေခံ လူ့အခွင့်အရေးကို အာမခံသည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုအဖြစ် ခိုင်မာအောင် တည်ဆောက်ရေးအတွက် အနာဂတ် ပြည်ထောင်စုတွင် ကျင့်သုံးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်အား တိုင်းရင်းသားပေါင်းစုံ စုပေါင်းပါဝင်သည့် ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များကော်မတီ (People’s Representative Committee for Federal – PRCF) က ဖေဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။

    ALDSNLD
  • အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအား ၂၀၂၄ ခုနှစ်အတွင်း အပြီးရေးဆွဲမည်ဟု NUCC ထုတ်ပြန်

    ၂၀၂၄ခုနှစ်အတွင်း အသွင်ကူးပြောင်းရေးကာလဆိုင်ရာ အစီအမံများနှင့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတို့အား အမြန်ဆုံး ပြီးမြောက်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်သည့် "နွေဦးတော်လှန်ရေး သုံးနှစ်ပြည့် နိုင်ငံရေးသဘောထား ကြေညာချက်" ၌ ထည့်သွင်း ဖော်ပြထားသည်။

    NUCC
  • ချင်းပြည် (Chinland) အစိုးရ ဖွဲ့စည်း

    ချင်းပြည် (Chinland) ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၉) နှင့် ပုဒ်မ – ၃၂ (က) အရ ချင်းပြည် (Chinland) အစိုးရအဖွဲ့အား အစိုးရအဖွဲ့၊ ရှေ့နေချုပ်၊ တရားလွှတ်တော်ချုပ်၊ စာရင်းစစ်ချုပ်များဖြင့် ဖေဖော်ဝါရီ ၁ ရက်တွင် ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း Chinland Council က ထုတ်ပြန်ကြေညာလိုက်သည်။

    CNF
  • NUG နှင့် K3C တို့၏ ဘုံသဘောထားရပ်တည်ချက် ထုတ်ပြန်

    "စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေသည့် အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်" အမည်ဖြင့် ဦးတည်ချက် ခြောက်ရပ်အား အမျိုးသား ညီညွတ်ရေးအစိုးရ – NUG ၊ ကရင်အမျိုးသားအစည်းအရုံး - KNU ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ - KNPP ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ - KIO ၊ ချင်းအမျိုးသားတပ်ဦး - CNF တို့ ပူးပေါင်း၍ ဇန်နဝါရီ ၃၁ ရက်က ထုတ်ပြန်လိုက်သည်။

    KIOKNPP
  • ချင်းပြည်နယ်ဖွဲ့စည်းပုံ (၂၀၂၃) အတွက် သုံးသပ်ချက် ဥပဒေအထောက်အကူပြုကွန်ရက် ထုတ်ပြန်

    တော်လှန်ရေးကာလအတွင်း အသုံးပြုမည့် ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) အား ချင်းပြည်နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများက ပြဌာန်းထားခြင်းအပေါ် ဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အရင်းခံစနစ် ရှုထောင့်မှ သုံးသပ်ချက်အား ဥပဒေအထောက်အကူပြုကွန်ရက် (Legal Aid Network) က ဇန်နဝါရီ ၁၉ ရက်တွင် ထုတ်ပြန် လိုက်သည်။

    ICNCCCNF
  • ချင်းဖွဲ့စည်းပုံအတွက် သွေးမကွဲစေရေး ညှိနှိုင်းအဖြေရှာရန် Chin Civil Movement တိုက်တွန်း

    ချင်းပြည်နယ်ဖွဲ့စည်းပုံ (၂၀၂၃) နှင့် ချင်းပြည်ကောင်စီ ပြဌာန်း၊ ဖွဲ့စည်းမှုကြောင့် ချင်းတော်လှန်ရေးအင်အားစုများအကြား စစ်ရေးနှင့် နိုင်ငံရေးပဋိပက္ခများအထိ ဦးတည်စေနိုင်သည့် အခြေအနေများ တွေ့ရှိနေရသည့် ချင်းလူထုဆန္ဒနှင့် အာဏာရှင်စနစ် ဖြုတ်ချရေး ရည်မှန်းချက်ကို ရှေ့ရှုထားရန်နှင့် စုပေါင်းအဖြေရှာ ညှိနှိုင်းဆောင်ရွက်ကြရန် ပြည်တွင်းပြည်ပရှိ ချင်းအဖွဲ့အစည်း ၃၉ ဖွဲ့နှင့် လူပုဂ္ဂိုလ် ၅၄၅ ဦးတို့က အချက်လေးချက်ပါ တိုက်တွန်းချက်အား ဇန်နဝါရီ ၁၉ ရက်က ထုတ်ပြန်လိုက်သည်။

    ICNCCCNF
  • အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံမူကြမ်း ရေးပြီးကြောင်း NLD ထုတ်ပြန်

    အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံ ပထမမူကြမ်းအား ရေးဆွဲ မှတ်တမ်းတင်ထားပြီးကြောင်း ဇန်နဝါရီ ၆ ရက်က ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဗဟိုကော်မတီ၏ ကြားကာလ တတိယအကြိမ် အစည်းအဝေအပြီး ထုတ်ပြန်လိုက်သည်။

    NLD
  • အထူးဒေသ (၁) အခြေခံဥပဒေကို အခြေခံမည်ဟု MNDAA ထုတ်ပြန်

    ၁၀၂၇ စစ်ဆင်ရေးအား လုံးဝရပ်စဲမည် မဟုတ်ဘဲ ရှမ်းပြည်နယ် အထူးဒေသ (၁) အာဏာရရေးသည် မိမိတို့၏ အမျိုးသားရေးလုပ်ငန်းစဉ် ပထမခြေလှမ်းဖြစ်ကာ "အထူးဒေသ (၁) အခြေခံဥပဒေ" ကို အခြေခံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအား ကြိုးပမ်းအားထုတ်မည်ဟု မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) စစ်ဦးစီးချုပ်နှင့် အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်တဲရင်၏ ၂၀၂၄ ခုနှစ် နှစ်သစ်ကူးသဝဏ်လွှာ၌ ဖော်ပြထားသည်။

    MNTJP
  • ဘုံနိုင်ငံရေးသဘောတူညီချက်တစ်ရပ် အမြန်ဆုံး ရရှိရေး ကြိုးပမ်းနေသည်ဟု NUCC နှင့် NUG ပူးတွဲထုတ်ပြန်

    ၂၀၂၄ ခုနှစ်တွင် တော်လှန်ရေးအင်အားစုများအကြား ဘုံနိုင်ငံရေးသဘောတူညီချက်တစ်ရပ် အမြန်ဆုံး ရရရှိရေး ကြိုးပမ်းနေသည်ဟု အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ပူးတွဲ ထုတ်ပြန်လိုက်သည်။

  • စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့မှ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ နုတ်ထွက်

    မြေပြင်၍ တော်လှန်ရေး အပြီးသတ် အောင်ပွဲခံနိုင်ရေး ဦးစားပေးဆောင်ရွက်ရမည် တော်လှန်ရေးဆိုင်ရာ ကိစ္စများအပြင် တိုင်းအတွင်း အစုအဖွဲ့အားလုံး လက်ခံနိုင်သည့် နိုင်ငံရေးသဘောတူညီမှု ရရှိအောင် ဆက်လက်ကြိုးပမ်းလိုခြင်းများကြောင့် စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့မှ နုတ်ထွက်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဒီဇင်ဘာ ၂၈ ရက်တွင် ကြေညာလိုက်သည်။

    MPSSC