သုတေသန
နွေဦးတော်လှန်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သုတေသန စာတမ်းများနှင့် ဖြစ်စဉ်များ
- အားလုံး
- ဂျဲန်ဒါတန်းတူညီမျှမှု
- စစ်ဘေးရှောင် ပြည်သူများ
- နိုင်ငံတကာ ဆက်ဆံရေး
- လက်နက်ကိုင်တော်လှန်ရေး
- ပြည်နယ်အဆင့် အုပ်ချုပ်ရေးများ
- ဖွဲ့စည်းပုံအခြေခံဥပဒေ
- လူ့အခွင့်အရေးချိုးဖောက်မှုများ
- အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု
- အရပ်သားများကို ကာကွယ်ပေးခြင်း
ဖွဲ့စည်းပုံအခြေခံဥပဒေ
NUCC က အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ "အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးလုပ်ငန်းအဖွဲ့" - Transitional Constitution Working Group – TCWG ကို ဖွဲ့စည်းခဲ့သည်။၂၀၂၁ ခုနှစ် ဇူလိုင်လ ၂ ရက်တွင် NUG အစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ လမ်းညွှန်မှုဖြင့် "အသွင် ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းအဖွဲ့ - Transitional Constitution Preparation Team – TCPT ကို ဖွဲ့စည်းခဲ့သည်။
ဧရာဝတီ ဖက်ဒရယ်ကောင်စီအား အင်အားစု ဟု အမည်ပြောင်း
ကဏ္ဍ ၁၂ ခုမှ နိုင်ငံရေးအင်အားစုများဖြင့် စုဖွဲ့ထားသည့် ဧရာဝတီဖက်ဒရယ်ကောင်စီအား ထပ်မံပါဝင်လာသည့် အင်အားစု နှစ်ခုနှင့် ပူးပေါင်းကာ "ဧရာဝတီ ဖက်ဒရယ်အင်အားစု" (Ayeyarwaddy Federal Force – AFF) ဟု ပြောင်းလဲကြောင်း ကြေညာချက်အမှတ် (၁/၂၀၂၃) ဖြင့် ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။
ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအား ချင်းပြည်ကောင်စီ အတည်ပြု
ဒီဇင်ဘာ ၄ ရက်မှ ၇ ရက်အထိ ချင်းအမျိုးသားတပ်ဦး - CNF ဌာနချုပ် ဗစ်တိုးရီးယားစခန်းတွင် ပြုလုပ်သည့် ပထမအကြိမ် ချင်းပြည် (Chinland) ကောင်စီညီလာခံမှတစ်ဆင့် ဒီဇင်ဘာ ၆ ရက်တွင် ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေအား အတည်ပြုလိုက်ပြီ ဖြစ်သည်။
ဂျဲန်ဒါတန်းတူ မဟာဗျူဟာမြောက်ချဉ်းကမ်ခြင်း စာတမ်း WLB ထုတ်ဝေ
“ဖက်ဒရယ်စနစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တန်းတူညီမျှမှုအခြေခံမူ - အမျိုးသမီးအခွင့်အရေးနှင့် ဂျဲန်ဒါတန်းတူမှုကို မဟာဗျူဟာမြောက်ချည်းကပ်ခြင်း” အမည်ဖြင့် စာတမ်းကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) - WLB က ဒီဇင်ဘာ ၆ ရက်တွင် ထုတ်ဝေလိုက်သည်။
မကွေးယူနစ် ကြားကာလစီမံဥပဒေအား မကွေးချင်းတိုင်းရင်းသားအစုအဖွဲ့က ကန့်ကွက်
မကွေးတိုင်းဒေသကြီးလွှတ်တော်က မကွေးဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေအား နိုဝင်လာဘ ၁၇ ရက်က ပြဋ္ဌာန်းသည့်အပေါ် မကွေးတိုင်းအတွင်းရှိ ချင်းတိုင်းရင်းသားများအစုအဖွဲ့က အသိအမှတ်မပြုကြောင်း နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
တိုင်းသုံးတိုင်း၌ ကြားကာလဖွဲ့စည်းပုံရေးဆွဲမှု ကြိုတင်ပြင်ဆင်ရေး ဥပဒေကြမ်းအား အတည်ပြု
စစ်ကိုင်း၊ မကွေးနှင့် တနင်္သာရီတိုင်းတို့တွင် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းအား အတည်ပြုလိုက်ပြီ ဖြစ်သည်။
ကရင်နီ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီ ဖွဲ့စည်း
ကရင်နီပြည်နယ်အတွက် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီအား ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ - KSCC က စက်တင်ဘာ ၁၆ ရက်တွင် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်သည်။
ပအိုဝ်းဖွဲ့စည်းပုံဥပဒေရေးဆွဲခြင်းနှင့် အမျိုးသားဒေသဆိုင်ရာ ပြုစုရေး လုပ်ဆောင်မည်
ပအိုဝ်းပြည်နည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပအိုဝ်းအျိုးသားဒေသများဆိုင်ရာ ပြုစုရေးဆွဲရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်သွားရန် ဗဟိုအလုပ်အမှုဆောင်ကော်မတီ တိုးချဲ့အစည်းအဝေး၌ ဆုံးဖြတ်ချက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာချက်အမှတ် ၀၇/၂၀၂၃ ဖြင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) က ထုတ်ပြန်လိုက်သည်။
ချင်းဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်နယ်ကောင်စီ ဖွဲ့စည်းရေး အကြိုညီလာခံ
နွေဦးတော်လှန်ရေးကာလအတွင်း ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး၊ ချင်းပြည်ကောင်စီ ဖွဲ့စည်းရေးနှင့် မဏ္ဍိုင်သုံးရပ် ထူထောင်ရေး အကြိုညီလာခံအား စက်တင်ဘာ ၇ ရက်မှ ၉ ရက်အထိ ပြုလုပ်ခဲ့ရာ ချင်းအမျိုးသားတပ်ဦး (CNF)၊ ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်နှင့် ဒေသအခြေပြုအဖွဲ့အစည်းမှ စုစုပေါင်း ၁၀၈ ဦး ပါဝင်ခဲ့သည်။