သုတေသန
နွေဦးတော်လှန်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သုတေသန စာတမ်းများနှင့် ဖြစ်စဉ်များ
- အားလုံး
- ဂျဲန်ဒါတန်းတူညီမျှမှု
- စစ်ဘေးရှောင် ပြည်သူများ
- နိုင်ငံတကာ ဆက်ဆံရေး
- လက်နက်ကိုင်တော်လှန်ရေး
- ပြည်နယ်အဆင့် အုပ်ချုပ်ရေးများ
- ဖွဲ့စည်းပုံအခြေခံဥပဒေ
- လူ့အခွင့်အရေးချိုးဖောက်မှုများ
- အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု
- အရပ်သားများကို ကာကွယ်ပေးခြင်း
CDM ဝန်ထမ်းများအား တအောင်းဒေသ၌ ခန့်အပ်မည်ဟု PSLF ဖိတ်ခေါ်
အကြမ်းဖက်စစ်အုပ်စုလက်မှသိမ်းယူထားပြီး ဖြစ်သည့်မြို့နယ် (၇)ခု၌တော်လှန်ရေးနှင့်ဒေသအကျိုးပြုလုပ်ငန်းများဖော်ဆောင်ရာ၌အကြမ်းမဖက်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု (CivilDisobedienceMovement– CDM) တွင်ပါဝင်သည့် ပြည်သူ့ဝန်ထမ်းများအားပူးပေါင်းဆောင်ရွက်ရန်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA) ကဇန်နဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ဖိတ်ခေါ်လိုက်သည်။
စစ်ကောင်စီတပ်ရင်းများ ဘက်ပြောင်းရေး KNDF တိုက်တွန်း
ကရင်နီပြည်နယ်အတွင်း တပ်စွဲထားသည့် အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ တပ်ရင်းများအနေဖြင့် ပြည်သူ့ဘက်သို့ ဘက်ပြောင်းရန်နှင့် ဘက်ပြောင်းရေးအစီအမံအရ လက်ရှိ ရာထူးများအတိုင်း ပြန်လည်ထမ်းဆောင်ခွင့်နှင့် မိသားစုအလိုက် ဘက်ပြောင်းသူများအား အထူးအကျိုးခံစားခွင့် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (Karenni Nationalities Defense Force – KNDF) က ဇန်နဝါရီ ၂၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
NUG တရုတ်မူဝါဒ မြန်မာနိုင်ငံအလုပ်သမား တပ်ပေါင်းစုအား ကိုယ်စားမပြု
“မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ၏ တရုတ်နိုင်ငံနှင့် စပ်လျဉ်းသည့် ရပ်တည်ချက်” - “The National Unity Government’s Position on China” အား NUG က ဇန်နဝါရီ ၁ ရက်၌ ထုတ်ပြန်ထားရာ ယင်းရပ်တည်ချက်ကြေညာစာတမ်းသည် မိမိတို့၏ မူဝါဒနှင့် ရှုမြင်မှုအား ကိုယ်စားပြုခြင်း မဟုတ်ကြောင်း ဇန်နဝါရီ ၂၁ ရက်တွင် မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစု (Myanmar Labour Alliance - MLA) က ထုတ်ပြန်လိုက်သည်။
ချင်းပြည်နယ်ဖွဲ့စည်းပုံ (၂၀၂၃) အတွက် သုံးသပ်ချက် ဥပဒေအထောက်အကူပြုကွန်ရက် ထုတ်ပြန်
တော်လှန်ရေးကာလအတွင်း အသုံးပြုမည့် ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) အား ချင်းပြည်နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများက ပြဌာန်းထားခြင်းအပေါ် ဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အရင်းခံစနစ် ရှုထောင့်မှ သုံးသပ်ချက်အား ဥပဒေအထောက်အကူပြုကွန်ရက် (Legal Aid Network) က ဇန်နဝါရီ ၁၉ ရက်တွင် ထုတ်ပြန် လိုက်သည်။
ကျောင်း ၂,၀၀၀ ကျော် တည်ဆောက်ကာ ဆရာ/ဆရာမ ၁၂,၀၀၀ ကျော် မွေးထုတ်ထားသည့် KTWG
ကရင် ဘာသာစကား၊ ယဉ်ကျေးမှု၊ သမိုင်းနှင့် ဝိသေသလက္ခဏာများအပြင် ဒေသန္တရအုပ်ချုပ်ရေး ထိန်းသိမ်းမြှင့်တင်ရေးအတွက် လုပ်ဆောင်နေသည့် Karen Teacher Working Group – KTWG မှာ လက်ရှိတွင် ကျောင်းပေါင်း ၂,၁၆၇ ကျောင်း တည်ထောင်ထားနိုင်ပြီဖြစ်ကာ ဆရာ/ဆရာမ ၁၂,၀၃၅ ဖြင့် လည်ပတ်နေပြီ ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။
ချင်းဖွဲ့စည်းပုံအတွက် သွေးမကွဲစေရေး ညှိနှိုင်းအဖြေရှာရန် Chin Civil Movement တိုက်တွန်း
ချင်းပြည်နယ်ဖွဲ့စည်းပုံ (၂၀၂၃) နှင့် ချင်းပြည်ကောင်စီ ပြဌာန်း၊ ဖွဲ့စည်းမှုကြောင့် ချင်းတော်လှန်ရေးအင်အားစုများအကြား စစ်ရေးနှင့် နိုင်ငံရေးပဋိပက္ခများအထိ ဦးတည်စေနိုင်သည့် အခြေအနေများ တွေ့ရှိနေရသည့် ချင်းလူထုဆန္ဒနှင့် အာဏာရှင်စနစ် ဖြုတ်ချရေး ရည်မှန်းချက်ကို ရှေ့ရှုထားရန်နှင့် စုပေါင်းအဖြေရှာ ညှိနှိုင်းဆောင်ရွက်ကြရန် ပြည်တွင်းပြည်ပရှိ ချင်းအဖွဲ့အစည်း ၃၉ ဖွဲ့နှင့် လူပုဂ္ဂိုလ် ၅၄၅ ဦးတို့က အချက်လေးချက်ပါ တိုက်တွန်းချက်အား ဇန်နဝါရီ ၁၉ ရက်က ထုတ်ပြန်လိုက်သည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ အချက်သုံးချက်ပါ ဟိုင်ဂင်သဘောတူညီချက်
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက် ညပိုင်းမှစ၍ နှစ်ဖက်တပ်များ ချက်ချင်းအပစ်ရပ်ရေး၊ ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှု မရှိစေရေး၊ အငြင်းပွားဖွယ်ရာနှင့် ပစ်ခတ်မှုများ ဖြစ်ပေါ်ပါက တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ဖြင့် ဖြေရှင်းရေး စသည့် အချက် (၃) ချက်ဖြင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) အကြား တရုတ်ကြားဝင်စေ့စပ်မှုဖြင့် သဘောတူအပစ်ရပ်လိုက်ကြောင်း မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ကြေညာထားသည်။
တိုက်ခိုက်ခံပြည်သူများ ထူထောင်ရေးအား ဦးစားပေးအဖြစ် PSLF/TNLA ဆောင်ရွက်မည်
ထိန်းသိမ်းထားသည့် မြို့နယ်များအတွင်း အကြမ်းဖက်စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် ဒေသခံမိဘပြည်သူများ၏ အိုးအိမ်များ ပြန်လည်ထူထောင်ရေးအား ကနဦး ဦးစားပေးအဆင့်အဖြစ် ဆောင်ရွက်မည် ဖြစ်ကြောင်း ပလောင်င်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ဇန်နဝါရီ ၁၂ ရက်တွင် ကျရောက်သည့် (၆၁) နှစ်မြောက် တအာင်းတော်လှန်ရေးနေ့ ဂုဏ်ပြုမိန့်ခွန်း၌ ထည့်သွင်းပြောဆိုထားသည်။
တော်လှန်ရေးသုံးနှစ်အကြာ နိုင်ငံရေးအမြင်သဘောထားအား DPNS ထုတ်ပြန်
“သင်္ချိုင်းတံခါးဝရောက် စစ်အာဏာရှင်စနစ်" ခေါင်းစဉ်ဖြင့် လူ့ဘောင်သစ်ဒီမိုကရစ်တစ်ပါတီ (DPNS) က ၎င်းတို့၏ နိုင်ငံရေးအမြင်သဘောထားအား ၁/၂၀၂၄ ဖြင့် ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ထားရာ နွေဦးတော်လှန်ရေးသည် လူမျိုးစုံပြည်သူများ ဖောက်ထားသည့် လမ်းဖြစ်ကာ တော်လှန်ရေးတိုက်ပွဲ၏ ရပ်တည်ချက် နှင့် တိမ်းညွှတ်မှုအား မည်သည့်အင်အားစုမျိုးမှ လမ်းလွှဲမှု၊ သွေဖီမှုမျိုးမှ ကျော်လွန်၍ မဖြစ်နိုင်ဟု ဖော်ပြထားသည်။
ဟိုပန်နှင့် ပန်လုံအား "ဝ" ပြည်နယ်အစိုးရလက်အောက် ပြန်လည်ထားရှိ
မြောက်ပိုင်း မဟာမိတ်ညီနောင် သုံးဖွဲ့က ဇန်နဝါရီ ၅ ရက်တွင် အကြမ်းဖက်စစ်အုပ်စုလက်မှ တိုက်ခိုက်သိမ်းယူထားသည့် ဟိုပန်နှင့် ပန်လုံဒေသနှစ်ခုအား ဇန်နဝါရီ ၁၀ ရက်တွင် "ဝ" ပြည်နယ် ပြည်သူ့အစိုးရထံသို့ ပြန်လည်လွှဲပြောင်းပေးလိုက်ပြီ ဖြစ်သည်။
ဆိုးဝါးသည့် စစ်ရာဇဝတ်မှုနှင် လူသားသုဉ်းသတ်ဖြတ်ခံနေရမှုများအတွက် နှုတ်ဆိတ်မနေရန် GSCB တိုက်တွန်း
စစ်ကိုင်း၊ ရှမ်းမြောက်အပါအဝင် နိုင်ငံ့နေရာအနှံ့ အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေသည့် ဆိုးဝါးသည့် စစ်ရာဇဝတ်မှုနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုများအား အစိုးရနှင့် အဖွဲ့အစည်း အကျိုးစီးပွားအတွက် နှုတ်ဆိတ်နေမှုအား ရပ်တန့်ကာ ဖိအားပေးဆန့်ကျင်ကန့်ကွက်ရုံသာမက နိုင်ငံတကာ ယန္တရားများ၌ တရားစွဲဆို အပြစ်ပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းစေလိုကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ဇန်နဝါရီ ၈ ရက်တွင် သဘောထား ထုတ်ပြန်လိုက်သည်။
အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံမူကြမ်း ရေးပြီးကြောင်း NLD ထုတ်ပြန်
အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံ ပထမမူကြမ်းအား ရေးဆွဲ မှတ်တမ်းတင်ထားပြီးကြောင်း ဇန်နဝါရီ ၆ ရက်က ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဗဟိုကော်မတီ၏ ကြားကာလ တတိယအကြိမ် အစည်းအဝေအပြီး ထုတ်ပြန်လိုက်သည်။
BPLA ကျင့်သုံးမည့် နိုင်ငံရေးနှင့် စစ်ရေးမူဝါဒ ထုတ်ပြန်
တည်ထောင်မှုသက်တမ်းနှစ်နှစ်ခွဲကျော်ရှိလာပြီဖြစ်သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA) က၎င်းတို့ ကျင့်သုံးမည့်နိုင်ငံရေးနှင့် စစ်ရေးမူဝါဒအားဇန်နဝါရီ ၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
အပြောင်းအလဲနှင့် စိန်ခေါ်မှုများအပေါ် အမျိုးသမီးခေါင်းဆောင်များ၏ ခံယူချက်စစ်တမ်း ထုတ်ပြန်
အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းပြီး တစ်နှစ်ခွဲအကြာ အပြောင်းအလဲနှင့် စိန်ခေါ်မှုများအပေါ် နိုင်ငံအနှံ့ရှိ အမျိုးသမီးခေါင်းဆောင်များ၏ ခံယူချက်များအား "Building The Triple Resistance” အမည်ဖြင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) က ဇန်နဝါရီ ၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
ကြုံတွေ့နေရသည့် အကျပ်အတည်းနှင့် စိန်ခေါ်မှုများအား လူငယ်တော်လှန်ရေးသမားများ ထုတ်ပြန်
အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းပြီးနောက် လူငယ်များ ကြုံတွေ့နေရသည့် အကျပ်အတည်းနှင့် စိန်ခေါ်မှု ၁၅ ချက်အား နယ်ပယ် ၁၃ ခုတွင် ပါဝင်လှုပ်ရှားနေသည့် လူငယ်များက အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) ၊ ဖက်ဒရယ်ကောင်စီများနှင့် လူမျိုးစုတော်လှန်ရေးအင်အားစုများအား လိပ်မူ၍ အိတ်ဖွင့်ပေးစာ ထုတ်ပြန်လိုက်သည်။
စစ်ကိုင်းဖက်ဒရယ်ကောင်စီ (ရှေ့ပြေး) ဖွဲ့စည်းနိုင်ရေး ကော်မတီဖွဲ့စည်း
စစ်ကိုင်းဖက်ဒရယ်ကောင်စီ (ရှေ့ပြေး) ဖွဲ့စည်းနိုင်ရေးအတွက် ကိုယ်စားလှယ်အဖွဲ့အား အစုအဖွဲ့ ငါးခုမှ ကိုယ်စားလှယ် ၃၅ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ ဒုတိယအကြိမ် စစ်ကိုင်းဖိုရမ်အား ဇန်နဝါရီ ၃ ရက်မှ ၅ ရက်အထိ ပြုလုပ်ပြီးနောက် နိုင်ငံရေး၊ စစ်ရေး၊ လူသားချင်းစာနာထောက်ထားရေး၊ လူမျိုးစုနှင့် ၂၀၂၀ ရွေးကောက်ခံ စသည့ အစုအဖွဲ့ ငါးခုမှ ကိုယ်စားလှယ်များအား ဖိုရမ်မှ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း ဖြစ်ကာ လတ်တလောတွင် ၂၀၂၀ ရွေးကောက်ခံအစုအဖွဲ့များနှင့် ပါဝင်နိုင်သေးခြင်း မရှိပေ။
အထူးဒေသ (၁) အခြေခံဥပဒေကို အခြေခံမည်ဟု MNDAA ထုတ်ပြန်
၁၀၂၇ စစ်ဆင်ရေးအား လုံးဝရပ်စဲမည် မဟုတ်ဘဲ ရှမ်းပြည်နယ် အထူးဒေသ (၁) အာဏာရရေးသည် မိမိတို့၏ အမျိုးသားရေးလုပ်ငန်းစဉ် ပထမခြေလှမ်းဖြစ်ကာ "အထူးဒေသ (၁) အခြေခံဥပဒေ" ကို အခြေခံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအား ကြိုးပမ်းအားထုတ်မည်ဟု မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) စစ်ဦးစီးချုပ်နှင့် အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်တဲရင်၏ ၂၀၂၄ ခုနှစ် နှစ်သစ်ကူးသဝဏ်လွှာ၌ ဖော်ပြထားသည်။
တရုတ်နိုင်ငံဆိုင်ရာ သဘောထား NUG ထုတ်ပြန်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ချမှတ်ထားကာ တရုတ်နိုင်ငံ၏ တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက်ထောက်ခံ ကျင့်သုံးမည်ဖြစ်ပြီး စစ်မှန်သည့် "ဆွေမျိုး - ပေါက်ဖော်" ဆက်ဆံရေး တည်ဆောက်သွားမည် ဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ၁/၂၀၂၄ ဖြင့် ဇန်နဝါရီ ၁ ရက်က ထုတ်ပြန်လိုက်သည်။
"ချင်းညီနောင်" ဖွဲ့စည်းကြောင်း ကြေညာ
ချင်းပြည်နှင့် ချင်းအမျိုးသားရေး၌ နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်ရန်အတွက် ဇိုမီးဖက်ဒရယ် အစည်းအရုံး (Zomi Federal Union) ၊ ချင်းအမျိုးသားအဖွဲ့ချုပ် (Chin National Organization) ၊ ချင်းအမျိုးသားကောင်စီ - မင်းတပ် (Chin National Council – Mindat) တို့ ပေါင်းကာ "ချင်းညီနောင်" အဖွဲ့ ဖွဲ့စည်းကြောင်း ဒီဇင်ဘာ ၃၀ ရက်က ကြေညာလိုက်သည်။
ဘုံနိုင်ငံရေးသဘောတူညီချက်တစ်ရပ် အမြန်ဆုံး ရရှိရေး ကြိုးပမ်းနေသည်ဟု NUCC နှင့် NUG ပူးတွဲထုတ်ပြန်
၂၀၂၄ ခုနှစ်တွင် တော်လှန်ရေးအင်အားစုများအကြား ဘုံနိုင်ငံရေးသဘောတူညီချက်တစ်ရပ် အမြန်ဆုံး ရရရှိရေး ကြိုးပမ်းနေသည်ဟု အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ပူးတွဲ ထုတ်ပြန်လိုက်သည်။
စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့မှ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ နုတ်ထွက်
မြေပြင်၍ တော်လှန်ရေး အပြီးသတ် အောင်ပွဲခံနိုင်ရေး ဦးစားပေးဆောင်ရွက်ရမည် တော်လှန်ရေးဆိုင်ရာ ကိစ္စများအပြင် တိုင်းအတွင်း အစုအဖွဲ့အားလုံး လက်ခံနိုင်သည့် နိုင်ငံရေးသဘောတူညီမှု ရရှိအောင် ဆက်လက်ကြိုးပမ်းလိုခြင်းများကြောင့် စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့မှ နုတ်ထွက်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဒီဇင်ဘာ ၂၈ ရက်တွင် ကြေညာလိုက်သည်။
KNLA လက်အောက်တွင် ပါဝင်မည်ဟု Lion Battalion စစ်ကြောင်း ထုတ်ပြန်
ကရင့်ပြည်သူ့တပ်မတော် ( Kawathoolei Army – ကော်သူးလေ) လက်အောက်ခံ စစ်ကြောင်းဖြစ် ရပ်တည်ခဲ့ရာမှ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်မှစ၍ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ ကွပ်ကဲမှုအောက်သို့ တရားဝင် ကူးပြောင်းပြီ ဖြစ်ကြောင်း Lion Battalion Commando စစ်ကြောင်းက ထုတ်ပြန်လိုက်သည်။
ဧရာဝတီ ဖက်ဒရယ်ကောင်စီအား အင်အားစု ဟု အမည်ပြောင်း
ကဏ္ဍ ၁၂ ခုမှ နိုင်ငံရေးအင်အားစုများဖြင့် စုဖွဲ့ထားသည့် ဧရာဝတီဖက်ဒရယ်ကောင်စီအား ထပ်မံပါဝင်လာသည့် အင်အားစု နှစ်ခုနှင့် ပူးပေါင်းကာ "ဧရာဝတီ ဖက်ဒရယ်အင်အားစု" (Ayeyarwaddy Federal Force – AFF) ဟု ပြောင်းလဲကြောင်း ကြေညာချက်အမှတ် (၁/၂၀၂၃) ဖြင့် ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။
လေယာဉ်ဆီဖြတ်တောက်ရေး အဖြူရောင်ကမ်ပိန်း
အကြမ်းဖက်စစ်အုပ်စုက အရပ်သားများအပေါ် ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်နေမှုများအား နိုင်ငံတကာ အစိုးရများ သိစေရေးအတွက် လေယာဉ်ဆီဖြတ်တောက်ရေး အဖြူရောင်ကမ်ပိန်း "Ban Jet Fuel – White Campaign” အား ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါဝါရီလအထိ (အပတ်စဉ် တနင်္လာနေ့တိုင်း) ပြုလုပ်သွားရန် မြန်မာ့ဒီမိုကရေစီအင်အားစုများက တိုက်တွန်းနှိုးဆော်ထားသည်။