ဖြစ်စဉ်
ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်းအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက် ည (၁၁) နာရီခန့်တွင် အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိစွာ ပစ်ခတ်ခဲ့သည်။ ပစ်ခတ်မှုကြောင့် ကလေးသူငယ် (၁၃) ဦးအပါအဝင် အရပ်သား စစ်ရှောင်ပြည်သူ (၃၂) ဦး သေဆုံးခဲ့ကာ (၂၀) ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့သည်။ သေဆုံးသူအများစုမှာ အမျိုးသမီးများ ဖြစ်ပြီး စစ်ရှောင်နေအိမ် ၅၀ ကျော်လည်း ပျက်စီးခဲ့သည်။
KIA
“ဒါဟာ တိုင်းရင်းသားပြည်သူတွေအပေါ် ပြုလုပ်တဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုလို့ပဲ ပြောချင်တယ်" - ဗိုလ်မှူးကြီးနော်ဘူ (KIA) (နယူးယောက်တိုင်းမ်သတင်းဌာနသို့ ဖုန်းဖြင့် ဖြေဆိုထားမှု)
NUG
မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ၇၈ ကြိမ်မြောက် ကမ္ဘာ့ကုလ သမဂ္ဂ ညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ) တွင် အောက် တိုဘာ ၁၀ ရက်က ပြုလုပ်သည့် အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှု အစီအစဉ်၌ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားပြု မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြခဲ့သည်။ တင်ပြမှုအတွင်း မြန်မာပြည်သူများအပေါ် လူမဆန်သည့် ရက်စက်ယုတ်မာ သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်အုပ်စုလုပ်ရပ်များ ရပ်တန့်ရေးအတွက် အပြည့်အဝ လက်နက်ပိတ်ပင်ခြင်း၊ လေယာဉ်ဆီတင်ပို့မှု ရပ်ဆိုင်ခြင်းတို့အား ဆောင်ရွက်ပေးရန်ပါ ထည့်သွင်းတင်ပြခဲ့သည်။
GSCB
အကြမ်းဖက်စစ်အုပ်စု၏ စစ်ရာဇဝတ်မှုများအတွက် ဖိအားပေးဆန့် ကျင်ကန့်ကွက်ရုံမကဘဲ နိုင်ငံတကာ ရာဇဝတ်မှုကျူးလွန်သည့် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကာ နိုင်ငံ တကာ တရားရေးယန္တရားများ၌ တရားစွဲဆို အပြစ်ပေးနိုင်ရေး ကြိုးပမ်းပေးရန်၊ နစ်နာခဲ့ရသူများအတွက် ထိရောက်အကျိုးရှိမည့် ပံ့ပိုးကူညီမှုများ လုပ်ဆောင်ပေးရန် GSCB က ကြေညာချက်ထုတ်ပြန်သည်။
KSCC
အကြမ်းဖက်စစ်အုပ်စု၏ စစ်ဘေးရှောင်စခန်းအား လူမဆန်စွာ တိုက်ခိုက်မှုသည် စစ်မှန်သော ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ရရှိရန် ကြိုးပမ်းနေသူများအတွက် လက်မခံနိုင်သော လုပ်ရပ်ဖြစ်ကြောင်း စစ်အာဏာရှင်များနှင့် အာဏာရှင်ဟူသမျှ ကျရှုံးသည်အထိတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
NUG
အကြမ်းဖက်စစ်အုပ်စု၏ ယခုကဲ့သို့ ကျူးလွန်မှုများနှင့် အလားတူ ထပ်မံကျူးလွန်မှုများ မရှိစေရန် နိုင်ငံတကာအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂ ဆုံးဖြတ်ချက်အပိုဒ် ၂၆၆၉ အရ အချိန်နှင့်တပြေးညီ ပြင်းထန်ထိရောက်စွာ ဟန့်တားအရေးယူပေးပါရန် ထုတ်ပြန်ကြေညာသည်။
ဥပဒေအထောက်အကူပြုကွန်ရက် (Legal Aid Network)
ဥပဒေစိုးမိုးရေး အခြေခံအရ ပြစ်မှုကျူးလွန်သူကို အပြစ်ပေးကာ တရားမျှတမှု ရှာဖွေေရမည့် မူကို ပြတ်သားစွာ ကိုင်စွဲလျက် အပြစ်ပေးအရေးယူနိုင်ရေး နိုင်ငံတကာ ဥပဒေရှုထောင့်မှ ကြိုးစားသွားမည်ဟု ထုတ်ပြန်သည်။
စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့
အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်ကာ စစ်ရာဇဝတ်မှု ကျူးလွန်သည့် အကြမ်းဖက်စစ်အုပ်စုအား အပြီးတိုင်ဖယ်ရှားရုံမှတစ်ပါး အခြားမရှိသည့်အတွက် သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုများနှင့် ပေါင်းစည်းကာ ပြတ်ပြတ်သားသား ချေမှုန်းသွားရန် လိုကြောင်း ထုတ်ပြန်ကြေညာထားသည်။
AFCC
ပစ်ခတ်တိုက်ခိုက်မှုသည် ရောမစာချုပ် အပိုဒ် (၈) ပါ လိုက်နာရမည့် စည်းမျဉ်းများအား ချိုးဖောက်ကျူးလွန်သည့် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်ကာ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်သည့်အချိန်တွင် အကြမ်းဖက်စစ်အုပ်စု၏ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေးနှင့် ခံစားနစ်နာခဲ့သူများအား တရားမျှတမှု ပြန်လည်ဆောင်ကျဉ်းပေးနိုင်နိုင်ရန် လုပ်ဆောင်မည်ဟု ထုတ်ပြန်ထားသည်။
SURC
အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူကို ခြောက်လှန့်နိုင်ရေးနှင့် စစ်ရေးဆုံးရှုံးမှု များလာတိုင်း အပြစ်မဲ့ အရပ်သားပြည်သူများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်သည့် လုပ်ရပ်မှာ အောက်တန်းကျလွန်းကြောင်းနှင့် တရားမျှတမှု ရရှိရေးနှင့် တော်လှန်ရေးအောင်မြင်ရေးအတွက် နိုင်ငံတစ်ဝှမ်းပြည်သူများအားလုံး အားမလျှော့ဘဲ အစွမ်းကုန်ပါဝင်ကြရန် တိုက်တွန်းထားသည်။
ညီနောင်မဟာမိတ် သုံးဖွဲ့ (MNTJP/PSLF/ULA)
အကြမ်းဖက်စစ်အုပ်စုသည် စစ်ရေးနှင့် နိုင်ငံရေးအရ ရှုံးနိမ့်မှုကြောင့် အရပ်သားပြည်သူများအပေါ် အငြိုးအတေး၊ အာဃာတကြီးစွာ ပစ်မှတ်ထား တိုက်ခိုက်မှုမှာ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်း၊ စစ်ရာဇဝတ်မှုကျူး လွန်ခြင်းဖြစ်ကာ တရားမျှတမှုနှင့် အမှန်တရားရရှိရေးအတွက် ကချင်ပြည်သူလူထု၊ ကချင်လွတ်မြောက်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) နှင့် တစ်သွေး တစ်သားတည်း ရှိကြောင်း ထုတ်ပြန်လိုက်သည်။ မုန်လိုင်ခတ် စစ်ရှောင်စခန်း တိုက်ခိုက်ခံရချိန်၌ပင် လိုင်ဇာရှိ AA တပ်စခန်းတစ်ခုကိုပါ စစ်အုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိခဲ့သည်။
CRPH
အကြမ်းဖက်စစ်အုပ်စုအား နိုင်ငံတကာ အသိုင်းအ ဝန်းက ထိရောက်သည့် အရေးယူဆောင်ရွက်ခြင်းဖြင့်သာ ၎င်းတို့ ကျူးလွန်နေသည့် လူမဆန်သော အကြမ်း ဖက်မှုများ ရပ်တန့်စေနိုင်မည်ဆိုသည့်အချက်အား နိုင်ငံတကာ အသိုင်းအဝန်းကိုယ်တိုင် သတိပြုရန်နှင့် မုန်လိုင်ခတ် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုအပြင် အခြားသော ရာဇဝတ်မှုကျူးလွန်ခြင်းများအတွက် တာဝန်ခံမှု ရှိစေရေးအတွက် လက်နက်တင်ပို့မှု ပိတ်ပင်ရေး၊ ပိုမိုပြင်းထန်သည့် အရေးယူပိတ်ဆို့မှု တိုးမြှင့်လုပ်ကိုင်ရေးအတွက် လက်တွဲလုပ်ဆောင်ပေးရန် တောင်းဆိုထားသည်။
PRA – Magway
မုန်လိုင်ခတ် စစ်ရှောင်စခန်းအား အကြမ်းဖက်စစ်အုပ်စုက စစ်သားပီပီ တိုက်ပွဲမဝင်ဘဲ သူရဲဘောင်ကြောင်စွာ တိုက်ခိုက်ခြင်းဖြစ်ကာ အာဏာသိမ်းပြီးနောက် ပိုင်း ဆက်တိုက်ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် သူရဲဘောကြောင်မှုများအတွက် အသွင်ကူး ပြောင်းရေးကာလ၌ မလွဲမသွေ တာဝန်ယူရမည်ဟု PRA Magway ထုတ်ပြန်ထားသည်။ သူရဲဘောကြောင် တိုက်ခိုက်မှုကြောင့် တော်လှန်ရေးစိတ်ဓာတ်အား ရိုက်ချိုးနိုင်မည် မဟုတ်ဘဲ လူထု၏ ဒေါသနှင့် ရင်ဆိုင်ရမည် ဖြစ်ကာ နိုင်ငံရေး၊ စစ်ရေး နည်းလမ်းပေါင်းစုံဖြင် တိုက်ခိုက်ချေမှုန်းမည်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
KSCM
လိုင်ဇာ၊ မုန်လိုင်ခတ် စစ်ရှောင်စခန်းအား အကြမ်းဖက်စစ်အုပ်စု ရက်ရက်စက်စက် ဗုံးကြတိုက်ခိုက်မှုသည် ကချင်ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းဖြစ်ကာ ၎င်းတို့ အမြစ်မပြတ် ရှိနေသေးသရွေ့ အလားတူ အကြမ်းဖက်သတ်ဖြတ်မှုများ ပိုမို ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးနေခြင်းဖြစ်ကာ ကချင်ပြည်သူများနှင့်အတူ အာဏာရှင်ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်သွားမည် ဖြစ်ကာ ဒီမိုကရေစီလိုလားသည့် ပြည်သူများအနေဖြင့် မြန်မာစစ်အုပ်စုအား သပိတ် မှောက်ခြင်းနည်းလမ်းအပြင် ရရာနည်းဖြင့် အဆုံးထိ ပါဝင်ပေးကြရန် တိုက်တွန်းထားသည်။
DPNS
လိုင်ဇာ မုန်လိုင်ခတ်အပါအဝင် ဖားကန့် အနန့်ပါ၊ စစ်ကိုင်း ပဇီကြီး၊ ကရင်နီ ဖရူဆိုမြို့များတွင် အကြမ်းဖက်စစ်အုပ်စု အရပ်သားများအား ပစ်မှတ်ထား ဗုံးကြဲပစ်ခတ်သတ်ဖြတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခြင်းစသည့် စစ်ရာဇဝတ်မှုများအား အကြိမ်ကြိမ် ကျူးလွန်ကာ ၎င်းတို့အား အမြစ်ပြတ် ချေမှုန်းတိုက်ခိုက်ခြင်းမရှိသရွေ့ ကြေကွဲဖွယ်ဖြစ်ရပ်ဆိုးများအား ထပ်မံကြုံတွေ့နေကြရဦးမည်ဟု ရှုမြင်ကာ စစ်အာ ဏာရှင်စနစ် အပြီးအပိုင် ဖျက်သိမ်းပစ်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစု၊ လူမျိုးစုံ ပြည်သူလူထုနှင့်အ တူ ကျရာအခန်းကဏ္ဍမှ တိုက်ပွဲဝင်မည်ဟု ထုတ်ပြန်ထားသည်။
မကွေးလူထုတိုက်ပွဲကော်မတီ
အရပ်သားအများအပြား သေဆုံးသည့် မုန်လိုင်ခတ် စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှု အပါအဝင် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုများအတွက် နိုင်ငံတကာ အစိုးရနှင့် အဖွဲ့အစည်းများက ဖိအားပေး ကန့်ကွက်ရုံအပြင် လက်တွေ့ကျစွာ နိုင်ငံတကာ တရားစီရင်ရေးယန္တရားများ၌ တရားစွဲဆို အပြစ်ပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းပေးရန် မကွေးတိုင်း လူထု/သပိတ်ကော်မတီများက ထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်၌ ပခုက္ကူလူထုတိုက်ပွဲကော်မတီ၊ မကွေးလူထုတိုက်ပွဲကော်မတီ၊ မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီ၊ ယောလူထု တိုက်ပွဲကော်မတီ၊ ရေစကြိုမြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီတို့ ပါဝင်ကာ အကြမ်းဖက်စစ်အုပ်စုအား အပြီးတိုင်ဖယ်ရှားအတွက် တော်လှန်ရေး၌ ပါဝင်ရုန်းကန်ခြင်းသည်သာ အဖြေဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
ကချင် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW)
မုန်လိုင်ခတ် စစ်ရှောင်စခန်း တိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကာ အကြမ်းဖက်စစ်အုပ်စု၏ မတရားအကြမ်းဖက်မှုများကို ပံ့ပိုးကူညီနေသော အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များကို ထိရောက်စွာ အရေးယူနိုင်ရေးနှင့် စစ်ရာဇဝတ်မှုအား တိုက်ရိုက်ကျူး လွန်သည့် စစ်အုပ်စုအား နိုင်ငံတကာခုံရုံး၌ အမြန်ဆုံး အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)
စစ်ဘေးရှောင်စခန်းအား ပစ်မှတ်ထားတိုက်ခိုက်မှုသည် လူမဆန်သည့် လုပ်ရပ်အပြင် စစ်သားဟုပင် မခေါ်ဆိုထိုက်သည့် စစ်ရာဇဝတ်မှုလုပ်ရပ်၊ သူရဲဘောကြောင်လုပ်ရပ် သာဖြစ်ပြီး အဖိနှိပ်ခံပြည်သူ၊ လူမျိုးစု၊ တိုင်းရင်းသားညီအစ်အကိုများနှင့်အတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ် သည်အထိ တော်လှန်တိုက်ပွဲဝင်မည်ဟု ထုတ်ပြန်သည်။
ကျောင်းသားသမဂ္ဂများ
အရပ်သားများအား ပစ်မှတ်ထား၍ လေကြောင်းသုံး တိုက်ခိုက်နေသည့် အကြမ်းဖက် စစ်အုပ်စုလုပ်ရပ် ရပ်တန့်စေရေးအတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် လေကြောင်းအသုံးပြုမှု ရပ်တန့်ရန် မပျံသန်းရဇုန် (No Fly Zone) အဖြစ် သတ်မှတ်ရန်နှင့် စစ်အုပ်စုအား လက်နက်ပံ့ပိုးရောင်းချမှု၊ လေယာဉ်ဆီ တင်ပို့မှုအား ချက်ချင်းရပ်တန့်စေရေး အရေးယူပိတ်ဆို့မှု ပြုလုပ်ပေးရန် ကချင်အခြေပြု ကျောင်းသားသမဂ္ဂများအပြင် မန္တလေးနှင့် မုံရွာအခြေပြု ကျောင်းသားသမဂ္ဂက ကြေညာချက်ထုတ် တောင်းဆိုထားသည်။ ပူးတွဲတောင်းဆိုရာ၌ ကျောင်းသားသမဂ္ဂပေါင်း ၁၈ ခု ပါဝင်ကာ မြစ်ကြီးနားတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား)၊ မြစ်ကြီးနားနည်းပညာတက္ကသိုလ်၊ စိုက်ပျိုးရေးသိပ္ပံ (မြစ်ကြီးနား) မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်၊ မြစ်ကြီးနားသူနာပြုသင်တန်းကျောင်း၊ မြစ်ကြီးနား သားဖွားသင်တန်းကျောင်း၊ မိုးညှင်းတက္ကသိုလ်၊ မိုးညှင်းအစိုးရနည်းပညာကောလိပ်၊ ဗန်းမော်တက္ကသိုလ်၊ ဗန်းမော်ကွန်ပျူတာ တက္ကသိုလ်၊ ဗန်းမော်သူနာပြုသင်တန်းကျောင်း၊ ဆေးတက္ကသိုလ်-မန္တလေး၊ မန္တလေးနည်းပညာတက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ မန္တလေးစက်မှုလက်မှုသိပ္ပံကျောင်းတို့မှာ ကျောင်းသားသမဂ္ဂများ ပါဝင်သည်။
ICNCC
မုန်လိုင်ခတ် စစ်ရှောင်စခန်းအား အကြမ်းဖက်စစ်အုပ်စုက တိုက်ခိုက်မှုမှာ အရပ်သားပြည်သူများ၏ အသက်ရှင်သန်ပိုင်ခွင့်ကို မျက်ကွယ်ပြုကာ လူနည်းစု တိုင်းရင်းသားများအား လူမျိုးသုဉ်းသတ်ဖြတ်မှု မြောက်သည့် လုပ်ရပ်ဖြစ်သည့်အတွက် အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ၎င်းတို့အား ဝိုင်းပယ် ကန့်ကွက်ကြရန် ပန်ကြားထားသည်။ နိုင်ငံသမိုင်းအတွက် အလွန်အရေးကြီးကာလလည်း ဖြစ်ရာ ကချင်နှင့် ချင်းလူမျိုးများအပါအဝင် လူနည်းစုတိုင်းရင်းသားနှင့် နွေဦးတော်လှန်ရေးအင်အားစုများအနေဖြင့်လည်း စည်းလုံးညီညွတ်စွာ အချင်းချင်း လက်တွဲ မဖြုတ်စတမ်း ဘုံရည်မှန်းချက်ပန်းတိုင် ရောက်ရေး အစွမ်းကုန်ဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားသည်။
CNF
ပြည်သူ ၃၀ ဦးထက်မနည်း သေဆုံးကာ ၅၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည့် မုန်လိုင်ခတ် စစ်ရှောင်စခန်းအား အကြမ်းဖက်စစ်အုပ်စု တိုက်ခိုက်မှုမှာ စက်ဆုပ်ဖွယ်လုပ်ရပ်ဖြစ်ကာ ကြီးလေးသည့် စစ်ရာဇဝတ်မှုကို ကျူးလွန်သော လူမျိုးသုဉ်း သတ်ဖြတ်မှုဖြစ်ကြောင်း အောက်တိုဘာ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။ စစ်အုပ်စုအား နည်းလမ်းပေါင်းစုံသုံး ဝိုင်းဝန်း ဖယ်ကျဉ် ကန့်ကွက်အပြစ်ပေးရန်တောင်းဆိုထားကာ တအူတုံဆင်း ကချင်ညီနောင်များနှင့်အတူ ဆက်လက်တိုက်ခိုက်မည်ဟုလည်း ကြေညာချက်၌ ပါရှိသည်။
PNFC
မုန်လိုင်ခတ် စစ်ရှောင်စခန်းအား တိုက်ခိုက်မှုမှာ အကြမ်းဖက် စစ်အုပ်စု၏ "အစုလိုက်အပြုံလိုက် သေကြေပျက်စီးစေရန် တင်ကူးရည်ရွယ်ချက်" ဖြင့် စစ်ရာဇဝတ်မှုဖြစ်ကြောင်းနှင့် စစ်တပ်သည် လူထုရန်သူဖြစ်နေကာ ကချင်ပြည်သူများအပါအဝင် တောင်တန်း၊ မြေပြန့်ဒေသအသီးသီးရှိ ပြည်သူတစ်ရပ်လုံးနှင့် ပအိုဝ်းပြည်သူများ ပူးပေါင်းတော်လှန်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
TPCC
အရပ်သားများအား ပစ်မှတ်ထားကာ မုန်လိုင်ခတ် စစ်ရှောင်စခန်းအား အကြမ်းဖက်စစ်အုပ်စုက တိုက်ခိုက်မှုသည် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေများအား ချိုးဖောက်သည့် လူမျိုးသုဉ်းသတ်ဖြတ်မှုသာ ဖြစ်ကြောင်း မှတ်ယူကြောင်းနှင့် အိမ်နီးချင်းနိုင်ငံများအပြင် နိုင်ငံတကာကပါ ၎င်းတို့အား ဝိုင်းဝန်းဖယ်ကျဉ် ကန့်ကွက်ကြရန် တောင်းဆိုထားသည်။
သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှု (BMC) / GSCN
အကြမ်းဖက်စစ်အုပ်စုသည် အာဏာတည်မြဲရေးအတွက် ပြည်သူလူထုအပေါ် မည်သည့် စစ်ရာဇဝတ်မှုကိုမဆို ကျူးလွန်ရန် လက်မတွန့်ကြောင်း မုန်လိုင်ခတ် စစ်ရှောင်စခန်း ဖြစ်စဉ်က သက်သေပြနေကာ ကျူးလွန်သူများအား အပြစ်ပေးရေးအပြင် လေယာဉ်ဆီအပါအဝင် ဆက်စပ်ပစ္စည်းများ၊ ဖျက်အားပြင်း လက်နက်များ လက်ဝယ်မရရှိစေရေး ပိတ်ဆို့အရေးယူမှု တိုးမြှင့်ပေးရန် နိုင်ငံတကာအသိုင်းအဝန်းသို့ တောင်းဆိုဆော်သြထားသည်။
WLB
ကချင်ပြည်နယ်၊ လိုင်ဇာအနီး မုန်လိုင်ခတ် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုမှာ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းသာ ဖြစ်ကာ ဆယ်စုနှစ်ပေါင်းများစွာ တိုင်းရင်းသားများအား တိုက်ခိုက်နေသည့်အတွက် လူ့အခွင့်အရေးနှင့် လူသားဆန်မှုများပါ ထိခိုက်နေရကြောင်း၊ နိုင်ငံတကာအနေဖြင့် အကြမ်းဖက်စစ်အုပ်စုအား လေယာဉ်ဆီ ပိတ်ဆို့မှုအပါအဝင် အခြားသော အရေးယူပိတ်ဆို့ခြင်းများနှင့် နစ်နာခဲ့သူများအား ကူညီပေးရေးအတွက် တောင်းဆိုထားသည်။
(မှတ်ချက်။ ။ ဆက်လက်စုစည်းဖော်ပြသွားပါမည်။)
တားမြစ်ချက်များအား ကျူးလွန်သည်ဟု ထင်ရှားပါက သေဒဏ်အထိ ချမှတ်နိုင်သည့် တရားစီရင်ခြင်းဖြင့် ဒေသန္တရနည်းဥပဒေအတိုင်း ဆောင်ရွက်မည်ဟု စာအမှတ် ၀၀၃/၀၁၀/ဂဂ(ကတန)/ဦး-၁ ဖြင့် ထုတ်ပြန်ခဲ့ရာ ဝေဖန်မှုများ ပြင်းထန်ခဲ့ပြီးနောက် ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စာအမှတ် ၀၀၃/၀၁၀/ဂဂ(ကတန)/ဦး-၁ ဖြင့် ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဗဟိုဦးဆောင်ကော်မတီက ဒီဇင်ဘာ ၁၄ ရက်တွင် ပြန်လည်ထုတ်ပြန်ထားသည်။
ကရင်နီနှင့် ရှမ်းပြည်နယ်စပ် မိုးဗြဲမြို့အနီး ဒီဇင်ဘာ ၇ နှင့် ၈ ရက် တိုက်ပွဲဖြစ်စဉ်များအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်က ဒရုန်းသုံး ဗုံးကြဲရာ၌ S-HPOS (အက်စ်ဖော့စ်) တံဆိပ်ပါ အဆိပ်ငွေ့ပြားများ ထည့်သွင်းအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီဇင်ဘာ ၁၃ ရက်တွင် သက်သေများနှင့်တကွ ထုတ်ပြန်လိုက်သည်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ နေထိုင်ခွင့်အပေါ် ဖြေလျော့မှုများ ရှိသော်လည်း အခက်အခဲ ဖြစ်စေမည့် အချက်သုံးချက် ပါဝင်နေသည့်အပေါ် ပြန်လည်ပြင်ဆင် ဆောင်ရွက်ပေးစေလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထိုင်းအစိုးရထံ ဒီဇင်ဘာ ၄ ရက်က ပန်ကြားချက် ပေးပို့ထားသည်။
စစ်ဘေးဒုက္ခဒဏ် ခံစားနေရသည့် ပြည်သူများအား ငဲ့ညှာခြင်း၊ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေးနှင့် ပြည်တွင်းစစ်ရေးပဋိပက္ခများအား နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရေးနှင့် ဒေသတွင်းငြိမ်းချမ်းရေးအား လက်တွေ့ကျကျ ဖော်ဆောင်ရန်အတွက် အချက်ခြောက်ချက်ပါ ရပ်တည်ချက်နှင့် သဘောထားအား မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) (ကိုးကန့်) စစ်ရေးကော်မတီက ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
စစ်ဘေးဒဏ်သင့် ပြည်သူများအကျိုး ငဲ့ညှာထောက်ထားခြင်း၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေး ကြားဝင်ဆောင်ရွက်နေသည့် တရုတ်အစိုးရ၏ ကြိုးပမ်းမှုအား အသိအမှတ်ပြုသည့်အနေဖြင့် နှစ်ဖက်စစ်ရေးပဋိပက္ခများ အဆုံးသတ်နိုင်ရေး တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) က နိုဝင်ဘာ ၂၅ ရက်တွင် သဘောထားထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံက stakeholders များကိုယ်တိုင် ပိုင်ဆိုင်ပြီး ဦးဆောင်တဲ့ လုပ်ငန်းစဉ် ဖြစ်ဖို့၊ စစ်အာဏာရှင်စနစ်နှင့် ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်ကို နောက်ကြောင်းမပြန်စေမယ့်၊ ပြည်သူလူထုရဲ့ လိုလားမှုနဲ့လည်း ကိုက်ညီတဲ့၊ ဘုံနိုင်ငံရေးရည်မှန်းချက်ရရှိဖို့ တော်လှန်ရေးအဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဥ်ကို အာဆီယံ တစ်နိုင်ငံချင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း ကူညီထောက်ခံ အကျိုးဆောင်ပံ့ပိုးမှုများ ပေးအပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ စကစက အဆိုပြုထားတဲ့ ရွေးကောက်ပွဲက ပဋိပက္ခတွေကို ပိုမို ပြင်းထန်စေမှာ ဖြစ်ပြီး တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးကို ယူဆောင်ပေးမှာမဟုတ်ဘူး။
ပြည်သူ့ညီလာခံဟူသည်မှာ တော်လှန်ရေးကာလ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စာရွက်စာတမ်းတစ်စောင်ဖြစ်သော ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်အရ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (National Unity Consultative Council - NUCC) က ဦးဆောင်ကျင်းပသည့် ညီလာခံတစ်ရပ် ဖြစ်သည်။ တော်လှန်ရေးကာလတလျောက် ပြည်သူ့ညီလာခံကို နှစ်ကြိမ်ကျင်းပခဲ့ပြီးဖြစ်ကာ ပထမအကြိမ် ပြည်သူ့ညီလာခံကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့ပြီး၊ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၄ ရက်မှ ၉ ရက်အထိ ၅ ရက်တာ ကျင်းပခဲ့သည်။ ပဋိညာဉ်အရ ညီလာခံကို (၆) လ တစ်ကြိမ်ကျင်းပရန် ပြဌာန်းထားသော်လည်း (၂) နှစ်ကျော် ကြာပြီးမှသာ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယအကြိမ် ပြည်သူ့ညီလာခံတွင် ညီလာခံကို (၆) လ တစ်ကြိမ်ကျင်းပရန် ထပ်လောင်းအတည်ပြုထားသဖြင့် တတိယအကြိမ် ပြည်သူ့ညီလာခံကို မကြာမီ ကျင်းပလာနိုင်ဖွယ် ရှိသည်။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အောက်တိုဘာ ၁၁ ရက်မှ ၂၀ ရက်အထိ အကြမ်းဖက်စစ်အုပ်စုက အပြစ်မဲ့ အရပ်သားများအား ပစ်မှတ်ထား၍ ရက်စက်စွာ သတ်ဖြတ်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းများသည် လူမျိုးအသီးသီး၏ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများအပေါ် လက်စားချေရန်အတွက် နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သည့် စစ်ရေးနည်းဗျူဟာသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ပြန်သည်။
အကြမ်းဖက်စစ်အုပ်စု၏ "နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ခြင်း"မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) များ သပ်လျှိုဖြိုခွဲရန်နှင့် နိုင်ငံတကာ အမြင်ကောင်းစေရန်အတွက် အားထုတ်မှုသာ ဖြစ်ပြီး ဟန်ပြသပ်သပ်သာ ဖြစ်သည့်အတွက် ပြတ်ပြတ်သားသား ပယ်ချကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က အောက်တိုဘာ ၁ ရက်တွင် ပူးတွဲထုတ်ပြန်လိုက်သည်။.
တောင်တရုတ်ပင်လယ် အခြေပြု တိုက်ခတ်ခဲ့သည့် ရာဂီ တိုင်ဖွန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံ၌ လျှပ်တပြတ် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့မှုသည် နိုင်ငံအတွင်း လူထုအပေါ် သက်ရောက်မှု ကြီးမားခဲ့သည်။ ယင်း ရေကြီးရေလျှံမှုသည် အကြမ်းဖက်စစ်အုပ်စုဘက်က ၎င်းတို့ ထိန်းချုပ်မှုအောက်ရှိ ဆည်များအား လူထုအား အသိမပေးဘဲ ဖောက်ချခြင်း၊ မိုးလေဝသဆိုင်ရာသတင်း ထုတ်ပြန်မှုအားနည်းခြင်းများကြောင့် ဝေဖန်မှုများ ရှိခဲ့သည်။
ကော်သူးလေဒေသအတွင်းရှိ ကလေးငယ်များအားလုံး ပညာသင်ကြားခွင့်ကို အသိအမှတ်ပြုကာ ကျောင်းသား/သူ၊ ဆရာများနှင့် ကျောင်းများ ဘေးကင်းစိတ်ချလုံခြုံရေးနှင့် ကျန်းမာရေးအတွက် "ကော်သူးလေတွင်းရှိကျောင်းများ ဘေးကင်းမှုဆိုင်ရာ ကြေညာစာတမ်း" အား ကရင်အမျိုးသားအစည်းအရုံး(KNU) က စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်လိုက်သည်။
မြန်မာပြည်သူများ ဆန္ဒကို လေးစားသည့် အရပ်ဘက် အုပ်ချုပ်ရေးစနစ် အသွင်ကူးပြောင်းရေးကို အားပေးကာ ဒီမိုကရေစီလိုလားသူများအကြား စည်းလုံးညီညွတ်မှု တည်ဆောက်ရန် လိုလားကြောင်း မြန်မာ့နိုင်ငံရေး အင်အားစုနှင့် တိုင်းရင်းသားအင်အားစု ခေါင်းဆောင်များအား တွေ့ဆုံစဉ် အမေရိကန်အစိုးရဘက်က တိုက်တွန်းလိုက်သည်။
နိုင်ငံအတွင်း ဖြစ်တည်နေသည့် လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေများအပေါ် သုံးသပ်မှုနှင့်အတူ ဒုတိယမြောက် ပြည်သူ့ညီလာခံက ဆုံးဖြတ်ထားသည့် ဆုံးဖြတ်ချက် (၃) ရပ်၊ အကြံပြု တိုက်တွန်းချက် (၂၁) ရပ်နှင့် ပတ်သက်သည့် နောက်ဆက်တွဲဆောင်ရွက်နေမှုများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်အား အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်လိုက်သည်။
ရန်ကုန်မြို့အတွင်း နေထိုင်နေသည့် တော်လှန်သော ပြည်သူများအနေဖြင့် မြို့သို့ ရောက်ရှိလာမည့် စစ်ဘေးရှောင်ပြည်သူများနှင့် ပတ်သက်၍ "ပြည်သူချင်းဖေးမကူကြ" ရန် အတွက် အချက်ငါးချက်ပါ "ရန်ကုန်မြို့နေပြည်သူတရပ်လုံးသို့ တိုက်တွန်းနှိုးဆော်ချက်" အား ရန်ကုန်အခြေပြု တော်လှန်ရေးအင်အားစုများက သြဂုတ် ၁၃ရက်တွင် ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ အမှတ် (၈)ရပ်ကွက်၊ ကညင်တန်းရွာတွင် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းတို့ လက်နက်တပ်ဆင်ပေးထားသည့် မူဆလင်အချို့က လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ထားသည့် ဒေသခံပြည်သူ ၅၀၀ ခန့်အား သြဂုတ် ၈ ရက် ညနေပိုင်းက လုံခြုံရာနေရာသို့ ကယ်ထုတ်ခဲ့သည့် ရုပ်သံမှတ်တမ်းဖိုင်အား အာရက္ခတပ်တော် (ULA/AA) ထုတ်ပြန်လိုက်သည်။
အကြမ်းဖက်စစ်အုပ်စုက စစ်ရေးနှင့် တိုက်ပွဲဇုန် မဟုတ်သည့် ဒေသများတွင် လေယာဉ်သုံး ဗုံးကြဲတိုက်ခိုက်ကာ အရပ်သားများအား ပစ်မှတ်ထားသည့် ကြီးလေးသော ရာဇဝတ်မှုများအား ပြောင်ပြောင်တင်းတင်းကျူးလွန်လျက်ရှိရာ အိမ်နီးချင်း တရုတ်နိုင်ငံအား အဓိကထားပြီး နိုင်ငံတကာ မိသားစုများအားလုံးက ဝိုင်းဝန်းတားဆီး ဟန်တားပေးရန် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က သြဂုတ် ၆ ရက်တွင် ထုတ်ပြန်လိုက်သည်။
ရှမ်းပြည်နယ် မြောက်ပိုင်း အပါအဝင် မြန်မာနိုင်ငံအနှံ့ ပဋိပက္ခဖြစ်ပွားမှုများကြောင့် ပြည်သူ့အကျိုးစီးပွား ထိခိုက်မှု နလန်ပြန်ထူရေးနှင့် နေရပ်ပြန်နိုင်ရေးအတွက် ပြဿနာများအား တွေ့ဆုံဆွေးနွေးမှု အပါအဝင်ငြိမ်းချမ်းသော နည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းသွားစေလိုကြောင်း "ဝ" ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဗဟိုကော်မတီက ဇူလိုင် ၂၉ ရက်တွင် မြန်မာ၊ တရုတ် နှစ်ဘာသာဖြင့် ထုတ်ပြန်လိုက်သည်။
အကြမ်းဖက်စစ်အုပ်စု အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အထိုင် လားရှိုးမြို့အား ၂၃ ရက်ကြာ တိုက်ခိုက်ပြီးနောက် လုံးဝလွတ်မြောက်သွားပြီဖြစ်ကာ မြို့အုပ်ချုပ်ရေး၊ လုံခြုံရေး၊ ကာကွယ်ရေးအတွက် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်ရေးကော်မတီအား ဖွဲ့စည်းတည်ထောင်လိုက်ပြီဖြစ်ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ဇူလိုင် ၂၅ ရက်တွင် ထုတ်ပြန်လိုက်သည်။
အကြမ်းဖက်စစ်အုပ်စု၏မိုးဗြဲမြို့အခြေစိုက် ခြေမြန်တပ်ရင်း (၄၂၂) တပ်က ဇူလိုင် ၂၅ ရက် နံနက်အစောပိုင်းတွင် မိုးဗြဲရေကာတာ ရေတံခါးအား အဆင်ခြင်မဲ့ ဖွင့်ချလိုက်ခြင်းသည် ဒေသခံတောင်သူများနှင့် ပြည်သူများ အတိဒုက္ခရောက်စေရန် လုပ်ဆောင်ခြင်း ဖြစ်ပြီး ရေကြီးမှုအန္တရာယ်အား သတိပြုကြရန် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အရေးပေါ်ကြေညာချက် ၁/၂၀၂၄ ဖြင့် ထုတ်ပြန်လိုက်သည်။
မွန်ဒေသ၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ ခြောက်လတာအတွင်း ဖြစ်ပွားခဲ့သည့် ပြည်သူများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုဖြစ်စဉ်များ စုစည်းမှတ်တမ်းထားသည့်"မွန်ဒေသ ၆ လတာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အစီရင်ခံစာ" အား ရာမည ဖက်ဒရယ်အင်အားစုသစ် (NewRehmonnya Federated Force – NRFF) က ထုတ်ဝေသည့် လဂွန်းအိမ်စာစဉ်က ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူကို ရန်သူအဖြစ် ပစ်မှတ်ထားတိုက်ခိုက်ရေးမူဝါဒကြောင့် နွေဦးတော်လှန်ရေး သုံးနှစ်တာကျော်ကာလအတွင်း စစ်ကိုင်းတိုင်း လူဦးရေ၏ ၂၂ ဒသမ ၄ ရာခိုင်နှုန်းခန့်မှာ စစ်ရှောင်အဖြစ် နေထိုင်နေရကာ နေအိမ်ပေါင်း ၅၃,၀၀၀ ကျော် မီးရှို့ခံထားရကြောင်း ဇူလိုင် ၁၁ ရက်က စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ - “စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်"၏ တစ်နှစ်ပြည့် ထုတ်ပြန်ကြေညာချက်၌ ဖော်ပြထားသည်။
အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းရန် စတင်ကြိုးပမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်ကတည်းကပင် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများ စသည့် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများအပြင် ပြည်သူများ၏ အခွင့်အရေးများကို နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်ပိတ်ပင်ခဲ့သည်မှာ ထင်ရှားပါသည်။ ထို့အပြင် နိုင်ငံ့ဝန်ထမ်းများ၏ သပိတ်မှောက်ဆန္ဒပြမှုများကို အကြမ်းဖက်ခြင်းအပါအဝင် နည်းမျိုးစုံဖြင့် ဖိအားပေးနှိမ်နင်းရန် ကြိုးပမ်းမှုကြောင့် ပြည်သူ့ရေးရာဝန်ဆောင်မှုများ ပုံမှန်အတိုင်း မလည်ပတ်နိုင်တော့သည်မှာ လွန်ခဲ့သည့် သုံးနှစ်ကျော် ကာလကတည်းကပင် ဖြစ်သည်။
ဒေသတွင်း တရားဝင် နေထိုင်ခွင့်ရှိသည့် ဒေသသားဆိုင်ရာ အတည်ပြုမှုစနစ်နှင့် ပတ်သက်၍ မူရင်းဒေသသား၊ အမြဲတမ်းဒေသသား၊ နိုင်ငံရေးဒုက္ခသည်ဆိုင်ရာ သတ်မှတ်မှု စသည့် နည်းစနစ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အထူးဒေသ(၁) အုပ်ချုပ်ရေးကော်မတီအဖွဲ့ (ကိုးကန့်) (MNDAA) က ဇွန် ၂၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာရှိ World Food Programme – WFP ဂိုဒေါင်နှင့် လူနေအိမ်အချို့အား အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းတို့ သင်တန်းပေးထားသည့် လက်နက်ကိုင် မူဆလင်များက ဇွန် ၂၁ ရက်၊ ညနေ (၅)နာရီအချိန်ခန့်တွင် မီးရှို့ဖျက်ဆီးခဲ့သည်ဆိုသည့် ရုပ်သံဖိုင်အား အာရက္ခတပ်တော် (AA) က ဇွန် ၂၅ ရက် ညနေပိုင်းတွင် ထုတ်ပြန်လိုက်သည်။
နိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် စစ်ကိုင်းတိုင်အပါအဝင် မြန်မာနိုင်ငံ အခြားဒေသများမှ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်အတွင်း ဝင်ရောက်ခိုလှုံနေကြရသည့် မြန်မာစစ်ရှောင်များအား လူသားချင်း စာနာထောက်ထားကာ ခေတ္တခိုလှုံခွင့်များ စီစဉ်ပေးရန်နှင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား (၉၇) ဦးကိုလည်း အမြန်ဆုံး လွှတ်ပေးရန် စစ်ကိုင်းဖက်ဒရယ်ကောင်စီ (ရှေ့ပြေး) က ဇွန် ၂၀ရက်တွင် အိန္ဒိယနိုင်ငံအစိုးရထံ အိတ်ဖွင့်ပေးစာ ပေးပို့၍ မေတ္တာရပ်ခံ ပန်ကြားထားသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်အုပ်စု လက်ကျန်စစ်စခန်းများအားလုံးအား ထိုးစစ်ဆင် တိုက်ခိုက်မည်ဖြစ်၍ မြို့သူမြို့သားများအနေဖြင့်ဇွန် ၁၆ ရက်က ည ၉ နာရီမှစ၍ မြို့တွင်းမှ အမြန်ဆုံး ချက်ချင်းထွက်ခွာပေးရန် အာရက္ခတပ်တော် (AA) က ထုတ်ပြန်လိုက်သည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဆက်ရိုးကျရပ်ကွက် (ဗျိုင်းဖြူရွာ) တွင် အကြမ်းဖက်စစ်အုပ်စု၏ စစ်တွေ ဒကစ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များက မေ ၂၉ ရက်တွင် အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းပြီးနောက်အမျိုးသား ၄၈ ဦး၊ အမျိုးသမီးငါးဦး၊ စုစုပေါင်း ၅၃ ဦးအားရက်စက်စွာ သတ်ဖြတ်ခဲ့မှုအပေါ် ပြင်းထန်စွာ ရှုံ့ချကြောင်းနှင့် ကျူးလွန်သူများအား အပြစ်ပေးအရေးယူနိုင်ရေးအတွက် ကုလသမဂ္ဂအပါအဝင် ပြည်တွင်း၊ ပြည်ပရှိ အင်အားစုအားလုံးနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး(AASYC) က ဇွန် ၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
ပိုမိုကျယ်ပြန့်လာသောAA ၏ နယ်မြေစိုးမိုးမှု ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှစ၍ ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) နှင့် အကြမ်းဖက်စစ်အုပ်စုအကြား တကျော့ပြန်တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာသည်။ တိုက်ပွဲများအတွင်း ဘူးသီးတောင်၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲ အပါအဝင် ချင်းပြည်နယ်၊ ပလက်ဝအထိ မြို့နယ် ဆယ်ခု အထိ AA က သိမ်းပိုက်ထားနိုင်ကာ ကျန်ပြည်နယ်တွင်း မြို့နယ်များ၌လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက် ရှိသည်။
တိုင်းအဆင့် စုဖွဲ့မှုတစ်ခု ပေါ်ပေါက်ရေးကို ဦးတည်သည့် စစ်ကိုင်းဖိုရမ်၏ တစ်နှစ်ပြည့် လူထုသို့အစီရင်ခံစာအား ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့က ဇွန် ၂ ရက်တွင် ထုတ်ပြန်ခဲ့ရာ နိုင်ငံရေး၊ စစ်ရေး၊ မဟာမိတ်ဆက်ဆံရေး၊ လူမျိုးစုရေး၊ စစ်ရှောင်ပြည်သူအရေးများနှင့် ပတ်သက်သည့် ရပ်တည်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များကိုပါ ဖော်ပြထားသည်။
ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အား ပြည်နယ် ကြားကာလအစိုးရအဖြစ် အသိအမှတ်ပြုကြောင်း၊ ပြည်နယ်လူထု၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားကဏ္ဍများ၌ IEC နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် လမ်းကြောင်းများ ဆွေးနွေးဖော်ထုတ် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် လူထုအရေးကိစ္စ ဆောင်ရွက်ရာ၌ ပြည်တွင်းနယ်စပ်ရှိ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာရောက် ကရင်နီအင်အားစုများအကြား ဆက်စပ်ဆောင်ရွက်မှုနှင့် အားကောင်းသော ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ကိုင်မည်ဖြစ်ကြောင်း ကရင်နီအရပ်ဖက်အဖွဲ့အစည်းများ၏ရပ်တည်ချက်သဘောထားအား မေ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် စစ်အုပ်စုက လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်ဖြစ်ပွားစေရန် အရှိန်အဟုန်မြှင့်၍ နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်နေသည့်အတွက် ၎င်းတို့အား ဆန့်ကျင်ရှုံချကာ နိုင်ငံတကာနှင့်အတူ လက်တွဲကာ လက်တွဲလုပ်ဆောင်ရသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း မတ် ၂၀ရက်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ကမ်းလှမ်း ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံ၌ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြစ်ပွားနေသည့် ပြင်းထန်သော ပဋိပက္ခများအတွင်း အရပ်သား သုံးသန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေရကာ ယင်းမှာ ဆိုးရွားသည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ညှိနှိုင်းရေးမှူးရုံး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ကုလသမဂ္ဂရုံး (မြန်မာ) ကမေ ၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စတင်ဖွဲ့စည်းခြင်း သုံးနှစ်ပြည့်အဖြစ် နိုင်ငံရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေးနှင့် လူထုဆက်ဆံရေးဆိုင်ရာ ကဏ္ဍခြောက်ရပ်နှင့် ပတ်သက်သည့်လုပ်ဆောင်နေမှု အခြေအနေများအား ဧပြီ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်သည့် မြဝတီမြို့နှင့် အနီးတဝိုက်၌ တော်လှန်ရေးအင်အားစုများနှင့် အကြမ်းဖက်စစ်အုပ်စု အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ စစ်အုပ်စုဘက်မှ အရပ်သားများကိုပါပစ်မှတ်ထား တိုက်ခိုက်သည့်အတွက် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာကြရသော မြန်မာစစ်ရှောင်များ ပိုများလာမည် ဖြစ်သည့်အတွက် ကူညီထောက်ပံ့ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီ ၂၁ ရက်တွင် ထိုင်းအစိုးရထံ မေတ္တာရပ်ခံစာပေးပို့ထားသည်။
အကြမ်းဖက်စစ်အုပ်စု၏ အတင်းအကြပ် စစ်မှုထမ်းခေါ်ယူရန် ကြိုးပမ်းမှုသည် လူ့အခွင့်အရေးနှင့် မကိုက်ညီသော ဖိနှိပ်မှုဖြစ်ပြီး မြန်မာလူထု၏ အကျပ်အတည်း၊ အခက်အခဲများကို ပိုမိုဆိုးရွားစေကာ ဒေသတွင်းတည်ငြိမ်မှုကို ပိုမိုလျင်မြန်၊ သိသာစွာ ဆိုးရွားလာစေမည် ဖြစ်သည်။
ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်းအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက် ည (၁၁) နာရီခန့်တွင် အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိစွာ ပစ်ခတ်ခဲ့သည်။ ပစ်ခတ်မှုကြောင့် ကလေးသူငယ် (၁၃) ဦးအပါအဝင် အရပ်သား စစ်ရှောင်ပြည်သူ (၃၂) ဦး သေဆုံးခဲ့ကာ (၂၀) ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့သည်။ သေဆုံးသူအများစုမှာ အမျိုးသမီးများ ဖြစ်ပြီး စစ်ရှောင်နေအိမ် ၅၀ ကျော်လည်း ပျက်စီးခဲ့သည်။
စက်တင်ဘာ ၂၃ မှ ၂၆ ရက်အထိ လေးရက်တာ ပြုလုပ်ခဲ့သည့် "ပြာပုံကြားက မြန်မာပြည်သူ စာနာမှုနဲ့ ဝိုင်းလို့ကူ" နှီးနှောဖလှယ်ပွဲ၏ ရလဒ်အဖြစ် အကြံပြုတိုက်တွန်းချက်စာတမ်းကို အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ရှမ်းမြောက်ဒေသ၌ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က အကြမ်းဖက်စစ်အုပ်စုအား Operation 1027 ကြေညာကာ တိုက်ခိုက်သည့် စစ်ရေးပဋိပက္ခအတွင်း လားရှိုးမြို့နယ်တစ်ခုတည်း၌ စစ်ရှောင် - IDPs ၃,၀၀၀ ကျော် ရှိလာပြီ ဖြစ်သည်။
မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်းနှင့် အရှ့တောင်ဘက်၌ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ မဟာမိတ်ပူးပေါင်းတပ်များနှင့် အကြမ်းဖက်စစ်အုပ်စုအကြား အောက်တိုဘာ ၂၆ ရက်မှစ၍ စစ်ရေးပဋိပက္ခ ပြင်းထန်လာကာ ပြည်သူ ၂၅,၇၀၀ ခန့် အိုးမဲ့အိမ်မဲ့ စစ်ရှောင်နေကြရသည်ဟု UN-OCHA က ထုတ်ပြန်ထားသည်။
၂၀၂၄ ခုနှစ်တွင် တော်လှန်ရေးအင်အားစုများအကြား ဘုံနိုင်ငံရေးသဘောတူညီချက်တစ်ရပ် အမြန်ဆုံး ရရရှိရေး ကြိုးပမ်းနေသည်ဟု အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ပူးတွဲ ထုတ်ပြန်လိုက်သည်။