ဖက်ဒရယ်ယူနစ် အုပ်ချုပ်ရေး

အာဏာရှင်စနစ်ကို အဆုံးတိုင် ဆန့်ကျင်တော်လှန်ရန်၊ ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသည့် ချင်းပြည်နယ်တည်ဆောက်ရန် နှင့် တန်းတူရေး အာမခံချက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတည်ဆောက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) မှ ထုတ်ပြန်ထားသည်။

ချင်းပြည်နယ် အစိုးရအဖွဲ့ ဖွဲ့စည်းရန်နှင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကိစ္စရပ်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် NUCC နှင့် NUG ဖွဲ့စည်းထူထောင်ရေးအတွက် ကိုယ်စားလှယ်များကို စေလွှတ်မည် ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ကြေညာခဲ့သည်။ ICNCC သည် ချင်းပဋိညာဉ်ရေးဆွဲအတည်ပြုပြဌာန်းနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။

ချင်းပြည်နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့ကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်နေ့တွင် ကြေညာထားသည်။ ထိုရဲတပ်ဖွဲ့ကို ပြည်နယ်ရဲတပ်ဖွဲ့အဖြစ် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် ICNCC က အတည်ပြုပေးထားသည်။

လှုပ်ရှားဆောင်ရွက်မှုများ