နွေဦးတော်လှန်ရေးသည် လွတ်လပ်ရေးရပြီးစဉ်ကတည်းက မဖြည့်ဆည်းနိုင်ခဲ့သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အမျှော်အမြင်ကို အကောင်အထည်ဖော်ခြင်းဖြစ်သည်။
စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းမှုကို ခုခံတွန်းလှန်ရာမှတဆင့် တော်လှန်သော နိုင်ငံရေး ယန္တရားများ ပေါ်ပေါက်လာခဲ့သည်၊ တည်ရှိပြီး ယန္တရားများလည်း အားကောင်းလာခဲ့သည်။
ဖက်ဒရယ်အရေး လှုပ်ရှားမှု၏ ဖြစ်ထွန်းတိုးတက်မှုများကို လူထုနှင့် နိုင်ငံတကာ မိတ်ဆွေများကို အသိပေးနိုင်ရန်လွတ်လပ်သည့် အရပ်ဘက်လူထုအဖွဲ့အစည်း၏ ကြိုးပမ်းမှုဖြစ်သည်။