ဥပဒေပြုရေး
ပြည်ထောင်စုလွှတ်တော်
အလွှာ
ဖက်ဒရယ်
အမျိုးအစား
ဥပဒေပြုရေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) သည် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများကို အွန်လိုင်းမှတဆင့် ကျင်းပလာခဲ့သည်မှာ ငါးကြိမ်အထိ ရှိပြီဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ကျင်းပသည့် အရေးပေါ်အစည်းအဝေးကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအဖြစ် သတ်မှတ်ခဲ့ပြီး၊ CRPH ကို ဖွဲ့စည်းရန် ဆုံးဖြတ်နိုင်ခဲ့သည့် အစည်းအဝေးလည်း ဖြစ်ခဲ့သည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့တွင် ကျင်းပခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် အစည်းအဝေး နှစ်ကြိမ်ကျင်းပခဲ့ပြီး၊ တတိယအကြိမ် (၅ ဖေဖော်ဝါရီ)နှင့် စတုတ္ထအကြိမ် (၁၈ ဧပြီ) တို့ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့တွင် ပဥ္စမအကြိမ် လွှတ်တော်အစည်းအဝေးကို ကျင်းပခဲ့သည်။

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများတွင် တက်ရောက်သူ ၅၇ ရာခိုင်နှုန်းမှ ၆၃ ရာခိုင်နှုန်းအထိ တက်ရောက်လေ့ရှိသည်။

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများတွင် အစိုးရအား မေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်း၊ အစီရင်ခံစာများ ဖတ်ကြားအတည်ပြုခြင်းတို့ကို ဆောင်ရွက်သည်။

လှုပ်ရှားဆောင်ရွက်မှုများ