ဖက်ဒရယ်ယူနစ် အုပ်ချုပ်ရေး

ကချင်ပြည်နယ်တွင် Kachin Political Interim Coordination Team (KPICT) အဖွဲ့ကို ပြည်တွင်း၊ ပြည်ပ ကချင်အဖွဲ့အစည်း ငါးဖွဲ့ဖြင့် ၂၀၂၁ ခုနှစ် မတ်လ ၉-၁၁ ရက်နေ့တွင် ဖွဲ့စည်းပြီး၊ အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းကြောင်းကို မတ်လ (၁၅) ရက်နေ့တွင် ကြေညာခဲ့သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း (KIO) ကိုယ်စားလှယ်များလည်း KPICT တွင် ပါဝင်လျက်ရှိသည်။ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတကို KPICT မှ အဆိုပြုပေးပို့ခဲ့ခြင်းဖြစ်သည်။

KPICT နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအကြား ကြားကာလ ကချင်အစိုးရ ဖွဲ့စည်းရေး သဘောတူညီချက်တရပ်ကို ၂၀၂၁ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ရေးထိုးခဲ့သည်။

လှုပ်ရှားဆောင်ရွက်မှုများ