ကောင်စီ
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ
အလွှာ
ဖက်ဒရယ်
အမျိုးအစား
ကောင်စီ

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ အခြားသော ပါဝင်သင့်သည့် အင်အားစုများဖြင့် ၂၀၂၁ ခုနှစ်၊ မတ်လ (၈) ရက်နေ့တွင် စတင်စုဖွဲ့ခဲ့သည်ဟု သိရပြီး၊ ၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ထုတ်ပြန်ကြေညာရာတွင်လည်းကောင်း၊ ဧပြီလ (၁၆) ရက်နေ့ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထုတ်ပြန်ကြေညာရာတွင်လည်းကောင်း NUCC တွင် ဆွေးနွေးညှိနှိုင်းထုတ်ပြန်ကြောင်း ဖော်ပြခဲ့ကြသည်။

NUCC ၏ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းစဉ်များကို ထုတ်ပြန်ခဲ့သည်။

NUCC သည် ပထမအကြိမ် ပြည်သူ့ညီလာခံကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့မှ (၂၉) ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့ပြီး၊ NUCC တွင် ပြန်လည်သုံးသပ်ပြင်ဆင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အတည်ပြုချက် ရယူခဲ့သည်။ အဆိုပါညီလာခံတွင် ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းမှုကိုလည်း ထပ်ဆင့်အတည်ပြုခဲ့သည်။

ပဋိညာဉ်အရ NUCC ကို အစုအဖွဲ့ (၅) စုမှ အဖွဲ့ဝင်အဖွဲ့အစည်းများဖြင့် စုဖွဲ့ထားပြီး၊ NUCC ၏ အောက်တွင် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (၉) ခုဖွဲ့စည်းထားပြီး NUG နှင့် အဖွဲ့ဝင်အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်သည်။

လှုပ်ရှားဆောင်ရွက်မှုများ