Spring Sprouts

နွေဦးမှ ပေါက်ဖွားလာသော၊ နိုးထလာသော၊ မြူအလွန်မှာ ပိုပြီး မြင်သာလာခဲ့သော နိုင်ငံသစ်၏ အပွင့်အဖူးများ

Spring Sprouts အကြောင်း

ပါဝင်မှု

Spring Sprouts သည် စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းမှု မတိုင်ခင်ကာလကတည်းက အများပြည်သူ၏ သတင်းအချက်အလက် ရရှိပိုင်ခွင့်၊ ပွင့်လင်းမြင်သာမှုနှင့် နိုင်ငံရေး ယန္တရားများ၏ တာဝန်ခံမှု မြှင့်တင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သော သုတေသီများ၊ လူထု နည်းပညာသမားများဖြင့် စုစည်းထားသည့် လွတ်လပ်သော အရပ်ဘက်လူထုအဖွဲ့အစည်းတခု ဖြစ်သည်။

ရည်ရွယ်ချက်

Spring Sprouts ၏ ရည်ရွယ်ချက်မှာ ဓမ္မဓိဌာန်ကျသော နိုင်ငံရေးဆိုင်ရာ သတင်းအချက်အလက်များ ကျယ်ပြန့်စွာ ပျံ့နှံ့မှုဖြင့် နိုင်ငံရေးဖြစ်စဉ်၊ တော်လှန်ရေးဖြစ်စဉ်တွင် လူထုပါဝင်မှုကို အားဖြည့်နိုင်ရန် ရည်ရွယ်ပါသည်။

ချဉ်းကပ်မှု

လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုကို အာမခံနိုင်သော လူ့အဖွဲ့အစည်းကို တည်ထောင်ရာတွင် ဓမ္မဓိဌာန်ကျစွာဖြင့် လူထုက ဦးဆောင်မှု ပေးနိုင်သော နိုင်ငံရေးဖြစ်စဉ်ကို သတင်းအချက်အလက်အားဖြင့် ပံ့ပိုးအားဖြည့်ခြင်း