နိုင်ငံတကာ ဆက်ဆံရေး

ကမ္ဘာ့နိုင်ငံကြီး ရှစ်ခုတွင် NUG အစိုးရ၏ ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်လာနိုင်ခဲ့သည်။ ၎င်းနိုင်ငံရှစ်ခု မှာ သြစတြေးလျ၊ ချက်ရီပက်ဗလစ်၊ ပြင်သစ်၊ ဂျပန်၊ ဗြိတိန် ၊ နော်ဝေ၊ တောင်ကိုရီးယား နှင့် ဝါရှင်တန်ဒီစီ တို့၌ ဖြစ်သည်။ ထို့ပြင် နိုင်ငံတကာရှိ လွှတ်တော်များနှင့် ထိတွေ့မှုများ ပိုမိုလုပ်ဆောင်လာနိုင်ခဲ့ကာ မြန်မာ့ဒီမိုကရေစီရေးနှင့် အာဏာသိမ်းစစ်တပ်က ကျူးလွန်နေသည့် ရာဇဝတ်မှုကိစ္စရပ်များအား တင်ပြ နိုင်ခဲ့ကြသည်။ အာဏာသိမ်းစစ်တပ်မှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး - ICC ၊ ကုလသမဂ္ဂ နိုင်ငံတကာတရားရုံး - ICJ အပြင် အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့ တရားရုံး၊ ဂျာမနီနိုင်ငံ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့၌ စစ်ရာဇဝတ်မှု၊ လူမျိုးသုဉ်း သတ်ဖြတ်မှုများဖြင့် တရားစွဲဆိုထားသည်။

  • ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှု ICJ အမှု ပြင်သစ် ပါဝင်ဆောင်ရွက်မည်

    မြန်မာနိုင်ငံအား လူမျိုးသုဉ်း သတ်ဖြတ်မှုဖြင့် နိုင်ငံတကာတရားရုံး (ICJ) တွင် တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ ပြင်သစ်နိုင်ငံအနေဖြင့် မိတ်ဖက်နိုင်ငံများနှင့်အတူ ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း ပြင်သစ်သမ္မတ Emmanuel Macron နှင့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasinaနှင့် စက်တင်ဘာ ၁၁ ရက်က ဒါကာမြို့၌ တွေ့ဆုံမှုအပြီး ဘင်္ဂလားနိုင်ငံခြားရေးဝန်ကြီးဌာန ပူးတွဲကြေညာချက်၌ ဖော်ပြထားသည်။

  • စစ်အုပ်စုအား စင်ကာပူအရေးယူရေး SURC လက်မှတ်ကောက်ခံ

    စင်ကာပူက စစ်အုပ်စုထံ လက်နက်ဆက်မရောင်းရေးနှင့် ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ရေး တောင်းဆိုရန်အတွက် အွန်လိုင်းမှတစ်ဆင့် ထောက်ခံလက်မှတ် ကောက်ယူမှုအား "သင့်လက်မှတ်နဲ့ မြန်မာပြည်ကို ကယ်တင်လိုက်ပါ" ခေါင်းစဉ်ဖြင့် ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များ ကော်မတီ - SURC က စက်တင်ဘာ ၁၁ ရကတွင် စတင်လိုက်သည်။

    SURC
  • အာဆီယံ သုံးသပ်မှုနှင့် ဆုံးဖြတ်ချက်အရ စစ်အုပ်စုအား အရေးယူပြစ်ဒဏ်ချမှု အမြန်ဆုံး လုပ်ရမည်

    (၄၃) ကြိမ်မြောက် အာဆီယံအစည်းအဝေးအား အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ စက်တင်ဘာ ၅ ရက်က ပြုလုပ်ပြီးနောက် မြန်မာအရေးနှင့် ပတ်သက်၍ ချမှတ်ထားသော ဘုံသဘောတူညီချက် (၅) အကောင်အထ ထည်ဖော်မှုနှင့် စပ်လျဉ်းသည့် သုံးသပ်ချက်၊ ဆုံးဖြတ်ချက်များအား ကြိုဆိုကာ အရေးယူဒဏ်ခတ်မှု အစီအစဉ်များ အမြန်ဆုံးချမှတ်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ - CRPH က စက်တင်ဘာ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

    CRPH
  • မြန်မာတွင် အကွက်ချ နှိပ်ကွပ်မှုများ ရှိနေဟု ကုလအတွင်းရေးမှူးချုပ် ထုတ်ပြော

    မြန်မာစစ်အုပ်စု နိုင်ငံအတွင်း အကွက်ချ ဖိနှိပ်မှုနှင့် နှိပ်ကွပ်မှုများ ပြုလုပ်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး မျှော်လင့်ချက် နင်းချခံထားရပြီဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ် ဂူတားရက်စ်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် စက်တင်ဘာ ၇ ရက်က ပြုလုပ်သည့် အမေရိကန်၊ တရုတ်၊ အာဆီယံနှင့် ဒေသတွင်းခေါင်းဆောင်များ၌ တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုလိုက်သည်။

  • အာဆီယံ လေတပ်ဦးစီးချုပ် ညီလာခံ မတက်ကြရန် CRPH တောင်းဆို

    ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံ၊ နေပြည်တော်တွင်ကျင်းပမည့် အာဆီယံအဖွဲ့ဝင် လေတပ်ကာကွယ်ရေးဦးစီးချုပ်များ ညီလာခံကို မတက်ရောက်ရန် အာဆီယံနိုင်ငံများကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက စက်တင်ဘာ ၆ ရက်နေ့တွင် တောင်းဆိုခဲ့သည်။

    CRPH
  • (၄၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး

    (၄၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ မြန်မာ့အရေး ဘုံသဘောတူညီချက် ငါးရပ်အကောင်အထည်ဖော်မှုနှင့် ပတ်သက်သည့် ပြန်လည်သုံးသပ်မှုကို ၂၀၂၃ စက်တင်ဘာ ၅ ရက်နေ့တွင် ထုတ်ပြန်ရာ သုံးသပ်ချက် ရှစ်ရပ်နှင့် ဆုံးဖြတ်ချက် ၁၁ ရပ် ထွက်ရှိလာသည်။