မွန်ပြည် ကြားကာလပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (Mon State Interim Coordination Committee – MSICC) ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၉) ရက်နေ့တွင် တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီ အင်အားစုများ၊ တော်လှန်ရေးအင်အားစုများဖြင့် ဖွဲ့စည်းခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကျင်းပခဲ့သည့် မွန်ပြည်နယ် ဖက်ဒရယ် ကောင်စီ၏ ပထမအကြိမ် ညီလာခံတွင် MSICC ကို မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီ (Mon State Federal Council – MSFC) အဖြစ် တိုးချဲ့ဖွဲ့စည်း အတည်ပြုခဲ့သည်။
ရည်ရွယ်ချက်မှာ ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေး၊ အာဏာရှင်စနစ် အထူးသဖြင့် စစ်အာဏာရှင်စစ် တိုက်ဖျက်ရေး၊ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးပင် ဖြစ်ပါသည်။ ဥက္ကဌမှာ နိုင်ထွန်းဖေ (ခ) နိုင်သုဝဏ္ဏ ဖြစ်ပါသည်။
အရပ်သားကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ NUCC နှင့် NUG တို့နှင့် ပူးပေါင်းလုပ်ဆောင်နေမှုများ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် နှင့် ပတ်သက်ပြီး အသိပညာဖြန့်ဝေမှုများ၊ စဉ်ဆက်မပြတ် ထုတ်ပြန်ပါသည်။ ကြားကာလ ဒေသန္တရ ပြည်သူ့ အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်လည်း တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ NUG တွင် အလုပ်သမားရေးရာဝန်ကြီးဌာန၏ ဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ဒု-ဝန်ကြီး၊နှင့် စီမံကိန်း၊ ဘဏ္ဍာရးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ ဒု-ဝန်ကြီးတို့သည် MSICC ကိုယ်စားလှယ်အနေဖြင့် ပါဝင်ကြသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကျင်းပခဲ့သည့် မွန်ပြည်နယ် ဖက်ဒရယ် ကောင်စီ၏ ပထမအကြိမ် ညီလာခံကျင်းပခဲ့သည်။
MSFC သည် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (National Unity Consultative Council) တွင် အဖွဲ့ဝင်အဖွဲ့အစည်းအဖြစ် ပါဝင်သည်။
References 1. https://www.facebook.com/108345471476425/posts/pfbid0znFnEvZZeVAkPSjrKj2x6tHt9aqv4R9cU6HmRY4omM9hDLb1NbuGbhEMyPt3xHaPl/ 2. https://www.facebook.com/people/MSICC/100069747885374/