သူနာပြုနှင့် ကျန်းမာရေးသိပ္ပံကောလိပ် PSLF/TNLA ဖွင့်လှစ်
တအာင်းပြည်နယ်အတွင်း ပြည်သူလူထုအား အရည်အသွေးပြည့်မှီ၍ စိတ်ချလုံခြုံသော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး ရည်ရွယ်၍ လူသားအရင်းအမြစ် မွေးထုတ်ပေးရန်အတွက် မန္တလေး ကျန်းမာရေးမိသားစု (Medical Family Mandalay –MFM) နှင့် ပူးပေါင်း၍ တအာင်း သူနာပြုနှင့် ကျန်းမာရေးသိပ္ပံကောလိပ်အား ဖွင့်လှစ်ကြောင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA) က သြဂုတ် ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
ကောလိပ်အား တအာင်းပြည်နယ်၊ သံလွင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် ဖွင့်လှစ်ကာ ပထမဆုံး Program အဖြစ် Associate Degree in Nursing (ADN) ကို စတင်သင်ကြားမည် ဖြစ်ကာ သင်တန်းကာလ နှစ်နှစ်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းဆင်းပါက တအာင်းပြည်နယ်အတွင်းရှိ ဆေးရုံနှင့် ကျန်းမာရေးဌာနများ၌ တာဝန်ထမ်းဆောင်နိုင်မည် ဖြစ်သည်။
ကောလိပ်အား မျှော်မှန်းချက် (၃)ရပ်၊ ရည်ရွယ်ချက် (၂)ရပ်၊ စံတန်ဖိုး (၄) ရပ်ဖြင့် ထူထောင်ထားသည်။