CC.BY 4.0 Spring Sprouts.
လူထုတော်လှန်ရေးမဟာမိတ်အင်အားစု
လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (People’sRevolution Alliance – PRA-Magway) ကို မကွေးတိုင်းဒေသကြီးအတွင်းရှိတက္ကသိုလ်အသီးသီးမှ ကျောင်းသား လူငယ်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများစုပေါင်း၍ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး မကွေးတိုင်းအတွင်းလှုပ်ရှားဆောင်ရွက်လျက် ရှိသည်။ PRA-Magway ၏ ရည်ရွယ်ချက်မှာ ပြည်သူ့အာဏာပြည်သူ့လက်ဝယ်အမှန်တကယ်ရောက်ရှိနိုင်ရေးနှင့် စစ်အာဏာရှင်စနစ်ကိုအမြစ်ဖြတ်သုတ်သင်ပြီး ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကြီးဖြစ်ထွန်းလာစေရေးဆောင်ရွက်နိုင်ရန်ဖြစ်ပါသည်။PRA-Magway ၏ မျှော်မှန်းချက်မှာ လူသားဖြစ်တည်မှု၊ ဂုဏ်သိက္ခာ၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်မှုတို့ကို အခြေခံ၍ လွတ်လပ်မျှတပြီး တန်းတူညီမျှမှုရှိသည့်လူ့ဘောင်အသစ်တစ်ရပ် ပေါ်ထွန်းလာရေး ဖြစ်သည်။
PRA-Magway အနေဖြင့် EAO များ၊ ဒေသအတွင်း ပကဖအဖွဲ့များ၊ PDFများ၊ STFများနှင့် မဟာဗျူဟာမြောက်ချိတ်ဆက်၍ တော်လှန်ရေး အောင်မြင်သည်အထိ ဦးလည်မသုန်တာဝန်ထမ်းဆောင်သွားကြပါမည်ဟု သန္နိဌာန်ပြုထားသည်။ PRA-Magway လုပ်ဆောင်နေသော လုပ်ငန်းများမှာခုခံတော်လှန်စစ်အတွက်အင်အားတိုးချဲ့ခြင်းနှင့် လက်နက်ရိက္ခာစုဆောင်းခြင်း၊ မကွေးတိုင်းတွင်းနိုင်ငံရေး ဦးဆောင်မှု ပီပြင်အားကောင်း လာစေရန် စုဖွဲ့လုပ်ဆောင်ခြင်းတို့ ဖြစ်သည်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway) သည်ရပ်တည်ချက်ကြေညာစာတမ်းပါ အပိုဒ် (၅) နိုင်ငံရေးဆိုင်ရာမူဝါဒ၊ အပိုဒ် (၆)စစ်ရေးဆိုင်ရာမူဝါဒနှင့် အပိုဒ် (၇) မဟာမိတ်ဆိုင်ရာမူဝါဒများအရ စစ်ရေး၊နိုင်ငံရေးနှင့် ဒေသန္တရ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကိုအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် လက်တွဲအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ(မင်းတပ်)နှင့် လူထုတော်လှန်ရေး မဟာမိတ်အင်အားစုတို့အနေဖြင့် မဟာမိတ်ဖွဲ့စည်းကြောင်းထုတ်ပြန်ကြေညာခဲ့သည်။၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့တွင်Triangle 3T PDF တို့နှင့် မဟာမိတ်ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ၂၀၂၁ ခုနှစ်၊နိုဝင်ဘာလ ၂၀ ရက်နေ့တွင် People’s Defence Force (Chauk) နှင့် ညီနောင်မဟာမိတ်ဖွဲ့စည်းကြောင်းထုတ်ပြန် ကြေညာခဲ့သည်။ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် Asho Chin DefenceForce – ACDF နှင့် မဟာမိတ်ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ၂၉ ရက်နေ့တွင် Central Armed Forces (CAF-MGPDF) တို့နှင့် မဟာမိတ်ဖွဲ့စည်းကြောင်းထုတ်ပြန်ကြေညာခဲ့သည်။ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင် No Chair ပြောက်ကျားတပ်ဖွဲ့နှင့်မဟာမိတ်ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင်PRA-Magway နှင့် နှင့်ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပူးပေါင်း၍ ပြည်သူ့တော်လှန်ရေးလှုပ်ရှားမှုများဖော်ဆောင်မည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာခဲ့သည်။