CC.BY 4.0 Spring Sprouts.
နွေဦးတော်လှန်ရေးကတဆင့် တည်ဆောက်လိုသည့် ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ညွှန်းကြရာမှာ အောက်ခြေကနေ တဆင့်ဆင့် တည်ဆောက်မယ့် ဖက်ဒရယ်စနစ် (bottom-up federalism) ကို ဖော်ပြကြပါတယ်။ လက်ရှိမှာ ဖက်ဒရယ်ယူနစ်တွေအလိုက် တည်ဆောက်မှုတွေကို မြင်တွေ့လာကြရပြီ ဖြစ်ပါတယ်။ “အောက်မှအထက် ဖက်ဒရယ်ချဉ်းကပ်ပုံ” ဆိုတာဘာလဲ? အခုလက်ရှိ တည်ဆောက်မှုတွေဟာ တကယ်ပဲ အောက်ခြေကနေစပြီး “အောက်မှအထက် ဖက်ဒရယ်ချဉ်းကပ်ပုံ” ဖြစ်နေပါပြီလား? စတဲ့ မေးခွန်းတွေကို
မငြိမ်းငြိမ်းပြည့် - သာတူညီမျှရေးတက်ကြွလှုပ်ရှားသူ
မဇူးပဒုမ္မာ - ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး (၁)
ဒေါက်တာတေဇာစန်း - သပိတ်ခေါင်းဆောင်
ကိုထင်ကျော်အေး - Spring Sprouts
တို့က Spring Conversation Episode 1 “အောက်မှအထက် ဖက်ဒရယ်ချဉ်းကပ်ပုံ” စကားဝိုင်းမှာဆွေးနွေးထားကြပါတယ်။
နွေဦးတော်လှန်ရေးဆိုတဲ့ ဦးတည်ချက်ထဲမှာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်းသမျှ ချုပ်ငြိမ်းစေဖို့ဆိုတဲ့ ဦးတည်ချက် ပါဝင်သလို၊ တစ်ဖက်ကလည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။
၂၀၂၁ ခုနှစ်ကနေ ယခုအချိန်အထိ နိုင်ငံရေးအဖွဲ့အစည်း၊ ယန္တရား တည်ဆောက်ခဲ့ကြပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်လည်း ယန္တရားတွေ၊ အဖွဲ့အစည်းတွေ၊ တော်လှန်ရေးမှာပါဝင်နေကြတဲ့အင်အားစုတွေကပေါင်းစုပြီးတော့ ကြိုးစားလုပ်ဆောင်နေကြတာတွေ၊ ပြင်ဆင်နေကြတာတွေကိုလည်းတွေ့ရပါတယ်။ နွေဦးတော်လှန်ရေးအလွန် နိုင်ငံရေး ရှု့မျှော်ခင်း တစ်ခုပေါ်ပေါက်ဖို့အတွက် အခုကတည်က ကြိုတင်ပြင်ဆင်ကြိုးပမ်းမှုတွေ ဘယ်လို အခြေအနေရှိနေပြီလဲ?ဘယ်လောက်ခရီးပေါက်နေပြီလဲ? ဘာတွေမျှော်မှန်ထားချက်တွေရှိနေပြီလဲ? စတဲ့ အကြောင်းအရာတွေကို
ကိုနန်းလင်း - လူထုသပိတ်ခေါင်းဆောင်
ဆရာမနော်ဆဲဆဲ - အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)
အက်စသာဇေနော - ကချင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ
ကိုထင်ကျော်အေး - Spring Sprouts တို့က Spring Conversation Episode 2 “နွေဦးတော်လှန်ရေးအလွန် နိုင်ငံရေး ရှု့မျှော်ခင်း” စကားဝိုင်းမှာဆွေးနွေးထားကြပါတယ်။