Movement
Octopus
Octopus
Octopus
August 24, 2024

Octopus (ရေဘဝဲ) ပြည်သူ့ အကျိုးပြု လူငယ်အဖွဲ့အစည်းအား ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးအတွင်း ပါဝင်ကြသည့် လူငယ်ထုများက စုရုံးကာ ကိုယ်ပိုင်မှု၊ တာဝန်ယူ တာဝန်ခံမှု၊ တရားမျှတမှု၊ သည်းခံနိုင်မှု၊ လောကီသီးသန့်ဝါဒ၊ ခွင့်ပြုမှု သဘောတူမှု၊ ခွဲခြားသိမြင်မှု၊ အကျင့်ပျက် ခြစာခြင်းကို ဆန့်ကျင်မှု စသည့် အချက် ရှစ်ချက်[1]ဖြင့် Mike Teea Alliance Day ဖြစ်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် စုဖွဲ့[2] သည်။

"စစ်အာဏာရှင်စနစ် အလုံးစုံ ပျက်သုဉ်းရေးနှင့်အတူ အနာဂတ်တွင် စွမ်းဆောင်ရည် ပြည့်ဝသော အရည်အ ချင်း ပြည့်မီသော လူငယ်လူရွယ်များဖြင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်လာနိုင်စေရန်"[3] မျှော်မှန်းသည်။ ထို့ပြင် “မြေပြင်ရှိ လူငယ်ကွန်ရက်များနှင့် တော်လှန်ရေးလှုပ်ရှားမှုများကို ပံ့ပိုးကူညီရာတွင် ပြည်တွင်းပြည်ပမှ လူငယ်များနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် လူငယ်လူရွယ်များအတွက် လိုအပ်သော အရည်အသွေး မြှင့်တင်ရန်" ကိုလည်း ရည်မှန်းချက်[4]အဖြစ် ချမှတ်ထားသည်။

လုပ်ငန်းစဉ်လေးရပ်[5] ချမှတ်ထားကာ "လူထု၊ ပြောက်ကျားသပိတ်တိုက်ပွဲများ ဆင်နွှဲခြင်း"၊ "လှုံ့ဆော်စာတန်းများ ချိတ်ဆွဲခြင်း"၊ "လူမှုရေးပြစ်ဒဏ်၊ စီးပွားရေးပြစ်ဒဏ်နှင့် Campaign ပြုလုပ်ခြင်းများတွင် လူထုပါဝင်လာစေရန် ကြိုဆိုဖိတ်ခေါ်သည့် လူထုစည်းရုံးလှုံ့ဆော်ခြင်း"၊ "လူငယ်ဗဟိုပြု ပညာရေးဖွံ့ဖြိုးမှုသင်တန်းများ အခမဲ့ ဖွင့်လှစ်သင်ကြားခြင်း" တို့ ဖြစ်သည်။

အမှီအခိုကင်း၍ သီးခြားရပ်တည်သည့် ပြည်သူ့အဖွဲ့အစည်း[6]တစ်ခုဖြစ်ကာ အခြားပြည်သူများနှင့်အတူ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး သပိတ်တိုက်ပွဲများ၌ ပါဝင်ခဲ့သည်။ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းမှု ဆန့် ကျင်သည့် ငြိမ်းချမ်းသည့် သပိတ်များအား အကြမ်းဖက်ဖြိုခွဲမှုများ ပြုလုပ်လာသည့်အခါ ဆန္ဒပြ ပြည်သူများအား ကာကွယ်ရန်အတွက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် "ရေဘဝဲဒိုင်းကာ"[7] အဖွဲ့ကို စတင်ဖွဲ့စည်း သည်။ အကြမ်းဖက်စစ်အုပ်စုက သပိတ်အင်အားစုများအား ပစ်ခတ်၊ သတ်ဖြတ်သည်အထိ အကြမ်းဖက် ဖြိုခွဲ လာသည့်အခါ မြို့ပေါ် ပြောက်ကျားသပိတ်များ၌ ဆက်လက်ပါဝင်ခြင်း၊ Sticker ကမ်ပိန်းများ၌ ပါဝင်ခြင်းများ ပြုလုပ်သည်။ ထို့ပြင် မြန်မာ့နိုင်ငံရေးနှင့် ဆက်စပ်သည့် အထိမ်းအမှတ်နေ့အခြေပြု ကမ်ပိန်းများ၌လည်း ပါဝင် သည့်အပြင် လူထုအနေဖြင့်လည်း ပါဝင်ပေးကြရန် လှုံ့ဆော်မှုများ ဆောင်ရွက်သည်။

ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့) သည် တည်ထောင်သည့် သုံးနှစ်တာကာလအတွင်း အကြမ်းဖက် စစ်အုပ်စု၏ လုံခြုံရေးတင်းကြပ်မှုကြားကပင် ပြောက်ကျားသပိတ်ပေါင်း ၉၁ ကြိမ်အထိ လုပ်ဆောင်နိုင်ခဲ့ကာ အဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦး ဖမ်းဆီး[8]ခံခဲ့ရသည်။

၂၀၂၄ ခုနှစ် မေ ၉ ရက်တွင် ရေဘဝဲ အဖွဲ့ဝင် နှစ်ဦး ထပ်မံဖမ်းဆီးခံခဲ့ရကာ အသက်အန္တရာယ် ထိခိုက်မည်ကို စိုးရိမ်နေရကြောင်း ထုတ်ပြန်[9]သည်။

Updates