CC.BY 4.0 Spring Sprouts.
ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်
အစိတ်အပိုင်း (၂) ခု ပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်တွင် အစိတ်အပိုင်း(၁) သည် “ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ကြေညာစာတမ်း” ဖြစ်ပြီး ပြည်ထောင်စုအတွက်အခြေခံရမည့် စံတန်ဖိုးများနှင့် မူများ ပါဝင်ပြီး အစိတ်အပိုင်း (၂) သည်“ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေ အစီအမံ” ဖြစ်သည်။
ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို ၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် နောင်တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ အဖြစ် ပေါ်ထွန်းလာမည့် တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
ပြန်လည် ပြင်ဆင်ဖြည့်စွက်ထားသည့် ပဋိညာဉ်ကို ၂၀၂၂ ခုနှစ်၊ဇန်နဝါရီလ (၂၇-၂၉) တွင် ကျင်းပသော ပြည်သူ့ညီလာခံတွင် ထပ်မံ အတည်ပြုခဲ့ရသည်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်ထောင်စုလွှတ်တော်တို့သည် ပဋိညာဉ်အရ ဖွဲ့စည်းထားသော အဖွဲ့အစည်းများဖြစ်သည်။