CC.BY 4.0 Spring Sprouts.
ပထမအကြိမ် ပြည်သူ့ညီလာခံ ထုတ်ပြန်ကြေညာချက်
ပထမအကြိမ် ပြည်သူ့ညီလာခံကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့မှ (၂၉) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ကမကထ ပြု ကျင်းပခဲ့ခြင်းဖြစ်သည်။
ပြင်ဆင်ဖြည့်စွက်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို ကိုယ်စားလှယ်နှင့် လေ့လာသူ စုစုပေါင်း ၃၈၈ ဦး တက်ရောက်ခဲ့သည့် ညီလာခံတွင် အတည်ပြုခဲ့ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ကို ထပ်ဆင့် အတည်ပြုပေးခဲ့သည်။