သက်ဝင်အားကောင်းဆဲ နွေဦးလူထု လှုပ်ရှားမှု

လူထုလှုပ်ရှားမှုများ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် အကြမ်းဖက် စစ်အုပ်စုမှ စစ်အာဏာသိမ်းခဲ့ပြီးနောက် ဖေဖော်ဝါရီလ ပထမပတ်မှ စတင်၍ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုသပိတ်များ နိုင်ငံအနှံ့တွင် ပုံစံမျိုးစုံဖြင့်ပေါ်ပေါက်ခဲ့ပါသည်။ ဆန္ဒဖော်ထုတ်မှုများ၊ သံပုံးတီးခြင်းဖဲကြိုးနီလှုပ်ရှားမှုCDM လှုပ်ရှားမှု အစရှိသည့် အကြမ်းမဖက်သော လှုပ်ရှားမှုများဖြင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည်။ စစ်အာဏာသိမ်းပြီးနောက် (၂၂) ရက်အကြာ ဖေဖော်ဝါရီလ ၂၂ ရက်တွင် “၂၂၂၂၂” လူထုသပိတ်ကြီးကို ဆင်နွှဲခဲ့ပြီး နိုင်ငံတစ်ဝှမ်း လူ သန်းနဲ့ချီပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည်။ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှစတင်ပြီးအကြမ်းဖက်စစ်အုပ်စုမှဆန္ဒပြသူများအား အင်အားသုံးဖြိုခွဲခြင်း၊ ဖမ်းဆီးနှိပ်စက်ထောင်ချခြင်းတို့ကြောင့် လူထုလုပ်ရှားမှုများမှာ တဖြည်းဖြည်း အားနည်းသွားခဲ့ရပြီး တက်ကြွလှုပ်ရှားသူ လူငယ်တချို့နှင့် အဖွဲ့အစည်းတချို့ကသာ မြို့ပြများတွင် ပြောက်ကျားသပိတ်စာတမ်း ချိတ်ဆွဲ ခြင်းလက်ကမ်းစာစောင် ဖြန့်ဝေခြင်းစတေကာကပ်ခြင်း အစရှိသည့် လူထုလုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်ခဲ့ကြသည်။

အညာဒေသက လူထုလှုပ်ရှားမှုများ

မြို့ပြများတွင် အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများကြောင့် လူထုလှုပ်ရှားမှုများမှာ အားနည်းသွားသော်လည်း အညာဒေသများတွင် လူထုလှုပ်ရှားမှုများမှာ နေ့စဉ် အရှိန်အဟုန်ဖြင့် ဆက်လက် လုပ်ဆောင်နေကြသည်။၁၀၂၇ ကြိုဆိုထောက်ခံပွဲအထိမ်းအမှတ် လူထုသပိတ်များတော်လှန် ရုပ်ရှင်ပြပွဲ အစရှိသဖြင့် လူထုလှုပ်ရှားမှုများအား ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုနှင့်အတူ လုပ်ဆောင်နေကြသည်။အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်း၊ ရွာလုံးကျွတ် မီးရှို့ခြင်း၊ စစ်ကြောင်းထိုးခြင်းတို့ကြားမှ အညာဒေသများတွင် လူထုလှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

အသံတိတ်သပိတ်

အကြမ်းဖက်စစ်အုပ်စု၏အာဏာသိမ်းမှု (၁) နှစ်ပြည့်သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများက အကြမ်းဖက်စစ်အုပ်စု၏ မတရားဖိနှိပ်မှုများကြားမှ အသံတိတ်သပိတ်ကို ပြုလုပ်ခဲ့ကြသည်။ အကြမ်းဖက် စစ်အုပ်စု ထောက်ခံသူ ဟန်ငြိမ်းဉီး၏ တယ်လီဂရမ်ချန်နယ်တွင် ရေးသားဖော်ပြချက်အရ အသံတိတ်သပိတ်တွင် ပါဝင်သူ လူ (၂၀၀) ကျော်ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။ ထို့နောက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းမှု (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အသံတိတ်သပိတ်ကို ပြုလုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်တွင် (၃)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အသံတိတ်သပိတ်ကိုပြုလုပ်ခဲ့ကြသည်။

ပန်းသပိတ်

အကြမ်းဖက်စစ်အုပ်စု၏ ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့ရသူတွေကို ပန်းတွေနဲ့ ဂုဏ်ပြုသော ပန်းသပိတ်ကို ၂၀၂၁ ခုနှစ် ဧပြီလ ၂ ရက်တွင် ရန်ကုန်မြို့၌ စတင်ပြုလုပ်ခဲ့သည်။ထို့နောက် နှစ်စဉ်ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ဖြစ်သော ဇွန်လ ၁၉ ရက်တွင် ပန်းပန်ခြင်း၊ ပန်းကိုင်ဆောင်ခြင်းစသော လှုပ်ရှားမှုများဖြင့်ပန်းသပိတ်ကို ၂၀၂၁ မှ ၂၀၂၄ခုနှစ်အထိ စုစုပေါင်း (၄) ကြိမ် ပြုလုပ်ခဲ့ကြပြီးဖြစ်သည်။စ်စဉ်ပန်းသပိတ်များတွင်ပါဝင်မှုကြောင့် ပြည်သူအများအပြား အကြမ်းဖက်စစ်အုပ်စု၏ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ကြရသည်။

ဘူးသပိတ်

“အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်ရေးနှင့် ဖက်ဆစ်တပ် ထုတ်ကုန်နှင့် ဝန်ဆောင်မှုလုပ်ငန်းတွေကို အသုံးမပြုရေး” ဘူးသပိတ်ကို ၂၀၂၁ ခုနှစ် ဧပြီလ ၂၆ ရက်တွင် စတင်ခဲ့ပြီး ပြည်သူလူထုမှ တခဲနက် ထောက်ခံ ပါဝင်ခဲ့ကြသည်။ ပထမခြေလှမ်း အောင်မြင်ပြီးနောက် ဘူးသပိတ် ဒုတိယခြေလှမ်း အဖြစ် ဖက်ဆစ်တပ် ထုတ်ကုန်နဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆက်လက် သပိတ်မှောက်ခဲ့ကြပြီး နောက်ထပ် သပိတ်မှောက်ရမည့် ဖက်စစ်တပ် ထုတ်ကုန်စာရင်းကို၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက်တွင် သပိတ်အင်အားစုများက ထုတ်ပြန်ခဲ့ပါသည်။ ထို့ပြင် အကြမ်းဖက်စစ်အုပ်စု၏အတင်းအဓမ္မ စစ်သားစုဆောင်းတဲ့ လုပ်ငန်းတွေ မအောင်မြင်ရန်အတွက် ဘူးသပိတ်ဆင်နွှဲကြရန် တော်လှန်ရေးအင်အားစုများမှ ၂၀၂၄ ခုနှစ် မတ်လ ၆ ရက်တွင် တိုက်တွန်းထုတ်ပြန် ခဲ့ကြပါသည်။၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၂ ရက်တွင် သပိတ်ခေါင်းဆောင် ကိုတေဇာဆန်းမှ တော်လှန်ရေးကြီး စတင်ကတည်းက ပြည်သူလူထုတရပ်လုံး စွဲကိုင်ခဲ့တဲ့ လူထု CDM နှင့် ဘူးသပိတ်ကို ယခုချိန်၌ အစွမ်းကုန် အရှိန်တင်ကြရန် တိုက်တွန်းခဲ့ပါသည်။ ထိုသို့ တိုက်တွန်းခဲ့ပြီးနောက် အညာဒေသများတွင် “ဘူးသပိတ်ဆင်နွှဲ ဖက်ဆစ်ဖြိုလှဲ” ခေါင်းစဉ်ဖြင့် ပြည်သူလူထုအား ဘူးသပိတ်တွင် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းသော လူထုလှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြပါသည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.