အမျိုးသမီးများအပေါ် လိင်အမြတ်ထုတ်ခဲ့သည် စွပ်စွဲချက်များရှိသည့် နွေဦးဆရာတော် (Ke Sa Ra Account) အား လူမှုပြစ်ဒဏ်ပေးရန်အအတွက် ပြည်သူလူထု တစ်ရပ်လုံး ပူးပေါင်းပါဝင်ပေးရန် တော်လှန်ရေး အင်အားစုများအားက လှုံ့ဆော်ထားသည်။ အမျိုးသမီးမဟာမိတ်အင်အားစု (Women Alliance Burma – WAB) က ကျူးလွန်ခံရသူများနှင့် တွေ့ဆုံမေးမြန်းပြီးနောက် နွေဦးဆရာတော်အား ကျူးလွန်မှုအား ဝန်ခံရန်နှင့် သာသနာတော်ညှိုးနွမ်းစေ၍ လူဝတ်လဲရန် အချက်နှစ်ချက်အား တောင်းဆိုထားသည်။
ယင်းလှုံ့ဆော်မှုကိုလည်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body – GSCB) ၊ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC – Mandalay) တို့ကလည်း WAB နှင့်အတူ တောင်းဆိုထားသည်။