No items found.

ပြည်သူ့ခုခံတော်လှန်စစ် နှစ်နှစ်ပြည့် နိုင်ငံတော်အခြေပြုမိန့်ခွန်း

“ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း" နှစ်နှစ်ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန့်အား အမျိုးသားညီညွတ်ရေးအစိုးရ – NUG ဒုတိယသမ္မတ ဒူဝါလရှီးလက စက်တင်ဘာ ၇ တွင် ပြောကြားခဲ့သည်။

အခြေပြမိန့်ခွန်း၌ NUG လက်အောက်ရှိ အုပ်ချုပ်ရေးယန္တရားများဖြစ်သည့် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ - ပအဖ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ နှင့် တရားရေးဌာန တာဝန်ယူထားသူများ လိုက်နာရမည့် အခြေခံ အချက်များအား လမ်းညွှန်ထားကာ စစ်ရေး၌ စနစ်တကျ အဆင့်ဆင့် အမိန့်ပေးကွပ်ကဲမှု (Chain of Command) နှင့် စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်း (Code of Conduct) အရေးကြီးမှုလည်း သတိပေးထားသည်။
‍

နှစ်နှစ်ပြည့် မိန့်ခွန်း၌ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၏ စစ်ရေးအရ အရေးပါမှု ကို အသိအမှတ်ပြုထားကာ နိုင်ငံတကာမိတ်ဆွေများနှင့် ပတ်သက်၍ အမေရိကန်က Burma Act ဥပဒေ ပြဋ္ဌာန်းမှုကို ကျေးဇူးတင်ကြောင်းနှင့် ဥပဒေပါ အချက်အလက်များ အလျင်အမြန် အကောင်အထည်ဖော်ရေးအတွက် တိုက်တွန်းထားသည်။

‍

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.