အမျိုးသားညီညွတ်ရေးအစိုးရ – NUG နှင့် ပြည်သူ့သံအမတ် ဦးကျော်မိုးထွန်းအား အသိအမှတ်ပြုရေး၊ စစ်အုပ်စု ကိုယ်စားလှယ်အား အသိအမှတ်မပြုရေး "ငါတို့ သံအမတ် - ငါတို့အသံ" လှုပ်ရှားမှုမှာ နိုင်ငံအနှံ့ ပိုမိုအားကောင်းလာလျက် ရှိသည်။
ကမ္ဘာ့ကုလသမဂ္ဂ (UN) ၏ နှစ်စဉ် အထွေထွေညီလာခံ ကျင်းပနေချိန်အတွင်း တရားဝင်မှုတိုက်ပွဲ အဖြစ် ဒီမိုကရေစီရေးလှုပ်ရှားနေသည့် အဖွဲ့များက ဆင်နွှဲနေခြင်းဖြစ်ကာ မြေပြင် ဆန္ဒပြသပိတ်စစ်ကြောင်းများ၌ အဆိုပါစာသား ရေးသားထားသည့် ဗီနိုင်းများ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်မှုများ နေရာအနှံ့ ရှိနေသည်။ လူငယ့်အားမာန်၊ ယင်းမာပင် ဆားလင်းကြီးရွာပေါင်းစုံသပိတ်၊ လက်ပံ့တောင်းတောင် ပင်မသပိတ်နှင့် နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းများမှ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။