စစ်အုပ်စု လက်အောက်ခံတပ်သားများ ပြည်သူ့ဘက်သို့ ကူးပြောင်းခိုလှုံကြရန် CDM လှုပ်ရှားမှု၌ ပါဝင်ကြရန် စည်းရုံးလှုံ့ဆော်သည့် လှုပ်ရှားမှုများအဖြစ် ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် လက်ကမ်းစာစောင် ၂၃၀၀ ကျော် ဖြန့်ဝေခဲ့ပါသည်။
အဆိုပါလှုပ်ရှားမှုများကို ဖက်ဆစ်တပ်၏ ဖိနှိပ်မှုများ ပြင်းထန်တင်းကြပ်နေသည့်ကြားမှ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် ပြည်သူ့ရင်ခွင် (People’s Embrace)၊ Kyimyindaing Networks - K.M.D18)၊ Mayangone Democratic Front (M.D.F) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။