မူဝါဒ
အကြမ်းမဖက်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု မူဝါဒ
အကြမ်းမဖက်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု မူဝါဒ
December 1, 2023
အမျိုးအစား
မူဝါဒ

အကြမ်းမဖက် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု - CDM နှင့် ပတ်သက်သည့် မူဝါဒအား အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ - NUCC က ကောင်စီ၏ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ (၁) ရက်နေ့ အစည်းအဝေးမှတစ်ဆင့် အတည်ပြု ထုတ်ပြန်ခဲ့သည်။

မူဝါဒ၌ အပိုင်း (၄) ပိုင်းပါဝင်ကာ အပိုင်း (၁) မူဝါဒ၏ အကျိုးသက်ရောက်မှု၊ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ရည်ရွယ်ချက်များ၊ အပိုင်း (၂) အကြမ်းမဖက် အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု၊ အပိုင်း (၃) အကြမ်းမဖက်အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုဆိုင်ရာမူဝါဒ၊ အပိုင်း (၄) အကြမ်းမဖက်အာဏာဖီဆန်ရေး "လူထု" လှုပ်ရှားမှုနှင့် သက်ဆိုင်သော အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုမူဝါဒများ တို့ဖြစ်သည်။ အပိုင်း (၄) ပိုင်းတွင် အခန်း (၅) ပါဝင်ပြီး တရားမျှတမှုမူဝါဒအပိုင်း၌ အသိအမှတ်ပြုခြင်း၊ အမှန်တရား ရှာဖွေခြင်း၊ နစ်နာမှုများကို ပြန်လည်ကုစားခြင်း၊ အပြစ်ပေးအရေးယူခြင်း၊ အဆိုးကျော့သံသရာကို ရိုက်ချိုးခြင်းဟူ၍ ကဏ္ဍများခွဲကာ မူဝါဒအသေးစိပ်အား ထည့်သွင်းဖော်ပြထားသည်။