CC.BY 4.0 Spring Sprouts.
ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာပြည်သူများဆိုင်ရာ မူဝါဒသဘောထား
အမျိုးသားညီညွတ်ရေးအစိုးရ၏ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာပြည်သူများဆိုင်ရာ မူဝါဒသဘောထားကို ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး "ရခိုင်ပြည်နယ်တွင် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များအတွင်း အကြမ်းဖက်စစ်တပ်၏ ရိုဟင်ဂျာပြည်သူများအပေါ် နည်းမျိုးစုံဖြင့်အကြမ်းဖက်ခြင်း၊ လူ့အခွင့်အရေးများကို ရက်ရက်စက်စက်ချိုးဖောက်မှုများကြောင့် လူဦးရေ သောင်းပေါင်းများစွာ နေရပ်မှစွန့်ခွာ ထွက်ပြေးရခြင်း၏ ဘေးဒုက္ခများ" နှင့် ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းရာတွင် အခြေခံရမည့် မူဝါဒသဘောထားအဖြစ် ဖော်ပြခဲ့သည်။
မကြာခဏ မှီငြမ်းခြင်းခံရသည့် မူဝါဒသဘောထားတွင် ၁၉၈၂ နိုင်ငံသားဥပဒေအပါအဝင် ဖိနှိပ်သည့် ဥပဒေများကို ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ ခွဲခြားဆက်ဆံမှု ထူပြောသော နိုင်ငံသားစိစစ်ရေးကဒ် ပြဌာန်းသည့် လုပ်ငန်းစဉ်ကို ဖျက်သိမ်းခြင်းနှင့် အိမ်နီးချင်းနိုင်ငံများသို့ နေရပ် ပြောင်းရွှေ့ နေထိုင်နေကြရသော ရိုဟင်ဂျာပြည်သူများ မိမိတို့ နေရပ်သို့ မိမိကိုယ်ပိုင်ဆန္ဒသဘောဖြင့်၊ ဂုဏ်သိက္ခာရှိရှိ လုံခြုံစွာ ပြန်လည်အခြေချနိုင်ရေးတို့ကို ထည့်သွင်းကတိကဝတ်ပြုထားသည်။