CC.BY 4.0 Spring Sprouts.
လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ မူဝါဒ
လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (JCC-HA) က ရေးဆွဲကာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၁ ရက်တွင် "လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ မူဝါဒ" အား အတည်ပြုခဲ့သည်။
မူဝါဒအား လူနှင့် သဘာဝဘေးအန္တရာယ် ခံစားရသည့် ပြည်သူများအား အကူအညီပေးရေး၊ အကူအညီပေးသည့် အဖွဲ့အစည်းများက မူဝါဒအား အခြေခံလမ်းညွှန်ချက်အဖြစ် ကျင့်သုံးရေး၊ ဖက်ဒရယ်ပြည်ထောင်စု- ဖက်ဒရယ်ယူနစ်-ဒေသန္တရအဖွဲ့အစည်းအကြား အကူအညီပေးရေးလုပ်ဆောင်ရာ၌ နားလည်မှုရှိစွာ ချိတ်ဆက် ညှိနှိုင်းနိုင်ရေး ရည်ရွယ်ချက်များဖြင့် ရေးဆွဲထားသည်။