မူဝါဒ
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်
January 31, 2024
အမျိုးအစား
မူဝါဒ

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

K3C-NUG ထုတ်ပြန်ချက် ဟုသော်လည်းကောင်း၊ K2C-NUG ထုတ်ပြန်ချက်ဟုသော်လည်းကောင်း ရည်ညွှန်းကြသည့် အဆိုပါ ရပ်တည်ချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ချင်းအမျိုးသားတပ်ဦး၊ ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့ အဓိက ပါဝင်သည်။ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် ပါဝင်သည်ဟု ညွှန်းဆိုမှုများရှိသော်လည်း၊ တိုက်ရိုက်မပါဝင်ကြောင်း ငြင်းဆိုမှုများလည်းရှိသည်။

ဖွဲ့စည်းပုံအခြေခံတခုရေးဆွဲပြဌာန်းခြင်း၊ အသွင်ကူးပြောင်းရေးကာလတရားမျှတမှု ရှာဖွေခြင်းနှင့် အနာဂတ်တွင် လက်နက်ကိုင်တပ်ဖွဲ့များ အရပ်သားအစိုးရ ကွပ်ကဲမှုအောက်ထားရှိရေးတို့ကို ဖော်ပြထားသည်။